Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ (၁၀) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

https://youtu.be/7X8Du6dEi9k

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...NUG က ဂန့်ဂေါမြို့နယ် အခြေခံကျောင်းများကို ကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့ပြီး ဒါဟာ အရင်နှစ်တွေကထက် တစ်ဆကျော်တိုးပြီးထောက်ပံ့နိုင်တာဖြစ်တဲ့သတင်းနဲ့အတူ 
ဗိုလ်ချုပ်မြတ်သက်ဦး ရဲ့ စုန်းချောင်းရွာမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ သတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
👍12😁1🤮1
​​AA က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး လျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး လျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
" ယနေ့ တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလျက်ရှိသည့် နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန် စစ်ဆင်တွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထု နှင့်တကွ အတူရပ်တည်ပြီး ဘုံရန္သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေးအင်အားစု များကိုလည်း လက္တြဲကူညီ ပံ့ပိုးပေးလျက်ရှိသည်" ဟု NUG ကာကွယ်ရေးက ဆိုသည်။
AA ၏ တော်လှန်ရေးခရီး ၁၄ နှစ်တာကာလအတွင်း ပေးဆပ်ခဲ့ရ သည့် ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထု တရပ္လုံး ကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ် ကြောင်း၊ လက်ရှိအချိန်တွင် ဘုံရန်သူ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းရန် စုစည်းညီညွတ်စွာ ကြိုးစားရမည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
" ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် မိမိတို့အားလုံးအတူတကြ စုစည်းညီညွတ်စွာဖြင့် ရုန်းကန် ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ပြည်သူလူထု၏ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်များ ကိုလည်း တပါတည်းအပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း" ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်(AA)ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန် တိုက်ပွဲဝင်လာခဲ့သည်မှာ ၁၄ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ် သည်။
👍27❤8🔥2💩2
ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်

ဒီဘက်နှစ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကိုတစ်လတစ်ခေါက်နှုန်းလောက်သွားနေတာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုစတင်သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ မတ်လ ၃၀ ရက်တို့မှာ
စစ်တွေမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့
ရခိုင်ပြည်နယ်ခရီးစဉ်တွေဟာ သာမန်အခြေအနေမျိုးတော့မဟုတ်ပါဘူး။

https://youtu.be/0qYwiDhw4xQ
👍12🔥3❤1
ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1🤮1
​​စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲရမည်ဟု MNDAA နှင့် TNLA က AA သို့ သဝဏ်လွှာပေးပို့

စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲရမည်ဟု MNDAA နှင့် TNLA က (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြထား သည်။
" မြန်မာစစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ပြည်မနှင့် တောင်တန်းမခွဲခြားတော့ဘဲ တနိုင်ငံလုံးရှိ ပြည်သူလူထုနှင့် ရပ်ရွာ မ်ားအား မီးလောင်တိုက်သွင်း၍ ဖျက်ဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းစခန်းတွင် ချမှတ်ထားခြင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုဘဝအားလုံး ဖ်က္ဆီးခံရကာ မသေချာမရေရာမှုများ ပြည့်နှက် နေသောအခြေအနေတွင် မိမိတို့ညီနောင်မဟာမိတ်သုံးဖွဲ့သည် အဆိုပါအခြေအနေတို့မှ လွတ်မြောက်နိုင်ရေးအတွက် စစ်ကောင်စီ အား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့်အတူတကွ ခိုင်မာစွာ လက္တြဲကာတိုက္ပြဲမ်ား ဝင်ကြရမည်ဖြစ်ပါသည်" ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်၊
MNDAA၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့မှာ စစ်အာဏာမသိမ်းမီ ကပင် အာဏာလုမြန်မာတပ်မတော်နှင့် မြန်မာအစိုးရတို့၏ ပြင်းထန်စွာ တိုက်ခိုက်မှုကို ခုခံကာကွယ်ခဲ့ရသူများဖြစ်ကြောင်း၊ ULA/AA ၏ ရပ်တည်ချက်အတိုင်း ညီညီညွတ်ညွတ်နှင့် တိုက်ပွဲဝင်မည်ဟု သဝဏ်လွှာတွင် ရေးသားထားသည်။
(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင်လည်း ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး လျက်ရှိ ကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သည့် ၁၄ နှစ်တာကာလက ၂၆ ဦးဖြင့် စတင်တည်ထောင် ခဲ့သည့် ရက္ခိုင့်တပ်တော်(AA) မွာ လက်ရှိတွင် အင်အားသောင်း ဂဏန်းအထိရှိလာခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း နေရာအချို့တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိသည်။
👍23❤3🔥1😁1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၁၀ ရက်၊ ၂၀၂၃ | VOA On Mizzima

ထူးခြား လက်ရာမြောက်နာရီများပြပွဲအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဧပြီလ ၁၀ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/SgCO6_m_V2U
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮1🌭1
​​Cobra နှင့် Venom စစ်ကြောင်းတို့ ပူးပေါင်းကြောင်း ထုတ်ပြန်

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့ ပူးပေါင်းလိုက်ကြောင်း ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၆ ရက်နေ့က ဗိုလ်စောဝင်းမြင့်ဦးဆောင်သည့် Venom စစ်ကြောင်း တစ်ကြောင်းလုံး လာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း Cobra မှ ထုတ်ပြန်ထားသည်။
စစ်ကြောင်းနှစ်ခု ပူးပေါင်းမှုကြောင့် Cobra စစ်ကြောင်း၏ဖွဲ့စည်းပုံးအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဆိုကာ ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယင်းဖွဲ့စည်းပုံတွင် Cobra စစ်ဆင်ရေးမှူးမှာ ဗိုလ်ဒါဘောဖြစ်ပြီး စစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ် စောကော်၊ ဒုစစ်ကြောင်းမှူး ဗိုလ်တွံတေး(ခ)စောဘလူ့ဒို့ ဖြစ်သည်။
စစ်ကြောင်း(၂)၏ စစ်ကြောင်းမှူးအဖြစ် ဗိုလ်စောဝင်းမြင့်၊ ဒုစစ်ကြောင်းမှူး ဗိုလ်စောငြိမ်းချမ်းဝင်းတို့ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ဒေါဘော၏ Cobra စစ်ကြောင်းသည် ကရင်အမျိုးသား အစည်းအရုံ(KNU) ၏ လက်အောက်ခံတပ် ဖြစ်ပြီး ယခုပူးပေါင်းလာသည့် Venom စစ်ကြောင်းသည် ယခင်က KNDO ၏ အထူးကွန်မန်ဒိုတပ်ရင်း တစ်ခုဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#Cobra
#Venom
#စစ်ကြောင်း
#ပူးပေါင်း
#ကွန်မန်ဒို
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤8🔥2👎1😁1
ဧပြီလ (၁၀) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:02 − ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးပေးလျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကပေးပို့တဲ့ ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ သဝဏ်လွှာမှာဖော်ပြထားတဲ့သတင်း

03:55 − အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်ရာ စုန်းချောင်းရွာအထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးကာ လာရောက်ခေါ်ဆောင်သွားတဲ့သတင်း

06:53 − ဘယ်အကြောင်းနဲ့မှ စစ်ဆင်ရေးတွေကို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ပြည်သူတွေကိုအသိပေးထားတဲ့သတင်းနဲ့

08:53 − တရုတ်ရဲ့အာဏာရှင်စနစ်ကိုတန်ပြန်ဖို့ အမေရိကန်နဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ်ပြောကြားလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/tPCV_o-h66E
👍12❤2🥴1🍌1
Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင် ၃ ဦးကို မော်လမြိုင်အကျဉ်းထောင်သို့ ပို့ဆောင်

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ ဘက်သို့ပြန်ပို့ခံရသည့် Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့က မော်လမြိုင်အကျဉ်းထောင်သို့ ဧပြီလ ၉ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံ သူများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါဓာတ်ပုံတွင် Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုသီဟ(ငှက်မဲ)နှင့် ပြန်ကြား ရေးတာဝန်ခံ ကိုထက်နေဝန်းတို့နှစ်ဦးကို မျက်လုံးအားအဝတ်ဖြင့်စည်းကာ ကားတစ်စီးပေါ်တွင် ဖမ်းဆီး ထားကြောင်း တွေ့ရသည်။
😢20👍4🤬3🔥2😁2
ဖမ်းဆီးခံရသူ သုံးဦးတွင် စောဖြိုးလေးကို ဓာတ်ပုံထဲတွင် မတွေ့ရှိရပေ။ စောဖြိုးလေးသည် BGF တပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ရင်ဘက်ကျည်ထိမှန်ကာသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
“ပုံထဲမှာက နှစ်ယောက်ပဲတွေ့တယ် ကျန်တယောက်အခြေနေကိုတော့ မသိသေးဘူး သင်္ဃန်းညီနောင် ဗျူဟာကုန်းကနေ မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်တယ်၊ လောလောဆယ် သူတို့ကျန်းမာရေး အခြေနေကိုမသိရသေးဘူး”ဟု နီးစပ်သူများထံမှ သိရသည်။
၎င်းတို့သုံးဦးသည် ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ဆေးခန်းပြပြီးအပြန် ထိုင်းလဝက၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့်သူများကို ဥပဒေရ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဧပြီလ ၅ ရက်နေ့တွင် ထိုင်းလဝကမှ အင်ကြင်းမြိုင် BGF ဂိတ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
BGF တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပို့ဆောင်ခံရသူ သုံးဦးထဲမှ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ထိုင်းလဝကအနေဖြင့် BGF တပ်ဖွဲ့ထံ လွှဲပြောင်းပေးမှုကို နိုင်ငံရေးအသိုင်းအဝိုင်းများနှင့် ထိုင်းအတိုက်အခံပါတီများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်းနိုင်ငံ
#LionBattalionဗျူဟာစစ်ကြောင်း
#စစ်ကောင်စီ
#ဖမ်းဆီးမှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍3🔥3😁2🤬1
​​မီဇိုရမ်ပြည်နယ်သား ၃ ဦးသတ်ခံရမှု ကျူးလွန်သူများ ဖမ်းဆီးရမိထားကြောင်း CDF – Mindat ထုတ်ပြန်

ပါခွီး
(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားမြို့တွင်နေထိုင်သည့် ဒေသခံသုံးဦးကို မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်အတွင်း သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ် ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF–Mindat က ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
မီဇိုရမ်ပြည်နယ်သားသုံးဦး သတ်ဖြတ်ခံရမှုဖြစ်ရပ်တွင် အဖြစ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့် တရားမျှတမှုရရှိရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
ယခုအချိန်တွင် ပြစ်မှုကျူးလွန်သူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်း ဆီးရမိပြီဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးလိုသည်ဟု CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တရားခံတွေကိုပါ ထိန်းသိမ်းထားနိုင်ပါပြီ။ အမှုမှန်ပေါ် ပေါက်ရေးဆောင်ရွက်ဖို့ရှိပါတယ်။ အကောင်းဆုံးဖြေရှင်းဖို့အတွက် လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုကို အားလုံးနဲ့ပြုလုပ်သွားမှာပါ” ဟု CDF – Mindat မှ ပြောရေးဆိုခွင့်ရှိသူ Salai Ha Om က မဇ္စျိမသို့ ပြော သည်။
ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ တရားစီရင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သားသုံးဦး အသတ်ခံရမှုကြောင့် လက်ရှိတော်လှန်ရေးကာလတွင် မြန်မာ နိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများကို အားတက်သရော အကူအညီပေးနေသည့် မီဇိုရမ်အစိုးရ၊ ပြည်သူနှင့် စစ်ဘေးရှောင်များအကြား ဆက်ဆံရေးဆိုးရွားပြီး ခိုလှုံနေရသူများ ပိုမိုကျပ်တည်းသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရသောကြောင့် ကြီးစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်အတွင်း၌ မီဇိုရမ်ပြည် နယ်သားသုံးဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြင်းထန်စွာရှုံ့ချပါကြောင်း၊ သတ်ဖြတ်ခံရသူများ၏မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း CDF – Mindat မှ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်ရပ်တွင် ၎င်းတို့တပ်ဖွဲ့အနေဖြင့် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီပံ့ပိုးရန်အသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
မတ်လ ၂၂ ရက်နေ့က မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့တွင်နေထိုင်သူ BiakSuii ၊ Bablu နှင့် B.Lalthafamkima တို့သုံးဦးသည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ်တွင် အမည်မသိလူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်နှင့်ပါတ်သက်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများက အိန္ဒိယ-မြန်မာနယ်စပ် အဝင်အထွက်လမ်း ကြောင်းအချို့ကို အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီး၊ နယ်စပ်ဖြတ်ကျော်သွားလာခွင့်နှင့် ပစ္စည်းများလွှဲ ပြောင်းမယူရန်ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#CDF–Mindat
#လူသတ်မှု
--------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1😁1🤣1
"တမာမိုး" သံချပ်

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၁၂ ခုမှ ကျောင်းသူ၊ ကျောင်းသားများစုပေါင်း၍ ဖျော်ဖြေတင်ဆက်ထားသည့် "တမာမိုး" သံချပ် ဖြစ်သည်။

https://youtu.be/3Eia2TQ-lFI
#တမာမိုးသံချပ်
#၂၀၂၃
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤19👍6🤮2😁1
ထူးခြား လက်ရာမြောက်နာရီများပြပွဲ | VOA on Mizzima

https://youtu.be/Khof8YJRkus

Switzerland နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နာရီပြပွဲကြီးမှာ စွဲမက်လိုချင်စရာ နာရီတွေကနေ ရင်းနှီးမြှပ်နှံမှုပစ္စည်းလိုသတ်မှတ်နိုင်တဲ့ ဇိမ်ခံနာရီမျိုးစုံကို ပြသခဲ့ကြပါတယ်။ ဇိမ်ခံနာရီထုတ်လုပ်တဲ့လုပ်ငန်းကြီး ၄၈ ခုက အကောင်းတကာ့ အကောင်းဆုံးနာရီတွေ အပြိုင်ပြသခဲ့ကြတဲ့ပွဲကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7💩1
​​ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒပြုကြောင်း NUG ယာယီသမ္မတ AA စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့

ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒပြုကြောင်း NUG ယာယီသမ္မတ AA စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့ ကြောင်း NUG အစိုးရအဖွဲ့က ဆိုသည်။
(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက စာကိုယ်တိုင်ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
၁၄ နှစ်တာကာလအတွင်း ပေးဆပ်မှုများဖြင့် ရခိုင်တမျိုးသားလုံးက အားကိုးယုံကြည်ရသည့် ရခိုင်တပ်တော်အဖြစ် ရပ်တည်နိုင်ခဲ့ သည်ကို ဂုဏ်ယူကြောင်း၊ ရခိုင်တပ်တော်နှစ်ပတ်လည်နေ့နှင့်အတူ ရခိုင်အမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကံ ဖန်တီးခွင့် အပြည့်အဝရရှိသည့် ဖယ်ဒရယ်ပြည် ထောင်စု ထူထောင်နိုင်ရန် အတူလက္တြဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆန္ဒပြုအပ်ကြောင်း ယာယီသမ္မတကြီးက ရေးသားထားသည်။
ထို့ပြင် ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေးလျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
ရခိုင်တပ်တော် AA ကို ကချင်ပြည်နယ်တွင် ၂၀၀၉ခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
👍11❤3😁1🤮1