Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အထိ ရှိလာ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်း ကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ ကျော်နီးပါးအထိတိုးလာနေကြောင်း နွေဦး မေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။
တနင်္သာရီ-မောတောင်နှင့် ဘုတ်ပြင်းကားလမ်းတလျှောက်တွင် မတ်လ ၂၈ ရက်နေ့မှစတင်ပြီး ဧပြီလ ၈ ရက်နေ့ အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ရမ်းသန်းပတ်ခတ်နေခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။
တနင်္သာရီမြို့နယ်အခြေစိုက် နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက“အရင်ကတော့ စစ်ရှောင် ၅,၀၀၀ ကျော်ရှိနေပေမယ့် အခုထပ်ပြီး တိုက်ပွဲဖြစ်ပွားရာ ဧရိယာနဲ့ဆက်စပ်နေတဲ့နေရာက စစ်ရှောင်တွေ ထွက်ပြေးလာတော့ ၁၀,၀၀၀ အထိကျော် တိုးလာတယ်”ဟု ပြောသည်။
👍9😢4🔥3😁1
အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသောဒုက္ခသည်များ နေ့စဥ် နှင့်အမျှတိုးလာသည့်အတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်းလိုအပ်လျက်ရှိသောကြောင့် ပါဝင်ကူ ညီထောက်ပံ့ပေးကြရန် ယင်းအဖွဲ့က လူမှုကွန်ရက်၌ အကူအညီတောင်းခံထားသည်။
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာဒေသများ၌ စစ်ရှောင်ဦးရေ တဖြည်းဖြည်းတိုးလာနေသော်လည်း စစ်ဘေး ရှောင်စခန်း သီးခြားမရှိသေး၍ အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
ထပ်တိုးစစ်ရှောင်များမှာ ဘန်းလမွတ်၊ တုံးဗျော၊ ငါးရံ့အင်း စသည့်ကျေးရွာများအပါဝင် သိန်ခွန်းကျေးရွာအုပ်စု အတွင်းမှ ချောင်နှစ်ပေါက်၊ သဲဖြူ၊ ကြိမ်ချောင်းနှင့် မောတောင် အမှတ် (၃) ရပ်ကွက်နှင့် မောတောင်လမ်းပိုင်းမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့မှစပြီး လက်ရှိအချိန်ထိ အကြိမ် ၂၀ ကျော် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက မြိတ်-ဘုတ်ပြင်းလမ်းမကြီးနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် သိန်ခွန်း-မော တောင်လမ်းပိုင်းတို့တွင် သွားလာခွင့်ပိတ်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တင်္သာရီတိုင်း
#တိုက်ပွဲ
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4😁1
တောင်သာ NLD ရုံးကို စစ်ကောင်စီ လက်အောက်ခံ လူစု ဝင်ရောက်ဖျက်ဆီးဟုဆို

007
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ တောင်သာမြို့နယ် NLD ပါတီရုံး အဆောက်အအုံကို ရဲ ၊ စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များပါဝင်သော စစ်ကောင်စီ လက်အောက်ခံ လူစုက လာရောက်ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
“လူအင်အားနဲ့ ဝင်ဖျက်သွားကြတာဗျ။ အရပ်ဝတ်နဲ့လူတွေက စိမ်ပြေနပြေ ဖျက်ဆီးနေတာကို ရဲနဲ့ စစ်သားတွေက လုံခြုံရေးယူပေး ထားတယ်။ အားရအောင် ထုရိုက်ခွဲပြီးမှ ပြန်သွားကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဧပြီလ ၇ ရက် ည ၁၀ နာရီ ဝန်းကျင်က ကားနှစ်စီး၊ ဆိုင်ကယ်ခြောက်စီးဖြင့် လူအင်အား ၃၀ ခန့် ပါဝင်သော လူစုရောက်လာကာ NLD ပါတီရုံး မှန်များအား ရိုက်ခွဲပြီး အဆောက်အအုံကို ပေါင်တူများဖြင့် ထုရိုက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများကလည်း ဆိုသည်။
အဆောက်အအုံအတွင်းမှ ပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းသေးမရှိပေ။
🤬15👍6👎2🔥2👏1
စစ်ကောင်စီ၏ UEC က NLD ပါတီ အပါအဝင် ပါတီအရေအတွက် ၄၀ ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ NLD ပါတီရုံး အဆောက်အအုံတချို့ကိုလည်း စစ်ကောင်စီလက်အောက်ခံများက ဖျက်ဆီးခဲ့သေးသည်။
ထို့အပြင် ရဲနှင့် စစ်သား စောင့်ရှောက်ပေးထားသည့် ထိုလူစုသည် ဧပြီလ ၃ ရက်နေ့ ညက ချမ်းအေးသာစံမြို့နယ် ၆၂ လမ်းပေါ်ရှိ NLD ပါတီတိုင်းရုံး အဆောက်အအုံမှ ပါတီဆိုင်းဘုတ်အား လည်းကောင်း ဧပြီလ ၅ ရက်နေ့ညတွင် ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်ရှိ NLD ပါတီမြို့နယ်ရုံး အဆောက်အအုံကိုလည်းကောင်း ဖျက်ဆီးခဲ့သည်။
အလားတူ ရန်ကုန် ၊ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ NLD ပါတီ ဗဟိုဌာနချုပ်တွင် လွှင့်တင်ထားသော ပါတီအလံလည်း ဖြုတ်ချခံထားရကြောင်း ဧပြီလဆန်းပိုင်းက ထွက်ပေါ်ခဲ့သည့်သတင်းများအရ သိရသည်။
ပါတီဆိုင်းဘုတ် အလံနှင့် အဆောက်အအုံ ဖျက်ဆီးခံနေရမှုများနှင့် ပတ်သက်၍ ကျူးလွန်မှုများအား စောင့်ကြည့် မှတ်တမ်းတင်ထားပြီး တစ်ချိန်တွင် တာဝန်ခံရလိမ့်မည်ဟု NLD ပါတီ ဗဟိုအလုပ်ကော်မတီက မီဒီယာကတစ်ဆင့် စစ်ကောင်စီကို သတိပေးထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် ၁,၂၃၅ ဦး ဖမ်းဆီးခံထားရပြီး ၂၆ ဦးမှာ စစ်ကြောရေးနှင့် အကျဉ်းထောင် အတွင်း သေဆုံးကြောင်း၊
အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦးရှိပြီး ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော် ကြိုးပေးသတ်ဖြတ်ခံခဲ့ရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၂၀၆
ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်း ယူခံခဲ့ရပြီး ၄၇ ဦး၏ နေအိမ်များလည်း ဝရမ်းကပ်ခံထားရကြောင်း၊ ပါတီရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများ အကြိမ် ၁၂၀ ကျော် ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်းခံထားရကြောင်း NLD ပါတီသတင်းထုတ် ပြန်ချက်အရသိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#NLD ပါတီ
#ဖျက်ဆီးခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6🔥4👏1
စစ်ကောင်စီက မြို့ပြပြောက်ကျားများ အယောင်ဆောင်ကာ ဖောက်ခွဲမှုနှင့် တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း သတိပေး

ဂန္ဒမာ
(မဇ္ဈိမ)။ ။အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြို့ပြပြောက်ကျားများအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှု များပြုလုပ်လာနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ရေကစားမဏ္ဍပ်များသို့ သွားရောက်ရေကစား ခြင်းမပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။
ရန်ကုန်တွင် ရေကစားမဏ္ဍပ်များစတင်ဆောက်လုပ်နေပြီး မဏ္ဍပ်အချို့ ဗုံးခွဲတိုက်ခိုက်ခံရသော်လည်း စစ်ကောင်စီ က သင်္ကြန်ပွဲဖြစ်မြောက်အောင် အတင်းအကြပ်စီစဉ်မှုများရှိနေကြောင်း ကြားသိရသည်။
👍23🤣3
“ပြည်သူတွေ၊ စျေးဆိုင်တွေကနေ ဆက်ကြေးကောက်ပြီးဆောက်ထားတဲ့ စမ်းချောင်းရဲစခန်းရှေ့က မဏ္ဍပ်ကြီး မနေ့ကဖောက်ခွဲခံလိုက်ရတဲ့အတွက် အလွန်ပဲဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ ဒီမဏ္ဍပ်ဆောက်ဖို့ကို သိန်းထောင်ချီ သုံးထားတယ်တဲ့၊ ဒါပေမယ့် အခုသူတို့သုံးထားတာကြည့်လိုက်တော့ သိန်း ၁၀၀ တောင်မပြည့်ဘူး။ မဏ္ဍပ်တွေ ဖောက်ခွဲခံလိုက်ရပေမယ့် သူတို့အနေနဲ့လည်း စစ်ခေါင်းဆောင်ရဲ့ညွှန်ကြားချက်ရှိနေတော့ ရဲစခန်းတို့၊ အစိုးရရုံး ရှေ့တို့လို လုံခြုံရေးအားကောင်းတဲ့နေရာမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့မဏ္ဍပ်ဆောက်မှာပဲ၊ သင်္ကြန်ဆက်လုပ်မှာပဲ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးက မဇ္ဈိမကို ဖြေကြားသည်။
ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော Dark Shadow အဖွဲ့က စမ်းချောင်းရဲစခန်းရှေ့မှ စမ်းချောင်းမြိုနယ်ရေကစားမဏ္ဍပ်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်းရှိ ဗဟိုမဏ္ဍပ်ကို အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်ဖြင့်ဖော်ပြ ထားသည်။
“UG တွေက ပြည်သူကိုထိခိုက်မှာစိုးတဲ့အတွက် လူမရှိတဲ့အချိန် တိုက်ခိုက်မှုလုပ်ရတာကြောင့် လူတော့မထိဘူး၊ မဏ္ဍပ်တော့ အနည်းငယ်ထိခိုက်ပျက်စီးတယ်။ နောက်တစ်ခုက စမ်းချောင်းက စစ်ကောင်စီသတင်းပေး၊ ဘက်တော် သားအချို့ကို မိုင်းထောင်ခြင်းနှင့် ဖောက်ခွဲခြင်းသင်တန်းပေးနေတယ်လို့ အတိအကျသိထားရတယ်။ ဒါကြောင့် လူထုအနေနဲ့ စစ်ကောင်စီရဲ့မဏ္ဍပ်တွေကို ရှောင်ကျဉ်ကြဖို့လိုပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကဆိုသည်။
စစ်ကောင်စီတပ်က မည်သည့်အကြောင်းရင်းကြောင့် စမ်းချောင်းမှ စစ်ကောင်စီသတင်းပေး၊ ဘက်တော်သားအချို့ ကို ယခုလိုသင်တန်းမျိုး ပို့ချသင်ကြားပေးနေသည်ကိုမသိရသော်လည်း သင်္ကြန်နားနီးကပ်မှ ပြုလုပ်နေသည်ကို ကြားသိရသည်မှာ ပြည်သူများအတွက် အလွန်အန္တရာယ်ကြီးပြီး မြို့ပြပြောက်ကျားများအား ပုံဖျက်စေလိုသော ကြောင့် အယောင်ဆောင်ဖောက်ခွဲမှုနှင့် တိုက်ခိုက်မှုများပြုလုပ်လာမည်ကို စိုးရိမ်ရခြင်းဖြစ်သည်။
Dark Shadow အဖွဲ့အနေဖြင့် ယမန်နေ့ကပြုလုပ်ခဲ့သောမစ်ရှင်မှာ စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲကိုလက်မခံ ကြောင်းနှင့် စစ်ကောင်စီကိုအားပေးထောက်ခံပြီး စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင် နေသူများကို ပြင်းထန်စွာသတိပေးကြောင်းပြသသည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကြာမီကျရောက်လာမည့် သင်္ကြန်ပွဲတော်ကာလတွင်လည်း စစ်ကောင်စီကိုအခွန်ပေးပြုလုပ်နေသည့် သင်္ကြန် ပါတီပျော်ပွဲရွှင်ပွဲများနှင့် စစ်ကောင်စီကိုယ်စားပြု မြို့နယ်ရေကစားမဏ္ဍပ်များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်သဖြင့် တော်လှန်သင်္ကြန်တွင် ပူးပေါင်းကာ စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတွင်မပါဝင်ပဲ ဆန့်ကျင်ကြရန် Dark Shadow အဖွဲ့က မေတ္တာရပ်ခံထားသည်။
ပုံ- စမ်းချောင်းမြို့နယ် ရေကစားမဏ္ဍပ်
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်
#ရေကစားမဏ္ဍပ်
#စစ်ကောင်စီ
#မြို့ပြပြောက်ကျားများ
#ဖောက်ခွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🤣3👏2😁1
​​မြင်းခြံ ယုန်တိုးတောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံး

MTO
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၄ ဦး သေဆုံးပြီး မြင်းခြံခရိုင် တပ်ရင်း(၄) Natogyi People Defense Force မှ ရဲဘော်နှစ်ဦးကျဆုံးသွားကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲက ယုန်တိုးတောင်ရဲ့ တောင်ဘက်အခြေမှာဖြစ်တာပါ။ တစ်နာရီခွဲလောက်ကြာတယ်။ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦးကျဆုံးတယ်၊ စစ်တပ်ဘက်က ၁၄ ကောင်နဲ့အထက်သေဆုံးပြီး သူတို့အလောင်းတွေကို ၁၄ ပေ ကန်တာကားနဲ့ တင်သွားတယ်”ဟု ၎င်းကပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် အင်အား ၃၀ ခန့်ပါဝင်ပြီး ယုန်တိုးတောင်တကြောရှိကျေးရွာများကို စစ် ကြောင်းထိုးပြန်လာသည့်စစ်ကြောင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများပြားသည့်အတွက် မြင်ခြံမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ကိုစစ်ကူခေါ်ယူခဲ့ရာ ယင်းစစ်ကြောင်းကိုလည်း မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defense Force က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများအသုံးပြုသည့် MA-3 သေနတ်တစ်လက်နှင့် ၄၀ မမ တစ်လက်တို့ကို လည်းသိမ်းဆည်းရမိထားကြောင်း Natogyi People Defense Force က အသိ ပေးထားသည်။
စစ်ကောင်စီတပ်များသည် မြင်းခြံမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်ကြောင်းထိုးနေပြီး ပြည်သူ များကို ဓားစာခံများအဖြစ်ဖမ်းဆီးပြီး အထုတ်အပိုးသယ်ခိုင်းခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများကို ဆောင် ရွက်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
ယခုတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defense Force ၊ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း PDF-MDY ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့မြင်းခြံ၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့နှင့် ဗိုလ်စားပြောက်ကျား တပ်ဖွဲ့ တို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#ယုန်တိုးတောင်
#တိုက်ပွဲ
👍22👏2🤣2
​​ဘီးလင်း၊ ကျိုက်ထို နှင့်သထုံရှိ စစ်ကောင်စီ၊ BGF စခန်းများ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများပြား

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ၎င်း ၏ လက်အောက်ခံ BGF စခန်းတို့ တိုက်ခိုက်ခံရပြီး အရာရှိ နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူများပြား‌ေကြာင်း သိရသည်။
ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ဘီးလင်းမြို့နယ်ရှိ မဲလံ BGF စခန်းအား KNU တပ်မဟာ(၁) ၊ KNLA၊ KRF၊ PPDF- KD၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း KRF ၏ တာဝန်ရှိသူထံက သိရသည်။
“ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ကနေ ဒရုန်းမစ်ရှင်လုပ်တာပေါ့။ အရာရှိ နှစ်ယောက်ကျတယ်လို့တော့ သိရတယ်။ နာမည်တွေက မိုးစက်နဲ့ မြဝင်းလို့သိရတယ်။ ဒါ သူတို့အတွင်း သတင်းက လှမ်းပြောပေးတာပါ " ဟု KRF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
မဲလံစခန်းတွင် BGF သာမက စစ်ကောင်စီတပ်သားများပါ ပူးပေါင်းအထိုင်ချနေပြီး ဒရုန်းမစ်ရှင်အတွင်း မဲလံစခန်းရှိ စစ်ကောင်စီနှင့် BGF တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိခဲ့ကြောင်း ကိုအေးမင်းထွန်းထံက သိရသည်။
ဒါ့အပြင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ အခြေစိုက် တပ်မ- ၄၄ ဌာနချုပ်အား KNLA၊ KRF၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးလေးလုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သေးကြောင်း၊ အထိအခိုက်အကျအဆုံးများအား စုံစမ်းနေဆဲဖြစ်ကြောင်း ကိုအေးမင်းထွန်းထံက သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ နံနက်အစောပိုင်းကလည်း သထုံမြို့၊ ဝီယော်ကျေးရွာအခြေစိုက် ခမရ (၉ ) တပ်ရင်းအား KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်တွင် အထိအခိုက်ရှိနိုင်သော်လည်း စုံစမ်းနေဆဲဖြစ်ပြီး၊ ထိုတိုက်ခိုက်မှုအပြီးတွင် ခမရ(၉) စစ်ကောင်စီတပ်မှ ဝီယော်ကျေးရွာ၊ ချောင်းစောင့်ကျေးရွာ၊ မိကျောင်းအိုင်ကျေးရွာနှင့် မရမ်းကုန်းကျေးရွာဘက်များအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
KNU တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်တွင် စစ်ကောင်စီ၊ BGF အထိုင်စခန်း၊ တပ်စခန်းများအား KNLA၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် မကြာခဏ မစ်ရှင်ဖော်ဆောင် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#BGF
#အရာရှိ ၂ ဦးသေဆုံး
👍27❤4👏2🤣2🔥1
ဗိုလ်ချုပ်မြတ်သက်ဦး ရဲ့ စုန်းချောင်းရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ

https://youtu.be/pmvbVCe0HRQ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦးကို ပြီးခဲ့တဲ့မတ်လကုန်ပိုင်းမှာ စစ်ကောင်စီက ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မြတ်သက်ဦး ရာထူးကဖယ်ရှားခံလိုက်ရတဲ့နောက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာမှာနေထိုင်နေတဲ့ သူ့ရဲ့မိသားစုဝင်တွေကိုပါ စစ်ကောင်စီတပ် ကခေါ်ဆောင်သွားခဲ့ပါတယ်။
👍15😁2🔥1
နိုင်ဂျီးရီးယားနိုင်ငံက Bitcoinလောက ကိုဦးဆောင်နေပြီလား

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ ဘာကြောင့် ကမ္ဘာပေါ်မှာ Cryptocurrency သုံးစွဲမှု အများဆုံးနိုင်ငံတစ်ခု ဖြစ်တာလဲ…

မြန်မာနိုင်ငံလိုပဲ အစိုးရကို ဆန္ဒပြသူတွေ လူမှုကွန်ရက်မှာ အစိုးရဆန့်ကျင်ရေး ရေးသားသူတွေကို ဘဏ်အကောင့်တွေ လိုက်ပိတ်လေ့ရှိတဲ့ နိုင်ဂျီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ Cryptocurrency သုံးစွဲမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ Statista မှ ၂၀၂၁ အွန်လိုင်းစစ်တမ်းတစ်ခုအရ နိုင်ဂျီးရီးယားနိုင်ငံသား ၃၂% ဟာ ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကို အသုံးပြုနေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
😁7👍3
မြန်မာနိုင်ငံနဲ့ တစ်ဦးကျ ဝင်ငွေချင်း သိပ်မကွာတဲ့ နိုင်ဂျီးရီးယားနိုင်ငံအနေနဲ့ နည်းပညာမှာ မြန်မာပြည်ထက်ကို ခေတ်ရှေ့ပြေးနေခဲ့တာ နှစ်အနည်းငယ် ရှိပါပြီ။ ကျဆင်းနေတဲ့ နိုင်ငံရဲ့ စီးပွားရေးနဲ့ အသုံးမဝင်တော့ဘဲ တန်ဖိုးမဲ့လာတဲ့ နိုင်ဂျီးရီးယားငွေစက္ကူတွေကြောင့် နိုင်ဂျီးယားနိုင်ငံသားတွေဟာ မိမိတို့ရဲ့ ရှာဖွေထားသမျှတွေကို ထိန်းသိမ်းဖို့ အင်တာနက် ငွေကြေး စနစ်ဘက်ကို စဉ်းစားလာကြပါတယ်။

နိုင်ဂျီးရီးယား ဗဟိုဘဏ်ဟာ ၂၀၂၀ ခုနှစ်မှာ နိုင်ဂျီးယားငွေကြေး တန်ဖိုးကို ၂၄% လျှော့ချခဲ့ပါတယ်။ သဘောကတော့ ကိုယ်က စုဆောင်းထားတဲ့ ငွေကြေး ၁၀၀ ရှိရင် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ရဲ့ စုဆောင်းထားတဲ့ ငွေကြေးရဲ့ ဝယ်ယူနိုင်စွမ်းပမာဏဟာ ၇၆ ပဲ ကျန်ပါတော့တယ်။ ပြဿနာက ဒါက တစ်ကြိမ်တည်း မဟုတ်ပါဘူး။ နှစ်စဉ်တိုင်း နိုင်ဂျီးယားငွေကြေး တန်ဖိုးကို ဗဟိုဘက်က လိုက်လံပြီး နှိမ့်ချနေတာဖြစ်ပြီး ယခုနှစ် ၂၀၂၃ မှာလည်း ငွေကြေးဖောင်းပွမှု ၂၀% အထိ ရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

International Monetary Fund ရဲ့ ၂၀၂၃ အချက်အလက် ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်ပွမှုနှုန်း ၁၃% အထိ ရှိပါတယ်။ ဒါကြောင့် နိုင်ဂျီးရီးယားရဲ့ အခြေအနေဟာ လက်ရှိမှာ မြန်မာပြည်ထက် ပိုဆိုးတယ်လို့တော့ ဆိုနိုင်ပါတယ်။

BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ နိုင်ဂျီးရီးယား အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် Michael Ugwu ဟာ သူ့ရဲ့ လုပ်ငန်းဝင်ငွေဟာ နိုင်ဂျီးရီးယား ငွေကြေးနဲ့ တိုင်းတာရင် များလာပေမယ့် ငွေကြေးဖောင်းပွမှုတွေကြောင့် အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်လိုက်ရင် သူအလုပ်ကြိုးစားပေမယ့် သူ့ရဲ့ ဝင်ငွေဟာ နည်းသထက် နည်းလာတာကို သတိထားခဲ့မိပါတယ်။ အဲ့ဒီ အချိန်ကစပြီး သူ့အနေနဲ့ Bitcoin နဲ့ တခြားသော အင်တာနက်ငွေကြေးတွေကို လေ့လာခဲ့ပြီး ဂရုပြုမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

Bitcoin နဲ့ Cryptocurrency တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံမှ လူအများရဲ့ အမြင်မှာ စျေးနှုန်းအပြောင်းအလဲ မြန်တယ်လို့ ယူဆနိုင်ပေမယ့် Cryptocurrency နည်းပညာတွေကို လေ့လာပြီးချိန်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ ငွေကြေးတွေဟာ Cryptocurrency အသုံးပြုခြင်းထက် အန္တရာယ်ပိုများကြောင်း သိမြင်လာကြပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ ငွေကြေးဟာ စစ်အာဏာသိမ်းမှုကြောင့် အလွန်အမင်း ထိန်းသိမ်းမရနိုင်အောင် ငွေကြေး တန်ဖိုးကျဆင်းလာပြီး အာဏာမသိမ်းခင်က မြန်မာကျပ် သိန်း ၁၀၀ စုဆောင်းထားသူဟာ ယခုအချိန်မှာတော့ ငွေကျပ် သိန်း ၅၀ ဝန်းကျင်တန်ဖိုးခန့်ပဲ အသုံးပြုနိုင်ပါတော့မယ်။ ဒီလို တန်ဖိုးမဲ့သွားတဲ့ စက္ကူသာသာ စာရွက်ဟာ ဘယ်တော့မှ စျေးပြန်တက်မှာ မဟုတ်တော့ပါဘူး။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေကတော့ စျေးကျပြီးတဲ့အခါ စျေးပြန်တက်လာကြကြောင်း သမိုင်းတလျှောက် မှတ်တမ်းတွေနဲ့ အတည်ပြုနိုင်ပါတယ်။

Bitcoin နဲ့ Cryptocurrency ဟာ အစိုးရကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ အတွက် ဘဏ်အကောင့်ပိတ်ခြင်းကို ရှောင်လွှဲနိုင်တဲ့ နည်းပညာဖြစ်ပြီး ငွေကြေးစုဆောင်းထားသူတွေ အတွက်လည်း ကိုယ်ပိုင်ငွေကြေး တန်ဖိုး ကျဆင်းမှုကို ရှောင်ရှားနိုင်မယ့် နည်းပညာဖြစ်လာပါတယ်။

နိုင်ဂျီးရီးယား အစိုးရဘက်ကလည်း ပြည်သူတွေ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေ အပေါ် မှီခိုသွားမှာစိုးတာကြောင့် ဥပဒေထုတ်ပြန်ပြီး ကန့်သက်ပိတ်ပင်ပေမယ့် နိုင်ဂျီးရီးယား ပြည်သူတွေဟာ Peer-2-Peer လို့ ခေါ်တဲ့ ကိုယ့်အသိမိတ်ဆွေတွေကနေ တဆင့် ဝယ်ယူတဲ့ စနစ်နဲ့ ဝယ်ယူနေကြပါတယ်။ ဒီလို Peer-2-Peer စနစ်ကို အစိုးရက တားဆီးဖို့ ခက်တာကြောင့်လည်း ယခုအချိန်အထိ ချေမှုန်းတားဆီးလို့ မရဖြစ်နေပါတယ်။

ကျွန်သာသာ အခြေခံလစာငွေကြေးနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်လာရတဲ့ နိုင်ဂျီးရီးယား နိုင်ငံသား Mr Fadugbagbe က “အစိုးရရဲ့ စုငွေတွေ ဘာတွေကို အယုံကြည်မရှိဘူး။ အကျိုးလည်း မထူးဘူး။ Cryptocurreny ကို ပိုပြီးတော့ ယုံတယ်။” လို့ ဆိုထားပါတယ်။

ကိုးကား
- Cryptocurrencies: Why Nigeria is a global leader in Bitcoin trade (BBC)
- How Common is Crypto? (statista)
- Myanmar Data (IMF)
-How Common is Crypto? (statista)
👍20😁3❤2
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အမျိုးသား ၆ ဦးကို ဖမ်းဆီးကာ အကြမ်းဖက် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထား

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့၊ ဘုတ်ပြင်းမြို့နှင့် ထားဝယ်မြို့နယ်တို့ရှိ ဒေသခံ အမျိုးသား ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး PDF အဖွဲ့အစည်းနှင့် ပတ်သက် ဆက်နွှယ်မှု ရှိဟု ဆိုကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း ဒေသခံများထံက သိရ သည်။
တနင်္သာရီမြို့နယ်ရှိ ဘန်းလမွတ်ကျေးရွာနေ ဥယျာဉ်ခြံ လုပ်ကိုင်နေသည့် ဒေသခံ အမျိုးသား သုံးဦး ဖြစ်သော ကိုဟိန်းမင်းသူ အသက် ၂၆ နှစ်၊ ကိုချမ်းမြေ့ဇော် အသက် ၁၉ နှစ်၊ ကိုဖြိုးမင်းခန့် (ခ) ပိုင်ဇေရဲထွေး အသက် ၂၁ နှစ်တို့ကို စစ်ကောင်စီက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က) ဖြင့် ဧပြီလ ၇ ရက်က အမှုဖွင့်ထားသည်။
🤬9👍4🔥2👏1
ထို့ပြင် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာနေ ဆိုင်ကယ်ပြင်ဆိုင်တွင် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးနှင့် မောင်မယ်ရှောင်ကျေးရွာနေ ဒေသခံ အမျိုးသား တစ်ဦးတို့ကို PDF အဖွဲ့အား သွယ်ဝိုက်ပြီး ထောက်ခံ ပံ့ပိုးပေးနေသူဟူသော စွပ်စွဲချက်ဖြင့် ထားဝယ်မြို့မ ရဲစခန်း၌ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ-၅၀(ည)/ ၅၁(ဂ) အရ အရေးယူထားကြောင်း ဒေသခံများနှင့် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တို့တွင် ရေးသား ဖော်ပြထားသည်။
ဘန်းလမွတ်ရွာခံ တစ်ဦးက“ဖမ်းခံရတာ ဟုတ်ပါတယ်။ လူလတ်ပိုင်းတွေ ဖြစ်တယ်။ PDF အဖွဲ့ကို တစ်နည်းနည်းနဲ့ ငွေကြေး ထောက်ပံ့နေတယ် ဆိုပြီး လာဖမ်းသွားတယ်”ဟု ပြော သည်။
ထို့ပြင် ဧပြီလ ၈ ရက်နေ့က ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာအုပ်စု၊ ကမာချောင်းကျေးရွာတွင် စက်သုံးဆီ အရောင်း/ဝယ် လုပ်ကိုင်နေသူ တစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး ဘုတ်ပြင်းမြို့မရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း တနင်္သာရီ မြို့ပေါ်ရှိ ဒေသခံ ဦးရေ ၃၀ ကျော်ကို စစ်ကောင်စီက ညဘက်တွင် ဝင်ရောက် ဖမ်းဆီးပြီးနောက် အမျိုးသမီး ကိုးဦးကို အကြမ်းဖက် ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူခဲ့ကာ ကျန်သူများကို ပြင်းပြင်းထန်ထန် ရိုက်နှက် စစ်ဆေးပြီး ပြန်လည် လွတ်ပေးခဲ့သည်ဟု ဒေသခံ သတင်း အရင်းမြစ်များထံက သိရသည်။
ပုံ ဘန်းလမွတ်ရွာခံ ဖမ်းဆီးခံရသူ ၃ ဦး ဖြစ် သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#အကြမ်းဖက်ဥပဒေ ပုဒ်မ
#တနင်္သာရီတိုင်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥4🤬2👏1