Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နေအိမ် ၃ လုံးကို မီးရှို့
🤬11🔥3
ဘီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နေအိမ် ၃ လုံးကို မီးရှို့
========================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူနေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

“မနက် ၈ နာရီဝန်းကျင်ကတည်းက စဖြစ်တာ၊ စစ်ကောင်စီတပ်က လေးယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရတယ်၊ နေအိမ်သုံးလုံး မီးရှို့ခံရတယ်”ဟု KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ် တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့်တပ် မဟာ(၁)KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံး၍ ခြောက်ဦးဒဏ်ရာရရှိကာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း သိရ သည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများက အလူးလေးအလယ်ရွာမှ ဦးသေးသေး၊ ဦးသာလိနှင့် ဦးစိုး တို့၏နေအိမ်များအား မီးရှို့ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အလူးလေးအရှေ့ရွာမှ ဈေးဆိုင်တစ်ဆိုင်သို့ ကျရောက်ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ဒေသခံတွေကတော့ ပြေးကုန်ပါပြီ” ဟု သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁၂ ရက်နေ့ ည ၇ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်မှ လက် နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်မှုများကြောင့် အလူးကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ဒေသခံပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဘီးလင်
#တိုက်ပွဲဖြစ်
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬2🔥1😱1
စစ်ကောင်စီအမြစ်ဖြုတ်ရေးကို နိုင်ငံတကာက ဦးစားပေးစဉ်းစားရဲ့လား
=====================

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး လုပ်သင့်တယ်၊ စစ်ကောင်စီအနေနဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်တယ်လို့ ဆိုနေချိန်မှာပဲ အကြမ်းဖက် စစ်ကောင်စီက NLD အပါအဝင် ပါတီပေါင်း ၄၀ ကျော်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီလို ပါတီတွေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများက စိုးရိမ်နေကြပြီး စစ်ကောင်စီကို ရှုတ်ချတာမျိုးတွေ လုပ်လာကြပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရှုမြင်မှုက အခုအချိန်အထိ လွဲမှားနေသေးတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပြီး စစ်အာဏာသိမ်းမှုဟာ NLD နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲမဟုတ်ဘဲ၊ ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်သူတွေနဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲသာဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

NLD ပါတီဟာ လူထုထောက်ခံမှု အများဆုံးရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပါတီတစ်ရပ် ဖြစ်တာကို ငြင်းချက်ထုတ်စရာ မရှိပါဘူး။

https://youtu.be/w54dVR1IryE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18❤1🤮1
​​ရေးတွင် အုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူ့စစ် ၂ ဦး ပစ်သတ်ခံရ
===================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ သွားရောက်ပစ်ခတ်ခဲ့ရာ ရုံးအတွင်းရှိ ပြည်သူ့စစ်နှစ်ဦးသေဆုံးပြီး AK -47 ရိုင်ဖယ်သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးပြောက်ကျားတပ်ဖွဲ့- YGF မှ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်နှစ်လက်ပဲသိမ်းပြီး ပြန်ဆုတ်လာခဲ့တယ်၊ တခြားဟာတွေတော့ ဖျက်ဆီးတာမရှိပါဘူး၊ နယ်မြေ အရ ပိတ်ဆို့မှုများစွာရှိတဲ့နယ်မြေဖြစ်တဲ့အတွက် အဝင်အထွက်ကမလွယ်ဘူး” ဟု YGF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်အချိန်တွင် ပြည်သူ့စစ်နှစ်ဦးနှင့်အတူ ရှိနေသော အသက်(၁၄)နှစ်အရွယ် မောင် ငြိမ်းခန့်ကျော် သေနတ်ကျည်ထိမှန်ကာ သေဆုံးသွားကြောင်းသိရသည်။

“ပြည်သူ့စစ်နှစ်ဦးနဲ့အတူတူထိုင်နေတာက တစ်ချက်၊ ထွက်ပြေးတာကတစ်ချက်ကြောင့် ရန်သူလို့ သတ် မှတ်ပြီး ပစ်လိုက်ရတာပါ” ဟု ရဲဘော်စောခေတ်သစ်က ဆိုသည်။

အဆိုပါမှားယွင်းပစ်ခတ်မှုနှင့်ပတ်သက်၍ ပြည်သူတစ်ဦးထိမှန်သွားသဖြင့် မိမိတို့အဖွဲ့မှ အနူးညွတ် တောင်းပန်ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့- YGF က ဆိုသည်။

ယင်းအပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီဒေါက်တိုက်များနှင့် ဝေးဝေးနေစေလိုကြောင်းနှင့် အသက် နှင့်ရင်းပြီးလုပ်ရသဖြင့် ပြည်သူများအနေဖြင့် နားလည်ပေးကြရန်လည်း YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တောင်းပန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ရေး
#YGF
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍13🔥1👏1
မိုင်းဖုန်းဆရာတော် ကချင်သို့ ကြွရောက်
================

(မဇ္ဈိမ)။ ။ မိုင်းဖုန်းဆရာတော်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပထမဆုံးအနေဖြင့် မိုးညှင်းမြို့ကို ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြွရောက်လာခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ ထီးလင်းဘုရား ပုရဝုဏ်အတွင်း၌ ဒေသခံများကို တရားဟောကြားခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ (Palm Spring Resort Myitkyina) တွင် သီတင်းသုံးပြီး တရားချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် မြစ်ကြီးနား - ဝိုင်းမော်တွင် နှစ်ရက်ကြာ တရားဟောကြားတော်မူမည်ဖြစ်ကြောင်း ဆရာတော်၏ ဒကာများက မဇ္ဈိမကို ပြောသည်။

မိုင်းဖုန်းဆရာတော်သည် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် ၊ ပူတာအိုနှင့် ဧရာဝတီမြစ်အရှေ့ခြမ်း ဗန်းမော်၊ မိုးမောက် ၊ မံစီဒေသအထိ ကြွချီမည် ဖြစ်ကြောင်းလည်း မဇ္ဈိမက ကနဦးစုံစမ်း သိရှိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မိုင်းဖုန်းဆရာတော်
#ကချင်
#mizzimatv
👍11👎3
​​ပဇီကြီးကျေးရွာအား လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၆၅ ဦးထိရှိလာ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်မြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ဧပြီလ ၁၂ ရက်နေ့ ညပိုင်းအထိရရှိသည့်စာရင်းအရ သေဆုံးသူ ၁၆၅ ဦး ထိရှိလာပြီဖြစ်ကြောင်းသိရသည်။

“ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ၊ သေဆုံးသူ ၁၆၅ ဦးရှိပါပြီ။ ၁၂.၄.၂၀၂၃ ညအထိ” ဟု NUG ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ရွှေပုံ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့၌ ဖော်ပြထား သည်။

မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကိုကျော်ဝဏ္ဏအား မဇ္ဈိမမှဆက်သွယ်မေး မြန်းရာတွင် ဧပြီ ၁၂ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ဖြင့်ကင်းထောက်နေသကဲ့သို့ မြေပြင်မှလည်း ထိုး စစ်ဆင်နိုင်သည့် အနေအထားရှိသဖြင့် ၎င်းတို့အဖွဲ့မှ ကယ်ဆယ်ရေးရပ်နားထားရကြောင်း ပြောသည်။

ယမန်နေ့ ညနေအထိ ပဇီကြီးကျေးရွာ၏ သုံးပုံနှစ်ပုံကိုသာ စာရင်းကောက်ယူနိုင်ခဲ့ပြီး သေဆုံးသူ ၁၁၄ ဦး အားအတည်ပြုကြောင်းပြောသည်။ ပဇီကြီးကျေးရွာနှင့် အခြားကျေးရွာများမှ သေဆုံးသူများလည်း ကျန်ရှိ နေသေးသဖြင့် သေဆုံးသူတိုးလာနိုင်ကြောင်းဆိုသည်။

“ပဇီကြီးကျေးရွာ သုံးပုံနှစ်ပုံလောက်ပဲ စာရင်းကောက်နိုင်သေးတယ်။ အဲဒီအထိကို ကျားမခွဲလို့မရသေး ဘူး။ ၁၁၄ ယောက်ရှိသွားပြီ။ ၁၅၀၊ ၁၆၀ ထိ ဖြစ်သွားနိုင်တဲ့ အနေအထားတစ်ခုပဲ။ သေဆုံးသူက တိုး နေဦးမှာ။ မနေ့က မြေပြင်အခြေအနေ ဆင်းကောက်တာတောင်မှ ၁၁၄ ယောက် ရှိသွားပြီ။ အဲ့ဒါက မပြီး သေးဘူး” ဟု ကိုကျော်ဝဏ္ဏက မဇ္ဈိမ ကိုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၅၀ ဦးထက်မနည်းရှိရာ ရရှိထားသည့်အချက်အလက်ရ လေးဦးသေဆုံး ခဲ့ပြီဖြစ်ပြီး သေဆုံးမှုအရေအတွက် တိုးလာနိုင်သည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပဇီကြီးကျေးရွာမှ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တံခါးပိတ်အစည်းအဝေးပြုလုပ်လျက်ရှိကြောင်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကန့်ဘလူနယ်မြို့နယ်
#ပဇီကြီးကျေးရွာ
#အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢25👍17🤬2😭2❤1
ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲအဖွဲ့မှ နှိုးဆော်
============================

ဂန္ဒမာ(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူအများအပြား အိုးပစ်အိမ်ပစ်၊ သေကွဲရှင်ကွဲ ကွဲနေကြရပြီး ထိုသူများကို ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြပါရန် ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) က ရန်ကုန်ရှိ တော်လှန်ရေးပန်းခြံအနီးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

“အခက်အခဲတွေကြားကနေပြီးတော့ အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးမြှင့်ထားတဲ့စမ်းချောင်းမြို့နယ်မှာ ဒီလူထုလှုံ့ဆော်မှု၊ လှုပ်ရှားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလှုပ်ရှားများအတွက် ကျွန်တော်တို့ စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။ အရင်တစ်ခါကလည်း ကျွန်တော်တို့ တော်လှန်ရေးပန်းခြံရှေ့မှာပဲ မင်းအောင်လှိုင် ခေါင်းပြတ်ကြီးနဲ့ ကျွန်တော်တို့ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” သပိတ်ပွဲကို ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ လုံခြုံရေးတင်းကျပ်မှုတွေကြားကနေ အကြမ်းဖက်စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ နားရွက်ကို တံတွေးစွတ်ခဲ့တာဖြစ်ပါတယ်။” ဟု ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ က မဇ္ဈိမ ကို ဖြေကြားသည်။

ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)တွင် သင်္ကြန်ယိမ်းအကနှင့်ပတ်သက်၍ ကျွမ်းကျင်စွာ က တတ်သူမရှိသော်လည်း အချိန်တိုအတွင်းယူကျု့မှတစ်ဆင့် အကြိမ်အရေအတွက်မြောက်များစွာ လေ့ကျင့်ခဲ့ပြီး လူထုကို ကပြဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း ပြောသည်။ ကပြဖျော်ဖြေသည့်အခါတွင်လည်း CDM သင်္ကြန် အမည်ရ ပြည်သူ့အချစ်တော် မင်းမော်ကွန်း၏ သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီးလူထုကို လှုံ့ဆော်မှု တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ က ပြောသည်။

လှုပ်ရှားမှုကို Youth Scout for Democracy (Y.S.D) မှမြေပြင်ကင်းထောက်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://youtu.be/XiKGQOWiVn4

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လှုပ်ရှားမှု
#ရေဘဝဲ
#တော်လှန်သင်္ကြန်
#CDM

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍24❤7😁2
ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ နံနက်ပိုင်း၌ မြို့ပေါ်ရှိ ထားဝယ်သင်္ကြန်တွင် ရေကစားသူနည်းပါးနေကြောင်း သိရသည်။
👍26😁3🤬2❤1👎1