Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ( ၄၆ ) ဆန္ဒထုတ်ဖော်

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲပိုင်းအချိန်က "အညာက ကျတဲ့မျက်ရည်အတွက် လိပ်ပြာလုံဖို့ ငါတို့သင်္ကြန်ရေမပက်" စာသားပါ ဘန်နာအားကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၆)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ

#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍16😁3
မည်သည့်အကြောင်းနှင့်မျှ စစ်ဆင်ရေးများအား မဖျက်သိမ်းတော့ဟု YGN UG အဖွဲ့က ပြည်သူများအား အသိပေး

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ စစ်ဆင်ရေးများကို မည်သည့်အကြောင်းနှင့်မျှ ဖျက်သိမ်းတော့မည်မဟုတ်ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Dark Shadow အဖွဲ့က ပြည်သူများကို အသိပေးထားသည်။
“ကျွန်တော်တို့ ဘယ်လို အကြောင်းကြောင့်နဲ့မှ မစ်ရှင် မဖျက်သိမ်းတော့ပါဘူး ခင်ဗျာ။ တော်လှန်ရေးကာလလည်း နှစ်နှစ်ကျော်ခဲ့ပါပြီ အကြိမ်ကြိမ်လည်း သတိပေးခဲ့ပါတယ်။ ကျွန်တော်တို့က အသက်တွေရင်းထားရတာပါ ။ မစ်ရှင်တွေလုံး၀ ဖျက်သိမ်းမှာ မဟုတ်တော့ပါဘူး” ဟု Dark Shadow အဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစီဂျီက မဇ္ဈိမကို‌ ပြောသည်။
ထိုသို့ နောက်ဆုံးအကြိမ် သတိပေးရခြင်းမှာ စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲများ၊ ပွဲလမ်းသဘင်များနှင့် စစ်ရေးပစ်မှတ်များအနီးသို့ သွားလာခြင်းများ ရှောင်ကျဉ်စေလိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
👍26❤20😁2
Dark Shadow အဖွဲ့အနေဖြင့် ဧပြီလ ၈ ရက် ညနေ ၆ နာရီ ၅၀ မိနစ်က စမ်းချောင်း ရဲစခန်းရှေ့ စမ်းချောင်းမြိုနယ် ရေကစားမဏ္ဍပ်အနီးတွင် စစ်ကောင်စီပတ်ကင်းကားအား ချိန်ကိုက်မိုင်း‌ဆွဲ ဖောက်ခွဲတိုက်ခိုက်ရာ ကားနောက်ပိုင်း အနည်းငယ် ထိခိုက်သွားကြောင်း သိရသည်။
ယင်းအပြင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်း ဆောက်လုပ်ထားသော ဗဟိုမဏ္ဍပ်ကို ယမန်နေ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ရာ ပစ်မှတ်အနီး ပြည်သူများရှိနေ၍ မဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သင်္ကြန်ပွဲနှင့်ပတ်သက်၍လည်း “ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်မှာ မပါဝင်ဖို့ပြောချင်ပါတယ်”ဟု Dark Shadow အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစီဂျီက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#Mizzima
#DarkShadowအဖွဲ့
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍28😁2❤1
Media is too big
VIEW IN TELEGRAM
"စစ်အာဏာသိမ်းကာလ မနောမြေ"

Watch more detail - https://youtu.be/7wwJwdwFMvs

#Mizzima #မနောမြေ #reels
#shorts #Editors'Talk #MyanmarMilitaryTerrorists
👍11🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဧပြီလ ၉ ရက်ထုတ်လွှင့်မှုများ

https://youtu.be/mX4a4AJtLoE
#pvtv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15❤5🍌2🤮1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၉ ဧပြီ ၂၀၂၃ ) 

တပ်တွင်းသင်္ကြန်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်မည်ဟု တော်လှန်ရေးအဖွဲ့များမှ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီမှ သင်္ကြန်မဏ္ဍပ်ဖောက်ခွဲမည့်သူများကို ဖမ်းမိသည့် သတင်းများ ထုတ်ပြန်လာသည့်အတွက် စစ်ကောင်စီမှ မြို့ပြပြောက်ကျားများအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှု များပြု လုပ်လာနိုင်၍ ပြည်သူများအနေဖြင့် သင်္ကြန်တွင်း သတိထား သွားလာသင့်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2😁1
ဧပြီလ (၁၀) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

https://youtu.be/7X8Du6dEi9k

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...NUG က ဂန့်ဂေါမြို့နယ် အခြေခံကျောင်းများကို ကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့ပြီး ဒါဟာ အရင်နှစ်တွေကထက် တစ်ဆကျော်တိုးပြီးထောက်ပံ့နိုင်တာဖြစ်တဲ့သတင်းနဲ့အတူ 
ဗိုလ်ချုပ်မြတ်သက်ဦး ရဲ့ စုန်းချောင်းရွာမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ သတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
👍12😁1🤮1
​​AA က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး လျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး လျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
" ယနေ့ တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလျက်ရှိသည့် နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန် စစ်ဆင်တွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထု နှင့်တကွ အတူရပ်တည်ပြီး ဘုံရန္သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေးအင်အားစု များကိုလည်း လက္တြဲကူညီ ပံ့ပိုးပေးလျက်ရှိသည်" ဟု NUG ကာကွယ်ရေးက ဆိုသည်။
AA ၏ တော်လှန်ရေးခရီး ၁၄ နှစ်တာကာလအတွင်း ပေးဆပ်ခဲ့ရ သည့် ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထု တရပ္လုံး ကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ် ကြောင်း၊ လက်ရှိအချိန်တွင် ဘုံရန်သူ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းရန် စုစည်းညီညွတ်စွာ ကြိုးစားရမည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
" ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် မိမိတို့အားလုံးအတူတကြ စုစည်းညီညွတ်စွာဖြင့် ရုန်းကန် ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ပြည်သူလူထု၏ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်များ ကိုလည်း တပါတည်းအပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း" ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်(AA)ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန် တိုက်ပွဲဝင်လာခဲ့သည်မှာ ၁၄ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ် သည်။
👍27❤8🔥2💩2
ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်

ဒီဘက်နှစ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကိုတစ်လတစ်ခေါက်နှုန်းလောက်သွားနေတာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုစတင်သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ မတ်လ ၃၀ ရက်တို့မှာ
စစ်တွေမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့
ရခိုင်ပြည်နယ်ခရီးစဉ်တွေဟာ သာမန်အခြေအနေမျိုးတော့မဟုတ်ပါဘူး။

https://youtu.be/0qYwiDhw4xQ
👍12🔥3❤1
ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1🤮1
​​စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲရမည်ဟု MNDAA နှင့် TNLA က AA သို့ သဝဏ်လွှာပေးပို့

စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲရမည်ဟု MNDAA နှင့် TNLA က (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြထား သည်။
" မြန်မာစစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ပြည်မနှင့် တောင်တန်းမခွဲခြားတော့ဘဲ တနိုင်ငံလုံးရှိ ပြည်သူလူထုနှင့် ရပ်ရွာ မ်ားအား မီးလောင်တိုက်သွင်း၍ ဖျက်ဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းစခန်းတွင် ချမှတ်ထားခြင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုဘဝအားလုံး ဖ်က္ဆီးခံရကာ မသေချာမရေရာမှုများ ပြည့်နှက် နေသောအခြေအနေတွင် မိမိတို့ညီနောင်မဟာမိတ်သုံးဖွဲ့သည် အဆိုပါအခြေအနေတို့မှ လွတ်မြောက်နိုင်ရေးအတွက် စစ်ကောင်စီ အား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့်အတူတကွ ခိုင်မာစွာ လက္တြဲကာတိုက္ပြဲမ်ား ဝင်ကြရမည်ဖြစ်ပါသည်" ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်၊
MNDAA၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့မှာ စစ်အာဏာမသိမ်းမီ ကပင် အာဏာလုမြန်မာတပ်မတော်နှင့် မြန်မာအစိုးရတို့၏ ပြင်းထန်စွာ တိုက်ခိုက်မှုကို ခုခံကာကွယ်ခဲ့ရသူများဖြစ်ကြောင်း၊ ULA/AA ၏ ရပ်တည်ချက်အတိုင်း ညီညီညွတ်ညွတ်နှင့် တိုက်ပွဲဝင်မည်ဟု သဝဏ်လွှာတွင် ရေးသားထားသည်။
(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင်လည်း ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး လျက်ရှိ ကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သည့် ၁၄ နှစ်တာကာလက ၂၆ ဦးဖြင့် စတင်တည်ထောင် ခဲ့သည့် ရက္ခိုင့်တပ်တော်(AA) မွာ လက်ရှိတွင် အင်အားသောင်း ဂဏန်းအထိရှိလာခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း နေရာအချို့တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိသည်။
👍23❤3🔥1😁1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၁၀ ရက်၊ ၂၀၂၃ | VOA On Mizzima

ထူးခြား လက်ရာမြောက်နာရီများပြပွဲအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဧပြီလ ၁၀ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/SgCO6_m_V2U
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮1🌭1
​​Cobra နှင့် Venom စစ်ကြောင်းတို့ ပူးပေါင်းကြောင်း ထုတ်ပြန်

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့ ပူးပေါင်းလိုက်ကြောင်း ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၆ ရက်နေ့က ဗိုလ်စောဝင်းမြင့်ဦးဆောင်သည့် Venom စစ်ကြောင်း တစ်ကြောင်းလုံး လာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း Cobra မှ ထုတ်ပြန်ထားသည်။
စစ်ကြောင်းနှစ်ခု ပူးပေါင်းမှုကြောင့် Cobra စစ်ကြောင်း၏ဖွဲ့စည်းပုံးအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဆိုကာ ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယင်းဖွဲ့စည်းပုံတွင် Cobra စစ်ဆင်ရေးမှူးမှာ ဗိုလ်ဒါဘောဖြစ်ပြီး စစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ် စောကော်၊ ဒုစစ်ကြောင်းမှူး ဗိုလ်တွံတေး(ခ)စောဘလူ့ဒို့ ဖြစ်သည်။
စစ်ကြောင်း(၂)၏ စစ်ကြောင်းမှူးအဖြစ် ဗိုလ်စောဝင်းမြင့်၊ ဒုစစ်ကြောင်းမှူး ဗိုလ်စောငြိမ်းချမ်းဝင်းတို့ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ဒေါဘော၏ Cobra စစ်ကြောင်းသည် ကရင်အမျိုးသား အစည်းအရုံ(KNU) ၏ လက်အောက်ခံတပ် ဖြစ်ပြီး ယခုပူးပေါင်းလာသည့် Venom စစ်ကြောင်းသည် ယခင်က KNDO ၏ အထူးကွန်မန်ဒိုတပ်ရင်း တစ်ခုဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#Cobra
#Venom
#စစ်ကြောင်း
#ပူးပေါင်း
#ကွန်မန်ဒို
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤8🔥2👎1😁1
ဧပြီလ (၁၀) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:02 − ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးပေးလျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကပေးပို့တဲ့ ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ သဝဏ်လွှာမှာဖော်ပြထားတဲ့သတင်း

03:55 − အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်ရာ စုန်းချောင်းရွာအထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးကာ လာရောက်ခေါ်ဆောင်သွားတဲ့သတင်း

06:53 − ဘယ်အကြောင်းနဲ့မှ စစ်ဆင်ရေးတွေကို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ပြည်သူတွေကိုအသိပေးထားတဲ့သတင်းနဲ့

08:53 − တရုတ်ရဲ့အာဏာရှင်စနစ်ကိုတန်ပြန်ဖို့ အမေရိကန်နဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ်ပြောကြားလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/tPCV_o-h66E
👍12❤2🥴1🍌1