Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထားဝယ်သပိတ်ခေါင်းဆောင်ကို ဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမည်ဟု စစ်ကောင်စီက ၀ရမ်း ကြော်ငြာကပ်
😁13🤮3👍1
ထားဝယ်သပိတ်ခေါင်းဆောင်ကို ဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမည်ဟု စစ်ကောင်စီက ၀ရမ်း ကြော်ငြာကပ်
===================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ လူထုလှုပ်ရှားမှုများတွင် ပါဝင်သူ၊ သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကို ဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမည်ဟု ဧပြီ ၁၂ ရက်နေ့တွင် ဝရမ်း ကြော်ငြာကပ်ထားကြောင်း သိရသည်။

၎င်းကို စစ်ကောင်စီတပ်က အပူတပြင်းအလိုရှိနေသည့်ပုံစံဖြင့် စျေးနှင့် လူစည်ကားရာ နေရာများအပြင် လမ်းဘေးဓာတ်တိုင်များတွင်ပါ ပုံနှင့်တကွ ၀ရမ်း ကြော်ငြာကပ်ထားခြင်း ဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။

“ အခု ၀ရမ်းစာ ကပ်တဲ့ အထဲမှာ အဓိက ဘာပါလည်းဆိုတော့ ကျွန်တော်အနေနဲ့ လောင်းလုံးမြို့နယ်မှာ ရပ်ရွာတည်ငြိမ် အေးချမ်းမှုကို ဆူပူအောင် လုပ်တယ် ဆိုပြီးပါတယ်။ ဘယ်သူမဆို ကျွန်တော့်ကို ဖမ်းပေးသူရှိရင် ငွေကျပ် သိန်း ၃၀၀ ပေးမယ် ဆိုပြီး ၀ရမ်းကပ်စာမှာ တွေ့ရတယ်”ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးက ပြောသည်။

သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုများ ရှိနေသည့်ကြားမှ မိမိကိုယ်ကိုလုံခြုံစေရန် စီမံနေထိုင်ရ၍ ယခုဝရမ်းကပ်မှုသည် ကြီးမားသော ခြိမ်းခြောက်မှုမဟုတ်ဟုလည်း ၎င်းကဆိုသည်။

လက်ရှိ စစ်ကောင်စီမှအလိုရှိနေသူ ကိုမင်းလွင်ဦးသည် ၂၀၂၁ ခုနှစ် မတ်လ ကတည်းက ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားသူဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လထဲတွင်လည်း အကြမ်းဖက် ဥပဒေအရ အရေးယူခံထားရသည့် တရားခံပြေး စာရင်းတွင် ပါဝင်နေသူဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ထားဝယ်သပိတ်ခေါင်းဆောင်
#မင်းလွင်ဦး
#ဝရမ်းကပ်
#သိန်း၃၀၀
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮11❤2🔥1
ဧပြီလ ( ၁၂ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:04 - ပဇီကြီးရွာမှ ရုပ်အလောင်းတွေ မကောက်နိုင်ဖို့ စစ်ကောင်စီက လေကြောင်းကင်းထောက်နေလို့ ရှာဖွေကယ်ဆယ်ရေးတွေ ရပ်နားထားရတဲ့သတင်း

02:28 - ယင်းမာပင်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် (၅) တန်းကျောင်းသူ ၁ ဦးသေဆုံးတဲ့သတင်း

03:32 - KIA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်ကောင်စီက ထောင် ၅ နှစ်ချတဲ့သတင်း

04:50 - သင်္ကြန်မှာ စစ်ကောင်စီက အကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုတွေကို အထင်လွဲအောင်လုပ်နိုင်ကြောင်း NUG ခေါင်းဆောင်တွေက သတိပေးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/4hJ5iHvtCt4

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤬2🤮1
This media is not supported in your browser
VIEW IN TELEGRAM
ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ
ကူညီတည်ဆောက်နေတယ်ဆိုတဲ့ သတင်းများအား တရုတ် ငြင်းဆို

Watch more detail -
https://youtu.be/uYK_kPUXw4Q

#PoliticalNews #NLD #VideoNews #shorts #reels
👍3👏1😁1
​​Lion Battalion Commando စာမျက်နှာအတု ထွက်ပေါ်
==================

JC
(မဇ္ဈိမ)။ ။Lion Battalion Commando အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာအတုထွက်ပေါ်နေပြီး အလှူငွေ ကောက်ခံနေမှုများရှိနေသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေးလှုပ်ရှားလျက်ရှိသည့် ဗိုလ်အယ် စေးဝါးဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းအမည်အသုံးပြုကာ ဖေ့စ်ဘုတ် စာမျက် နှာအတုတစ်ခု ထွက်ပေါ်နေသည်။

ထို Lion Battalion Commando ဖေ့စ်ဘုတ်နှာအတုသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင် အသုံးပြုခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါစာမျက်နှာအား ကြိုက်နှစ်သက်သူ ၁,၀၀၀ ကျော်ရှိပြီး follow လုပ်ထားသူ ၁,၉၀၀ ကျော်ရှိနေသည်။

ထိုပေ့ချ်တွင် ဒဏ်ရာရရဲဘော်များအတွက် ဆေးကုသစရိတ်များလိုအပ်နေသောကြောင့် လှူဒါန်းပေးကြ ရန်မေတ္တာရပ်ခံကြောင်း၊ အလှူရှင်များအတွက် မှတ်တမ်းလွှာထုတ်ပေးရန်ကြန့်ကြာနေသဖြင့် တောင်း ပန်ကြောင်းများအပြင် အခြားတော်လှန်ရေးစာမျက်နှာကိုလည်း Like ပြုလုပ်ထားကြရန် တိုက်တွန်းထား သည်။

မဇ္ဈိမမှ Lion Battalion Commando ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ထိုပေ့ချ်နှင့် ပတ်သက်၍ မေးမြန်းရာတွင် “အတုပါခင်ဗျာ။ ပြည်သူတွေအနေနဲ့ အဲဒီအကောင့်ကို (Report) ဝိုင်းထုပေးကြပါ။ နောက်ပြီး လိုင်းပေါ်တင်ပေးကြပါခင်ဗျာ။ ကျွန်တော်တို့အဖွဲ့ အလုပ်ရှုပ်နေလို့ပါ” ဟု စာဖြင့် ပြန်လည်ဖြေ ကြားသည်။
တရားဝင်စာမျက်နှာမှာ ကြိုက်နှစ်သက်သူ ၁၆၆,၀၀၀ ကျော်ရှိပြီး အမည်မှာလည်း “Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်း” ဖြစ်သည်။ စာမျက်နှာ အစစ်လင့် - https://bit.ly/3MFgMU2

စာမျက်နှာအတုမှဖော်ပြထားသည့် အခြားတော်လှန်ရေးစာမျက်နှာများသည် “Generation Defense.Force” “Smile Hucker UG” “ဖားရွှေကျော်တော်လှန်ရေးတပ်ဖွဲ့” စသည့် စာမျက်နှာများဖြစ် ပြီး ယခုနှစ် မတ်လ ၂၇ ရက်နှင့် ၂၉ ရက်နေ့ကမှ စတင်အသုံးပြုခြင်းဖြစ်သည်။

ဖော်ပြပါစာမျက်နှာများအနက် “ဖားရွှေကျော်တော်လှန်ရေးတပ်ဖွဲ့” ဟူသည့်စာမျက်နှာသည် ရွှေဘိုခရိုင်၊ ယင်းမာပင်မြို့နယ်တဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် “ဖားရွှေကျော်” အဖွဲ့အား တုပထားခြင်းဖြစ် သည်။

“ဖားရွှေကျော်” ၏ တရားဝင်ဖေ့စ်ဘုတ် စာမျက်နှာအစစ်အား မဇ္ဈိမမှမေးမြန်းရာတွင် မိမိတို့ လက်ရှိသုံး နေသည့် စာမျက်နှာတစ်ခုတည်းသာ အမှန်ဖြစ်ကြောင်းနှင့် စာမျက်နှာအတုမှာ မည်သည့်ရည်ရွယ်ချက် ဖြင့်ဖွင့်ထားသည်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဖားရွှေကျော် အစစ်- https://bit.ly/3KSkl84
ဖားရွှေကျော် စာမျက်နှာအတုအပြင် ၎င်းတို့ဖော်ပြထားသည့် စာမျက်နှာအတုများတွင် သတင်းရင်းမြစ် မတိကျဘဲ လူထုအား စိတ်ဓါတ်တက်ကြွစေမည့် “ပျော်စေ စခန်းသိမ်းလိုက်ပြီ” စသဖြင့် စာများ မျှဝေလေ့ ရှိသည်။

ထို့ပြင် အဆိုပါ စာမျက်နှာအတုများတွင်လည်း အလှူငွေများ ကောက်ခံလျက်ရှိပြီး အလှူရှင်များအား အသိအမှတ်ပြုသည့် အလှူဖြတ်ပိုင်းများအားလည်း ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
ထို့ကြောင့် ဖော်ပြပါ “Lion Battalion” နှင့်အတူ “Generation Defense.Force” “Smile Huker UG” နှင့် “ဖားရွှေကျော်တော်လှန်ရေးတပ်ဖွဲ့” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာများသည် စာမျက်နှာအတုများဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များအား လှူဒါန်းနေသည့်အလှူရှင်များအနေဖြင့် မိမိလှူဒါန်းမည့်သူနှင့် အဖွဲ့ အစည်းများအား စိစစ်ပြီးမှသာ လှူဒါန်းကြရန် ဖော်ပြလိုက်ရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#PDF_Fake_Page
#Lion_Battalion
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤2😁1
​​မြန်မာဆီ လက်နက်စီးဝင်မှု နိုင်ငံတကာအသိုက်အဝန်းက ရပ်တန့်ပစ်ရန် လိုအပ်ဟု ကုလသမဂ္ဂ အထူးသံတမန် ပြော 
===================

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံဆီ လက်နက်စီးဝင်မှု ရပ်တန့်ပစ်ရန် လိုအပ်ပြီး မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ကောင်စီအပေါ် ညှိနှိုင်းဖော်ဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အတူတကွ လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ကုလသမဂ္ဂ အထူးသံတမန် တွမ် အင်ဒရူးက ဧပြီ ၁၂ ရက်တွင် ပြောသည်။ 

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီကို ထောက်ပံ့နေလျက် ရှိသည်ဟု ၎င်းက မှတ်ချက်ပြုကာ ယင်းသို့သော နိုင်ငံများကို စစ်ကောင်စီထံ လက်နက်ပေးပို့ခြင်းများ ရပ်တန့်အောင် နိုင်ငံများအနေဖြင့် တွန်းအားပေးရမည်ဖြစ်ကြောင်း တိုက်တွန်းသည်။ 

“ကျွန်တော် မျှော်လင့်မိတာကတော့ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ဖိအားပေးလာလိမ့်မယ် ဆိုတာပါ၊ လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ နည်းပညာ ပေးတာ၊ လက်နက်ထုတ်လုပ်ဖို့ အသုံးပြုနိုင်တဲ့ ကုန်ကြမ်းပေးတာတွေ ရှိနေတဲ နိုင်ငံတွေကို ဖိအားပေးလာလိမ့်မယ်”ဟု လူဒါဇင်များစွာ သေဆုံးသော လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့ပြီး နောက်တစ်ရက်၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် တွမ် အင်ဒရူးက CNA သတင်းဌာနသို့ ပြောသည်။
👍11❤5😁1
သင်္ကြန်မှာစကစကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကိုလွှဲချနိုင်ကြောင်းNUGသတိပေး
====================

စစ်ကောင်စီအနေနဲ့ လူစည်ကားရာ နေရာများ ပွဲတော်တွေမှာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိတာကြောင့် ပြည်သူများ အနေနဲ့ များစွာသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက သတိပေးလိုက်ပါတယ်။
သင်္ကြန်နှစ်သစ်ကူးကာလ မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက်လုပ်ဆောင်ပြီး တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ် စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ကပြောပါတယ်။

https://youtu.be/8Lc0jJt2fl0

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ခက်ခဲတဲ့တန်ပြန်ထိုးစစ်အတွက် ယူကရိန်းအသင့်ပြင်

#internationalnews #reels #shorts
👍11🔥2
ကျောက်ကြီးတွင် ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီးအကူအညီလိုအပ်နေ
👍6🔥3
ကျောက်ကြီးတွင် ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီးအကူအညီလိုအပ်နေ
========================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂,၆၉၃ ဦး နေအိမ်စွန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ယမန်နေ့က ထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဘောကထာစစ်ကောင်စီ တပ်စခန်းမှ ကျောက်ကြီးမြို့နယ်၊ မဘီကျေးရွာနှင့် ပဒဲကောကျေးရွာအတွင်း လက်နက်ကြီးခြောက်လုံးခန့် ပစ်ခတ်ခဲ့ရာ မဘီကျေးရွာအတွင်း လေးလုံး၊ ပဒဲကောကျေးရွာအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မဘီကျေးရွာအတွင်းရှိ သိက္ခာတော်ရ ဆရာ စောလယ်မူး​၏ နေအိမ် ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မဘီကျေးရွာနှင့် ပဒဲကောကျေးရွာမှ ဒေသခံ ၂,၆၉၃ ဦးခန့်သည် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

“ ရွာလုံးကျွတ်တွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒီနေ့လည်း PDF တွေ ရွာထဲမှာ ရှိတယ်ဆိုတဲ့ အထင်နဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာ၊ ခြောက်ချက်လောက်တော့ ရှိတယ်၊ နေ့လယ်လောက်ကျတော့ ထပ်မပစ်တော့ပါဘူး" ဟု ဒေသတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အရေအတွက်များစွာ ပါဝင်ပြီး နွေရာသီ ရာသီဥတုပူ၍ ကလေးငယ်များ ဖျားနာမှုများပြားနေကြောင်း၊ ဆန်နှင့် ဆေးဝါး လိုအပ်ချက်မြင့်တက်နေသော်လည်း စစ်ဘေးရှောင်များအား သီးသန့်အကူအညီပေးနေသော အဖွဲ့အစည်းများ မရှိသေးကြောင်း သိရသည်။

" ရာသီဥတု ပူတော့ ကလေးတွေ ဖျားနာတာတွေ ရှိတယ်။ လက်ရှိ ကျွန်တော်တို့ပဲ အနည်းငယ်လိုအပ်တာလေးတွေ ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်နေတာကတော့ ဆန်နဲ့ဆေးဝါးတွေပါပဲ" ဟု ဒေသတွင်းလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယခု ဘောကထာစခန်းတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် ဘောကထာစခန်းသို့ အထိုင်ချရန် လာနေစဉ်ကာလကတည်းက ခြေကုတ်စခန်းများမှနေ၍ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ ယခု ဘောကထာစခန်းသို့ရောက်သည့်အချိန်တွင်လည်း ကျေးရွာများအတွင်း ပစ်ခတ်နေဆဲဖြစ်ကြောင်း KNU ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ​ဧပြီလ ၄ ရက်နေ့ကလည်း ဆင်မတောင်၊ ခြေတော်ရံ၊ ဆိပ်ကြီး ခြေကုတ်စခန်းများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာမှ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စပ်လဲရွာ၊ ပတူးရွာနှင့် လော်မူသောရွာမှ ဒေသခံ ၁,၀၅၆ ဦး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
#KNU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2❤1
​​ဟားခါးမြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာ
===================

မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံးပြည်သူပိုင်အဖြစ်သိမ်းပိုက်လိုက်ကြောင်း CDF-Hakha Council က ဧပြီ ၁၂ ရက်နေ့တွင် ကြေညာသည်။

'' ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ် အတွင်းရှိ ပါတီ၏ ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ယနေ့ (ဧပြီ ၁၂ ရက်) မှစ၍ ပြည်သူပိုင်အဖြစ် သိမ်းလိုက်သည်” ဟူ၍ ကြေညာချက်တွင်ဖော်ပြသည်။

ထို့အတူ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်ကြေညာစာတွင်ရေးသားထားသည်။ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အသစ်ဝင်လာသော စစ်ကောင်စီဝန်ထမ်းများအားလုံး ၂၀၂၃ ခုနှစ် မေလမကုန်မီ ပြည်သူပိုင် အိမ်ယာများမှ ဆင်းပေးရန် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း ထုတ်ပြန်ထားသေးသည်။

ထို့အတူ တစ်ခြားနယ်မှ ပြောင်းရွှေ့လာသော ဝန်ထမ်းများအားလုံးသည်လည်း ဟားခါးမြို့နယ်မှ ထွက်ခွာရမည် ဖြစ်ပြီး အမိန့်လိုက်နာခြင်းမရှိပါက လိုအပ်သလိုအရေးယူမည်ဟု CDF-Hakha က အသိပေးထားသည်။

လက်ရှိတွင် ချင်းပြည်နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာမူထန်းသည် နိုင်ငံတော်ကောင်စီဝင်အဖြစ် ခန့်အပ်ခြင်းခံထားရသူတစ်ဦးလည်းဖြစ်သည်။

စာတည်း။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

# Mizzima
#CDF-Hakha Council
#ပြည်သူပိုင်သိမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤2🔥1👏1😁1
ထိုင်းတွင် မြန်မာသားအမိ ၂ ဦးကို သေဆုံးလျက် တွေ့ရှိ
========================

ထိုင်းနိုင်ငံ လမ်ဖွန်ခရိုင် မူအန်းဒေသရှိ အိမ်ခန်းတစ်ခု၌ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် သူမ၏ အသက် ရှစ်နှစ်အရွယ် သားဖြစ်သူတို့ ရိုက်နှက်ခံရ၍ သေဆုံးလျက် ရှိသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့ တွေ့ရှိခဲ့သည်။ ယခုအခါတွင် ပျောက်နေသည့် သူမ၏ ခင်ပွန်းဖြစ်သူကို သက်ဆိုင်ရာက လိုက်လံရှာဖွေလျက် ရှိသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢3🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်နဲ့အမေရိကန်တို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

#internationalnews #reels #shorts
👍15🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၁၂ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

စက်ရုပ်ဝန်ထမ်းတွေ စားပွဲထိုးတဲ့ စားသောက်ဆိုင်အကြောင်းနဲ့ အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်း တိုးထုတ်မယ့်အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/XVWsFqmyPXY

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🤮4
This media is not supported in your browser
VIEW IN TELEGRAM
သင်္ကြန်မှာစကစကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကိုလွှဲချနိုင်ကြောင်းNUGသတိပေး

Watch more detail - https://youtu.be/8Lc0jJt2fl0

#PoliticalNews #VideoNews #shorts #reels #NUG
👍11🔥1👏1