Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ ...ကန့်ဘလူ၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၁၁ ရက်နေ့ညနေပိုင်းမှာ ထပ်မံဗုံးကြဲလိုက်တဲ့သတင်းနဲ့အတူ  
နတ်တလင်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မ ဖိအားပေးဖယ်ရှားခိုင်းနေတယ်ဆိုတဲ့သတင်းလွှာတွေအပါအ၀င် အခြားစိတ်၀င်စားစရာကောင်းတဲ့ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကို နားဆင်ရမှာပါ။  
  သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် Spring University ကပေးပို့တဲ့ ဆောင်းပါးအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။ 

https://youtu.be/cesQpfjRDgU
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥2😁2
​​စစ်ကိုင်း၌ လူ ၁၀၀ ကျော် သေဆုံးသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရှုတ်ချ 
======================

စစ်ကိုင်းတိုင်း ကန့်ဘလူ၌ လူ ၁၀၀ ကျော်ထက်နည်း သေဆုံးသည့် မြန်မာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ပြစ်တင်ရှုတ်ချသည်။
 
“အတွင်းရေးမှူးချုပ်ဟာ အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကျမှုကို ထပ်လောင်းပြောဆိုပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ စတိဖင် ဒူဂျာရစ်က ထုတ်ပြန်ချက်၌ ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှု၌ လက်သည်များအားလုံး တာဝန်ခံစေရမည်ဖြစ်ကြောင်းလည်း ဂူတာရပ်က ထပ်လောင်းပြောဆိုသည်။ 

မြန်မာနိုင်ငံအနှံ့အပြား၌ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျုးလွန်နေခြင်းအား ရပ်တန့်လည်း စစ်ကောင်စီကို ၎င်းက ထပ်လောင်းတိုက်တွန်းသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်ချိန်မှစကာ ဝရုန်းသုန်းကားအခြေအနေ ဆိုက်ရောက်လျက် ရှိသည်။
👍12🤮6❤1🔥1
စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန် စည်ကားမှာလား
===============================

စစ်ကောင်စီက ဒီနှစ် ၂၀၂၃ ခုနှစ် သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ သူတို့ထိန်းချုပ်လို့ ရနေတဲ့ ဒေသတွေမှာ စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေပါပြီ။

စစ်ကောင်စီ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်က စလို့ မနှစ်ကအထိ သင်္ကြန်ကာလဟာ စည်ကားခြင်း မရှိဘဲ ခြောက်ခြောက်ကပ်ကပ် ပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

မြို့ထဲတွေမှာ စစ်ကောင်စီ တပ်သားတွေကပဲ ရေပက်တာမျိုး လုပ်ပြီး တခြားသူတွေက ရေပက်ခံထွက်တာ၊ ရေပက်တာ မတွေ့ရပါဘူး။ ဒါပေမယ့်လည်း အရင်နှစ်နှစ်က သင်္ကြန်ကာလမှာ စစ်ကောင်စီက မဏ္ဍာပ်တွေ ဆောက်ပြီး ကြီးကြီးကျယ်ကျယ် သင်္ကြန် မကျင်းပပါဘူး။

ဒီနှစ်မှာတော့ မြို့ကြီးတွေမှာ ငြိမ်းချမ်းပြီး စည်ကားနေသယောင် ပုံရိပ်ကို ပြသချင်တဲ့အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ စစ်ကောင်စီ ထိန်းချုပ်လို့ရတယ်လို့ ထင်ရတဲ့ နေရာတွေမှာ ဝန်ကြီးဌာန မဏ္ဍာပ်တွေ ဆောက်လုပ်ပြီး သင်္ကြန်စည်ကားတယ်ဆိုတဲ့ ပုံဖမ်းဖို့ စီစဉ်နေပါတယ်။

မြန်မာပြည်မှာ စစ်ကောင်စီ အာဏာသိမ်းချိန်က စပြီး ပွင့်လင်းရာသီ ပွဲလမ်းတွေ ပျောက်ဆုံးကုန်ပြီး ပြည်သူလူထုက တိတ်တိတ်ဆိတ်ဆိတ်နဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ ပါတယ်။ စစ်ကောင်စီ လက်အောက်မှာ ဘယ်သူမှ မပျော်နိုင်ဘူးဆိုတာကို ပြသကြတာ ဖြစ်ပါတယ်။

https://youtu.be/pKwQyraG1dc

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁14👍4
ကြို့ပင်ကောက်မြို့နယ်တွင် မဟာအတာသင်္ကြန်အကြို သပိတ်ပြုလုပ်
❤9👍5🔥1
ကြို့ပင်ကောက်မြို့နယ်တွင် မဟာအတာသင်္ကြန်အကြို သပိတ်ပြုလုပ်
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ−ဗကသများအဖွဲ့ချုပ်က မဟာအတာသင်္ကြန်အကြိုသပိတ်အနေဖြင့် ဧပြီလ ၁၁ ရက်နေ့တွင် ပေပင်ခုံရွာ၌ စာတန်းချိတ်ဆွဲခြင်း၊ စာသားရေးဆွဲခြင်းများပြုလုပ်သည်။

"အခုရည်ရွယ်ချက်ကတော့ သင်္ကြန်အကြိုပေါ့ ။ စစ်ကောင်စီသင်္ကြန်ပွဲကို မပါဝင်ဖို့နဲ့ ပြည်သူတွေသွေးမအေးဖို့ပါပဲ" ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ−ဗကသများအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့တွင်ဖြစ်ပွားသွားသော ကန့်ဘလူမြို့နယ် ၊ ပင်ဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအား ၎င်းတို့အနေဖြင့် အလွန်စိတ်မကောင်းဖြစ်ရကြောင်းပြောသည်။

"ရန်သူကတော့သူ့အလုပ်သူလုပ်နေတယ် ရန်သူပီသနေတယ်ဗျ ။ ကျနော်တို့ဖက်ကလည်း ရန်ငါစည်းပြတ်ဖို့လိုလာပြီဗျ။ ပြည်သူလူထုအနေနဲ့ အနိမ်ဆုံးလုပ်ဟန်ဖြစ်တဲ့ social punishment နဲ့ boycottတွေမှာပါဝင်ပေးဖို့ပြောချင်ပါတယ်" ဟု ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ−ဗကသများအဖွဲ့ချုပ်က ပြည်သူများအား သတိပေးစကားဆိုသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

# Mizzima
#မဟာအတာသင်္ကြန်အကြို သပိတ်
# ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3🔥1
​​ကမ္ဘာကြီးက နားလေးတယ်
==========

Cartoon - ဇော်ကြီး (ကန်မြဲ)

#ကန့်ဘလူ
#ပဇီကြီး
#MizzimaTV
#Cartoon
👍16❤2💩1
​​“တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” စာသားပါဘန်နာအား ရန်ကုန်မြို့တစ်နေရာရှိ လူကူးဂုံးကျော်တွင် YRF ရဲဘော်များ သွားရောက်ချိတ်ဆွဲ
========================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တစ်နေရာရှိ လူကူးဂုံးကျော်တစ်ခုတွင် ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းက “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” စာသားပါဘန်နာအား Yangon Revolution Force - YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များက သွားရောက်ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

“တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” စကားမှာ ပြည်သူနှင့်အတူ အမှန်တရားဘက်တွင် ရပ်တည်ကြသော အနုပညာရှင်များရိုက်ကူးထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်၏ ဇာတ်ဝင်ခန်းတစ်ခုမှ ဒိုင်ယာလော့ဖြစ်သည်။

ထိုဒိုင်ယာလော့ကိုယူ၍ ဘန်နာချိတ်ဆွဲရသည့်ရည်ရွယ်ချက်မှာ “ကျွန်တော်တို့ နိုင်ငံတစ်ဝန်းက ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုများစွာကို ခံစားနေရပါတယ်။ မနေ့က ကန့်ဘလူလိုကိစ္စမှာဆိုလည်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ကြေကွဲခံစားနေရပါတယ်။ စစ်ကောင်စီနဲ့ သူတို့အသိုင်းဝိုင်းကလည်း တိုင်းပြည်ပုံမှန်လည်ပတ်သယောင် ဝါဒဖြန့်ဖို သကြင်္န်ပွဲတော်ကို အကြီးအကျယ်ကျင်းပဖို့ ကြိုစားနေကြပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ဒဏ်ခံစားနေရတဲ့ သူတွေကို စာနာကိုယ်ချင်းစာသောအားဖြင့် ဒီလိုပွဲလမ်းတွေရှောင်ရှားပြီး တိုးတိုးတိတ်တိတ်ပျော်ရွှင်ပေးကြဖို့ ပြောချင်တာပါ။” ဟု Yangon Revolution Force မှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမ ကို ဖြေကြားသည်။

စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ၎င်းတို့အုပ်ချုပ်ခွင့်ရသည့်ပုံစံမျိုး ကမ္ဘာကိုပြသရန်၊ တိုင်းပြည်ပုံမှန်လည်ပတ်သယောင် ဝါဒဖြန့်ချိရန် ပျော်ပွဲရွှင်ပွဲများပါဝင်သည့် ပွဲလမ်းသဘင်များစွာကို ပြုလုပ်ခဲ့သလို ယခုအခါတွင်လည်း မြန်မာ့နှစ်ကူးအချိန်ခါကို အသုံးချ၍ သင်္ကြန်ပွဲတော်အတွက် အစွမ်းကုန်ပြင်ဆင်မှုများရှိကြောင်း သိရသည်။

သို့သော်လည်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် စစ်ဒဏ်ခံနေရသော ဒေသများ၊ စစ်ဘေးရှောင်များစွာရှိနေသလို တော်လှန်ရဲဘော် ပြည်သူများကိုလည်း ငဲ့ကွက်၍ စစ်ကောင်စီနှင့် အပေါင်းအပါများကျင်းပပြုလုပ်မည့် ပွဲများတွင် သွားရောက်ဆင်နွှဲခြင်းမပြုရန် Yangon Revolution Force - YRF မှ တောင်းဆိုလာသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကုန်မြို့
#လူကူးဂုံးကျော်
#YRF
#စစ်ကောင်စီတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤6❤‍🔥1😁1
ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်ချ
================

(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Happy ‌စားသောက်ဆိုင်တွင် ဖမ်းဆီးခံရသည့် KIO / KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသော KIO / KIA အရာရှိများအပါအဝင် အဖွဲ့ဝင် ၁၃ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ်ငါးနှစ်စီ အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ သတင်းရင်း မြစ်က ပြောသည်။

“စဖမ်းထားတုန်းကတော့ တွေ့ခွင့်မပေးဘူး ဆိုတာဟုတ်တယ်၊ အခုတော့ စားစရာတွေ ပစ္စည်းတွေပို့လို့ရ ပြီ၊ သူတို့ဘက်က စာတောင်ပို့တာ ဟုတ်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ KIO/KIA အဖွဲ့ဝင် ၁၃ ဦးကို မြစ်ကြီးနားအကျဉ်းထောင်တွင်း အထူးတရားရုံးမှ ဧပြီ ၇ ရက်တွင် ယခုကဲ့သို့ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
KIO/KIA အဖွဲ့ဝင် ၁၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် (ရွှေလမ်းမကြီးလမ်း)ရှိ Happy KTV တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှု ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီးပြီးနောက် ဆက်စပ်နေသူ များကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#KIAတပ်ဖွဲ့ဝင်၁၃ဦးဖမ်းဆီးခံရ
#ထောင်ငါးနှစ်ချ
#စကစ
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6❤1🔥1
Special Force Column မှ ရဲဘော်များက တော်လှန်သင်္ကြန်အတွက်ဆုတောင်း
=====================

(မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးအတွင်း ကျရောက်မည့် ၂၀၂၃ ခုနှစ်တော်လှန်သင်္ကြန်နဲ့ပတ်သက်၍ Special Force Column - PDF Commando Battalion ကွန်မန်ဒို ရဲဘော်တပ်သားများ၏ ဆုတောင်း မေတ္တာရပ်ခံလွှာကို ဗွီဒီယိုဖိုင်မှ တစ်ဆင့်ထုတ်ပြန်လာသည်။

အဆိုပါထုတ်ပြန်ချက်ဗွီဒီယိုတွင် ပြည်သူများအနေဖြင့် တော်လှန်သင်္ကြန်ကိုသာဆင်နွှဲရန်၊ စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေရန်အပါအဝင် မိဘပြည်သူအပေါင်း ကျန်းမာပါစေကြောင်း ပါရှိသည်။

Special Force Column - PDF Commando Battalion သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တောင်ပိုင်းစစ်ဒေသခွဲ (၂) ၏ အထူးစစ်ဆင်ရေး တပ်ရင်းတစ်ခုဖြစ်သည်။

https://youtu.be/yv_yngoCHXI

စာတည်း ။ ။ Alden

#အထူးစစ်ဆင်ရေးတပ်ရင်း
#တော်လှန်သင်္ကြန်
#မေတ္တာရပ်ခံ
#PDF

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤5😁1
​​ဘားအံ မြို့မရဲစခန်းနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
==============

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံမြို့မရဲစခန်းအရှေ့တွင် မိုင်းပေါက်ကွဲသံကြားရကြောင်း ဒေသခံများထံက သိရသည်။

" ဘားအံမြို့မရဲစခန်းရှေ့မှာဖြစ်တာပါ။ အထိအခိုက်တော့မရှိပေမယ့် အနီးအနားတော့ နားတွေပါ အူတယ်"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဘားအံမြို့အလယ်၊ နာရီစင်အကျော်ရှိ မြို့မရဲစခန်းအရှေ့၊ အုတ်တံတိုင်းအနားတွင် အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

" မိုင်းကတော့ အသံတော့ကြမ်းပေမဲ့ လက်လုပ်ပဲဆိုတော့ လူအထိအခိုက်တော့မရှိပါ။ အဲ့အချိန်က မိုးမလင်းသေးတော့ လမ်းလူအသွားအလာလည်းနည်းတယ်။ ဘားအံမှာက ရန်ကုန်လို ခွဲပြီးရင် အဲ့လိုကြေညာတဲ့အဖွဲ့တွေမရှိဘူး " ဟု နောက်ထပ်ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် မြို့အဝင်မြို့အထွက် ဆိုင်ကယ်များ စစ်ဆေးနေကြောင်း၊ ဘားအံ ကမ်းနားလမ်းရှိ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း ဒေသခံတစ်ဦး​၏ ပြောကြားချက်အရ သိရသည်။

ဒါ့အပြင် ဘားအံမြို့တွင် သင်္ကြန်ကာလအတွင်း အန္တရာယ်ပြုမည်ဟု မသင်္ကာသူမှန်သမျှအား အချိန်မရွေး ပစ်ခတ်ဖမ်းဆီးခွင့် ပစ်မိန့်ပေးထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိဖြင့် သွားလာနေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

" ကျွန်မတို့ ဘားအံမှာ သူတို့ပစ်မိန့်ပေးထားပါတယ် သတင်းကြားတယ်။ ပြည်သူတွေသတိနဲ့ သွားလာရပါတယ်" ဟု ပြောသည်။
ယခုနှစ်သင်္ကြန်အား ဘားအံမြို့နယ်၊ ကမ်းနားလမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စစ်ကောင်စီမှ ပြင်ဆင်ထားပြီး လုံခြုံရေးချထားကာ စည်းမျဉ်းများ အထူးကြပ်မတ်ထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဘားအံ
#မြို့မရဲစခန်းနား
#ဗုံးပေါက်ကွဲမှု
#သင်္ကြန်
ဓါတ်ပုံ- U U Hpa- An Thar
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2