Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ (၁၀) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ဖို့ ဆန္ဒပြုကြောင်း NUG ယာယီသမ္မတက AA စစ်ဦးစီးချုပ်ဆီကို စာရေးသားပေးပို့တဲ့သတင်း နဲ့အတူ စစ်ကောင်စီက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲ ခွင့်ပြုလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တရုတ်ရဲ့အာဏာရှင်စနစ်ကိုတန်ပြန်ဖို့ အမေရိကန်နဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ်ပြောကြားလိုက်တဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

https://youtu.be/P6qE45m-6-I
👍6😁1🤮1🍌1
Media is too big
VIEW IN TELEGRAM
ယူကရိန်းနဲ့သီးနှံတင်ပို့မှုသဘောတူညီချက်ကို ဖျက်သိမ်းပစ်မယ်လို့ ရုရှားခြိမ်းခြောက်

#Mizzima #internationalnews #reels #shorts #UkraineRussiaWar
👍3🔥3👏1😁1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၀ ဧပြီ ၂၀၂၃ ) 

စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံဘဏ္ဍာကို စစ်ဗိုလ်ချုပ်များမှ ကိုယ်ကျိုးစီးပွားရှေးရှုကာ စိတ်ကြိုက်သုံးစွဲနေပြီး ယခုလည်းလာမည့်ဘဏ္ဍာနှစ်တွင် စစ်တပ်သုံးစရိတ်အများဆုံး သတ်မှတ်ထားပြီး ပြည်သူများနှင့် သက်ဆိုင်သည့် ကဏ္ဍများဖြစ်သည့် ကျန်းမာရေးနှင့်ပညာရေးမှာ စစ်တပ်အသုံးစရိတ် နှင့်နှိုင်းယှဉ်လျှင်များစွာနည်းပါးနေသည်။
🤮4👍1😁1
ကြံခင်းမြို့နယ်တွင် "စစ်တပ်စီးပွားဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်းကိုင်စွဲ ဆန္ဒပြ

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
"စစ်တပ်စီးပွားဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာသားပါဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင် တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၇)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၈ ရက် နှင့် ၉ ရက်နေ့က မြို့နယ်စစ်ကောင်စီ ဥက္ကဋ္ဌနေအိမ်ဝန်းအတွင်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည့်အတွက် လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများခြေရှုပ်နေသည်ဟု သိရသည်။
👍15❤2🔥1😁1
ဖလမ်းမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ဗားရ်စခန်းကို CNDF စီးနင်းသိမ်းပိုက်၊ စစ်ကောင်စီတပ်မှ ၁၄ ဦး သေဆုံးပြီး ၁၁ ဦး ဖမ်းဆီးခံရ

ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီး နင်းသိမ်းပိုက်ခဲ့ပြီး ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဖမ်းဆီးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ထုတ်ပြန်လိုက်သည်။
ဧပြီလ ၁၀ ရက် ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ဖလမ်းမြို့နှင့် ၁၂ မိုင်အကွာတွင်ရှိသော ဗားရ် တပ် စခန်းကို တစ်နာရီခွဲခန့်တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုသည်။
အဆိုပါစခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား ၂၅ ဦးအနက် ၁၁ ဦးသည် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး ၁၄ ဦးအား အရှင်လက်ရဖမ်းဆီးခဲ့သော်လည်း ဗိုလ်ကြီးအဆင့်အပါအဝင်သုံးဦးမှာ ရရှိထား သော ဒဏ်ရာပြင်းထန်သဖြင့် လမ်းခုလပ်တွင် ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
❤14👍12😁3👏2🔥1
“ဒီဗားရ်စခန်းက ပြည်သူလူထုကို အနှောက်ယှက်ပေးတဲ့စခန်းဖြစ်တယ်။ ခရီးသွားပြည်သူတွေကို အတင်း အကြပ်စစ်ဆေးတာနဲ့ အဓမ္မပိုက်ဆံကောက်တာမျိုးတွေ လုပ်ဆောင်တာရှိတယ်။ ပြည်သူလူထုအတွက် ဒီစခန်းက ဒီလမ်းမကြီးပေါ်မှာရှိနေတဲ့အတွက် အနှောင့်အယှက်တော်တော်ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ တိုက်တာပါ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ Silai Cung Ngai က မဇ္စျိမကို ပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ MA1 သုံးလက် ၊ MA2 တစ်လက် ၊ MA3 နှစ်လက် ၊ MA 4 တစ်လက် ၊ G3 ၁၂ လက် ၊ MA ကျည်ဘောက် ၂၀ ၊ ၆၀ မမ စိန်ပြောင်း နှစ်လက် ၊ ၆၀ မမ ကျည် ၅၈ ခု၊ အီနာဂါ ရှစ်ခု ၊ G3 ကျည်ဘောက် ၃၇ ခု၊ တိုက်မိုင်း ၁၀ ခု ၊ ၄၀ မမ ကျည် ၃၃ လုံး ၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၅၀ လုံး၊ နင်းမိုင်း ၅၀၀ ၊ MA ကျည် ၁၀၀၀ ကျော်၊ G3 ကျည် ၂၅၀၀ ကျော် သိမ်းဆည်းမိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ပြည်သူတစ်ဦးသေဆုံးပြီး CNDF မှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် မွန်မြတ်စွာ အသက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းသို့ စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလေကြောင်းမှ ဗားရ်သို့ ဗုံးခြောက်လုံးကြဲခဲ့ပြီး မွန်းလွဲပိုင်းတွင် တိုက်ပွဲနှင့်မသက်ဆိုင်သော ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ဗုံးနှစ်လုံးချတိုက်ခိုက်ရာ အရပ်သား ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#ဖလမ်းမြို့နယ်
#ဗားရ်စခန်း
#CNDF
❤11👍9😁2🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ရဲ့အာဏာရှင်စနစ်ကိုတန်ပြန်ဖို့ အမေရိကန်နဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ်ပြောကြား

#Mizzima #internationalnews #reels #shorts
❤19🔥4👍3
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားရူဘယ်တန်ဖိုး ၁၂ လအတွင်းအနိမ့်ဆုံးကိုရောက်ရှိ

#Mizzima #internationalnews #reels #shorts #RussiaUkraineWar
👍14👏5❤3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
တစ်ပတ်အတွင်း ပျံ့နှံ့နေခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန်လင့် - https://youtu.be/gaTM3SLfBI4

#Mizzima #Misinformation_Buster
#Fake_News #Weekly_Program
#reels #shorts
👍19😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဧပြီလ ၁၀ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/w5DpOEkMoDo

#PVTV
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤4🌭2😁1
ရှားစောင်းရဲ့အကျိုးကျေးဇူးများ
=======================

-ရှားစောင်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ရှားစောင်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ရှားစောင်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/0ZwOSNMRXQQ

#ရှားစောင်း
#naturearticle
#videonews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🍌1
ဧပြီလ (၁၁) ရက်၊အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
============================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့.....

တိုက်ပွဲရဲ့နာကျင်မှုတွေကို ပြည်သူတွေ ဆက်လက်ကြံ့ကြံ့ခံရပ်တည်ပေးကြဖို့ အေအေတိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ

စစ်ကောင်စီသင်္ကြန်မဏ္ဍပ်များ တိုက်ခိုက်ခံနေရ လိုက်တဲ့သတင်းတွေအပါအ၀င် အခြားစိတ်၀င်စားစရာကောင်းတဲ့ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် Editorial Talk အစီအစဉ် ကိုနားဆင်ရမှာကပါ။

ဒီတစ်ပတ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအပေါ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုက ဘယ်အခြေအနေ ရှိနေပြီလဲ ဆိုတဲ့အပေါ်မှာ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့အတူ ကျွန်တော် နောင်နောင်တို့က ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

https://youtu.be/fXG4vJLbdhk


#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🌭1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၁၁ ရက်၊ ၂၀၂၃ | VOA On Mizzima
==================

မြန်မာပြည်သားတွေပါဝင်ဆင်နွှဲတဲ့ ထိုင်းရိုးရာ သင်္ကြန်အကြောင်းနဲ့ အသက်အကြီးဆုံး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အနာဂတ်အစီအစဉ်တွေ၊ အပါအဝင် ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/C3tHYNr5X_0

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁3