Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်နှင့်ရိက္ခာခြောက် ပြတ်လပ်နေ

001
(မဇ္စျိမ) ။ ။ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နှစ်လနီးပါး ဆန်နှင့် ရိက္ခာခြောက်ပြတ်လပ်နေပြီး အချို့မှာ ချေးငှားစားသောက်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။
“သူတို့တွေ ချေးငှားပြီးစားသောက်နေရတယ်။ တချို့ကျတော့လည်း အရေးပေါ်ပေါ့။ အခြားသော ထောက်ပံ့ရေးအဖွဲ့တွေမှာ အကူအညီတွေတောင်းတာမျိုးတွေတော့ရှိတယ်။ ဥပမာ စခန်းတစ်ခုကို ဆန် နှစ်အိတ်သုံးအိတ်ရလာရင် အဲဒါကို ဘူးနဲ့ပြန်ခွဲပြီး စားသောက်နေရတာမျိုးရှိတယ်။ ကျွန်တော်တို့ တရက် တာပဲ ကွင်းဆင်းရသေးတာ။ ဆက်ပြီးတော့ ကွင်းဆင်းကြည့်မယ်ဆိုရင် တော်တော်များများမှာလည်း ရိက္ခာတွေပြတ်တောက်နိုင်တယ်”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
😢6👍3🔥2
တစ်ရက်တာ ကွင်းဆင်းစစ်ဆေးမှုအရ စစ်ဘေးရှောင်စခန်း ခုနစ်ခုမှ လူဦးရေ ၂,၂၀၀ ကျော်အတွက် ဆန်နှင့် ရိက္ခာခြောက်များ အရေးပေါ်လိုအပ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု ‌ဆိုသည်။
အချို့စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ပေးနေသည့် INGO အဖွဲ့ အစည်းများရှိသော်လည်း ထောက်ပံ့ငွေမှာ စစ်ဘေးရှောင်များအတွက် လုံလောက်မှုမရှိကြောင်း သိရ သည်။
“တချို့က အကြွေးဆပ်လိုက်တာတို့၊ ဟိုအရင် စားစရာမရှိတုန်းက ဆန်တွေ၊ ရိက္ခာတွေ အကြွေးယူထား တာပြန်ဆပ်လိုက်တော့ စားဖို့အတွက် သူတို့ အခက်အခဲရောက်နေတာမျိုးတွေလည်း ရှိတာပေါ့”ဟု စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့က ကရင်နီပြည်နယ်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူခြင်းကို ပိတ် ပင်ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများပြုလုပ်နေသည့်အတွက် ငွေရှိပါကလည်း အလုံအလောက်ဝယ်ယူရရှိ နိုင်ရန် အခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများတွင် သွေးတိုး၊ ဆီးချိုနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေကြောင်း ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က စစ်ဘေးရှောင် ၅၀ ဦးကျော်ကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးခဲ့သည့် Medic Unit – Demoso အဖွဲ့က ထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် ပြီးခဲ့သည့် မတ်လမှစတင်ပြီး ယခု ဧပြီလအထိ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ဒီးမော့ဆို အရှေ့ခြမ်းမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေ ရှိနေတုန်းပဲ။ လွိုင်ကော်ဘက်ကနေ ထိုးလာ တဲ့စစ်ကြောင်းရော၊ ဘော်လခဲဘက်ကနေ ဒီးမော့ဆိုအရှေ့ခြမ်း နှစ်ဘက်ညှပ်ပြီးထိုးလာတဲ့ စစ်ကြောင်း ကတော့ ရှိနေတုန်းပဲ။ ထိတွေ့တိုက်ပွဲလည်း နေ့စဉ်နဲ့အမျှဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း လက် နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်နေတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာတော့ ငြိမ်နေသေးတယ် လို့ ပြောလို့ရပါတယ်”ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင် ၂၁,၀၀၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကရင်နီပြည်နယ်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးရှောင်
#ရိက္ခာပြတ်လပ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3🔥2
မြိတ်ခရိုင်အတွင်းမှ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၂ ခုတွင် သင်္ကြန်ပွဲမပြုလုပ်ဖြစ်ဟုဆို

ကိုရွှေမြိတ်
(မဲဆောက်) မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းမှ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်နှစ်ခုတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ကာကျင်းပခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
မြိတ်ခရိုင်တွင် မြိတ်၊ ပုလော၊ တနင်္သာရီနှင့် ကျွန်းစုဟူ၍ မြို့နယ်လေးမြို့နယ်ရှိပြီး လက်ရှိတွင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့၌ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွား နေသည့် ဒေသဖြစ်သည်။
“ ကျွန်တော်တို့ ပုလောမှာတော့ စစ်အုပ်ချုပ်ရေး ကြေညာထားလို့ ဒီနှစ်သင်္ကြန်မှာ ဘာပွဲတော်မှ မရှိပါဘူး။ မဏ္ဍပ်တွေလည်း ဆောက်တာမရှိဘူး”ဟု ပုလောမြို့ပေါ်မှ ရပ်မိ/ ဖ တစ်ဦးကပြောသည်။
တနင်္သာရီမြို့နယ်တွင်လည်း သင်္ကြန်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဦးဆောင်ပြုလုပ်နေခြင်းမျိုး မရှိ ကြောင်း မြို့ခံများထံမှ သိရသည်။
👍8🔥3
“ဒီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ဒေသဖြစ်နေတော့ သင်္ကြန်အထိမ်းအမှတ် စစ်တပ် က လုပ်နေတာ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြော သည်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ကျွန်းစုနှင့် မြိတ်မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ဒေသခံများထံမှသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#စစ်အုပ်ချုပ်ရေး
#မြိတ်ခရိုင်
#သင်္ကြန်ပွဲတော်
#တနင်္သာရီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
တဲလ်အဗစ်မြို့လယ်တိုက်ခိုက်မှုအတွင်း လူတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိ

#Mizzima #internationalnews #reels #shorts
👍6⚡1🔥1
ဒုတပ်ရင်းမှူးဗိုလ်ဆင်ရိုင်းကို PDFအချင်းချင်းသတ်တယ်ဆိုတဲ့သတင်းမှား | Misinformation Buster S3| Ep.61

⁃မဲမှောင်ပျောက်ကြားတပ်ဖွဲ့နာမည်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာအတု ထွက်ပေါ်နေတဲ့ သတင်းနဲ့အတူ

⁃စစ်ကိုင်းခရိုင် အမှတ်(၁) တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကို PDF အချင်းချင်းသတ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်နေတဲ့အကြောင်း

⁃သရုပ်ဆောင် မင်းမော်ကွန်းကို NUG က ခွပ်ဒေါင်းသူရဗလဘွဲ့ချီးမြင့်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တု အကြောင်း စတဲ့ တပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု/မှား တွေကို တင်ဆက်သွားမှာပါ။

https://youtu.be/gaTM3SLfBI4
👍11🍌2
​​အိန္ဒိယတွင် ကျားကောင်ရေ တိုးပွားပြီး ကောင်ရေ ၃,၀၀၀ ကျော်အထိ ရှိလာ

အိန္ဒိယတွင် ကျားကောင်ရေ တိုးပွားလာပြီး ယခုအခါ ကောင်ရေ ၃,၀၀၀ အထက်သို့ ရောက်လာကြောင်း ဧပြီ ၉ ရက်တွင် ထုတ်ပြန်သည့် စာရင်းတစ်ခုအရ သိရပြီး ယင်းသည် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် တိရစ္ဆာန်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်သည့် ကြိုးပမ်းမှုများကို အားတက်စေခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏5
​​မြင်းခြံတွင် စစ်ကောင်စီတပ်က အရပ်သားများအား ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးချနေ

007
(မဇ္ဈိမ) ။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်က အပြစ်မဲ့အရပ်သားများကို ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချနေကြောင်း ဒေသခံများထံမှသိရ သည်။
“တွေ့တဲ့လူဖမ်းခေါ်ပြီး ဓားစာခံ လူသားဒိုင်းလုပ်တယ်။ အထုပ်သယ်ပေးခိုင်းတယ်၊ လမ်းပြလုပ်ခိုင်းတယ်၊ အခုထိ အယောက် ၃၀ မကတော့ဘူး။ အဖမ်းခံရပြီး လူသားဒိုင်းအလုပ်ခံထားရတာတဲ့သူတွေကို တချို့ ပြန်လွှတ်ပေးတယ်၊ တချို့တော့ အိမ်ပြန်မရောက်ကြသေးလို့ မိသားစုတွေစိတ်ပူနေကြတာ”ဟု ဒေသခံ တစ်ဦးကပြောသည်။
ဧပြီလ ၇ ရက်နေ့ကစတင်ကာ မြင်းခြံမြို့နယ်အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သည့် ညောင်ပင်၊ ထိန်ပန်း၊ မီးပေါက်၊ တည်ပင် စသည့်ကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးပြီး အပြစ်မဲ့ အရပ်သား များအားဖမ်းဆီးကာ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက လည်း ဆိုသည်။
“ဒီဘက်မှာက တစ်ချက်တစ်ချက် PDF က ထထလုပ်ရင် သူတို့(စကစ)အထိနာကြတယ်။ ပျူတွေက လမ်း ပြလုပ်ပေးပေမယ့် သူတို့အချင်းချင်းလည်း မယုံကြည်တာတွေရှိတယ်ထင်တယ်။ အဲဒီမှာ ရွာသားတွေကို ဓားစာခံလုပ်တော့တာပဲ” ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။
ဒေသတွင်းသို့ စစ်ကြောင်းထိုးဝင်လာသည့်စစ်ကောင်စီတပ်နှင့်ပတ်သက်၍ မည်သည့်တပ်ရင်းတပ်ဖွဲ့ဖြစ် ကြောင်း မသိရသေးဟု ဒေသခံများဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဧပြီလ ၇ ရက်နေ့က မြင်းခြံမြို့နယ် ညောင်ပင်ကျေးရွာမှအရပ်သား ၁၄ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီး နောက်တစ်ရက်တွင် ထိန်ပန်းကျေးရွာသား ၃၀ ကျော်ကို လည်း အလားတူအသုံးပြုခဲ့ကြောင်း၊ ဧပြီလ ၉ ရက်နေ့တွင်လည်း ထိန်ပန်းကျေးရွာမှ အထုပ်သယ်လမ်းပြ ဓားစာခံလူသားဒိုင်းအသုံးပြုအဖမ်းခံရသူများကို တည်ပင်ကျေးရွာ၌ ထားခဲ့ကြောင်း၊ ထို့နောက် တည်ပင် ကျေးရွာသားငါးဦးနှင့် မီးပေါက်ကျေးရွာမှငါးဦးတို့ကို ဖမ်းဆီးခေါ်သွားကြောင်း ဒေသတွင်းသတင်းများ အရသိရသည်။
မြင်းခြံမြို့နယ်တွင် ဧပြီလ ၈ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ယုန်ထိုးတောင်အနီး တွင် ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၄ ဦီးသေ ဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို၊ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မန္တလေး PDF ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်သည်။
လက်ရှိတွင် မြင်းခြံမြို့နယ်အရှေ့ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့က ဆက်လက် စစ်ကြောင်းထိုး နေပြီး ဓားစာခံ လူသားဒိုင်းအဖြစ်ဖမ်းဆီးနေခြင်းကြောင့် လူလတ်ပိုင်းအမျိုးသားများ နေရပ်စွန့်ခွာထွက် ပြေးနေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#စစ်ကြောင်းထိုး
#လူသားဒိုင်း
#ဓားစာခံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥5❤2😁2🤬2
​​ရွှေဘိုတွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာရောင်းချနေသည့် စားသောက်ဆိုင်အား ကာကွယ်ရေးတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အောင်ဇေယျရပ်ကွက်၊ ရွှေဘို-ရေဦးလမ်းအထွက်တွင်ရှိသည့် ဇေယျာ(၁) စားသောက်ဆိုင်ကို ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်လိုက်ကြောင်း Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူကထံမှ သိရသည်။
ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် သတင်းပေးဒလန်ဟုနာမည်ထွက်နေသူများ လာရောက်လေ့ ရှိသော မြန်မာဘီယာရောင်းချနေသည့် အဆိုပါ စားသောက်ဆိုင်ကို မိုင်းဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကိုပြောသည်။
“တိုက်ခိုက်မှုက ဆိုင်မှာ မြန်မာစည်ဘီယာကို ရောင်းချနေတယ်။ အဲဒီအချက်ကို ဦးတည်ပြီးတိုက်တာပါ။ နောက်မှ ထပ်သိရတာက သူတို့ဆီကို ဒလန်လို့ နာမည်ထွက်နေတဲ့သူတွေ လာရောက်သောက်သုံးကြ တာမျိုးတွေ ရှိနေပါတယ်။ လက်လုပ်မိုင်းနဲ့ထောင်ပြီး တိုက်ခိုက်တာမှာ လူအထိအခိုက်တော့ မရှိပါဘူး။ ဆိုင်ကပစ္စည်းတွေတော့ ထိခိုက်တာရှိခဲ့ပါတယ်” ဟု Flying Dragon Force Shwe Bo PDF တာ၀န်ရှိသူ က မဇ္စျိမကို ပြောသည်။
ယခုတိုက်ခိုက်ခဲ့သည့် စားသောက်ဆိုင်သည် ရွှေဘို-ရေဦးလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေး ဂိတ်များအနီးတွင်တည်ရှိပြီး ကင်းပုန်းချထားမှုများရှိသည့်ကြားမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။
“အရင်တုန်းက မြန်မာဘီယာတွေကို ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တာတွေ ရှိခဲ့ တယ်။ အခုရောင်းနေတဲ့ ဘီယာတွေကတော့ မြို့တွင်းမှာ ရောင်းမကုန်လို့ကျန်တဲ့ မြန်မာဘီယာတွေကို စျေးပေါပေါနဲ့ ပြန်ယူပြီး ရောင်းနေတဲ့ သဘောဖြစ်ပါလိမ့်မယ်။ လက်ရှိသယ်ပြီး ရောင်းနေတာမျိုး မဟုတ် ပါဘူး။ လက်ကျန်တွေကို ပြန်ရောင်းနေတာမျိုးပဲ နေမှာပါ” ဟု ၄င်းက ဆက်ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းဖောက်ခွဲမှုအပြီး မြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှုများမတွေ့ရ သော်လည်း မြို့အ၀င်အထွက်များတွင် ပိတ်ဆို့စစ်ဆေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်သွားမည် ဖြစ်‌သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်ဝေးရာတွင် အထူးသတိပြု သွားလာနေထိုင် ကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုများကြောင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#စစ်ကောင်စီတပ်
#စားသောက်ဆိုင်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤3👏2🔥1🥴1
ဧပြီလ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

- ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ဖို့ ဆန္ဒပြုကြောင်း NUG ယာယီသမ္မတက AA စစ်ဦးစီးချုပ်ဆီကို စာရေးသားပေးပို့တဲ့သတင်း

- စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲရန်လျာထားတဲ့သတင်း

- ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးပေးလျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်း

- အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုဝင်တွေကို သူတို့နေထိုင်ရာ စုန်းချောင်းရွာအထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးကာ လာရောက်ခေါ်ဆောင်သွားတဲ့သတင်း

- တောင်သာ NLD ရုံးကို စစ်ကောင်စီ လက်အောက်ခံ လူစု ဝင်ရောက်ဖျက်ဆီးတဲ့ သတင်းနဲ့

- ရုရှားရူဘယ်တန်ဖိုး ၁၂ လအတွင်းအနိမ့်ဆုံးကိုရောက်ရှိနေတဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။

https://youtu.be/_xGi7oppQQE
👍8🤮1🍌1
သတိထားသင့်တဲ့ တရုတ်ရဲ့ ခြေလှမ်းတွေ (Editorial Talk)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအပေါ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုက ဘယ်အခြေအနေ ရှိနေပြီလဲ၊ သတိထားသင့်တဲ့ တရုတ်ရဲ့ ခြေလှမ်းတွေက ဘာတွေလဲ ဆိုတဲ့အပေါ် သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/xO_unW99C98
😁5👍3
ဧပြီလ (၁၀) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ဖို့ ဆန္ဒပြုကြောင်း NUG ယာယီသမ္မတက AA စစ်ဦးစီးချုပ်ဆီကို စာရေးသားပေးပို့တဲ့သတင်း နဲ့အတူ စစ်ကောင်စီက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲ ခွင့်ပြုလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တရုတ်ရဲ့အာဏာရှင်စနစ်ကိုတန်ပြန်ဖို့ အမေရိကန်နဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ်ပြောကြားလိုက်တဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

https://youtu.be/P6qE45m-6-I
👍6😁1🤮1🍌1
Media is too big
VIEW IN TELEGRAM
ယူကရိန်းနဲ့သီးနှံတင်ပို့မှုသဘောတူညီချက်ကို ဖျက်သိမ်းပစ်မယ်လို့ ရုရှားခြိမ်းခြောက်

#Mizzima #internationalnews #reels #shorts #UkraineRussiaWar
👍3🔥3👏1😁1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၀ ဧပြီ ၂၀၂၃ ) 

စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံဘဏ္ဍာကို စစ်ဗိုလ်ချုပ်များမှ ကိုယ်ကျိုးစီးပွားရှေးရှုကာ စိတ်ကြိုက်သုံးစွဲနေပြီး ယခုလည်းလာမည့်ဘဏ္ဍာနှစ်တွင် စစ်တပ်သုံးစရိတ်အများဆုံး သတ်မှတ်ထားပြီး ပြည်သူများနှင့် သက်ဆိုင်သည့် ကဏ္ဍများဖြစ်သည့် ကျန်းမာရေးနှင့်ပညာရေးမှာ စစ်တပ်အသုံးစရိတ် နှင့်နှိုင်းယှဉ်လျှင်များစွာနည်းပါးနေသည်။
🤮4👍1😁1
ကြံခင်းမြို့နယ်တွင် "စစ်တပ်စီးပွားဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်းကိုင်စွဲ ဆန္ဒပြ

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
"စစ်တပ်စီးပွားဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာသားပါဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင် တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၇)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၈ ရက် နှင့် ၉ ရက်နေ့က မြို့နယ်စစ်ကောင်စီ ဥက္ကဋ္ဌနေအိမ်ဝန်းအတွင်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည့်အတွက် လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများခြေရှုပ်နေသည်ဟု သိရသည်။
👍15❤2🔥1😁1