ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း၌ ဖြစ်ပွါးသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို
007
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ၊ လယ်ကြီးကျေးရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် ဧပြီလ ၇ ရက်နေ့က KIA ပါ၀င်သော မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
လယ်ကြီးကျေးရွာအနီး စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရဲဂိတ်စခန်းတို့ကို မဟာမိတ်တပ်ပေါင်းစုက ၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
“လယ်ကြီးကစကစ(စစ်ကောင်စီတပ်ဖွဲ့)ဂိတ်တွေကို PDF တွေက ၀င်တိုက်တာကနေ တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်သား(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ သေတာတွေဒဏ်ရာရတာတွေရှိတယ်။ များတယ်၊ အရပ်သားတစ်ယောက်လည်း ထိတယ်” ဟု ဒေသခံတစ်ဦးကအတည်ပြုပြောသည်။

👍12❤3👏3🥴2
မဟာမိတ်တပ်ပေါင်းစုဘက်က KIA နှင့်အတူ၊ KPDF(Kachin Region)၊ PDF(NUG) နှင့် ကျောင်းသားတပ်မတော် ABSDF(ရှမ်းမြောက်ဒေသ)တို့ပါ၀င်ပြီး စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
လယ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းနှင့် ရဲဂိတ်တို့ကို ဧပြီလ ၇ရက် နံနက် ၇နာရီ ၄၀မိနစ် အချိန်တွင် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခုနစ်ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ် ရာရရှိသွားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံက သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယင်းနေ့ နေ့လယ်ပိုင်းတွင်လည်း မိုးကုတ်-မိုင်းလုံ ဆက်သွယ်ရေးလမ်းအတိုင်း လယ်ကြီးကျေးရွာဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းကို အောက်ညောင်ကုန်းကျေးရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၅ ရက်၊ ၆ ရက် နှင့် ၇ ရက်တို့တွင်လည်း နောင်ချိုမြို့နယ်အပိုင် သံဘိုကျေးရွာအနီး ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွင် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မိုးမိတ်ခရိုင် KPDF တပ်ရင်းနှင့် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ထံ မဇ္ဈိမအနေဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။
လက်ရှိတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည့်အခြေအနေရှိနေကြောင်းလည်း ဒေသတွင်းသတင်းများက ဆိုသည်။
“အခုအထိ သေနတ်သံတွေကြားနေရတုန်းပဲ။ အခဲမကြေတဲ့စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ဘက်က တပ်ဖြန့်ထားတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်။ သင်္ကြန်မှာမိုးကုတ်ကိုလာမယ်ဆိုသူတွေ မလာကြဖို့မှာချင်တယ်” ဟု ဒေသခံံတစ်ဦးက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#မိုးကုတ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍13❤5🥱2
"စစ်အာဏာသိမ်းကာလ မနောမြေ" | Editors' Talk Episode-10
မနောမြေလို့ တင်စားခေါ်ဆိုကြတဲ့ ကချင်ပြည်နယ်ဘက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူမှုဘဝအခြေအနေတွေ ဘယ်လိုရှိနေပါလဲ၊ သတင်းတင်ဆက်နိုင်ခွင့်နဲ့ လူထု သတင်းသိယူခွင့် အခြေအနေတွေကရော ဘယ်လိုများရှိနေပါလဲ၊ နွေဦးတော်လှန်ရေးအပေါ် ကချင်လူထုရဲ့ သဘောထားအမြင်ကရော ဘယ်လိုတွေ့ရပါသလဲ စတာတွေကို အခုအဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။
https://youtu.be/7wwJwdwFMvs

YouTube
"စစ်အာဏာသိမ်းကာလ မနောမြေ" | Editors' Talk Episode-10
မနောမြေလို့ တင်စားခေါ်ဆိုကြတဲ့ ကချင်ပြည်နယ်ဘက်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူမှုဘဝအခြေအနေတွေ ဘယ်လိုရှိနေပါလဲ၊ သတင်းတင်ဆက်နိုင်ခွင့်နဲ့ လူထု သတင်းသိယူခွင့် အခြေအနေတွေကရော ဘယ်လိုများရှိနေပါလဲ၊ နွေဦးတော်လှန်ရေးအပေါ် ကချင်လူထုရဲ့ သဘောထားအမြင်ကရော ဘယ်လိုတွေ့ရပါသလဲ…
👍9😁2
လောင်းလုံးမှာ“လွတ်မြောက်မှု အတွက် ရုန်းကန်၊ လက်နက်မဲ့ လူထု အားမာန်” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ယနေ့ ဧပြီလ ၉ ရက် နေ့လယ်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ဖက်ဆစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ရန် ရုန်းကန်တိုက်ပွဲဝင်ကြရန် လှုံ့ဆော်သည့်အနေဖြင့် “လွတ်မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့လူထု အားမာန်” စာသားပါ ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

👍10🥰4😁2
ထို့အတူ နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်လျက်ရှိသည့် ပြည်တွင်းစစ် ရပ်တန့်ရေး၊ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် စစ်ရေးလှုပ်ရှားမှုအပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး နှုန်းစံ တန်ဖိုးများအား အလေးထားသည့် လူထုတော်လှန်ရေးတစ်ရပ် ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း ဦးဆောင်သူများက ပြောဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#Mizzima
#လောင်းလုံးမြို့နယ်
#အာဏာရှင်ဆန့်ကျင်ရေး
#ချီတက်ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
စာတည်း။ ။ ဖူးသိမ်ကျ
#Mizzima
#လောင်းလုံးမြို့နယ်
#အာဏာရှင်ဆန့်ကျင်ရေး
#ချီတက်ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍9😁2
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ( ၄၆ ) ဆန္ဒထုတ်ဖော်
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲပိုင်းအချိန်က "အညာက ကျတဲ့မျက်ရည်အတွက် လိပ်ပြာလုံဖို့ ငါတို့သင်္ကြန်ရေမပက်" စာသားပါ ဘန်နာအားကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၆)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒပြ

👍16😁3
မည်သည့်အကြောင်းနှင့်မျှ စစ်ဆင်ရေးများအား မဖျက်သိမ်းတော့ဟု YGN UG အဖွဲ့က ပြည်သူများအား အသိပေး
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ စစ်ဆင်ရေးများကို မည်သည့်အကြောင်းနှင့်မျှ ဖျက်သိမ်းတော့မည်မဟုတ်ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Dark Shadow အဖွဲ့က ပြည်သူများကို အသိပေးထားသည်။
“ကျွန်တော်တို့ ဘယ်လို အကြောင်းကြောင့်နဲ့မှ မစ်ရှင် မဖျက်သိမ်းတော့ပါဘူး ခင်ဗျာ။ တော်လှန်ရေးကာလလည်း နှစ်နှစ်ကျော်ခဲ့ပါပြီ အကြိမ်ကြိမ်လည်း သတိပေးခဲ့ပါတယ်။ ကျွန်တော်တို့က အသက်တွေရင်းထားရတာပါ ။ မစ်ရှင်တွေလုံး၀ ဖျက်သိမ်းမှာ မဟုတ်တော့ပါဘူး” ဟု Dark Shadow အဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစီဂျီက မဇ္ဈိမကို ပြောသည်။
ထိုသို့ နောက်ဆုံးအကြိမ် သတိပေးရခြင်းမှာ စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲများ၊ ပွဲလမ်းသဘင်များနှင့် စစ်ရေးပစ်မှတ်များအနီးသို့ သွားလာခြင်းများ ရှောင်ကျဉ်စေလိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

👍26❤20😁2
Dark Shadow အဖွဲ့အနေဖြင့် ဧပြီလ ၈ ရက် ညနေ ၆ နာရီ ၅၀ မိနစ်က စမ်းချောင်း ရဲစခန်းရှေ့ စမ်းချောင်းမြိုနယ် ရေကစားမဏ္ဍပ်အနီးတွင် စစ်ကောင်စီပတ်ကင်းကားအား ချိန်ကိုက်မိုင်းဆွဲ ဖောက်ခွဲတိုက်ခိုက်ရာ ကားနောက်ပိုင်း အနည်းငယ် ထိခိုက်သွားကြောင်း သိရသည်။
ယင်းအပြင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ထားသော ဗဟိုမဏ္ဍပ်ကို ယမန်နေ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ရာ ပစ်မှတ်အနီး ပြည်သူများရှိနေ၍ မဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သင်္ကြန်ပွဲနှင့်ပတ်သက်၍လည်း “ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်မှာ မပါဝင်ဖို့ပြောချင်ပါတယ်”ဟု Dark Shadow အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစီဂျီက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#Mizzima
#DarkShadowအဖွဲ့
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
ယင်းအပြင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ထားသော ဗဟိုမဏ္ဍပ်ကို ယမန်နေ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ရာ ပစ်မှတ်အနီး ပြည်သူများရှိနေ၍ မဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သင်္ကြန်ပွဲနှင့်ပတ်သက်၍လည်း “ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်မှာ မပါဝင်ဖို့ပြောချင်ပါတယ်”ဟု Dark Shadow အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစီဂျီက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#Mizzima
#DarkShadowအဖွဲ့
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍28😁2❤1
Media is too big
VIEW IN TELEGRAM
"စစ်အာဏာသိမ်းကာလ မနောမြေ"
Watch more detail - https://youtu.be/7wwJwdwFMvs
#Mizzima #မနောမြေ #reels
#shorts #Editors'Talk #MyanmarMilitaryTerrorists

👍11🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဧပြီလ ၉ ရက်ထုတ်လွှင့်မှုများ
https://youtu.be/mX4a4AJtLoE
#pvtv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍15❤5🍌2🤮1
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၉ ဧပြီ ၂၀၂၃ )
တပ်တွင်းသင်္ကြန်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်မည်ဟု တော်လှန်ရေးအဖွဲ့များမှ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီမှ သင်္ကြန်မဏ္ဍပ်ဖောက်ခွဲမည့်သူများကို ဖမ်းမိသည့် သတင်းများ ထုတ်ပြန်လာသည့်အတွက် စစ်ကောင်စီမှ မြို့ပြပြောက်ကျားများအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှု များပြု လုပ်လာနိုင်၍ ပြည်သူများအနေဖြင့် သင်္ကြန်တွင်း သတိထား သွားလာသင့်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14🔥2😁1
ဧပြီလ (၁၀) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
https://youtu.be/7X8Du6dEi9k
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...NUG က ဂန့်ဂေါမြို့နယ် အခြေခံကျောင်းများကို ကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့ပြီး ဒါဟာ အရင်နှစ်တွေကထက် တစ်ဆကျော်တိုးပြီးထောက်ပံ့နိုင်တာဖြစ်တဲ့သတင်းနဲ့အတူ
ဗိုလ်ချုပ်မြတ်သက်ဦး ရဲ့ စုန်းချောင်းရွာမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ သတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

ဗိုလ်ချုပ်မြတ်သက်ဦး ရဲ့ စုန်းချောင်းရွာမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ …

👍12😁1🤮1