Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်ချ
================

(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ Happy ‌စားသောက်ဆိုင်တွင် ဖမ်းဆီးခံရသည့် KIO / KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသော KIO / KIA အရာရှိများအပါအဝင် အဖွဲ့ဝင် ၁၃ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ်ငါးနှစ်စီ အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ သတင်းရင်း မြစ်က ပြောသည်။

“စဖမ်းထားတုန်းကတော့ တွေ့ခွင့်မပေးဘူး ဆိုတာဟုတ်တယ်၊ အခုတော့ စားစရာတွေ ပစ္စည်းတွေပို့လို့ရ ပြီ၊ သူတို့ဘက်က စာတောင်ပို့တာ ဟုတ်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ KIO/KIA အဖွဲ့ဝင် ၁၃ ဦးကို မြစ်ကြီးနားအကျဉ်းထောင်တွင်း အထူးတရားရုံးမှ ဧပြီ ၇ ရက်တွင် ယခုကဲ့သို့ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
KIO/KIA အဖွဲ့ဝင် ၁၃ ဦးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် (ရွှေလမ်းမကြီးလမ်း)ရှိ Happy KTV တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှု ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီးပြီးနောက် ဆက်စပ်နေသူ များကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#KIAတပ်ဖွဲ့ဝင်၁၃ဦးဖမ်းဆီးခံရ
#ထောင်ငါးနှစ်ချ
#စကစ
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6❤1🔥1
Special Force Column မှ ရဲဘော်များက တော်လှန်သင်္ကြန်အတွက်ဆုတောင်း
=====================

(မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးအတွင်း ကျရောက်မည့် ၂၀၂၃ ခုနှစ်တော်လှန်သင်္ကြန်နဲ့ပတ်သက်၍ Special Force Column - PDF Commando Battalion ကွန်မန်ဒို ရဲဘော်တပ်သားများ၏ ဆုတောင်း မေတ္တာရပ်ခံလွှာကို ဗွီဒီယိုဖိုင်မှ တစ်ဆင့်ထုတ်ပြန်လာသည်။

အဆိုပါထုတ်ပြန်ချက်ဗွီဒီယိုတွင် ပြည်သူများအနေဖြင့် တော်လှန်သင်္ကြန်ကိုသာဆင်နွှဲရန်၊ စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေရန်အပါအဝင် မိဘပြည်သူအပေါင်း ကျန်းမာပါစေကြောင်း ပါရှိသည်။

Special Force Column - PDF Commando Battalion သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တောင်ပိုင်းစစ်ဒေသခွဲ (၂) ၏ အထူးစစ်ဆင်ရေး တပ်ရင်းတစ်ခုဖြစ်သည်။

https://youtu.be/yv_yngoCHXI

စာတည်း ။ ။ Alden

#အထူးစစ်ဆင်ရေးတပ်ရင်း
#တော်လှန်သင်္ကြန်
#မေတ္တာရပ်ခံ
#PDF

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤5😁1
​​ဘားအံ မြို့မရဲစခန်းနားတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
==============

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံမြို့မရဲစခန်းအရှေ့တွင် မိုင်းပေါက်ကွဲသံကြားရကြောင်း ဒေသခံများထံက သိရသည်။

" ဘားအံမြို့မရဲစခန်းရှေ့မှာဖြစ်တာပါ။ အထိအခိုက်တော့မရှိပေမယ့် အနီးအနားတော့ နားတွေပါ အူတယ်"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဘားအံမြို့အလယ်၊ နာရီစင်အကျော်ရှိ မြို့မရဲစခန်းအရှေ့၊ အုတ်တံတိုင်းအနားတွင် အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

" မိုင်းကတော့ အသံတော့ကြမ်းပေမဲ့ လက်လုပ်ပဲဆိုတော့ လူအထိအခိုက်တော့မရှိပါ။ အဲ့အချိန်က မိုးမလင်းသေးတော့ လမ်းလူအသွားအလာလည်းနည်းတယ်။ ဘားအံမှာက ရန်ကုန်လို ခွဲပြီးရင် အဲ့လိုကြေညာတဲ့အဖွဲ့တွေမရှိဘူး " ဟု နောက်ထပ်ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် မြို့အဝင်မြို့အထွက် ဆိုင်ကယ်များ စစ်ဆေးနေကြောင်း၊ ဘားအံ ကမ်းနားလမ်းရှိ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် လုံခြုံရေးများ တိုးမြှင့်ထားကြောင်း ဒေသခံတစ်ဦး​၏ ပြောကြားချက်အရ သိရသည်။

ဒါ့အပြင် ဘားအံမြို့တွင် သင်္ကြန်ကာလအတွင်း အန္တရာယ်ပြုမည်ဟု မသင်္ကာသူမှန်သမျှအား အချိန်မရွေး ပစ်ခတ်ဖမ်းဆီးခွင့် ပစ်မိန့်ပေးထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိဖြင့် သွားလာနေကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

" ကျွန်မတို့ ဘားအံမှာ သူတို့ပစ်မိန့်ပေးထားပါတယ် သတင်းကြားတယ်။ ပြည်သူတွေသတိနဲ့ သွားလာရပါတယ်" ဟု ပြောသည်။
ယခုနှစ်သင်္ကြန်အား ဘားအံမြို့နယ်၊ ကမ်းနားလမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စစ်ကောင်စီမှ ပြင်ဆင်ထားပြီး လုံခြုံရေးချထားကာ စည်းမျဉ်းများ အထူးကြပ်မတ်ထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဘားအံ
#မြို့မရဲစခန်းနား
#ဗုံးပေါက်ကွဲမှု
#သင်္ကြန်
ဓါတ်ပုံ- U U Hpa- An Thar
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
ဖားကန့်တွင် တော်လှန်သင်္ကြန် သံချပ်ထိုးပွဲ KPDF ကျင်းပ
=================

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဧပြီ ၁၂ ရက်၌ KPDF တပ်ဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သင်္ကြန် သံချပ် နှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

KPDF တပ်ဖွဲ့ဝင်များက စစ်အာဏာရှင် လက်အောက်တွင် ကျင်းပသော သွေးစွန်း သင်္ကြန် တွင် ပြည်သူများ မပါဝင်ဘဲ သပိတ်မှောက်ကြရန် နှိုးဆော်ခဲ့ကြပြီး တော်လှန် သင်္ကြန် သံချပ် ထိုးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြသည်။

KPDF တပ်ဖွဲ့ဝင်များက ပြည်သူများ သွေးစွန်းသင်္ကြန် တွင် မပါဝင်ကြရန်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် သွေးမအေးသွားကြဘဲ တော်လှန်ရေး အောင်မြင်သည့် အထိ ပြည်သူတစ်ရပ်လုံးအင်တိုက်အားတိုက်ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ခဲ့ကြပြီး စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ တွင် စစ်ကောင်စီ တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသည့် ပြည်သူ များ အတွက် ဝမ်းနည်းခြင်း အခမ်းအနားလည်းပြုလုပ်ခဲ့ကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#တော်လှန်သင်္ကြန် သံချပ်ထိုးပွဲ
#KPDF
👍15❤3🔥1
This media is not supported in your browser
VIEW IN TELEGRAM
April - 12 [12 Pm] Mizzima News Hour

Mizzima Headline News
#12pmnews
#mizzimanewshour
#reels
#shorts
👍6❤1🤮1
စစ်ကောင်စီ၏လူမဆန်မှု့အားပြတ်သားစွာအရေးယူမှုအမြန်လုပ်ဆောင်ရန်ကမ္ဘာ့နိုင်ငံအသီးသီးအားထပ်မံတိုက်တွန်း
=====================

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လူမဆန်တဲ့ လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်NUCCက ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထားကာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်ပြီး အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် NUCCက သဘောထား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

https://youtu.be/NAH2699KUTY

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18🤮1
အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ထပ်မံဖြစ်ပွား
အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ထပ်မံဖြစ်ပွား
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရန်ကုန်−မန္တလေးအမြန်လမ်း၊ မန္တလေးဘက်ခြမ်းတွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါလာသူ သုံဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ(အသက်အန္တရာယ်စိုးရိမ်ရ) သွားသည်ဟု သွားရောက်ကူညီကယ်ဆယ်ပေးခဲ့သော မိတ္ထီလာမြို့နယ်ရှိ ပြည်သာယာလူမှုကူညီရေးအသင်းမှ ပြောသည်။

"ရန်ကုန်ဘက်ကနေလာတဲ့ ကားပါ၊ ကားပေါ်မှာ သုံးဦးပါတယ်၊ ယာဉ်မောင်းလာသူက နေရာမှာတင်ဆုံးသွားပါတယ်၊ အမျိုးသမီးတစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရတယ်၊ ပြင်းထန်တယ်၊ ဆေးရုံပို့ထားပါတယ်၊ အခြေအနေကတော့မကောင်းပါဘူး၊ ကျန်သက်ကြီးပိုင်းအမျိုးသမီးကတော့ ဒဏ်ရာမပြင်းထန်ပါဘူး" ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှ ပြောသည်။

ရန်ကုန်−မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Honda Airwave အိမ်စီးယာဉ်သည် မိုင်တိုင်အမှတ် ၃၀၅/၁ အနီးအရောက်တွင် လမ်းလယ်ကျွန်းကို ဝင်တိုက်မိကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းနှင့်အတူ ဒဏ်ရာရသူနှစ်ဦးအား မိတ္ထီလာဆေးရုံသို့ပို့ဆောင်ထားသည်ဟု ဆိုသည်။

ယခုယာဉ်မတော်တဆမှုနှင့်ဆိုလျှင် ယခုဧပြီလအတွင်း ရန်ကုန်−မန္တလေးအမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုပေါင်း ရှစ်ကြိမ်ဖြစ်ပွားထားပြီး၊ အမျိုးသမီး လေးဦး၊ အမျိုးသား ငါးဦး သေဆုံးကာ၊ စုစုပေါင်း ကိုးဦးသေဆုံးထားကာ ရှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိတ္ထီလာမြို့နယ်
#ရန်ကုန်မန္တလေး
#အမြန်လမ်း
#ယာဉ်မတော်တဆမှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢2
ဧပြီလ (၁၂) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:05 -အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကလေးတွေနဲ့ အမျိုးသမီးတွေအများဆုံးပါဝင်တဲ့သတင်း

02:33 - ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီတည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေကို တရုတ် ငင်းဆိုတဲ့သတင်း

06:07 - မန္တလေးမှာ သင်္ကြန်မဏ္ဍပ်တွေကို လုံခြုံရေးများစွာချပြီး ဆောက်လုပ်နေတဲ့သတင်း

07:01 - အကြမ်းဖက် စစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်အုပ်စုကို ပြတ်သားစွာ အရေးယူမှု အမြန်လုပ်ဆောင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကို ထပ်မံတိုက်တွန်းတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/7BpieWj5_4Y

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3👍3