Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဏာသိမ်း ကာလအတွင်း အမျိုးသမီး ၄၀၀ ကျော် သေဆုံး

မိုးသောက်
မဲဆောက် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသမီး ၄၅၈ ဦး သေဆုံးခဲ့ရကြောင်း Burmese Women's Unionက သတင်းထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီး ၄၅၈ဦးမှာ စစ်အာဏာသိမ်းထားသည့် ၂၀၂၁ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၃မတ်လ ၃၁ရက်နေ့အထိ နှစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့ရသူများဖြစ်သည်။
ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသမီး ဦးရေ စုစုပေါင်းသည် ၃,၃၀၇ဦးရှိကြောင်း လည်းဖော်ပြထားသည်။
အထက်ပါအချက်အလက်များသည် နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း( AAPP) ကောက်ခံထားသောစာရင်းများဖြစ်ပြီး မြေပြင်အခြေအနေများနှင့်ကွာဟမှုရှိနိုင်သည်ဟု ဆိုသည်။
၎င်းတို့ထဲမှ အမျိုးသမီး၇၈၅ဦးသည် အကျဥ်းထောင်အသီးသီးတွင်ပြစ်ဒဏ်ကျခံရလျက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ ဖိနှိပ်မှုအမျိုးမျိုးကိုလည်း ခံစားနေရသည်။
👍6👎3😭2❤1🤬1
ပြီးခဲ့သည့် လအတွင်းက အင်းစိန်ကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက "အမျိုးသမီး နိုင်ကျဥ်းတွေကို အလုပ်တွေခိုင်းဖို့ကြိုးစားတယ် ။ နိုင်းကျဥ်းတွေက မလုပ်ကြလို့သာပေါ့။ ပြီးတော့အခြားဖိနှိပ်မှုတွေလည်း ရှိတယ်" ဟု မဇ္ဈိမသို့ပြောသည်။
အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အမျိုးသမီးအကျဉ်းထောင်အတွင်း CCTV တပ်ဆင်ခြင်းအပြင် အကျဥ်းသူအခွင့်ရေးချိုးဖောက်မှုများကို အကျဥ်းသူတိုင်းပေါ်တွင်ကျူးလွန်နေသည်ဟု သူကပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူအများအပြားသည့် စစ်တပ်၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရနိုင်ချေရှိနေပြီး သေဆုံးသူအရေအတွက်သည် နေ့စဥ်တိုးလာလျက်ရှိနေသည်။
စစ်တပ်၏ အန္တရာယ်ကြောင့် နေရပ်စွန့်ခွာနေရသူ ဦးရေ စုစုပေါင်းသည် ၁.၄သန်းနီးပါးရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး (OCHA)က မတ်လ၈ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး


#Mizzima
#အမျိုးသမီး ၄၀၀ ကျော် သေဆုံး
#Burmese Women's Union
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U"
👍7🤬4🔥2
ဖလမ်း - ဟားခါးလမ်း တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ် ကား ၂ စီး ဆုံးရှုံးပြီး ၂ ဦး သေ

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းမှ ကုန်တင်ယာဉ်နှစ်စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းမိ၍ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဖွဲ့ (CNA) ထံက သိရသည်။
ယမန်နေ့ ဧပြီလ ၈ ရက်က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာအနီးတွင် ချင်းတပ်မတော် ထောင်ထားသည့် မိုင်း‌ေကြာင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
“စစ်ကောင်စီတပ်က အခု ငါးယောက်တစ်ဖွဲ့ အဖွဲ့ငယ်လေးတွေ ခွဲပြီးဖြန့်တက်လာတာ ။ ကျနော်တို့မိုင်းတွေ ယာဉ်တန်းကို မဖောက်ခွဲနိုင်ခင် သူတို့နဲ့တွေ့ပြီး ထိခိုက်သေဆုံးကြတာ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။
ရှေ့နောက်ဝဲယာကို အဖွဲ့ငယ်များခွဲပြီး စစ်ကြောင်းယာဉ်တန်း
ကို ကာကွယ်၍ ချီတက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲခြင်း ၊ ဒရုန်းဖြင့် ဗုံးချခြင်းနှင့် လက်ဖြောင့်တပ်သားများက ချောင်းမြောင်းပစ်ခတ်ခြင်းများ အဆက်မပြတ်ပြုလုပ်နေသဖြင့် အထိအခိုက်များပြားနေကြောင်း ဆိုသည်။
👍17❤4🥴2
ယမန်နေ့တိုက်ပွဲတွင် အဆိုပါယာဉ်တန်းကို ချင်းတပ်မတော်မှ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ခြောက်ဘီးကားတစ်စီးနှင့် ၁၂ဘီးကား တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“ဆီတိုင်ကီတွေ ပျက်စီးသွားတဲ့အတွက် အဲဒီကားတွေဆက်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် နှစ်စီးထားခဲ့ရတယ်” ဟု ပြောခွင့်ရသူက ဆက်လက် ပြောဆိုသည်။
အဆိုပါ ကားနှစ်စီးပေါ်ရှိ ရိက္ခာနှင့် ကျည်များကို အခြားကားများ‌ေပါ်သို့ ရွှေ့ပြောင်းသယ်ယူပြီးနောက် ထိုကားနှစ်စီးကို စွန့်လွှတ်ခဲ့၍ CNAက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ထိခိုက်သေဆုံးမှုများပြားနေပြီး ဧပြီလ ၆ရက်နေ့က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာရှိ လူနေအိမ် ၁၈လုံးကို မီးရှို့ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ထိုစစ်ကောင်စီတပ်သည် ယနေ့ ဧပြီလ ၉ရက်တွင် ဖလမ်းမြို့နယ်အစပ်ကို ကျော်လွန်၍ ဟားခါးမြို့နယ် ဒေါက်ထက် ကျေးရွာသို့ ရောက်ရှိနေပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဆလိုင်းထက်နီ က ဆက်ပြောသည်။
ဟားခါးမြို့ရှိ စစ်ကောင်စီတပ်မှလည်း ၁၂၂ မမ လက်နက်ကြီးများ ဖြစ် ပစ်ကူပေးလျက် ရှိနေကြောင်းဆိုသည်။
ကလေးမြို့မှ မတ်လ ၉ရက်နေ့က ထွက်ခွာလာသည့် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ကျော်ရှိသည့် ထိုစစ်ကောင်စီတပ်သည် မတ်လ ၁၉ရက်နေ့တွင် ဖလမ်းမြို့သို့ရောက်ရှိခဲ့ပြီး မတ်လ ၂၁ရက်နေ့တွင် ဖလမ်းမြို့မှ ဆက်လက်ထွက်ခွာ လာရာ ဧပြီလ ၉ရက်တွင် ဒေါက်ထက်ကျေးရွာ (ဟာခါးမြို့နယ် နယ်နမိတ်) သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယခု စစ်ကောင်စီတပ် ရောက်ရှိနေသည့် ဒေါက်ထက်နှင့် ဟားခါးမြို့သည် ၁၇မိုင်ကျော်အကွာအဝေး ရှိပြီး ယင်းလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း CNA တပ်ဖွဲ့ ထံမှ သိရှိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#CNA
#ကားနှစ်စီး ဆုံးရှုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍17😁2🔥1
ဧပြီလ (၉) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စစ်ကောင်စီက မြို့ပြပြောက်ကျားတွေလို အယောင်ဆောင်ပြီး ဖောက်ခွဲမှုနဲ့ တိုက်ခိုက်မှုတွေလုပ်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေကိုသတိပေးထားတဲ့သတင်းနဲ့အတူ

စားနပ်ရိက္ခာ သယ်ယူရေးအခက်ကြုံနေရတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေရဲ့အကြောင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

https://youtu.be/aRJdVuhz2kw
👍6😁2
အိပ်မပျော်တဲ့ ပြဿနာ | ကျန်းမာသုတ လူမှုဘ၀ Episode - 11

လူရယ်လို့ ဖြစ်လာရင် စိတ်ကျန်းမာနေဖို့ အလွန် အရေးကြီးပါတယ်။

ဒါကြောင့် ကျန်းမာသုတ လူမှုဘ၀ အစီအစဉ်ကနေ ဒီတခါမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးချင်ပါတယ်။

https://youtu.be/BLzVXwA66Xk
👍2🖕1
​​မြိတ်ခရိုင်တွင် ခရီးသွားပြည်သူများ ရေလမ်းခရီးကို အားကိုးလာ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း၌ ခရီးသွားပြည်သူများက ရေလမ်းကြောင်း အသုံးပြု၍ သွားလာနေရကြောင်း ဒေသခံတွင်း ခရီးသွား ပြည်သူများထံက သိရသည်။
မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းတွင် ယခုလအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ကားလမ်းများကို အသုံးပြု၍ ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်သတိပေး ထုတ်ပြန်ပြီးနောက် ထိုကဲ့သို့ ရေလမ်းခရီးကို ပိုမိုအသုံးပြုလာကြခြင်းဖြစ်သည်ဟု သိရသည်။
စစ်ရေး ပဋိပက္ခကြောင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်း၌ ခရီးသွား ပြည်သူများကို နှစ်ဖက် လက်နက်ကိုင် အဖွဲ့စည်းများက မှားယွင်း ပစ်ခတ်ခြင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ကလည်း ဆိုင်ကယ်ဖြင့် သွားလာနေသူများကို ပစ်ခတ်မှုများ ရှိနေ၍ ယင်းကဲ့သို့ ခရီးသွား ပြည်သူများက ရေလမ်းခရီးကို အသုံးပြု သွားလာနေရသည်ဟု ဒေသခံများထံက သိရသည်။
“တိုက်ပွဲကြောင့် လမ်းတွေ ပိတ်ထားတဲ့ အချိန်မှာ တချို့ကလည်း ထုတ်ပြန်ချက်အတိုင်း မလိုက်နာဘဲသွားတော့ သေနတ်နဲ့ ပစ်ခံရတယ် ကြားနေတော့ မသွားရဲဘူးလေ။ ဒီတော့ တကယ်သွားဖို့ လိုအပ်နေတာကြောင့် ရေလမ်းနဲ့ပဲ သွားဖို့ ခရီးသွားတွေက တောင်းဆိုတော့ လှေပိုင်ရှင်တွေက ပြေးဆွဲပေးတာ ဖြစ်တယ်”ဟု ဘုတ်ပြင်းဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းကို ခရီးသွားလာခွင့် ပိတ်ထားသည်မှာ တစ်ပတ်ကျော်နေပြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲ ဖြစ်နေချိန်မှာ အခက်အခဲတော့ ဖြစ်နေတာပေါ့။ အဲ့ဒါတွေကတော့ ကုန်စည်စီးဆင်းမှု ပြတ်တောက်လာသလို ခရီးသွား ပြည်သူတွေလည်း ပိတ်မိနေတာမျိုး ရှိနေတယ်”ဟု ဘုတ်ပြင်းမြို့ ဒေသခံ နောက်တစ်ဦးက ပြောသည်။
လက်ရှိ ရေလမ်းခရီးကို စက်လှေများဖြင့် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ အမှတ် (၁) ဆိပ်ခံဘောတံတားတွင် ခရီးသည်ဦးရေအပေါ် မူတည်ပြီး ပြေးဆွဲပေးနေကြောင်း စက်လှေပိုင်များထံက သိရသည်။
“အခု ကားလမ်းတွေက ပြန်သွားလို့တော့ ရနေတယ်။ ပြောသံကြားနေပေမယ့် ဘာသူမှ မသွားရဲဖြစ်နေတယ်။ ကျွန်တော်တို့ စက်လှေတွေက အရင်က ကုန်တွေသာ တင်တာ ရှိပေမယ့် အခုက ပိတ်မိနေတဲ့ လူတွေကို သွားလာလို့ရအောင် ပြေးဆွဲပေးတာ ဖြစ်တယ်”ဟု စက်လှေ ပြေးဆွဲနေသူ တစ်ဦးက ရှင်းပြသည်။
မြိတ်-ဘုတ်ပြင်း ရေလမ်းဖြင့် ခရီးသည် ပို့ဆောင်ခြင်းကို ဧပြီလ ၇ ရက်နေ့မှ စတင်ကာ ပြေးဆွဲပေးနေကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#Mizzima
#တနင်္သာရီတိုင်း
#မြိတ်ခရိုင်
#ရေလမ်းခရီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍15😁3
​​နယ်ဖြတ်ကျော် မြူဆိုင်းမှုအရေး ထိုင်း၊ လာအိုနှင့် မြန်မာတို့ ဆွေးနွေး 

ဒေသတွင်း နယ်ဖြတ်ကျော် မြူဆိုင်းမှု ပြဿနာအား ကိုင်တွယ်ဖြေရှင်းရေးအတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် လာအိုက ဂုဏ်ရည်တူ ဝန်ကြီးချုပ် ဆိုနီဆေး စီဖန်ဒိုနီနှင့် မြန်မာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့နှင့် အွန်လိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီ ၇ ရက်က သဘာပတိမူ ကျင်းပခဲ့သည်။
👍4🔥1
​​ထိုင်းနိုင်ငံက ၂၀၂၉ တွင် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်း ဖြစ်လာမည် 

ထိုင်းနိုင်ငံသည် ကုန်လွန်ခဲ့သည့် သုံးနှစ်အတွင်း လူဦးရေ ကျဆင်းခြင်းကြောင့် ၂၀၂၉ ၌ သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်း ဖြစ်လာရန် မျှော်လင့်ရကြောင်း Kasikorn Research Centre (KResearch) ၏ သုတေသနအရ သိရသည်။
၂၀၂၀ နှင့် ၂၀၂၂ ကြားတွင် ကလေးမွေးဖွားနှုန်းလည်း ကျဆင်းခဲ့သည်ဟု အဆိုပါ သုတေသနက ဖော်ပြထားသည်။
👍2
​​သံဖြူဇရပ်တွင် စစ်ကောင်စီကျင်းပမည့် သင်္ကြန်၌ ပါဝင်ဆင်နွဲခြင်းမပြုရန် ဗုံးခွဲသတိပေး

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီကကျင်းပမည့် သင်္ကြန်၌ ဝင်ရောက်ဆင်နွဲခြင်းမပြုရန် သတိပေးသည့်အနေဖြင့် ဆောက်လက်စသင်္ကြန်မဏ္ဍပ်အနီးတွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က ဗုံးဖောက်ခွဲသတိပေးလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ဧပြီလ ၉ရက်နေ့ နေ့လယ် ၁နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ ထွေအုပ်ရုံးအနီးရှိ ဆောက်လက်စသင်္ကြန်မဏ္ဍပ်အနီးဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။အမှုတစ်ခုဖြင့် စစ်ကောင်စီက သိမ်းထားသော ကားတစ်စီးအား မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိစေရန် လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီတော်လှန်ရေး ပြောက်ကျားလှုပ်ရှားနေသည့် The Revolutionary Force For Justice(TRFFJ) အဖွဲ့က မဇ္ဈိမကိုပြောသည်။
"ဆောက်လက်စ သင်္ကြန်မဏ္ဍပ်အနီး ကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ ထွေအုပ်ရုံးဝင်းထဲက အမှုရင်ဆိုင်နေတဲ့ ကား။ မဏ္ဍပ်မှာ ရေကစားတာ၊ ယိမ်းကတာတာတွေ ဆက်လုပ်မယ်ဆို ကျန်တဲ့ မိုင်းတွေ ဖောက်ခွဲမှာဖြစ်လို့ လာရောက်တဲ့ပြည်သူတွေ ထိခိုက်ရင် တာဝန်ယူမှာ မဟုတ်ပါဘူး။ ခုတော့လူမထိခိုက်အောင် သတိပေးတဲ့အနေနဲ့ လုပ်ခဲ့တာပါ” ဟု TRFFJ အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
လာမည့်သင်္ကြန်ကာလတွင် စစ်ကောင်စီက ဦးစီးကျင်းပမည့် သင်္ကြန်ပွဲတော်၌ ပြည်သူများ ဝင်ရောက်ဆင်နွဲခြင်းမပြုကြရန် ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများက သတိပေးနေကြသည်။ ယနေ့ နံနက်ပိုင်းတွင်ပင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ စစ်ကောင်စီက ဆောက်လုပ်နေဆဲ သင်္ကြန်မဏ္ဍပ်နှင့် ပဲခူးတိုင်း၊ပေါင်းတည်မြို့ဗဟိုမဏ္ဍပ်အနီးတွင် တော်လှန်ရေးအင်အားစုများက မိုင်းဖောက်ခွဲ သတိပေးခဲ့သည်။
ပြည်သူများအနေဖြင့် တော်လှန်သင်္ကြန်အနေဖြင့်သာ ဖြတ်သန်းကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် မြို့ပြပြောက်ကျားအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည်ဟု သတိပေးနေကြသည်။
မွန်ပြည်နယ်၊ ရေးမြို့မှ လူငယ်တစ်ဦးကမူ လတ်တလော နိုင်ငံရေးအခြေအနေများကြောင့် လာမည့် သင်္ကြန်ပွဲတော်၌ ပါဝင်ဆင်နွှဲမည်မဟုတ်ဟု ဆိုသည်။
“စကစက မြန်မာလူမျိုးတွေ အပျော်မက်မှန်းသိတော့ အကြီးကြီးလုပ်နေကြတယ်။ ကျနော်ကတော့ ဒီပွဲမှာ နည်းနည်းလေးမှတောင် ပါဝင်သွားမှာ မဟုတ်ပါဘူး။ အဓိကက ကိုယ်ချင်းစာစိတ်ပေါ့။ ကျနော်တို့ ရွယ်တူတွေ၊ ကျနော်တို့ထက်ငယ်တဲ့သူတွေနဲ့ လူကြီးတွေက နေရာမျိုးစုံမှာ ဆင်းရဲဒုက္ခပေါင်းစုံကို ခံစားနေကြရတယ်။ တော်လှန်ရေးအင်အားစုကလည်း တော်လှန်သင်္ကြန်လုပ်ဖို့ တိုက်တွန်းတာကို အပြည့်အဝ ထောက်ခံပါတယ်” ဟု အဆိုပါ လူငယ်ကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#သံဖြူဇရပ်မြို့နယ်
#စစ်ကောင်စီကကျင်းပမည့်သင်္ကြန်
#မြို့ပြပြောက်ကျားအဖွဲ့
#ဗုံးဖောက်ခွဲသတိပေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍15🔥1
ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း၌ ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

007
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ၊ လယ်ကြီးကျေးရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် ဧပြီလ ၇ ရက်နေ့က KIA ပါ၀င်သော မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
လယ်ကြီးကျေးရွာအနီး စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရဲဂိတ်စခန်းတို့ကို မဟာမိတ်တပ်ပေါင်းစုက ၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
“လယ်ကြီးကစကစ(စစ်ကောင်စီတပ်ဖွဲ့)ဂိတ်တွေကို PDF တွေက ၀င်တိုက်တာကနေ တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ သေတာတွေဒဏ်ရာရတာတွေရှိတယ်။ များတယ်၊ အရပ်သားတစ်ယောက်လည်း ထိတယ်” ဟု ဒေသခံတစ်ဦးကအတည်ပြုပြောသည်။
👍12❤3👏3🥴2
မဟာမိတ်တပ်ပေါင်းစုဘက်က KIA နှင့်အတူ၊ KPDF(Kachin Region)၊ PDF(NUG) နှင့် ကျောင်းသားတပ်မတော် ABSDF(ရှမ်းမြောက်ဒေသ)တို့ပါ၀င်ပြီး စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
လယ်ကြီး‌ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းနှင့် ရဲဂိတ်တို့ကို ဧပြီလ ၇ရက် နံနက် ၇နာရီ ၄၀မိနစ် အချိန်တွင် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခုနစ်ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ် ရာရရှိသွားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယင်းနေ့ နေ့လယ်ပိုင်းတွင်လည်း မိုးကုတ်-မိုင်းလုံ ဆက်သွယ်ရေးလမ်းအတိုင်း လယ်ကြီးကျေးရွာဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းကို အောက်ညောင်ကုန်းကျေးရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၅ ရက်၊ ၆ ရက် နှင့် ၇ ရက်တို့တွင်လည်း နောင်ချိုမြို့နယ်အပိုင် သံဘိုကျေးရွာအနီး ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွင် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မိုးမိတ်ခရိုင် KPDF တပ်ရင်းနှင့် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ထံ မဇ္ဈိမအနေဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။
လက်ရှိတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည့်အခြေအနေရှိနေကြောင်းလည်း ဒေသတွင်းသတင်းများက ဆိုသည်။
“အခုအထိ သေနတ်သံတွေကြားနေရတုန်းပဲ။ အခဲမကြေတဲ့စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ဘက်က တပ်ဖြန့်ထားတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်။ သင်္ကြန်မှာမိုးကုတ်ကိုလာမယ်ဆိုသူတွေ မလာကြဖို့မှာချင်တယ်” ဟု ဒေသခံံတစ်ဦးက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#မိုးကုတ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍13❤5🥱2
"စစ်အာဏာသိမ်းကာလ မနောမြေ" | Editors' Talk Episode-10

မနောမြေလို့ တင်စားခေါ်ဆိုကြတဲ့ ကချင်ပြည်နယ်ဘက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူမှုဘဝအခြေအနေတွေ ဘယ်လိုရှိနေပါလဲ၊ သတင်းတင်ဆက်နိုင်ခွင့်နဲ့ လူထု သတင်းသိယူခွင့် အခြေအနေတွေကရော ဘယ်လိုများရှိနေပါလဲ၊ နွေဦးတော်လှန်ရေးအပေါ် ကချင်လူထုရဲ့ သဘောထားအမြင်ကရော ဘယ်လိုတွေ့ရပါသလဲ စတာတွေကို အခုအဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။

https://youtu.be/7wwJwdwFMvs
👍9😁2