Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကိုင်းမြို့နယ် တလိုင်းနှင့် အုတ်ဖိုကျေးရွာအနီးဝန်းကျင်သို့ လေကြောင်းမှပစ်ခတ်၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရ

007
(မဇ္ဈိမ) ။ ။စစ်ကိုင်းမြို့နယ် တလိုင်းနှင့် အုတ်ဖိုကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်လာ၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေကြရကြောင်း ဒေသတွင်းသတင်းများ အရ သိရသည်။
“ မြေပြင်ကနေ လာတာမဟုတ်ဘူး၊ ရဟတ်ယာဉ်ပေါ်ကနေပစ်တယ်၊ လူချတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ဆက်ပစ်တယ်။ အဲဒီလိုနည်းနဲ့ နယ်မြေရှင်းလင်းရေးဆိုပြီးဝင်လာတာ၊ တကယ်က ဒီမှာဘာမှမရှိဘူး အကြောင်း မဲ့ပစ်တာ” ဟု လေကြောင်းရန်ကြောင့် ထွက်ပြေးလာရသည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာများသည် စစ်ကိုင်းမြို့နှင့် ခုနစ်မိုင်ခန့်သာကွာဝေးပြီး ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ တစ်နေကုန်နီးပါး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့ခြင်းဟု သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တလိုင်းကျေးရွာရှိ နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက် စီးခဲ့ပြီး၊ ကျေးရွာဆေးပေးခန်းနှင့် ကိုယ်ထူကိုယ်ထ ဓာတ်အားခွဲရုံတစ်ခုလည်း ထိခိုက်ခဲ့ကြောင်း ဒေသခံ များကပြောသည်။
🤬5👍3👎3😁2🔥1
“ ဆေးခန်းဆိုရင် ခေါင်တွေပွင့်ထွက်ကုန်တာ။ အထဲကဆေးပစ္စည်းတွေလည်း ဖျက်ဆီးခံရတယ်။ ရွာက ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ ထရန်စဖော်မာကိုလည်း ဖျက်ဆီးသွားတယ်။ ဆေးခန်းပစ်ခံရမှုမှာ မိန်းမသုံး ယောက်၊ ယောက်ျားနှစ်ယောက်ထိတယ်။ တခြား ထိခိုက်ပျက်စီးမှုတွေလည်း အများကြီးပဲ။ ဥပမာ- နွားတွေသေတာ၊ ဆိုင်ကယ်တွေမီးရှို့ခံရတာ သူတို့ (စကစ) ဝင်စီးတော့ တွေ့သမျှအကုန်ဖျက်ဆီးတာပဲ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ ၎င်းကျေးရွာ နှစ်ရွာအပြင် ဆက်စပ်ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာထွက်ပြေးနေကြကြောင်း ဒေသတွင်းသတင်းများကဆိုသည်။
“တလိုင်း၊ အုတ်ဖို၊ ထုံးဘို၊ ကျောင်းဖြူ၊ မယ်ဇလီချောင်း အားလုံးပေါင်း ၁၀ ရွာလောက်ရှိမယ်။ စစ်ကိုင်း ဘက် ထွက်ပြေးလာတာတွေလည်း ရှိတယ်။ အခု တလိုင်းရွာမှာ စကစ စခန်းချထားတယ်လို့ ကြားတယ်” ဟု စစ်ကိုင်းမြို့ခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင် အသေးစိတ်ကို အတည်ပြုနိုင် ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်ကို ထောက်ခံသူများ၏ သတင်းများတွင်မူ မန္တလေးသင်္ကြန်ပွဲကို PDF များက ဖောက်ခွဲ ဖျက်ဆီးမှုလုပ်ရန် ပစ္စည်းစုလူစုလုပ်နေကြောင်း သတင်းအရဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း ဆိုထား သည်။
ထို့ပြင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း လည်း စွပ်စွဲဖော်ပြထားကြသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းမြို့
#လေကြောင်းရန်
#တလိုင်းရွာ
#အုတ်ဖိုရွာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍4😁2😢2
ဧပြီလ (၁၀) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:06 − ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ဖို့ ဆန္ဒပြုကြောင်း NUG ယာယီသမ္မတက AA စစ်ဦးစီးချုပ်ဆီကို စာရေးသားပေးပို့တဲ့သတင်း

02:02 − စစ်ကောင်စီက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲ ခွင့်ပြုလိုက်တဲ့သတင်း နဲ့

05:45 − မီဇိုရမ်ပြည်နယ်သား ၃ ဦးသတ်ခံရမှု ကျူးလွန်သူတွေကို CDF –Mindat ဖမ်းဆီးရမိထားတဲ့သတင်း

10:22 − ထိုင်ဝမ်အနီးတစ်ဝိုက်မှာ တရုတ်က သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုလုပ်ခဲ့ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့  စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/6Tf2IOq5AF8
👍8🍌2
ရန်ကုန်တိုင်း ရွှေပေါက်က္ကံစက်မှုဇုန်၌ သားရေစက်ရုံ မီးလောင်မှုဖြစ်ပွား

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်က္ကံစက်မှုဇုန်၊ ကနောင်(၂)လမ်းအတွင်းရှိ ဆိုးပြား(သားရေ)စက်ရုံ ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၃ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆင့် (၃)အထိ ရှိခဲ့ရာ မီးသတ်ကားအစီးရေ ၅၀ ဝန်းကျင် လာရောက်ငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။
“မနက် ၃ နာရီလောက်လောင်တာ လူခြေတိတ်ချိန် အားလုံးအိပ်မောကျနေတာဆိုတော့ တော်တော်လေး လောင်သွားတယ်။ ကျွန်တော်တို့လမ်းဟိုဘက်ထိပ်မှာ မီးခိုးတွေမွန်းပြီးဘာမှမမြင်ရတော့ဘူး၊ မီးကလည်း ပျက်နေချိန် ဖြစ်နေတယ်။ သားရေစက်ရုံ(ဆိုးပြားစက်ရုံ)ဆိုတော့ လောင်လို့ကောင်းတာပေါ့။ ပြီးတော့ အဲဒီလမ်းထဲမှာက ကော်စက်ရုံတွေပေါတယ်။ တော်သေးတယ်တခြားစက်ရုံတွေမကူးလို့’’ဟု စက်မှုဇုန် အတွင်းနေထိုင်သူတစ်ဦးက ပြောသည်။
မည်သည့်အကြောင်းကြောင့် မီးလောင်မှုဖြစ်ပွားသည်ကို မသိရသေးဘဲ၊ မကြာခဏ မီးပျက်ခြင်းမှာလည်း မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။
👍5🔥1😢1
“တစ်နေ့ကပဲ ကျွန်မတို့(၁၆)ရက်ကွက်ထဲမှာဖြစ်သွားတာ၊ တော်သေးတယ်ပြောရမယ်။ အိမ်နီးနားချင်း တွေ အသိမြန်သွားလို့၊ ဒယ်နီကနေ ဝါယာရှော့ဖြစ်တာလေ။ မီးလာလို့ဆိုပြီး ဒယ်နီလေးနဲ့ဆီသပ်ထား တုန်းရှိသေးတယ် မီးကပျက်လိုက်လာလိုက်ဖြစ်နေတော့ မေ့ပြီးမီးခလုတ်မပိတ်မိတာ။ အဲဒီမှာ ဆီတွေ ခမ်းပြီး ဒယ်နီကဝါယာလောင်ပြီး ရှော့ဖြစ်တော့တာပဲ။ ဒါမျိုး ရပ်ကွက်ထဲမှာ ခဏခဏဖြစ်နေကြတယ်။ ကြီးကြီးမားမားမဖြစ်သေးလို့’’ ဟု ရွေပေါက်က္ကံ (၁၆) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းအတွင်း၌ ယခုရက်ပိုင်းတွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားနေပြီး ဧပြီလ ၈ ရက်နေ့က လည်း အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်း၊ အလုံဓာတ်အားခွဲရုံတွင် မီးလောင်မှုဖြစ်ပွား ခဲ့ သေးသည်။
ဧပြီလ ၉ ရက်နေ့ကလည်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအနောက်ရပ်ကွက်တွင် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သလို အလုံမြို့နယ်၊ ကမ်းနားလမ်း၊ ဆင်မင်းအိမ်ရာဝန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တိုင်း
#ရွှေပေါက်ကံစက်မှုဇုန်
#မီးလောင်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​ကြံခင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ကာကွယ်ရေးအဖွဲ့ ဖောက်ခွဲတိုက်ခိုက်

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သာယာ(၅)လမ်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဧပြီလ ၉ ရက်နေ့ ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံလယ်သမားများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသောငွေများ ပြန်လည်ပေး ဆပ်ရန် ဘဏ်ဝန်ထမ်းများကပြန်လည်တောင်းယူနေပြီး မဆပ်လျှင်ဖမ်းမည်ဟု ခြိမ်းခြောက်နေသည့် အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြံခင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ တစ်ဦး က ပြောသည်။
“စရဖ(စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)ရုံး မျက်စောင်းထိုးမှာရှိတဲ့ စိုက်ဘဏ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး၊ စစ်ကောင်စီကခိုင်းတဲ့အတိုင်း ပြည်သူတွေကိုဆက်ပြီး ဖိနှိပ်နေမယ်ဆိုရင် ဒီထက်ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်သွားမှာပါ"ဟု ၎င်းကဆိုသည်။
ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောကြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့သည်ဟု သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ညပိုင်းက ရွာသစ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးခြင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း အရပ်ဝတ်များဖြင့် သတင်းထောက်လှမ်းခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကြံခင်းမြို့နယ်ပြည်သူ့ကာကွယ်ရတပ်ဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်အား ဧပြီလ ၈ ရက် ည ၇ နာရီအချိန်ခန့်က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပတ်သက်သောနေရာများသို့ အသွားအလာ ဆင်ခြင်ပေးကြ ပါရန်နှင့် စစ်ကောင်စီကပြုလုပ်မည့် သင်္ကြန်ပွဲတွင် မပါဝင်မပူးပေါင်းရန်လည်း ထပ်မံ၍သတိပေး ပန်ကြား အပ်ပါသည်ဟု ကြံခင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာဝတီတိုင်း
#ကြံခင်းမြို့
#လယ်ယာစိုက်ပျိုးရေးဘဏ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2🥴2👏1
​​ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဗားရ်တပ်စခန်းကို CNDF မှ တိုက်ခိုက်သိမ်းပိုက်

(မဇ္စိုမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ဘေးရှိ ဗားရ်ရွာစစ်ကောင်စီတပ်စခန်းကို ယနေ့ ဧပြီလ ၁၀ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် CNDF အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက် ၅ နာရီဝန်းကျင်လောက်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားပစ်ကြတာ။ တစ်နာရီခွဲလောက် ထိတွေ့ပစ်ခတ်မှုဖြစ်အပြီးမှာ စခန်းတစ်ခုလုံးသိမ်းဆည်နိုင်ခဲ့တယ်။ ကျွန်တော်တို့ဖက်က တစ်ယောက် ကျတယ်။ စစ်ကောင်စီတပ်ဖက်ကတော့ အနည်းဆုံး ၁၆ ယောက်တော့ သေမယ်။
လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိတာလည်း ရှိတယ်။ အနည်းဆုံး ၁၀ ယောက် အရှင်ဖမ်းမိထားတာရှိတယ်” ဟု ချင်းအမျိုးသား အဖွဲ့ချုပ် (CNO/ CNDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗားရ်စခန်းသိမ်းအပြီးတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာများနှင့် လေကြောင်းမှ လာရောက်ပစ်ခတ်နေ၍ ပြည်သူများအနေဖြင့် လတ်တလောခရီးမသွားကြရန်လည်း CNO/ CNDF မှ နိုးဆော်ထားသည်။ တိုက်ပွဲ အခြေအနေအသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဖလမ်းမြို့နယ်
#ဗားရ်တပ်စခန်း
#မဏိပူရ်မြစ်
#သိမ်းပိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤3👏2😁2
STA မြို့ပြပြောက်ကျားအဖွဲ့ဝင် ၂ ဦးအား ဖမ်းဆီးထားသည်ဟု စစ်ကောင်စီထုတ်ပြန်

ဂန္ဓမာ
(မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့ Special Task Angency Of Burma - STA မှ အဖွဲ့ဝင် နှစ်ဦးအား ဧပြီလ ၄ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီလက်အောက်ခံရုပ်သံလိုင်းမှ ယမန်နေ့က သတင်းထုတ်ပြန်သည်။
STA မြို့ပြပြောက်ကျားအဖွဲ့ဝင်အဖြစ် စွပ်စွဲဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုဇော်ထက်အောင်(ခ) ညီညီနှင့် ကိုရဲမင်းပိုင်(ခေါ်)ရဲရဲမင်း(ခေါ်)ဝင်းလွင်ဦးတို့ဖြစ်ပြီး ၎င်းတို့အား လက်နက်ပစ္စည်းများနှင့်အတူ ကြည့်မြင် တိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏သတင်းထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ် ဦးစိုးသူရထွန်း အား STA အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်၊ ရန်ကုန်မြို့တွင်း သင်္ကြန်ကာလ၌ ဖောက်ခွဲဖျက်ဆီး ရေးလုပ်ငန်းများဆောင်ရွက်ရန် စေခိုင်းသူအဖြစ် စွပ်စွဲထားသည်။
ဖမ်းဆီးခံရသူများ၏ ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ STA ပြန်ကြားရေးဌာ၏ တာဝန်ရှိသူအား မဇ္ဈိမမှ ဆက်လက်မေးမြန်းကာ အတည်ပြုမှုရယူလျက်ရှိသည်။
👍7👏2
STA မြို့ပြပြောက်ကျားအဖွဲ့ဝင် အမျိုးသားနှစ်ဦးအား ယမန်နေ့ ဧပြီလ ၉ ရက်တွင် ဖမ်းဆီးရမိကြောင်း နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်ကလည်း STA မြို့ပြပြောက်ကျားအဖွဲ့ဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တိုင်း
#SpecialTaskAngencyOfBurma-STA
#စစ်ကောင်စီ
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4👎3👏3
This media is not supported in your browser
VIEW IN TELEGRAM
ပေးထားတဲ့ကတိအတိုင်း ထိုင်ဝမ်ကို လက်နက်တွေပေးအပ်သွားမှာဖြစ်ကြောင်း အမေရိကန်ပြော

#Mizzima #internationalnews #reels #shorts
👍7🔥2
Business Round Up (10 April 2023)

- ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေါ်လာ အခက်အခဲကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး ကျဆင်း
- ထိုင်းသို့ ရေထွက်ကုန်တင်ပို့မှု ၆၅ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်
- အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းအထက်တွင်သာရှိနေ
- နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး
- ရုရှားနဲ့တရုတ် ဦးဆောင်တဲ့ BRICS အဖွဲ့ရဲ့ဂျီဒီပီနှုန်းက အမေရိကန်၊ ဗြိတိန်တို့ဦးဆောင်တဲ့ ဂျီ ၇ အဖွဲ့ရဲ့ ဂျီဒီပီနှုန်းထက် ပိုမိုကောင်းမွန်နေ

https://youtu.be/LHJCetitT2E
👍6🔥2
​​ဘုတလင်တွင် စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ပြီးထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၈ ရက်နေ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး ရှစ် ဦးဒဏ်ရာရရှိသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဇီးတောရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ၊ သတင်းကြိုရလို့ ခြုံခိုတိုက်ခိုက်ခဲ့တာပါ၊ ရန်သူ့လက်က ထွက် ပြေးလွတ်မြောက်လာတဲ့ ဓားစာခံတစ်ဦး ပြန်လည်သတင်းပေးပို့မှုအရ ရန်သူ့ဘက်မှ သုံးယောက် သေဆုံး ကာ ရှစ်ဦးဒဏ်ရာရရှိသွား ကြောင်း သိရပါတယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်သာကြာမြင့်ခဲ့ကာ စစ်ကောင်စီတပ် က လက်နက်ကြီးလက်နက်ငယ်များ အသုံးပြုပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုသည်။
“ကျနော်တို့ဘက်က ခြုံခိုတိုက်ခိုက်မှုကို ရန်သူ့ဘက်က သတိရှိရှိပြန်လည် ပစ်ခတ်တဲ့အခြေအနေမျိုးပါ၊ သူတို့ ၄၀ မမ၊ ၆၀ မမ စက်လတ်တွေနဲ့ ဖိအားပေး ပစ်ခတ်ကာ ခုခံခဲ့ပေမယ့် ကျနော်တို့ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
အင်အား ၅၀ မှ ၇၀ ဝန်းကျငးရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ ယုန် လှေးကုန်းရွာသစ် ၊ တရော်တောရွာ နှင့် ကုက္ကိုစုရွာ များကို ဧပြီလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့သည်။
ယင်းနောက် နှောပင်ရိုးရွာ ဘုန်ကြီးကျောင်းသို့ ခေတ္တဝင်ရောက်ပြီး ပြန်လည်ထွက်ခွာလာစဉ် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ယုန်လှေးကုန်းရွာသစ်တွင် အိမ်ခြေ ၅၀ နီးပါးနှင့် တရော်တောရွာတွင် အိမ်ခြေ ၃၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#SAF
#ကျောင်းသားလက်ရုံးတပ်တော်
#ခြုံခိုတိုက်
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2🤣2
​​မြန်မာနှင့်ပတ်သက်၍ အာဆီယံ၏ ရှေ့ကာလ ဆက်ဆံ ဆောင်ရွက်မှုအပေါ် ထိုင်းရွေးကောက်ပွဲက သက်ရောက်မှု ရှိနိုင်

မြန်မာ့အကျပ်အတည်း ဖြေရှင်းရာတွင် တိုးတက်အောင်မြင်မှု ရရှိစေရေး လုပ်ဆောင်နိုင်ရန် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအပေါ် ဖိအားများ တိုးလာလျက်ရှိစဉ် လာမည့် မေလလယ်၌ ကျင်းပရန် စီစဉ်ထားသော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲက အာဆီယံအုပ်စု၏ လုပ်ဆောင်ချက်များနှင့် မြန်မာ၏ အနာဂတ်အပေါ်တွင် သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ဖြစ်စေနိုင်သည်ဟု အကဲခတ်များက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🥴2
စစ်ကောင်စီသင်္ကြန်မဏ္ဍပ်များ တိုက်ခိုက်ခံနေရ

စစ်ကောင်စီက ဒီနှစ် ၂၀၂၃ သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပါတယ်။
စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ရန်ကုန်တိုင်း လွှတ်တော်ရှေ့ ပြည်လမ်းပေါ်မှာ စစ်ကောင်စီဆောက်လုပ်ထားတဲ့ တိုင်းဗဟိုမဏ္ဍပ်ကို စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ဧပြီလ ၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

https://youtu.be/WPKRvMHpm9U
👍11❤1👏1😁1🥴1
ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2