ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေစဉ် လေကြောင်းမှတိုက်ခိုက်ခံရသဖြင့် အများအပြားသေဆုံး
========================
ကိုခင်မောင်(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းရှိ ပဇီကြီးရွာတွင် အခမ်းအနားတစ်ခု ပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး သေဆုံးသူများ၏ရုပ်အလောင်းများကို ရေတွက်၍မရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရ သည်။
ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၌ ပဇီကြီးရွာတွင် ဒေသကာကွယ်ရေးအဖွဲ့များက အခမ်းအနားဖွင့်ပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က ထိုရွာနှင့်အနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်က ဆိုသည်။
“ဗုံးချသွားတာ။ ပထမတော့ ဂျက်ဖိုက်တာနဲ့ဗုံးချသွားပြီးနောက် သုံးမိနစ်လောက်နေတော့ MI 35 နဲ့ ပစ်ခံရ သေးတာဗျ။ ဗုံးချတဲ့အကြိမ်ရေတော့ တိတိကျကျ မသိရသေးပါဘူး။ အသေအပျောက်နဲ့ ထိခိုက်မှုများနိုင် တယ်လို့ကြားရတယ်”ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြော သည်။
လေကြောင်းမှတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရပျက်စီးမှုများပြားကြောင်း မြေပြင်သတင်းအတည်ပြု ချက်အရသိရပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လတ်တလောတွ၍် မြေပြင်အခြေအနေကိုစောင့်ကြည့်၍ ဒဏ်ရာရလူနာများအား ကယ်ထုတ်ရန် ကြိုး စားလုပ်ဆောင်နေကြကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
“အလောင်းတောင် ရေတွက်မရဘူး လေကြောင်းလည်း ကြောက်ရသေးတယ်။ မြေပြင်ကလူတွေ အခုထိ စိစစ်တုန်းမို့ပါ” ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူက ပြောသည်။
ကူညီကယ်ဆယ်ရေးဆောင်ရွက်နေချိန် လေကြောင်းဖြင့် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေကြ ကြောင်းလည်း ဒေသခံကပြောသည်။
https://youtu.be/etHoJ2u6m3w
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#လေကြောင်းပစ်ခတ်
#စစ်ကောင်စီ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေစဉ် လေကြောင်းမှတိုက်ခိုက်ခံရသဖြင့် အများအပြားသေဆုံး
ကိုခင်မောင်(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းရှိ ပဇီကြီးရွာတွင် အခမ်းအနားတစ်ခု ပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး သေဆုံးသူများ၏ရုပ်အလောင်းများကို ရေတွက်၍မရသေးကြောင်း မြ…
😢16👍6🤬4❤1🔥1
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၇)နှင့် (၅)တွင် အရပ်သားများ ထိခိုက်သေဆုံး
🤬9👍1🔥1😢1

=======================
YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၇)နယ်မြေ ဘားအံခရိုင်နှင့်တပ်မဟာ(၅) နယ် မြေ ဖာပွန်ခရိုင်တို့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးနှင့်သေနတ်ကျည်ထိမှန်၍ဒေသခံ တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုနှင့် မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက် အရ သိရသည်။
တပ်မဟာ(၇)ဘားအံခရိုင်၊ ဒုံရင်းမြို့နယ်၊ ရိုးမဟာကျေးရွာအုပ်စု၊ မနီကုန်းကျေးရွာတွင် ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က သာမညဘက်မှတက်လာသော စစ်ကောင်စီယာဉ်တန်းမှ စစ်ကောင်စီ တပ်သား များ၏ အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် ကားဝပ်ရှော့ရှေ့တွင် ဖခင်အားစောင့်နေသော အသက်(၁၂) နှစ် အရွယ် စောဝေသာလီထွန်း ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။
သေဆုံးသူ စောဝေသာလီထွန်းအား ဧပြီလ ၃ ရက်နေ့ ညနေပိုင်းတွင် မိသားစုမှ မီးသဂြိုလ်ခဲ့ပြီးနောက် ဘားအံအခြေစိုက် တပ်မ(၂၂)မှအကြီးအကဲများက စောဝေသာလီထွန်း၏မိဘများနှင့်သွားရောက်တွေ့ဆုံ ခဲ့ကာ ငွေကျပ် ၁၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း KNU တပ်မဟာ(၇)နယ်မြေ၌ စစ်ကောင်စီတပ်မှပစ်ခတ်၍ အရပ် သားသေဆုံးခြင်းသည် ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း တပ်မဟာ(၇)နယ်မြေခံတစ်ဦးထံမှ သိရ သည်။
NKU တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရကာ ဒေသခံနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း မူတြော် သတင်းစဉ်က ထုတ်ပြန်ထားသည်။
ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မထောအခြေစိုက် စစ်ကောင်စီစခန်းမှ ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီးကျည်တစ်လုံးသည် ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာအုပ်စု၊ ကလောထာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၄၈)နှစ်အရွယ် စောတင်လှ၏ ဦးခေါင်းညာဘက်ခြမ်းတွင် ထိခိုက်ဒဏ် ရာရခဲ့ကာ နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း သိရသည်။
ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်မှ နေ့စဉ်ရက်ဆက်လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ဒေသခံပြည်သူ များ ထိခိုက်သေဆုံးမှုများရှိကာ အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNU
#တပ်မဟာ(၇)
#တပ်မဟာ(၅)
#အရပ်သားများထိခိုက်သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#knu – Explore
explore #knu at Facebook
🔥4👍3🤬2😢2
Media is too big
VIEW IN TELEGRAM
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို
ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြော
Watch more detail -
https://youtu.be/miishYLqvTU
#PoliticalNews #VideoNews #shorts #reels

👍8🤮2
အမေရိကန်နှင့် ဖိလစ်ပိုင်တို့ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်
==========================
အမေရိကန်နှင့် ဖိလစ်ပိုင်သည် ဆယ်စုနှစ်များအတွင်း ၎င်းတို့၏ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်အနီး၌ ဧပြီ ၁၁ ရက်တွင် စတင်ပြုလုပ်ပြီ ဖြစ်သည်။ ရေယာဉ်နှစ်မြှုပ်မည့် ရော့ကတ် တိုက်ခိုက်မှုတစ်ခု အပါအဝင် ကျည်အစစ်ဖြင့် လေ့ကျင့်မှုများ ပါဝင်မည့် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုက တရုတ်ကို အမျက်ထွက်စေရန် ဆွပေးသလို ဖြစ်ဖွယ် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
အမေရိကန်နှင့် ဖိလစ်ပိုင်သည် ဆယ်စုနှစ်များအတွင်း ၎င်းတို့၏ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်အနီး၌ ဧပြီ ၁၁ ရက်တွင် စတင်ပြုလုပ်ပြီ ဖြစ်သည်။ ရေယာဉ်နှစ်မြှုပ်မည့် ရော့ကတ် တိုက်ခိုက်မှုတစ်ခု အပါအဝင် ကျည်အစစ်ဖြင့် လေ့ကျင့်မှုများ ပါဝင်မည့် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုက တရုတ်ကို အမျက်ထွက်စေရန် ဆွပေးသလို ဖြစ်ဖွယ် ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏6👍1🔥1😁1
ဗားရ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို CNDF ထုတ်ပြန်
===============
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ၁၂ မိုင်အကွာတွင်ရှိသည့် စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သော ဗားရ်တပ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ထုတ်ပြန်လာသည်။
၎င်းစခန်းကို ဧပြီလ ၁၀ ရက်နေ့တွင် CNDF တပ်ဖွဲ့မှဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့နိုင်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် တပ်သား ၁၄ ဦးသေဆုံးခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းနိုင်ခဲ့သည့်လက်နက်များမှာ MA1 သုံးလက် ၊ MA2 တစ်လက် ၊ MA3 နှစ်လက် ၊ MA 4 တစ်လက် ၊ G3 ၁၂ လက် ၊ MA ကျည်ဘောက် ၂၀ ခု၊ ၆၀ မမ စိန်ပြောင်း နှစ်လက် ၊ ၆၀ မမ ကျည် ၅၈ ခု၊ အီနာဂါ ရှစ်ခု ၊ G3 ကျည်ဘောက် ၃၇ ခု၊ တိုက်မိုင်း ၁၀ ခု ၊ ၄၀ မမ ကျည် ၃၃ လုံး ၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၅၀ လုံး၊ နင်းမိုင်း ၅၀၀ ၊ MA ကျည် ၁,၀၀၀ ကျော်၊ G3 ကျည် ၂,၅၀၀ ကျော် သိမ်းဆည်းမိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဗားရ်စခန်းကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ထုတ်ပြန်ထားသည်။
https://youtu.be/ftl-6CFsAe8
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဗားရ်စခန်း
#တိုက်ပွဲ
#စခန်းသိမ်း
#ဖလမ်းမြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===============
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ၁၂ မိုင်အကွာတွင်ရှိသည့် စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သော ဗားရ်တပ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ထုတ်ပြန်လာသည်။
၎င်းစခန်းကို ဧပြီလ ၁၀ ရက်နေ့တွင် CNDF တပ်ဖွဲ့မှဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့နိုင်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် တပ်သား ၁၄ ဦးသေဆုံးခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းနိုင်ခဲ့သည့်လက်နက်များမှာ MA1 သုံးလက် ၊ MA2 တစ်လက် ၊ MA3 နှစ်လက် ၊ MA 4 တစ်လက် ၊ G3 ၁၂ လက် ၊ MA ကျည်ဘောက် ၂၀ ခု၊ ၆၀ မမ စိန်ပြောင်း နှစ်လက် ၊ ၆၀ မမ ကျည် ၅၈ ခု၊ အီနာဂါ ရှစ်ခု ၊ G3 ကျည်ဘောက် ၃၇ ခု၊ တိုက်မိုင်း ၁၀ ခု ၊ ၄၀ မမ ကျည် ၃၃ လုံး ၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၅၀ လုံး၊ နင်းမိုင်း ၅၀၀ ၊ MA ကျည် ၁,၀၀၀ ကျော်၊ G3 ကျည် ၂,၅၀၀ ကျော် သိမ်းဆည်းမိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဗားရ်စခန်းကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ထုတ်ပြန်ထားသည်။
https://youtu.be/ftl-6CFsAe8
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဗားရ်စခန်း
#တိုက်ပွဲ
#စခန်းသိမ်း
#ဖလမ်းမြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဗားရ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို CNDF ထုတ်ပြန်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ၁၂ မိုင်အကွာတွင်ရှိသည့် စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သော ဗားရ်တပ်စခန်းသိမ်းတိုက်ပွဲ ရုပ်သံကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ထုတ်ပြန်လာသည်။
၎င်းစခန်းကို ဧပြီလ ၁၀ ရက်နေ့တွင် CNDF တပ်ဖွဲ့မှဝင်ရောက်စီးနင်း…

👍23😁1
AAတည်ထောင်ခြင်း၁၄နှစ်ပြည့်ခြင်းအပေါ် NUGအပါအဝင်အဖွဲ့၂၀ကျော်မှဂုဏ်ပြုသဝဏ်လွှာများပေးပို့
==================
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ရက္ခိုင့်တပ်တော် (AA) တည်ထောင်ခြင်း ၁၄ နှစ်ပြည့်နေ့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ၂၀ ကျော်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
NUG ရဲ့ သဝဏ်လွှာထဲမှာ AA ဟာ ရခိုင်ပြည်သူလူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၁၄ နှစ်ပြည့်ခဲ့ပြီဖြစ်လို့ ရခိုင်ပြည်သူလူထုနဲ့အတူ ဝမ်းမြောက် ဂုဏ်ယူကြောင်း ရေးသားထားပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူလက်တွဲဆောင်ရွက်ရန် ဆန္ဒပြုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထံသို့ စာရေးသားပြောကြားလိုက်ပါတယ်။
(၁၄)နှစ်တာအတွင်း AAရဲ့ ပေးဆပ်ခဲ့မှုများနှင့် အတူ ယနေ့ ရက္ခိုင်အမျိုးသားတရပ်လုံး အားကိုးယုံကြည်ရတဲ့ ရက္ခိုင့်တပ်တော် အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဟာ ဂုဏ်ယူစရာဖြစ်ကြောင်း ယာယီသမ္မတက ဆိုပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေကလည်း AA ကို ဂုဏ်ပြုကြောင်းနဲ့ တော်လှန်ရေးအတွက် ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုတွေအတွက် ကျေးဇူးအထူးတင်ကြောင်း ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
AA ရဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ PSLF/TNLA နဲ့ MNTJP/ MNDAA ကလည်း AA နဲ့အတူ ညီညီညွတ်ညွတ်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်သလို AA ရဲ့ ရည်မှန်းချက်တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေကြောင်းလည်း သဝဏ်လွှာ ပေးပို့ထားပါတယ်။
AAဟာ လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကို လက်ရှိစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် အပါအဝင် ရခိုင်လူငယ် ၂၆ ဦးနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမှာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကို ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး ရခိုင်လုထုရဲ့ ထောက်ခံမှုအခိုင်အမာ ရရှိခဲ့တာကြောင့် အင်အားကြီးမားလာခဲ့တာပါ။
အဲဒီနောက်ပိုင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကစလို့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ AA နဲ့ စစ်တပ် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်တဲ့ AA ဟာ စစ်ကောင်စီတပ်နဲ့ ယာယီ အပစ်ရပ်ထားပြီးနောက် စစ်ကောင်စီရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေနေရာမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ အစားထိုးပြီး နယ်မြေတိုးချဲ့နိုင်ရေး လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA ထူထောင်တာ ၁၄ နှစ်ပြည့်အနေနဲ့ ဧပြီ ၁၀ ရက်မှာ ရက္ခိုင့်တပ်တော်နေ့အဖြစ် ရခိုင်ပြည်နယ်ထဲက အေအေ ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်တော်လှန်ရေးအတွက် ရဲဝံ့စွန့်စားခဲ့ကြတဲ့ တိုက်ပွဲဝင်ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုကြောင်းပြောဆိုပြီး တော်လှန်ရေးအတွက် ပံ့ပိုးကူညီပေးကြတဲ့ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ရက္ခိုင့်တပ်တော်အေအေရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တိုက်ပွဲသံ လက်နက်သံ၊ အမြောက်ဆံတွေကြားမှာ နာကျင်မှုမျက်ရည်တွေနဲ့ ရဲရင့်စွာရပ်တည်နေကြတဲ့ အာရက္ခပြည်သူတွေ၊ အဝေးရောက်ပြည်သူတွေအနေနဲ့ ဆက်လက်ကြံ့ကြံ့ခံရပ်တည်ပေးကြဖို့ ၊ စည်းလုံးမှုအပြည့်နဲ့ ခရီးဆက်ကြဖို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ယနေ့ကျရောက်သည့် (၁၄) နှစ် မြောက်တပ်တော်နေ့အခမ်းအနားတွင် တော်လှန်ရေးနှင့်ပတ်သက်၍ ဆက်လက်ပြီး ကြံ့ကြံ့ခံရပ်တည်ကြရန် အာရက္ခပြည်သူများနှင့် အဝေးရောက် ရခိုင်လုပ်သားပြည်သူများအား မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုထားသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)သည် စစ်အင်အား ၃၀၀၀၀ ကျော်ရှိပြီး ရခိုင်ပြည်အတွင်းတွင်လည်း လွတ်မြောက်နယ်မြေအများအပြား ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း သိရပါတယ်။
https://youtu.be/z6_THKNQWRA
#PolitiecalNews
#VideoNews

👍12🔥2❤1
ဧပြီလ ( ၁၁ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================
01:06 − တရုတ်အကူအညီနဲ့ စစ်ရေးဆိုင်ရာတိုးချဲ့ဆောက်လုပ်မှုတွေရှိနေကြောင်း သတင်းတွေ ထွက်နေတဲ့အချိန် ကိုကိုးကျွန်းကို စစ်ခေါင်းဆောင် ရောက်ရှိနေတဲ့သတင်း
05:01 − ဒီကနေ့ မနက်အစောပိုင်းမှာ မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူးနဲ့ အိမ်အကူတို့ အသတ်ခံရပြီး နေအိမ်ပါ မီးရှို့ခံထားရတဲ့သတင်း
06:30 − ရက္ခိုင့်တပ်တော် AA တည်ထောင်ခြင်း ၁၄ နှစ်ပြည့်အခမ်းအနားကို NUG အပါအဝင် အဖွဲ့ ၂၀ ကျော်က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြတဲ့သတင်း နဲ့
12:52 − ထိုင်ဝမ်အနေနဲ့ လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေး နှစ်ခုထဲကတစ်ခုကိုပဲရွေးချယ်ရမှာ ဖြစ်ကြောင်း တရုတ်သတိပေးလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/u_VkpEJRZC8
#2pmnews
#Mizzimanewshour

05:01 − ဒီကနေ့ မနက်အစောပိုင်းမှာ မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူးနဲ့ အိမ်အကူတို့ အသတ်ခံရပြီး နေအိမ်…

👍6❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်အနေနဲ့ လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေး နှစ်ခုထဲက
တစ်ခုကိုပဲ ရွေးချယ်ရမှာဖြစ်ကြောင်း တရုတ်သတိပေး
#InternationalNews #VideoNews #shorts #reels

👍6👏1🖕1
ဖလမ်းမြို့နယ် ဝေဘူလမြို့တွင် နွေရာသီကျမ်းစာသင်တန်း (Summer Camp ) ပြုလုပ်ရန် တဲထိုးနေသည့်နေရာ ဗုံးကြဲခံရ
😢7🔥3👍2