Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မန်ချက်စတာယူနိုက်တက်တို့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုတွေကို ဖိတ်ခေါ်
=====================

မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ဖက်ကမ်းလှမ်းသူတွေဟာ တတိယအကြိမ်အမြောက် ကမ်းလှမ်းကို ဧပြီလကုန်မှာ တင်သွင်းဖို့ ဖိတ်ခေါ်ခံထားကြောင်း သတင်းတွေက ဆိုပါတယ်။

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်း ဘင်ဟာမက် အယ်သာနီနဲ့ ဗြိတိန်ဘီလျံနာ ဂျင်ရက်ကလစ်ဖ်တို့ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့လက ပရီးမီးယားလိဂ်ကလပ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုတင်သွင်းခဲ့ကြပါတယ်။

မကြာသေးမီရက်သတ္တပတ်တွေအတွင်း ကမ်းလှမ်းမှုအများအပြားကို လက်ခံရရှိခဲ့တယ်လို့ နားလည်ထားပေမယ့်လည်း ရှိတ်ဂျာဆင်းနဲ့ ရက်ကလစ်ဖ်တို့ဟာ ၂၀၀၅ မှာ ယူနိုက်တက်ကို ပေါင်သန်း ၇၉၀ (ဒေါ်လာသန်း ၉၈၀)နဲ့ ဝယ်ယူခဲ့တဲ့ ဂလေဇာတွေဆီကနေ အသင်းကို ပိုင်ဆိုင်ရယူဖို့ ရှေ့ပြေးဦးဆောင်သူတွေအဖြစ် ရှိနေဆဲပါ။
👍3❤2
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၂ ဧပြီ ၂၀၂၃ )
==========================

· အကြမ်းဖက်လူသတ်စစ်ကောင်စီမှ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေပြီး ထပ်မံကျူးလွန်နိုင်သည့်အတွက် စစ်မက်ဖြစ်ပွားရာဒေသမှ ပြည်သူများ ဒေသခံခေါင်းဆောင်များမှ သတိကြီးစွာဖြင့် နေထိုင်ပြုမူရန် လိုအပ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8
​​ပဇီကြီးရွာလူသတ်ပွဲ စစ်ကောင်စီ ဘယ်လို ကျူးလွန်ခဲ့သလဲ(ဆောင်းပါး)
=====================

မောင်ကြီး
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကျူးလွန်ခဲ့သမျှ လေကြောင်းတိုက်ခိုက်မှုများတွင် အဆိုးရွားဆုံးအဖြစ် ပဇီကြီးရွာတိုက်ခိုက်ခံရမှုက မှတ်တမ်းဝင်သွားသည်။ သေဆုံးသူ အရေအတွက်သည် တရိပ်ရိပ်မြင့်တက်နေပြီး နောက်ဆုံးရရှိထားသော စာရင်းများအရ သေဆုံးသူ ၁၅၀ ကျော်အထိ ရောက်ရှိလာသည်။ လူသားမျိုးနွယ်အပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့် စစ်ရာဇ၀တ်မှုဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြစ်တင်ရှုတ်ချထားသည်။ စစ်ကောင်စီ၏ ထိုလုပ်ရပ်အပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာက ကန့်ကွက်နေသည်။

ပြည်သူလူထုက စစ်အာဏာရှင်ကို ပိုပြီး ရွံမုန်းလာသည်။ ‌စစ်ကောင်စီ သက်ဆိုးရှည်နေမှုကို အမြစ်ဖြတ်ရပ်တန့်ပစ်ရန် တော်လှန်ရေးအင်အားစုများက ‌ကြွေးကြော်နေသည်။
ယခုဆောင်းပါးသည် မိနစ်ပိုင်းအတွင်း လူ ၁၀၀ ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသော ပဇီကြီးရွာ ငရဲခန်းနှင့် နောက်ဆုံးအခြေအနေကို စုံစမ်းရေးသားထားခြင်းဖြစ်သည်။

- ပဇီကြီးရွာအနိဋ္ဌာရုံမြင်ကွင်းကို ပထမဆုံး မြင်တွေ့ ခဲ့သူ
ကန့်ဘလူမြို့နယ်မှ ကိုကျော်၀ဏ္ဏနှင့် ဒေသခံ အမျိုးသားငါးဦးသည် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုအပြီးတွင် ပဇီကြီးရွာသို့ ပထမဆုံးရောက်ရှိခဲ့သူများထဲတွင် ပါဝင်သည်။ ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ရုံးရှေ့ ကတ္တရာလမ်းမပေါ်သို့ ကမန်းကတန်းရောက်သွားချိန်တွင် ကိုကျော်ဝဏ္ဏတို့ သွေးပျက်သွားသည်။ သူ့ဘေးပတ်ပတ်လည်မှ သွေးအလိမ်းလိမ်းနှင့် မြင်ကွင်းက ထိန့်လန့်ဖွယ်ရာအတိ။ သွေးညှီနံ့များ၊ ညှော်နံ့များ လှိုင်နေသည်။ ထရံကာသွပ်မိုး ပြည်သူ့လုံခြုံရေးအဖွဲ့ရုံးက စုတ်ပြတ်သပ်နေသည်။ သစ်ပင်၊ သစ်ကိုင်းများက မီးစွဲလောင်ထားသည်။ ဆိုင်ကယ်တွေက မီးကျွန်းနေသည်။ အိုး၊ ခွက်တွေက ကျိုးပဲ့ကာ တစ်နေရာစီ လွင့်စင်နေသည်။ လုံးပတ် ‌လက်ကောက်ဝတ်ခန့်ရှိသော ကျည်ခွံများက မြေပြင်ပေါ် ‌ပုံထပ်နေသည်။ ထို့ထက်ဆိုးသည်က အပိုင်းပိုင်းပြတ်နေသော လူ့ကိုယ်ခန္ဓာအပိုင်း အစများက မီးသင့်မြေပေါ်တွင် ပြန့်ကြဲနေသည်။

လက်ကောက်ဝတ်နေရာမှ ပြတ်နေသည့် ကလေးငယ်တစ်ဦး၏ လက်ပြတ်တစ်ခုကို သူအရင်ဆုံး စတွေ့သည်။ ကလေး၏ ခန္ဓာကိုယ်ဘယ်မှာလဲလို့ တွေးမိရုံရှိသေးသည်။ ‌ပေါင်ရင်းမှပြတ်နေသော နောက်ထပ် ကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ပြန်သည်။ ဘေးပတ်ချာလည်ကို ကြည့်မိချိန်မှာတော့ ကိုကျော်ဝဏ္ဏ ရုတ်တရက် သတိလွတ်သွားပြီး မြင်ကွင်းကို စက္ကန့်ပိုင်းမျှ ကြောင်ကြည့်နေမိသည်။ ပြာမှုန်တွေ၊ ဖုန်တွေ ပေကျံနေပြီးတစ်ဦးနှင့်တစ်ဦး ထပ်လျက်သေဆုံးနေသူများ၊ ငုတ်တုပ်ထိုင်လျက်အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းများ။ လူကိုယ်ခန္ဓာအစိတ်အပိုင်းအချို့က အမိုးဟင်းလင်းပွင့်သွားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ရုံး ထုပ်တန်းပေါ် တွဲကျနေသည်။

ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့သည် ပေ ၁၀၀ ခန့်အထိ လေးဘက်လေးတန် လွင့်စင်သွားပြီး မြေပြင်ပေါ် ပြန့်ကြဲနေသလို သစ်ပင်သစ်ကိုင်းများ၊ ချုံပုတ်များပေါ်တွင် တင်နေသည်။
😢50👍8❤2
ဖက်ဒရယ်၊ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အုပ်ချုပ်ပိုင်ခွင့်၊ခွဲထွက်ပိုင်ခွင့်| Beyond Panglong Oath Ep-4
=======================

ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း(၄)
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/wOiHz2Cf-RE

#ပင်လုံသစ္စာ
#ဖက်ဒရယ်
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19
ကြံခင်းမြို့နယ်တွင် "တိုင်းပြည်ငိုနေချိန် ပျော်နေတဲ့အထဲ ကိုယ်မပါစေနဲ့" စာတန်းကိုင်စွဲ ဆန္ဒပြ
========================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ
၁၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သ ပိတ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များမှ
"တိုင်းပြည်ငိုနေချိန် ပျော်နေတဲ့အထဲ ကိုယ်မပါစေနဲ့ " စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၄၉) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#MizzimaTV
#ဆန္ဒပြ
👍33❤11😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/-8tT3GNF0qM

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7
ဧပြီလ (၁၃) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့.....

ပဇီကြီးရွာတိုက်ခိုက်မှုနဲ့ပတ်သတ်လို့ ကုလအတွင်းရေးမှူးချုပ်က အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်တဲ့ သတင်းနဲ့အတူ စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/iq0dbp_bITo

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤1🔥1
ချန်ပီယံလိဂ်ကွားတာဖိုင်နယ် (ပထမအကျော့ပွဲပြီးရလဒ်)
=================

ရီးယဲလ်မက်ဒရစ် ၂-၀ ချယ်လ်ဆီး

ဘန်ဇီမာ ၂၁'
အဆန်ဆီယို ၇၄'

အေစီမီလန် ၁-၀ နာပိုလီ

ဘန်နာဆာ ၄၀'

Photo: EPA
👍7❤1
ဘီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နေအိမ် ၃ လုံးကို မီးရှို့
🤬11🔥3
ဘီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နေအိမ် ၃ လုံးကို မီးရှို့
========================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

“မနက် ၈ နာရီဝန်းကျင်ကတည်းက စဖြစ်တာ၊ စစ်ကောင်စီတပ်က လေးယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရတယ်၊ နေအိမ်သုံးလုံး မီးရှို့ခံရတယ်”ဟု KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ် တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့်တပ် မဟာ(၁)KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံး၍ ခြောက်ဦးဒဏ်ရာရရှိကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း သိရ သည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများက အလူးလေးအလယ်ရွာမှ ဦးသေးသေး၊ ဦးသာလိနှင့် ဦးစိုး တို့၏နေအိမ်များအား မီးရှို့ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အလူးလေးအရှေ့ရွာမှ ဈေးဆိုင်တစ်ဆိုင်သို့ ကျရောက်ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ဒေသခံတွေကတော့ ပြေးကုန်ပါပြီ” ဟု သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁၂ ရက်နေ့ ည ၇ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်မှ လက် နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်မှုများကြောင့် အလူးကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဘီးလင်
#တိုက်ပွဲဖြစ်
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬2🔥1😱1