သင်္ကြန်မှာစကစကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကိုလွှဲချနိုင်ကြောင်းNUGသတိပေး
====================
စစ်ကောင်စီအနေနဲ့ လူစည်ကားရာ နေရာများ ပွဲတော်တွေမှာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိတာကြောင့် ပြည်သူများ အနေနဲ့ များစွာသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက သတိပေးလိုက်ပါတယ်။
သင်္ကြန်နှစ်သစ်ကူးကာလ မှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက်လုပ်ဆောင်ပြီး တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ် စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားဖို့ လိုတယ်လို့ NUG ယာယီသမ္မတ ကပြောပါတယ်။
https://youtu.be/8Lc0jJt2fl0
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
သင်္ကြန်မှာစကစကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကိုလွှဲချနိုင်ကြောင်းNUGသတိပေး
စစ်ကောင်စီအနေနဲ့ လူစည်ကားရာ နေရာများ ပွဲတော်တွေမှာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိတာကြောင့် ပြည်သူများ အနေနဲ့ များစွာသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက သတိပေးလိုက်ပါတယ်။
သင်္ကြန်နှစ်သစ်ကူးကာလ…
သင်္ကြန်နှစ်သစ်ကူးကာလ…
👍9🔥1😁1🤣1
ကျောက်ကြီးတွင် ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီးအကူအညီလိုအပ်နေ
========================
YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂,၆၉၃ ဦး နေအိမ်စွန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ယမန်နေ့က ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဘောကထာစစ်ကောင်စီ တပ်စခန်းမှ ကျောက်ကြီးမြို့နယ်၊ မဘီကျေးရွာနှင့် ပဒဲကောကျေးရွာအတွင်း လက်နက်ကြီးခြောက်လုံးခန့် ပစ်ခတ်ခဲ့ရာ မဘီကျေးရွာအတွင်း လေးလုံး၊ ပဒဲကောကျေးရွာအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မဘီကျေးရွာအတွင်းရှိ သိက္ခာတော်ရ ဆရာ စောလယ်မူး၏ နေအိမ် ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မဘီကျေးရွာနှင့် ပဒဲကောကျေးရွာမှ ဒေသခံ ၂,၆၉၃ ဦးခန့်သည် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။
“ ရွာလုံးကျွတ်တွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒီနေ့လည်း PDF တွေ ရွာထဲမှာ ရှိတယ်ဆိုတဲ့ အထင်နဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာ၊ ခြောက်ချက်လောက်တော့ ရှိတယ်၊ နေ့လယ်လောက်ကျတော့ ထပ်မပစ်တော့ပါဘူး" ဟု ဒေသတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အရေအတွက်များစွာ ပါဝင်ပြီး နွေရာသီ ရာသီဥတုပူ၍ ကလေးငယ်များ ဖျားနာမှုများပြားနေကြောင်း၊ ဆန်နှင့် ဆေးဝါး လိုအပ်ချက်မြင့်တက်နေသော်လည်း စစ်ဘေးရှောင်များအား သီးသန့်အကူအညီပေးနေသော အဖွဲ့အစည်းများ မရှိသေးကြောင်း သိရသည်။
" ရာသီဥတု ပူတော့ ကလေးတွေ ဖျားနာတာတွေ ရှိတယ်။ လက်ရှိ ကျွန်တော်တို့ပဲ အနည်းငယ်လိုအပ်တာလေးတွေ ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်နေတာကတော့ ဆန်နဲ့ဆေးဝါးတွေပါပဲ" ဟု ဒေသတွင်းလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ယခု ဘောကထာစခန်းတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် ဘောကထာစခန်းသို့ အထိုင်ချရန် လာနေစဉ်ကာလကတည်းက ခြေကုတ်စခန်းများမှနေ၍ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ ယခု ဘောကထာစခန်းသို့ရောက်သည့်အချိန်တွင်လည်း ကျေးရွာများအတွင်း ပစ်ခတ်နေဆဲဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း ဆင်မတောင်၊ ခြေတော်ရံ၊ ဆိပ်ကြီး ခြေကုတ်စခန်းများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာမှ ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စပ်လဲရွာ၊ ပတူးရွာနှင့် လော်မူသောရွာမှ ဒေသခံ ၁,၀၅၆ ဦး စစ်ဘေးရှောင်နေရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
#KNU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13🔥2❤1
ဟားခါးမြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာ
===================
မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံးပြည်သူပိုင်အဖြစ်သိမ်းပိုက်လိုက်ကြောင်း CDF-Hakha Council က ဧပြီ ၁၂ ရက်နေ့တွင် ကြေညာသည်။
'' ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ် အတွင်းရှိ ပါတီ၏ ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ယနေ့ (ဧပြီ ၁၂ ရက်) မှစ၍ ပြည်သူပိုင်အဖြစ် သိမ်းလိုက်သည်” ဟူ၍ ကြေညာချက်တွင်ဖော်ပြသည်။
ထို့အတူ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်ကြေညာစာတွင်ရေးသားထားသည်။ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အသစ်ဝင်လာသော စစ်ကောင်စီဝန်ထမ်းများအားလုံး ၂၀၂၃ ခုနှစ် မေလမကုန်မီ ပြည်သူပိုင် အိမ်ယာများမှ ဆင်းပေးရန် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း ထုတ်ပြန်ထားသေးသည်။
ထို့အတူ တစ်ခြားနယ်မှ ပြောင်းရွှေ့လာသော ဝန်ထမ်းများအားလုံးသည်လည်း ဟားခါးမြို့နယ်မှ ထွက်ခွာရမည် ဖြစ်ပြီး အမိန့်လိုက်နာခြင်းမရှိပါက လိုအပ်သလိုအရေးယူမည်ဟု CDF-Hakha က အသိပေးထားသည်။
လက်ရှိတွင် ချင်းပြည်နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာမူထန်းသည် နိုင်ငံတော်ကောင်စီဝင်အဖြစ် ခန့်အပ်ခြင်းခံထားရသူတစ်ဦးလည်းဖြစ်သည်။
စာတည်း။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
# Mizzima
#CDF-Hakha Council
#ပြည်သူပိုင်သိမ်း

👍20❤2🔥1👏1😁1
ထိုင်းတွင် မြန်မာသားအမိ ၂ ဦးကို သေဆုံးလျက် တွေ့ရှိ
========================
ထိုင်းနိုင်ငံ လမ်ဖွန်ခရိုင် မူအန်းဒေသရှိ အိမ်ခန်းတစ်ခု၌ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် သူမ၏ အသက် ရှစ်နှစ်အရွယ် သားဖြစ်သူတို့ ရိုက်နှက်ခံရ၍ သေဆုံးလျက် ရှိသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့ တွေ့ရှိခဲ့သည်။ ယခုအခါတွင် ပျောက်နေသည့် သူမ၏ ခင်ပွန်းဖြစ်သူကို သက်ဆိုင်ရာက လိုက်လံရှာဖွေလျက် ရှိသည်။
---------------------

👍5😢3🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်နဲ့အမေရိကန်တို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်
#internationalnews #reels #shorts
#internationalnews #reels #shorts
👍15🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၁၂ ရက်၊ ၂၀၂၃ | VOA On Mizzima
======================
စက်ရုပ်ဝန်ထမ်းတွေ စားပွဲထိုးတဲ့ စားသောက်ဆိုင်အကြောင်းနဲ့ အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်း တိုးထုတ်မယ့်အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/XVWsFqmyPXY
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
စက်ရုပ်ဝန်ထမ်းတွေ စားပွဲထိုးတဲ့ စားသောက်ဆိုင်အကြောင်းနဲ့ အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်း တိုးထုတ်မယ့်အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/XVWsFqmyPXY
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၁၂ ရက်၊ ၂၀၂၃ | VOA On Mizzima
စက်ရုပ်ဝန်ထမ်းတွေ စားပွဲထိုးတဲ့ စားသောက်ဆိုင်အကြောင်းနဲ့ အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်း တိုးထုတ်မယ့်အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ…
👍4🤮4
This media is not supported in your browser
VIEW IN TELEGRAM
သင်္ကြန်မှာစကစကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကိုလွှဲချနိုင်ကြောင်းNUGသတိပေး
Watch more detail - https://youtu.be/8Lc0jJt2fl0
#PoliticalNews #VideoNews #shorts #reels #NUG

👍11🔥1👏1
ရွှေကူမြို့နယ် ရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီတပ် မီးထပ်ရှို့
==================
KMN
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာ ငါးရွာထက်မနည်းအား ဧပြီလ ၁၀၊ ၁၁ရက်အတွင်း စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ခဲ့ကြောင်း ရွှေကူဒေသခံတွေထံမှ သိရသည်။
ဧပြီ ၁၀ ရက်နေ့မှာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိသည့် စီသောင်၊ မံခါးနှင့် စီမော်ရွာများ၏ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးထပ်ရှို့ခဲ့ပြီး နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာကိုဧပြီ ၁၁ ရက်နေ့မှာ ထပ်မံ မီးရှိုခဲ့ကြောင်း သိရသည်။
"မနေ့က မနက်အစောကြီး နန့်လန်ရွာနဲ့ နောင်လတ်ကြီးကျေးရွာဘက်ကိုစစ်တပ် ဝင်လာတာကြားတယ်၊ ခပ်လှမ်းလှမ်းကနေ မီးခိုးတွေတွေ့ရတယ်" ဟုကျေးရွာခံတစ်ဦးကကပြောသည်။
နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာဘုန်းကြီးကျောင်းများ၌ ရွာခံတချို့အား စစ်ကောင်စီတပ်မှဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးသလို ရွှေကူ KPF အဖွဲ့အားလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ် ကျေးရွာများကို စစ်ကောင်စီတပ်တွေက ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စီသာတိုက်နယ်အား မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နှင့် ဧပြီလ ၅ ရက်၊ ၆ ရက်နေ့များတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရွှေကူ KPF မှ ထုတ်ပြန်ထားသည်။
ရွှေကူမြို့၊စီသာတိုက်နယ်တွင် ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်ဝ၊ စီသာ၊ မံနား၊ မံခါး အစရှိသည့် ရွာ ၁၂ ရွာက ထောင်နှင့်ချီသည့်ဒေသခံများမှာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဧပြီလဆန်းမှာ မဇ္ဈိမကိုပြောကြားထားသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ရွှေကူမြို့နယ်
#KPDF
#စစ်ကောင်စီတပ်
#မီးရှို့
Photo - Shwegu PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
KMN
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာ ငါးရွာထက်မနည်းအား ဧပြီလ ၁၀၊ ၁၁ရက်အတွင်း စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ခဲ့ကြောင်း ရွှေကူဒေသခံတွေထံမှ သိရသည်။
ဧပြီ ၁၀ ရက်နေ့မှာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိသည့် စီသောင်၊ မံခါးနှင့် စီမော်ရွာများ၏ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးထပ်ရှို့ခဲ့ပြီး နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာကိုဧပြီ ၁၁ ရက်နေ့မှာ ထပ်မံ မီးရှိုခဲ့ကြောင်း သိရသည်။
"မနေ့က မနက်အစောကြီး နန့်လန်ရွာနဲ့ နောင်လတ်ကြီးကျေးရွာဘက်ကိုစစ်တပ် ဝင်လာတာကြားတယ်၊ ခပ်လှမ်းလှမ်းကနေ မီးခိုးတွေတွေ့ရတယ်" ဟုကျေးရွာခံတစ်ဦးကကပြောသည်။
နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာဘုန်းကြီးကျောင်းများ၌ ရွာခံတချို့အား စစ်ကောင်စီတပ်မှဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးသလို ရွှေကူ KPF အဖွဲ့အားလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ် ကျေးရွာများကို စစ်ကောင်စီတပ်တွေက ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စီသာတိုက်နယ်အား မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နှင့် ဧပြီလ ၅ ရက်၊ ၆ ရက်နေ့များတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရွှေကူ KPF မှ ထုတ်ပြန်ထားသည်။
ရွှေကူမြို့၊စီသာတိုက်နယ်တွင် ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်ဝ၊ စီသာ၊ မံနား၊ မံခါး အစရှိသည့် ရွာ ၁၂ ရွာက ထောင်နှင့်ချီသည့်ဒေသခံများမှာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဧပြီလဆန်းမှာ မဇ္ဈိမကိုပြောကြားထားသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ရွှေကူမြို့နယ်
#KPDF
#စစ်ကောင်စီတပ်
#မီးရှို့
Photo - Shwegu PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6👍4❤1🔥1
Business Round Up (12 April 2023)
===============
- ထိုင်း-မြန်မာ ကုန်သွယ်ရေးရပ်တန့်နေပြီး သင်္ကြန်ကာလအတွင်း ကုန်ဈေးနှုန်းထပ်တက်လာနိုင်
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး ကျပ် ၇၉ ဘီလီယံ ထောက်ပံ့နိုင်ခဲ့ပြီး ၅နှစ်စာ စာချုပ်ထားဟုဆို
- နိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်ဟုဆို
- နိုင်ငံရေးတင်းမာမှုများနဲ့ ကပ်ရောဂါများကြောင့် ကမ္ဘာ့ စီးပွားရေးတိုးတက်မှု လာမည့် ၅ နှစ် နှေးကွေးမည်ဟု IMF သတိပေး
- အာရှအတွက် ဆော်ဒီအာရေဗျ ရေနံစိမ်း ဈေးတက်
https://youtu.be/qk_1PCjsCH4
#BusinessRoundUp
#MizzimaTV

- နိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့…

👍9😁2🥰1
ဧပြီလ (၁၂) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:01 - ဟားခါးမြို့နယ်အတွင်းရှိကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာတဲ့သတင်း
02:03 - ထားဝယ်သပိတ်ခေါင်းကိုဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမယ်လို့ စစ်ကောင်စီက ဝရမ်းကပ်တဲ့သတင်း
03:14 - ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူတွေ သင်္ဂြိုဟ်မှု ဆက်လက်ပြုလုပ်နေတဲ့သတင်း
04:32 - အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ထပ်မံဖြစ်ပွားတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာ ပါ။
https://youtu.be/sAQIiorAZDg
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
01:01 - ဟားခါးမြို့နယ်အတွင်းရှိကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာတဲ့သတင်း
02:03 - ထားဝယ်သပိတ်ခေါင်းကိုဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမယ်လို့ စစ်ကောင်စီက ဝရမ်းကပ်တဲ့သတင်း
03:14 - ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူတွေ သင်္ဂြိုဟ်မှု ဆက်လက်ပြုလုပ်နေတဲ့သတင်း
04:32 - အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ထပ်မံဖြစ်ပွားတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာ ပါ။
https://youtu.be/sAQIiorAZDg
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ (၁၂) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 - ဟားခါးမြို့နယ်အတွင်းရှိကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာတဲ့သတင်း
02:03 - ထားဝယ်သပိတ်ခေါင်းကိုဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမယ်လို့ စစ်ကောင်စီက ဝရမ်းကပ်တဲ့သတင်း
03:14 - ပဇီက…

👍12😁1