ရှမ်း-ကယားဒေသ ၂ လအတွင်း တိုက်ပွဲဖြစ်ပွားမှု သုံးဆကျော်တိုးလာပြီး လေကြောင်းတိုက်ခိုက်ခံရမှု ၃၆ ကြိမ်ထက်မနည်းရှိ
=====================
001
(မဇ္စျိမ) ။ ။ အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး နှစ်လအတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု သုံးဆကျော်တိုးလာပြီး လေကြောင်းတိုက်ခိုက်ခံရမှုလည်း ၃၆ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmarက ဧပြီလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
အဆိုပါနှစ်လတာအတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၈၂ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်အုပ်ချုပ်ရေးမကြေညာခင် နှစ်လအတွင်း တိုက်ပွဲဖြစ်ပွားမှု ၂၃ ကြိမ်ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။
“ထူးခြားတာက စစ်ကောင်စီထိုးစစ်နဲ့အတူ တိုက်ပွဲပိုဖြစ်လာပေမဲ့ ကရင်နီတပ်တွေဘက်မှာ အရေးပါတဲ့ နယ်မြေဆုံးရှုံးမှု မရှိသေးပါဘူး။ ဒါ့အပြင် ရှားတောမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း လေးခုကိုလည်း ကရင်နီတပ်တွေဘက်က သိမ်းယူခဲ့ပါတယ်။ အခုအချိန်အထိ နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ရှိန်လျော့ကျသွားမယ့် အလားအလာမရှိနိုင်ဘူးလို့ ယူဆရပါတယ်” ဟု ISP Myanmarက ဆိုထားသည်။
စစ်ကောင်စီတပ်က ရှားတော၊ ဘော်လခဲ၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များကို အဓိကထားပြီး ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် ပြီးခဲ့သည့် မတ်လက စတင်ပြီး ယခု ဧပြီလအထိနေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကိုလည်း တောက်လျှောက်ပြုလုပ်လျက်ရှိကြောင်း KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ဧပြီလ ၁၀ ရက်နေ့က မဇ္စျိမကို ဖြေဆိုထားသည်။
အဆိုပါ နေရာများတွင် ခုခံတော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးယန္တရားချဲ့ထွင်နိုင်မှုအားကောင်းပြီး စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးမြို့ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်မှု လုပ်လာနိုင်သည့်နေရာများဖြစ်ကြောင်း ISP Myanmar က ပြောထားသည်။
စစ်ကောင်စီတပ်အနေဖြင့် အင်အား ၁,၅၀၀ ပါသည့်စစ်ကြောင်း ၁၂ ကြောင်းကို အသုံးပြုပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ယခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် ထိုးစစ်ဆင်မှု စတင်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီး နှစ်လအတွင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၂၆,၀၀၀ ကျော်တိုးလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့အနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရ ၂ ဒသမ ၅သန်းကျော်ရှိပြီး ထိုအထဲတွင် ကယားပြည်နယ်နှင့် ရှမ်း-ကယားနယ်စပ်တွင် တိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည် သုံးသိန်းနီးပါးရှိနေကြောင်း ISP Myanmar၏ စာရင်းအရ သိရသည်။
စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ် ၄၇ မြို့နယ်ရှိပြီး ကယားပြည်နယ်တွင် ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်များ ပါဝင်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်အုပ်ချုပ်ရေး
#ကယားပြည်နယ်
#ISPMyanmar
#ရှမ်းပြည်နယ်တောင်ပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥4
တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တာဝန်မဲ့သောလုပ်ရပ်ဟု ထိုင်ဝမ်သမ္မတ ပြစ်တင်ဝေဖန်
========================
တရုတ်၏စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်နှင့် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေပြီး နိုင်ငံကြီးတစ်ခုအနေဖြင့် တာဝန်မဲ့သောလုပ်ရပ်များဖြစ်ကြောင်း ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်၏ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအပြီး ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က သူမ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
တရုတ်၏စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်နှင့် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေပြီး နိုင်ငံကြီးတစ်ခုအနေဖြင့် တာဝန်မဲ့သောလုပ်ရပ်များဖြစ်ကြောင်း ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်၏ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအပြီး ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က သူမ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁1
ဧပြီလ (၁၁) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
====================
- ကန့်ဘလူမြို့နယ်အတွင်း အခမ်းအနားတစ်ခုလုပ်နေတုန်း စစ်ကောင်စီက ဗုံးလာကြဲသွားတာကြောင့် ပြည်သူ အများအပြားသေဆုံးတဲ့သတင်း
− ချင်းပြည်နယ် ဖလမ်းမြို့မှာလည်း ဒီကနေ့မနက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူကိုးဦးသေဆုံးရတဲ့သတင်း
- တရုတ်အကူအညီနဲ့ စစ်ရေးဆိုင်ရာတိုးချဲ့ဆောက်လုပ်မှုတွေရှိနေကြောင်း သတင်းတွေ ထွက်နေတဲ့အချိန် ကိုကိုးကျွန်းကို စစ်ခေါင်းဆောင် ရောက်ရှိနေတဲ့သတင်း
− မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြောလိုက်တဲ့ သတင်း
− စက်သုံးဆီ သင်္ဘောတွေဆိုက်ကပ်မယ်လို့ ဆိုပေမယ့် သင်္ကြန်ကာလ စက်သုံးဆီ အကန့်အသတ်နဲ့သာ သာဝယ်ယူနေကြရတဲ့သတင်း
− ရုရှားနဲ့ယူကရိန်း အကျဉ်းသား ၁၀၀ စီ လဲလှယ်ခဲ့ကြတဲ့သတင်းနဲ့
− မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်မှူးနဲ့ အိမ်အကူတို့ အသတ်ခံရပြီး နေအိမ်ပါ မီးရှို့ခံလိုက်ရတဲ့သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/zP_kYIIaVSk?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဧပြီလ (၁၁) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
- ကန့်ဘလူမြို့နယ်အတွင်း အခမ်းအနားတစ်ခုလုပ်နေတုန်း စစ်ကောင်စီက ဗုံးလာကြဲသွားတာကြောင့် ပြည်သူ အများအပြားသေဆုံးတဲ့သတင်း
− ချင်းပြည်နယ် ဖလမ်းမြို့မှာလည်း ဒီကနေ့မနက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူကိုးဦးသေဆုံးရတဲ့သတင်း
- တရုတ်အကူအညီနဲ့ စစ…

👍2❤1😁1
ကဝမြို့နယ်တွင် ရဲ ၂ ဦးပစ်ခတ်ခံရ ၁ ဦးသေဆုံး
==================
ရွှေနွယ် (မဇ္ဈိမ) ။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကဝမြို့နယ်တွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်ကြေးကောက်ရန် ရဲစခန်းမှထွက်လာသော ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပိတောက်ဖူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ကဝမြို့နယ် ရှမ်းကန်−သပြုလမ်းမပေါ်၌ ဆက်ကြေးကောက်ရန် ဆိုင်ကယ်ဖြင့် ကဝမြို့ရဲစခန်းမှထွက်လာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကလည်း ဆိုင်ကယ်ဖြင့် အနီးကပ် မျက်နှာချင်းဆိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။
"သူတို့က အဲ့ဒီနယ်တွေဘက်က ပြည်သူတွေနဲ့ လောင်းကစားဒိုင်တွေဆီကနေ ဆက်ကြေးကောက်နေကျပါ။ ကျနော်တို့ သတင်းရတာနဲ့ ချက်ချင်းစီစဉ်လိုက်ရတာ။ ပြင်ဆင်ချိန် သိပ်မရလိုက်ဘူး။ တွေ့ပစ်လိုပဲ စစ်ဆင်ရေးလုပ်နိုင်ခဲ့တယ်” ဟု ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။
ထိုပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်၌ လိုက်ပါစီးနင်းလာသော ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ နောက်သို့လန်ကျကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များအရ သိရကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
သေဆုံးသူ၏ ရာထူးနှင့် အသေးစိတ်အချက်အလက်အား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ယနေ့ ကန့်ဘလူတွင်ဖြစ်ပျက်ခဲ့သော စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုအတွက်လည်း မြို့ပြပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်ကာ လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
https://youtu.be/8TBgSskSHnA
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကဝမြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ကန့်ဘလူ
#ပိတောက်ဖူးစစ်ဆင်ရေး
-----------------------------------------
@MizzimaTV

ရွှေနွယ် (မဇ္ဈိမ) ။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကဝမြို့နယ်တွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်ကြေးကောက်ရန် ရဲစခန်းမှထွက်လာသော ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပိတောက်ဖူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ …
👍19❤1😁1
ဧပြီလ (၁၁) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
−ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေချိန်လေကြောင်းကနေတိုက်ခိုက်ခံရတာကြောင့် အများအပြားသေဆုံး တဲ့သတင်းတွေနဲ့အတူ တရုတ်အကူအညီနဲ့ စစ်ရေးဆိုင်ရာတိုးချဲ့ဆောက်လုပ်မှုတွေရှိနေကြောင်း သတင်းတွေ ထွက်နေတဲ့အချိန် ကိုကိုးကျွန်းကို စစ်ခေါင်းဆောင် ရောက်ရှိနေတဲ့သတင်း နဲ့အတူ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ရုရှားနဲ့ယူကရိန်း အကျဉ်းသား ၁၀၀ စီ လဲလှယ်ခဲ့ကြတယ်ဆိုတဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ သတင်းသုံးသပ်ချက်တွေ၊တပတ်အတွင်း စီးပွားရေးသတင်း ကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ရေဒီယိုဆောင်းပါးအစီအစဉ်နဲ့ Spring University ကပေးပို့တဲ့ ဆောင်းပါးအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/I0ze_ZVJIHI
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
−ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေချိန်လေကြောင်းကနေတိုက်ခိုက်ခံရတာကြောင့် အများအပြားသေဆုံး တဲ့သတင်းတွေနဲ့အတူ တရုတ်အကူအညီနဲ့ စစ်ရေးဆိုင်ရာတိုးချဲ့ဆောက်လုပ်မှုတွေရှိနေကြောင်း သတင်းတွေ ထွက်နေတဲ့အချိန် ကိုကိုးကျွန်းကို စစ်ခေါင်းဆောင် ရောက်ရှိနေတဲ့သတင်း နဲ့အတူ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ရုရှားနဲ့ယူကရိန်း အကျဉ်းသား ၁၀၀ စီ လဲလှယ်ခဲ့ကြတယ်ဆိုတဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ သတင်းသုံးသပ်ချက်တွေ၊တပတ်အတွင်း စီးပွားရေးသတင်း ကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ရေဒီယိုဆောင်းပါးအစီအစဉ်နဲ့ Spring University ကပေးပို့တဲ့ ဆောင်းပါးအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/I0ze_ZVJIHI
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ (၁၁) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
−ကန့်ဘလူတွင် အခမ်းအနားပြုလုပ်နေချိန်လေကြောင်းကနေတိုက်ခိုက်ခံရတာကြောင့် အများအပြားသေဆုံး တဲ့သတင်းတွေနဲ့အတူ တရုတ်အကူအညီနဲ့ စစ်ရေးဆိုင်ရာတိုးချဲ့ဆောက်လုပ်မှုတွေရှိနေကြောင်း သတင်းတွေ ထွက်နေတဲ့အချိန် ကိုကိုးကျွန်းကို စစ်ခေါင်းဆောင်…

👍3🤮1
ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့အမည် အသုံးချကာ ထုတ်ပြန်ချက်အတုများ ထုတ်ပြန်နေ
=========================
ZZ
(မဇ္ဈိမ) ။ ။ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် Dark Shadow အမည်ဖြင့် ဖေ့စ်ဘုတ်ပေ့ချ် တစ်ခုထွက်ပေါ်နေပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်နေသည်။ ထိုပေ့ချ်နှင့် ထုတ်ပြန်ချက်များမှာ အတုသာ ဖြစ်သည်။
ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ဖြစ်သည့် Dark Shadow အမည်ဖြင့် အမည်တူပေ့ချ်မှ ဧပြီလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်တွင် စစ်ကောင်စီကကြီးမှူးကျင်းပသည့် သင်္ကြန်မဏ္ဍပ်များ၏ တစ်မိုင်ပတ်ချာလည်တွင် နေထိုင်ခြင်းမပြုရန် နှင့် ထိုနေရာမှပြည်သူများ အမြန်ဆုံးပြောင်းရွှေ့ကြရန် သတိပေးထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၁၀၀ ကျော် ရှိနေသည်။
အဆိုပါထုတ်ပြန်ချက်ကိုပင် အသန်း (ICG) နှင့် The Fighter Media တယ်လီဂရမ် ချန်နယ်တို့တွင်လည်း ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၁၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။
မဇ္ဈိမအနေဖြင့် ယင်းထုတ်ပြန်ချက်နှင့် ပေ့ချ်ကို အချက်အလက်စစ်ဆေးခဲ့ရာ အတုများဖြစ်နေကြောင်း တွေ့ရသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Dark Shadow အဖွဲ့၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာနှင့် တယ်လီဂရမ် တို့တွင် “ဒီထုတ်ပြန်ချက်ဟာအတုပါခင်ဗျာ ကျနော်တို့ NUG နဲ့ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့ အစည်းနဲ့မှလည်း ချိတ်ဆက်ထားခြင်းမရှိပါဘူးခင်ဗျာ” ဟု ထုတ်ပြန်ချက်အတုသာဖြစ်ကြောင်း ဖော်ပြ ထားသည်။
တယ်လီဂရမ်လင့် - https://t.me/DarkShadowYgnUG/22
ဖေ့ဘုတ်လင့် - t.ly/reNb
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌ ဘူးသီးကလည်း ပြည်သူများကို ခြိမ်းခြောက်ထားသည့် ထုတ် ပြန်ချက်ကို Dark Shadow မှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ဆိုထားသည်။
လင့် - t.ly/UwzvF
ထိုပေ့ချ်အတုသည် ၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် “မြန်မာ့သတင်း” အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ "Dark Shadow" ဟု အမည်ပြောင်းထားခြင်းဖြစ်သည်။ ထိုပေ့ချ်ကို ကြိုက်နှစ် သက်သူ ၂၀၀ ကျော်ရှိနေသည်။
အဆိုပါပေ့ချ်တွင် ထုတ်ပြန်ချက်သုံးစောင်ကို ဖြန့်ဝေထားသည်။ ထုတ်ပြန်ချက်ထဲမှ နှစ်စောင်မှာ အမှန် တကယ်လှုပ်ရှားသည့် Dark Shadow အဖွဲ့မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို ပြန်လည်ဖြန့်ဝေ ထားခြင်းဖြစ်သည်။ ကျန်တစ်စောင်မှာ ထုတ်ပြန်ချက် အတုဖြစ်သည်။
Dark Shadow အဖွဲ့၏ တရားဝင် စာမျက်နှာမှလည်း ထိုပေ့ချ်အတုဖြစ်ကြောင်းကို ဧပြီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။ လင့် - t.ly/6IjQ
စာမျက်နှာအစစ် - https://bit.ly/41itZWZ
စာမျက်နှာအတု - https://bit.ly/43nvlRZ
ထို့ကြောင့် ရန်ကုန်ရှိမြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Dark shadow အမည်အား အသုံးချ ကာ အမည်တူပေ့ချ်အတုရှိနေသည့်အပြင် ထိုပေ့ချ်မှထုတ်ပြန်သည့် ထုတ်ပြန်ချက်သည်လည်း အတုသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#PDF_Fake_Page
#Dark_Shadow
Dark Shadow (Ygn-UG)

👍22❤2😁1
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ဘက်ကမ်း စီးနင်းမှုအတွင်း ပါလက်စတိုင်း
ဆယ်ကျော်သက်တစ်ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်
#InternationalNews #VideoNews #shorts #reels

👍1🔥1
This media is not supported in your browser
VIEW IN TELEGRAM
သူပုန်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို ဆော်ဒီကိုယ်စားလှယ်အဖွဲ ယီမင်သိုရောက်ရှိ
#InternationalNews #VideoNews #shorts #reels
#InternationalNews #VideoNews #shorts #reels
👍3🔥1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ကိုပိတ်ဆို့တိုက်ခိုက်ဖို့ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်အဆုံးသတ်
#InternationalNews #VideoNews #shorts #reels
#InternationalNews #VideoNews #shorts #reels
👍5🔥1
ကန့်ဘလူ၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ
====================
ဂျူချန်း (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းရှိ လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့သည့် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့ ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၇ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင် ရှိနေသည့် သတင်းရင်းမြစ်များထံမှ သိရသည်။
“အခုပဲ ငါးမိနစ်ဆယ်မိနစ်လောက်ပဲ ရှိဦးမယ်ဗျ၊ ဗုံး ဆယ်လုံးချသွားတယ်၊ မနက်က ဖြစ်စဉ်မှာ ကျနော်တို့ ကယ်ဆယ်ရေးသွားနေတာ၊ သွားပြီး ကယ်ဆယ်ရေးလုပ်နေတဲ့ အချိန်မှာပဲ ထပ်ပြီးလာပစ်သွားတာ။ လက်ရှိ ကျနော်တို့ မဝင်ရဲသေးဘူး။ မနက်ကနေရာကိုပဲ ထပ်ကြဲသွားတာ။ ဆယ်ချက်ဆိုတော့ ရွာတွေထဲပါ ကျနိုင်တယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက လက်ရှိ မြေပြင်အခြေအနေအား မဇ္ဈိမ ကိုပြောသည်။
ပဇီကြီးကျေးရွာကို လေးကြိမ်လှည့်ပတ်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ရွာကိုလေးကြိမ်ပတ်တယ်၊ သုံးကြိမ်က ဗုံးကြဲတယ်။ နောက်ဆုံးအကြိမ်မှ ရွာကို တစ်ပတ်ပတ်ပြီး ထွက်သွားတာ၊ နှစ်မိနစ် သုံးမိနစ်လောက်ပဲကြာမှာ၊ လေယာဉ်နဲဆိုတော့ ဝေါဝေါနဲ့ ဒုန်းဒုန်းနဲ့ ကြဲပြီးတော့ တောက်လျှောက် မောင်းထွက်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကန့်ဘလူ၊ ပဇီကြီးရွာ၌ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် အခမ်းအနားတစ်ခု ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ Mi 35 တိုက်လေယာဉ်ဖြင့် ရုတ်တရက် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲခံရမှုကြောင့် အခမ်းအနားသို့ ရောက်ရှိနေသည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်သည်များ အပါအဝင် လူပေါင်း ၁၀၀ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိမှာ ပဇီးကြီးကျေးရွာနှင့် အနီးအနားကျေးရွာက ဒေသခံ သောင်းနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း သိရသည်။
အာဏာသိမ်း စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်း မရှိဘဲ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြနေသကဲ့သို့ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်း ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။
https://youtu.be/SQGHE2sY61g
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ပဇီကြီး
#လေကြောင်းတိုက်ခိုက်
#အစုလိုက်အပြုံလိုက်
#mizzimatv

ဂျူချန်း (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းရှိ လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့သည့် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့ ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၇ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်…
🤬10👍7😭3❤2😢2
အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု
====================
ကိုခင်မောင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးရွာကို ဒီကနေ့ ဧပြီ ၁၁ ရက် မနက် ၇နာရီ ၄၅မိနစ်အချိန်မှာ စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်သွားလို့ သေဆုံးသူအများအပြားရှိနေပါတယ်။
ပဇီကြီးရွာမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ရုံးဖွင့်ပွဲ ပြုလုပ်ဖို့ လူစုဝေးနေချိန် အခမ်းအနားမစတင်မီမှာဘဲ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းတက်ကြမယ့် ကလေးတွေဟာ ပွဲကကျွေးမွေးတဲ့အစားအသောက်တွေကို စားသောက်နေကြတုန်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာဖြစ်တယ်လို့ ဒေသခံ ကိုဖိုးသိန်းက မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/qobeVYbaV_k
#ပဇီကြီးရွာ
#လေကြောင်းတိုက်ခိုက်
#ပအဖ
#ကန့်ဘလူ
သတင်း/ တင်ဆက် - Kim Mung
ရုပ်သံတည်းဖြတ် - Thant Sin
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ကိုခင်မောင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးရွာကို ဒီကနေ့ ဧပြီ ၁၁ ရက် မနက် ၇နာရီ ၄၅မိနစ်အချိန်မှာ စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်သွားလို့ သေဆုံးသူအများအပြားရှိနေပါတယ်။
ပဇီကြီးရွာမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ရုံးဖွင့်ပွဲ ပြုလုပ်ဖို့ လူစုဝေးနေချိန် အခမ်းအနားမစတင်မီမှာဘဲ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းတက်ကြမယ့် ကလေးတွေဟာ ပွဲကကျွေးမွေးတဲ့အစားအသောက်တွေကို စားသောက်နေကြတုန်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာဖြစ်တယ်လို့ ဒေသခံ ကိုဖိုးသိန်းက မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/qobeVYbaV_k
#ပဇီကြီးရွာ
#လေကြောင်းတိုက်ခိုက်
#ပအဖ
#ကန့်ဘလူ
သတင်း/ တင်ဆက် - Kim Mung
ရုပ်သံတည်းဖြတ် - Thant Sin
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု
ကိုခင်မောင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးရွာကို ဒီကနေ့ ဧပြီ ၁၁ ရက် မနက် ၇နာရီ ၄၅မိနစ်အချိန်မှာ စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်သွားလို့ သေဆုံးသူအများအပြားရှိနေပါတယ်။
ပဇီကြီးရွာမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)…

🤬11👍5❤3😢2😭2
ဘီးလင်းက စစ်ကောင်စီတပ် ဂိတ် ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ
==================
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကဇိုင်းဆည်အနီးရှိ ဘီးလင်းအခြေစိုက် ခမရ (၃) တပ်ရင်း၏ အရှေ့ဂိတ်နှင့် အနောက်ဂိတ်ကို KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် တပ်မဟာ (၁) KNU၊ KNLA၊ PDF၊ KRF၊ PPDF- KD၊ ကျိုက်ထို ပ.က.ဖ၊ ဘီးလင်း ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ခမရ (၃) ၏ ဗဟိုကင်းဂိတ်နှင့် ဝင်ပေါက်ဂိတ်အား ပစ်မှတ်ထား၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ရကြောင်း သထုံခရိုင် PDF တာဝန်ခံက ပြောသည်။
"ကျွန်တော်တို့ လုပ်လိုက်တာက ဝင်ပေါက်ဂိတ်နဲ့ ဗဟိုကင်းဂိတ်ကိုပါ၊ ဗဟိုကင်းဂိတ်ပေါ်ကို ကျတယ်၊ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတော့ မသိရသေးဘူး၊ ကျွန်တော်တို့ဘက်က ဒရုန်းတစ်စီး ပျက်ကျခဲ့ပါတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ဗုံးသီးသည် ခမရ (၃) ၏ ဗဟိုကင်းတဲအပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်၊ အကျအဆုံးများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ပြန်လည်ပစ်ခတ်မှုများကြောင့် ဘီးလင်းမြို့နယ်၊ ပိုင်ထားဝယ်ကျေးရွာမှ ဒေသခံနေအိမ်တစ်လုံး၏ နောက်ဖေးမီးဖိုချောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
" စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ၁၀ ချက်ခန့် ပြန်ပစ်တယ်၊ ပြည်သူနေအိမ် တစ်လုံး နောက်ဖေး မီးဖိုချောင်ကို ထိမှန်တယ်" ဟု ကိုအေးမင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ဘီးလင်းအခြေစိုက် မဲလံ BGF စခန်းအား တပ်မဟာ(၁) KNU ၊ KNLA၊ KRF၊ PPDF- KD၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ မဲလံစခန်းရှိ အရာရှိနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ အချို့ ရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဘီးလင်း
#ခမရ(၃)
#စကစ

👍13❤3🔥1
စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ပြီး အပြင်းအထန် စစ်ကြောင်းထိုးနေ
==============
မဲကနယ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ပြီး အပြင်းအထန် စစ်ကြောင်းထိုးနေ
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ မဲကနယ်ဒေသကို စစ်ကောင်စီ တပ်က ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ လေကြောင်းမှတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ ကြောင်း မြေပြင်တွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်ထံမှ သိရသည်။
မဲကနယ်ဒေသရှိနေရာအချို့ကို စစ်ကောင်စီတပ်က SU-30 တိုက်လေယာဥ်၊ YAK-130 တိုက်လေယာဥ်နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မနက် ၇ နာရီခွဲက တိုက်လေယာဥ်တစီးနဲ့လာကြဲတာ နှစ်ကြိမ်၊ ၁၁ နာရီခွဲလောက်မှာ Mi-35 ရဟတ် ယာဉ်နဲ့က ငါးကြိမ်လောက်ကို လှည့်ပတ်ပစ်နေတာ၊ နေ့ခင်း ၂ နာရီကျော်လောက်မှာ သုံးကြိမ်ဗုံးလာကြဲ သွားတယ်။ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘူး၊ စစ်ကြောင်းကတော့ ဆက်တိုက်ထိုးနေတာ”ဟု ရှေ့တန်းတွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က ပြောသည်။
မဲကနယ်ဒေသကို စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေပြီး Cobra စစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က အပြင်းအထန် ခုခံကာကွယ်နေ ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် မဲကနယ်ကျေးရွာတွင် နေအိမ်များပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များသေဆုံးခဲ့ပြီး အရပ်သား ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရ သည်။
ဧပြီလ ၄ ရက်မှ ၉ ရက်နေ့အထိတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့မှ ၂၈ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း သုံး ဦးကျဆုံး၍ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။
https://youtu.be/ZP85IOWRK9M
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==============
မဲကနယ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ပြီး အပြင်းအထန် စစ်ကြောင်းထိုးနေ
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ မဲကနယ်ဒေသကို စစ်ကောင်စီ တပ်က ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ လေကြောင်းမှတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ ကြောင်း မြေပြင်တွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်ထံမှ သိရသည်။
မဲကနယ်ဒေသရှိနေရာအချို့ကို စစ်ကောင်စီတပ်က SU-30 တိုက်လေယာဥ်၊ YAK-130 တိုက်လေယာဥ်နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မနက် ၇ နာရီခွဲက တိုက်လေယာဥ်တစီးနဲ့လာကြဲတာ နှစ်ကြိမ်၊ ၁၁ နာရီခွဲလောက်မှာ Mi-35 ရဟတ် ယာဉ်နဲ့က ငါးကြိမ်လောက်ကို လှည့်ပတ်ပစ်နေတာ၊ နေ့ခင်း ၂ နာရီကျော်လောက်မှာ သုံးကြိမ်ဗုံးလာကြဲ သွားတယ်။ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘူး၊ စစ်ကြောင်းကတော့ ဆက်တိုက်ထိုးနေတာ”ဟု ရှေ့တန်းတွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က ပြောသည်။
မဲကနယ်ဒေသကို စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေပြီး Cobra စစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က အပြင်းအထန် ခုခံကာကွယ်နေ ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် မဲကနယ်ကျေးရွာတွင် နေအိမ်များပျက်စီးကာ အိမ်မွေးတိရစ္ဆာန်များသေဆုံးခဲ့ပြီး အရပ်သား ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရ သည်။
ဧပြီလ ၄ ရက်မှ ၉ ရက်နေ့အထိတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့မှ ၂၈ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း သုံး ဦးကျဆုံး၍ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။
https://youtu.be/ZP85IOWRK9M
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ပြီး အပြင်းအထန် စစ်ကြောင်းထိုးနေ
မဲကနယ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်းပြုလုပ်ပြီး အပြင်းအထန် စစ်ကြောင်းထိုးနေ
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ မဲကနယ်ဒေသကို စစ်ကောင်စီ တပ်က ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ လေက…

👍11❤1🤬1
နတ်တလင်းမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်မှ အတင်းအဓမ္မ ဖိအားပေးဖယ်ရှားခိုင်း
==========================
ရွှေနွယ် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် နတ်တလင်းမြို့နယ်အတွင်း တောင်ညိုဆည်အထက်ပိုင်း ပဲခူးရိုးမအစပ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ အတင်းအဓမ္မဖိအားပေးကာ ခုနစ်ရက်အတွင်း ဖယ်ရှားခိုင်းသောကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံတွေ့နေကြရသည်။
တောင်ညိုဆည်အထက်ပိုင်းရှိ ကရင်ဆင်ဆွဲ၊ ပျဉ်းမခေါင်၊ ကြက်မနက်ရွာများအပါအဝင် ရိုးမအစပ်ရှိရွာများတွင် နေထိုင်နေကြသောပြည်သူများအား ရွာမှထွက်ခွာသွားကြရန် ဖိအားပေးနေကြောင်း ဒေသခံမှ မဇ္ဈိမကိုပြောသည်။
“ပြောလာတာ ငါးရက်လောက်ရှိပြီ၊ ကျွန်တော်တို့ရွာသားတွေဘက်က ခုနစ် ရက်တော့မလုပ်ပါနဲ့ ၁၅ ရက်လောက် အချိန်ပေးပါလို့တော့ပြောထားရတယ်၊ အခု အကုန်ပြောင်းနေကြရပါတယ်။ လူတွေက လှေနဲ့ပြောင်းကြပေမယ့် အိမ်ကပစ္စည်းတွေကိုက ကားနဲ့သယ်ကြဖို့ပဲ၊ ကားခကလည်း တစ်အိမ်ထောင်တစ်ခေါက်ကို ငါးသိန်းတဲ့ မတတ်နိုင်တော့ လှည်းနဲ့သယ်ရနဲ့ အရမ်းဒုက္ခရောက်နေကြပါတယ်” ဟု ဒေသခံရွာသားမှ ပြောသည်။
စစ်ကောင်စီတပ်မှ လက်ရှိနတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော ၎င်း၏တပ်သားများအား ဒေသခံများထွက်ခွာပြီးနောက် ရွာများကို မီးရှို့ဖျက်ဆီးရန်လည်း မှာကြားထားသည်ဟု သတင်းကြားသိရကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။
"ဒေသခံအတော်များများကတော့ ထွက်ပြေးကုန်ပြီ အနီးအနားရွာတွေကို တချို့နည်းနည်းကျန်နိုင်သေးတယ်၊ သူတို့ ရွာတွေကို မီးရှို့ဖို့ အမိန့်ပေးထားတယ်လို့ သိရတယ်၊ မြို့နေလူထုက ကူညီပေးစေချင်ပါတယ်" ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ပြောသည်။
အဆိုပါကိစ္စရပ်အား မြို့ပေါ်ရှိ ပရဟိတအဖွဲ့များကူညီပေးရမည့်ကိစ္စရပ်ဖြစ်ကြောင်း၊ ယခုလက်ရှိ ခံနေရသူများမှာ အပြစ်မဲ့ပြည်သူတွေဖြစ်သောကြောင့် လွတ်လွတ်ကင်းကင်းကူညီလို့ရကြောင်း၊ ပြည်သူများအားလည်း ထွက်ပြေးလျင် ပဲခူးရိုးမဘက်သို့ မပြေးရန်နှင့် မြို့သို့မဟုတ် မြို့နှင့်နီးရာ ရွာတွေကိုသာပြေးကြရန် တပ်ဖွဲ့အနေနဲ့ မှာကြားထားကြောင်း နတ်တလင်း ပ.က.ဖ တာဝန်ရှိသူမှ ပြောသည်။
"ဘာကြောင့် ဒီလိုလုပ်လဲဆိုတဲ့အဖြေက ရှင်းပါတယ်၊ ပြီးခဲ့တဲ့ သတင်းပတ်က ပိတောက်ဖြူစစ်ဆင်ရေးအနေနဲ့ သူတို့စခန်းကို ပျဉ်းမခေါင် ကြက်မနတ်အနီးမှာ တိုက်ခိုက်ခံလိုက်ရတယ်၊ အနောက်ခြမ်းမြို့နယ်တွေမှာဆိုရင်လည်း နတ်တလင်းက စစ်ရေးပြင်းထန်တဲ့မြို့ဖြစ်နေတယ်၊ လက်ရှိမှာတော့ ဒေသခံရွာသူရွာသားတွေမှာ ငိုတဲ့သူငိုကြ၊ ပြေးရလွှားရ အခက်အခဲတွေဖြစ်ကြနဲ့ပါ” ဟု ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှလည်း မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကြက်မနက်ကျေးရွာအနီးတွင် အခိုင်အမာအခြေချထားသော စစ်ကောင်စီတပ်စခန်းအား နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ခွဲမှုးအဆင့်ရှိသူတစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး MA-3 သေနတ်တစ်လက်၊ ကျည် ၂၀ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။
နတ်တလင်းမြို့နယ် Phoenix-DF တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ညီအကိုနှစ်ဦးလည်း အဆိုပါတိုက်ပွဲအတွင်း အသက်ပေးခဲ့ရသည်။
နတ်တလင်းမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းကလည်း တောင်ညိုဆည်အထက် နေထိုင်သောရွာများအား စားနပ်ရိက္ခာဝယ်ယူရာတွင် တစ်အိမ်ထောင် ဆန်နှစ်ပြည်သာဝယ်ရမည်ဟု ကန့်သတ်ခဲ့သေးသည်။
https://youtu.be/kVLZa0uIsbI
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နတ်တလင်းမြို့နယ်
#စစ်အုပ်ချုပ်ရေး
#စစ်ကောင်စီတပ်
#အတင်းအဓမ္မ

ရွှေနွယ် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် နတ်တလင်းမြို့နယ်အတွင်း တောင်ညိုဆည်အထက်ပိုင်း ပဲခူးရိုးမအစပ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ အတင်းအဓမ္မဖိအားပေးကာ ခုနစ်ရက်အတွင်း ဖယ်ရှားခိုင်းသောကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံတွေ့နေကြရသည်။…
👍6👎2🔥2😢2
“ဒီလေတပ်ကြောင့်တော့ ကန့်ဘလူအပါအဝင် တနိုင်ငံလုံးက ကျနော်တို့တော်လှန်ရေးအင်အားတွေကို အားပျော့သွားစေဖို့ လုံးဝ အကြောင်းမရှိပါဘူး”
=====================
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဆက်သွယ်မေးမြန်းချက်။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတဝန်းစစ်ရာဇဝတ်မှုများဆက်တိုက်ဆိုသလို ကျူးလွန်နေရာတွင် ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီးကြီးကျေးရွာအား လေကြောင်း မှတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၀၀ ကျော် သေဆုံး ခဲ့ရသည်။ ယခုကဲ့သို့ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုနှင့်ပတ်သက်ပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အား မဇ္ဈိမမှဆက်သွယ်မေးမြန်းခဲ့မှုအား ဖော်ပြအပ်ပါ သည်။
မဇ္ဈိမ။ ။ ဒီနေ့မနက်က ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲမှုနဲ့ပတ်သက်ပြီး ဆရာတို့ဘက်က နောက်ဆုံးရတဲ့အခြေအနေများ ပြောပြနိုင်မလား။
ဦးရည်မွန်။ ။ဟုတ်ကဲ့၊ ကျနော်တို့ အခု နောက်ဆုံးသိထားရတဲ့ သတင်းအရ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲတယ်။ နောက် Mi–35 ရဟတ်ယာဉ်နဲ့ လေးကြိမ်လာပြီးပစ် ခတ်တယ်ပေါ့။
အဲဒီမှာ ကျဆုံးပြည်သူ ခန့်မှန်း ၁၀၀ ဦးလောက်ထိရှိနိုင်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူကတော့ ၅၀ ကျော်နိုင်ပါတယ်။ ဒီကိန်းဂဏန်းတွေကတော့ အတည်မပြုနိုင်သေးပါဘူး။ ထိခိုက်ကျဆုံးသူ အားလုံး က အရပ်သားပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း အများကြီးပါဝင် တယ်လို့ သိရပါတယ်။
အခုဆို ပဇီးကြီးရွာဘက်ကို စစ်ကောင်စီတပ်က မြေပြင်ကနေလည်း စစ်ကြောင်းထိုးလာ၊ လှုပ်ရှားလာတာ ရှိပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်တဘက်ကမ်း၊ သပိတ်ကျင်း၊ တွင်းငယ်ဘက်က စစ်ကောင်စီတပ်က လည်း အမြောက်(လက်နက်ကြီး)တွေနဲ့ ပဇီကြီးရွာဘက်ကိုလှမ်းပစ်နေပါတယ်။ ဒါ့ကြောင့် ထိခိုက်ဒဏ် ရာရသူတွေကို မြေပြင်မှာ ကူညီကယ်ဆယ်၊ ရှာဖွေရေးနဲ့ ကုသရေးလုပ်ဖို့ အလွန်အခက်အခဲ ကြုံနေ ရပါတယ်။ ကျဆုံးသူတွေကို ရှာဖွေဖို့နဲ့ စိစစ်အတည်ပြုနိုင်ဖို့လည်း ခက်ခဲနေသေးတဲ့ အခြေအနေပါ။ အခု ပြောနေတဲ့အချိန်မှာကို အဲဒီရွာဘက်ကိုပဲ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုထပ်လုပ်နေတဲ့ဆိုတဲ့ သတင်းလည်း ဝင်လာနေတယ်ဗျ။
မဇ္ဈိမ။ ။အခုဗုံးကြဲတိုက်ခိုက်မှုက ကန့်ဘလူဘက်က တော်လှန်ရေးတပ်တွေကို အားပျော့သွားစေနိုင်ပါ သလား။
ဦးရည်မွန်။ ။အခုချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကြည်းတပ်ဟာ ကျနော်တို့ PDF တပ်မတော်၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ မြေပြင်ရင်ဆိုင်တိုက်ပွဲတိုင်းမှာ အမြဲတမ်း ခွက်ခွက်လန်အောင် ရှုံးနိမ့်နေတာဖြစ်ပါတယ်။ သူတို့ရဲ့ မြေပြင်တပ်တွေမှာ ကျနော်တို့ကိုရင်ဆိုင်ဖို့ အရေအတွက်ရော၊ အရည် အချင်းပါ မလုံလောက်တော့ပါဘူး။ ဒီအခါမှာ အကြမ်းဖက်တပ်ဟာ သူ့ရဲ့အဓိက အားသာချက်ဖြစ်တဲ့ လေတပ်ကို တောက်လျောက်အားပြုနေရတာ၊ အားကိုးနေရတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်ဟာ အခုထိတော့ ကျနော်တို့အတွက် အဓိကစိန်ခေါ်ချက် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် စစ်ပွဲရဲ့ အဆုံးအဖြတ်ကို ကြည်းတပ်ကသာ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ ဒီလေကြောင်းရန်ကို တုံ့ပြန်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။ ဒီလေတပ်ကြောင့်တော့ ကန့်ဘလူ အပါအဝင် တနိုင်ငံလုံးက ကျနော်တို့ တော်လှန်ရေးအင်အားတွေကို အားပျော့သွားစေဖို့ လုံးဝ အကြောင်း မရှိပါဘူး။

👍15😢3🥴2
မြင်းခြံကျားနက်အဖွဲ့၏ တောတွင်းတော်လှန်သင်္ကြန်သံချပ်
===================
007 (မဇ္ဈိမ) ။ ။စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် မန္တလေးတိုင်းအခြေစိုက် မြင်းခြံကျားနက် အဖွဲ့၏ တောတွင်း သင်္ကြန်သံချပ်အစီအစဉ်ကို မဇ္ဈိမအနေဖြင့် တဆင့်ပြသပေးခြင်းဖြစ်ပါသည်။
အလွှာပေါင်းစုံမှလူငယ်များဖြင့် ဖွဲ့စည်းထားသည့် မြင်းခြံကျားနက်အဖွဲ့ Myingyan Black Tiger (MBT) သည် မြန်မာ့ဓလေ့သင်္ကြန်ပွဲတော်တွင် လူငယ်သဘာဝအတိုင်း ပျော်ရွှင်စွာဆင်နွှဲချင်သော်လည်း ပြည်သူ အတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေရသည့်ကာလဖြစ်၍ တောတွင်းမှာပင် သံချပ်ထိုးပြီး ပေါက်ကွဲလိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။
“သင်္ကြန်ရောက်တိုင်း ကျွန်တော်တို့တွေရဲ့နှလုံးသားတွေ ဆုတ်ချေခံရသလို ခံစားရပါတယ်။
ပြီးခဲ့တဲ့ ငရံ့အိုမင်းလှတိုက်ပွဲမှာ လက်နက်ခဲယမ်းရိက္ခာမပြည့်မစုံနဲ့ စစ်ကောင်စီကိုတော်လှန်ရင်း ကျည်ဆန်ထိလို့ အူမကြီးခွဲစိတ်ဖြတ်ထုတ်လိုက်ရတဲ့ လူနာရဲဘော်ဟာ အခုထိဆေးရုံက မဆင်းရသေးပါဘူး။ အပျော် ကြိုက်တဲ့ ကျွန်တော်တို့အရွယ်လူငယ်တွေ အသက်တွေဘဝတွေပေးပြီး လက်နက်ကိုင်တော်လှန်နေ ချိန် မှာ စစ်ကောင်စီဖန်တီးနေတဲ့ သင်္ကြန်အတုကို မိဘပြည်သူအားလုံးက သပိတ်မှောက်ပေးစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Myingyan Black Tiger တော်လှန်သင်္ကြန်သံချပ်လေးနဲ့ ပေါက်ကွဲပြထားတာ လေးကို ရှုစားနားဆင်စေလိုပါတယ်” ဟု ဗိုလ်မိုက်ခဲကဆိုသည်။
ပြည်သူလူထုအနေဖြင့် စစ်ကောင်စီကပြုလုပ်သည့် သင်္ကြန်အတုအယောင်ကို မပါဝင်မဆင်နွှဲကြဘဲ မိမိ အိမ်မှာပဲနေကြရန်၊ လူငယ်များတောင်မှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တိုက်ခိုက်နေချိန်တွင် ပြည်သူများက ခဏတာမြိုသိပ်ထားပြီး အိမ်တွင်နေပေးကြရန်လည်း ၎င်းအဖွဲ့က တိုက်တွန်းသည်။
“သိပ်မကြာခင်ကာလမှာ ဒီထက်မကတဲ့ပျော်ရွှင်မှုပေါင်းများစွာနဲ့ပြန်လည်ပျော်ရွှင်ဖို့ အချိန်လည်း သိပ် မကျန်တော့ပါဘူး။ ဒါကြောင့် အများပြည်သူအနေနဲ့ မအလလုပ်တဲ့သင်္ကြန်မှာ အပြင်မထွက်ဘဲနေပေး ကြပါ” ဟု မြင်းခြံကျားနက်အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
https://youtu.be/y_HcKO_qj6o
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#Myingyan_Black_Tiger
#တော်လှန်သင်္ကြန်
#သံချပ်

အလွှာပေါင်းစုံမှလူငယ်များဖြင့် ဖွဲ့စည်းထားသည့် မြင်းခြံကျားနက်အဖွဲ့ Myingyan…

👍12❤4🔥1