Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၁၂ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

စက်ရုပ်ဝန်ထမ်းတွေ စားပွဲထိုးတဲ့ စားသောက်ဆိုင်အကြောင်းနဲ့ အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်း တိုးထုတ်မယ့်အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/XVWsFqmyPXY

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🤮4
This media is not supported in your browser
VIEW IN TELEGRAM
သင်္ကြန်မှာစကစကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကိုလွှဲချနိုင်ကြောင်းNUGသတိပေး

Watch more detail - https://youtu.be/8Lc0jJt2fl0

#PoliticalNews #VideoNews #shorts #reels #NUG
👍11🔥1👏1
ရွှေကူမြို့နယ် ရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီတပ် မီးထပ်ရှို့
😢12🔥4👍2
ရွှေကူမြို့နယ် ရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီတပ် မီးထပ်ရှို့
==================

KMN
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာ ငါးရွာထက်မနည်းအား ဧပြီလ ၁၀၊ ၁၁ရက်အတွင်း စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ခဲ့ကြောင်း ရွှေကူဒေသခံတွေထံမှ သိရသည်။

ဧပြီ ၁၀ ရက်နေ့မှာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိသည့် စီသောင်၊ မံခါးနှင့် စီမော်ရွာများ၏ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးထပ်ရှို့ခဲ့ပြီး နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာကိုဧပြီ ၁၁ ရက်နေ့မှာ ထပ်မံ မီးရှိုခဲ့ကြောင်း သိရသည်။

"မနေ့က မနက်အစောကြီး နန့်လန်ရွာနဲ့ နောင်လတ်ကြီးကျေးရွာဘက်ကိုစစ်တပ် ဝင်လာတာကြားတယ်၊ ခပ်လှမ်းလှမ်းကနေ မီးခိုးတွေတွေ့ရတယ်" ဟုကျေးရွာခံတစ်ဦးကကပြောသည်။

နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာဘုန်းကြီးကျောင်းများ၌ ရွာခံတချို့အား စစ်ကောင်စီတပ်မှဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးသလို ရွှေကူ KPF အဖွဲ့အားလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ် ကျေးရွာများကို စစ်ကောင်စီတပ်တွေက ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စီသာတိုက်နယ်အား မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နှင့် ဧပြီလ ၅ ရက်၊ ၆ ရက်နေ့များတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရွှေကူ KPF မှ ထုတ်ပြန်ထားသည်။

ရွှေကူမြို့၊စီသာတိုက်နယ်တွင် ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်ဝ၊ စီသာ၊ မံနား၊ မံခါး အစရှိသည့် ရွာ ၁၂ ရွာက ထောင်နှင့်ချီသည့်ဒေသခံများမှာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဧပြီလဆန်းမှာ မဇ္ဈိမကိုပြောကြားထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ရွှေကူမြို့နယ်
#KPDF
#စစ်ကောင်စီတပ်
#မီးရှို့
Photo - Shwegu PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6👍4❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
April - 12 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍7🤮2
Business Round Up (12 April 2023)
===============

- ထိုင်း-မြန်မာ ကုန်သွယ်ရေးရပ်တန့်နေပြီး သင်္ကြန်ကာလအတွင်း ကုန်ဈေးနှုန်းထပ်တက်လာနိုင်

- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး ကျပ် ၇၉ ဘီလီယံ ထောက်ပံ့နိုင်ခဲ့ပြီး ၅နှစ်စာ စာချုပ်ထားဟုဆို

- နိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်ဟုဆို

- နိုင်ငံရေးတင်းမာမှုများနဲ့ ကပ်ရောဂါများကြောင့် ကမ္ဘာ့ စီးပွားရေးတိုးတက်မှု လာမည့် ၅ နှစ် နှေးကွေးမည်ဟု IMF သတိပေး

- အာရှအတွက် ဆော်ဒီအာရေဗျ ရေနံစိမ်း ဈေးတက်

https://youtu.be/qk_1PCjsCH4

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2🥰1
ဧပြီလ (၁၂) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:01 - ဟားခါးမြို့နယ်အတွင်းရှိကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ်သိမ်းကြောင်း CDF-Hakha Council ကြေညာတဲ့သတင်း

02:03 - ထားဝယ်သပိတ်ခေါင်းကိုဖမ်းဆီးပေးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ပေးမယ်လို့ စစ်ကောင်စီက ဝရမ်းကပ်တဲ့သတင်း

03:14 - ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူတွေ သင်္ဂြိုဟ်မှု ဆက်လက်ပြုလုပ်နေတဲ့သတင်း

04:32 - အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ထပ်မံဖြစ်ပွားတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာ ပါ။

https://youtu.be/sAQIiorAZDg

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁1
စက်ရုပ်ဝန်ထမ်းတွေ စားပွဲထိုးတဲ့ စားသောက်ဆိုင် | VOA On Mizzima
====================

အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝန်ထမ်းအလုံအလောက်မရှိတဲ့ ပြဿနာနဲ့ ကြုံနေရပါတယ်။ Michigan ပြည်နယ်က ခေါက်ဆွဲဆိုင်မှာတော့ စက်ရုပ်ဝန်ထမ်းတွေက စားပွဲထိုးတွေအဖြစ် ဝန်ဆောင်မှုပေးနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/Q7WMzg4o3cQ

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းစစ်မြေပြင်က ဒရုန်းတပ်ဖွဲ့များ

#internationalnews #reels #shorts
👍11🔥2
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုတွင် မိသားစုဝင်အချို့ ဆုံးရှုံးခဲ့ရသူများ၏ ပြောကြားချက်
===========================

ဂျူချန်း(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ရက် နံနက်က ပြုလုပ်ခဲ့သည့် ရပ်ရွာအ‌ရေး‌ဆွေးနွေးပွဲနှင့် အလှူပွဲတစ်ခုကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျေးရွာ ခြောက်ရွာမှ လူ၂၀၀ ခန့် စုဝေးနေချိန် နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ရာ အသက် ၁၀နှစ်အောက် ကလေးငယ်အချို့အပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း မိသားစုများ ဆုံးရှုံးခဲ့ရသည့် ပဇီကြီးဒေသခံအချို့အား မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကို တွေ့ဆုံ မေးမြန်းထားသည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ရုပ်အလောင်း စုစုပေါင်း ၈၀ ကျော် သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သော်လည်း မြေပြင်တွင် ရုပ်အလောင်းများ ရှိနေသေးသည်ဟု သိရသည်။ မီးသင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်းများတွင် ၁၀နှစ်အောက်ကလေး ယောကျာ်းလေး ငါးဦးနှင့် မိန်းကလေး ခုနစ်ဦးပါဝင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထားသည်။

လူ၁၅၀ထက်မနည်း သေဆုံးနိုင်ပြီး သေဆုံးသူအရေအတွက်ကို အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

https://youtu.be/aQ4ZIZhNBdE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😢6😁1
​​ပဇီကြီးကျေးရွာ လေကြောင်းမှတိုက်ခိုက်ခံရမှုအပြီး ပျံ့နှံ့နေသော ပုံအမှားများ
=======================

NL
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမခံရမီ ထမင်းစားနေသည့်ကလေးငယ်ပုံများနှင့် သွေးစွန်းနေသည့်ပုံများ ပျံ့နှံ့နေသည်။ ထိုပုံများသည် ကရင်နီပြည်နယ် ဒီးမော့ဆို စစ်ရှောင်စခန်းမှပုံများ ဖြစ်သည်။

စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့က လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ကလေးငယ်များထမင်းစားနေသည့်ပုံများကို တိုက်ခိုက်မှုမခံရမီက ကလေးငယ် များဟုဆိုကာ ပုံလေးပုံ ဖေ့စ်ဘုတ်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ပုံအမှားကို မူလဖြန့်ဝေသည့် အကောင့်အား မတွေ့ရှိရသော်လည်း Credit ပေးကာ ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။

ထိုပုံများကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ခေတ်သစ်မီဒီယာမှ ဧပြီလ ၁၁ ရက်နေ့က ဖော်ပြထားသည့် “ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအသောက်များကျွေးမွေးလှူဒါန်း”ဟူသည့် သတင်းမှ သတင်းဓာတ်ပုံများဖြစ်ကြောင်း တွေ့ရသည်။

လင့် − t.ly/5cso
ထို့ပြင် “MG Aung Moe Oo” ဖေ့စ်ဘုတ်အကောင့်မှ “အဘယ်သို့သော နှလုံးသားနဲ့ခံစားရမှာလဲ” ဟု ဆို ကာသွေးကွက်များထဲမှ ဖိနှပ်နှင့် ထမင်းပန်ကန်ပါသည့် ပုံနှစ်ပုံကို ဖြန့်ဝေထားသည်။ မည်သည့်နေရာ မည်သည့်ကိစ္စဟု တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။ သို့သော် လောလောလတ်လတ် ဖြစ်ပွားခဲ့သည့် ကန့်ဘလူကိစ္စဟု ထင်မှတ်မှားစေကာ ပြန်လည်မျှဝေမှု 3,600 ကျော်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ပုံမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒီးမော့ဆိုနှင့် ဖယ်ခုံတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်မှ ပုံဖြစ်သည်။

ထိုပုံကို The Irrawaddy အင်္ဂလိပ်ပိုင်းတွင် မတ်လ ၃ ရက်နေ့က ဖော်ပြထားသည်။

လင့် − t.ly/RLfyG
ထို့ကြောင့် ယခုပျံ့နှံ့နေသည့် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ ကလေးပုံများနှင့် သွေးစွန်းနေသည့်ပုံများသည် ဒီးမော့ဆိုစစ်ရှောင်စခန်းမှ ကျွေးမွေးလှူတန်းသည့်ပုံနှင့် ဖေဖော်ဝါရီလ အတွင်းက လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှ ပုံများသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#ပဇီကြီးရွာ
#ပုံအမှား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
စစ်ရေးလေ့ကျင့်မှုပြီးဆုံးတဲ့နောက်မှာတောင်
ကျွန်းအနီးတစ်ဝိုက်မှာ တရုတ်စစ်သင်္ဘောနဲ့
လေယာဉ်တွေရှိနေဆဲဖြစ်ကြောင်း ထိုင်ဝမ်ပြောကြား

#internationalnews #reels #shorts
👍16🔥3
ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
တပိုင်းလျှပ်ကူးပစ္စည်း တိုးထုတ်မယ့် အမေရိကန် | VOA On Mizzima
=======================

ကမ္ဘာတဝန်းမှာ ချစ်ပ်ပြား လိုအပ်မှုက လာမယ့် ဆယ်စုနှစ်အတွင်း နှစ်ဆတိုးလာမယ်လို့ မျှော်လင့်ရပြီး အမေရိကန်ဟာ ဆီမီးကွန်ဒတ်တာထုတ်လုပ်မှုနဲ့ သုတေသနလုပ်ငန်းတွေကို မြှင့်တင်ဖို့ အတွက် ဒေါ်လာ ဘီလီယံ ၅၀ ကျော် လျာထားသတ်မှတ်ထားပါတယ်။ ဗွီအိုအေ သတင်းထောက် Keith Kocinski New York ကနေ ပေးပို့တဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။

https://youtu.be/n-ri_cahebE