Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုင်းဖုန်းဆရာတော် ကချင်သို့ ကြွရောက်
================

(မဇ္ဈိမ)။ ။ မိုင်းဖုန်းဆရာတော်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပထမဆုံးအနေဖြင့် မိုးညှင်းမြို့ကို ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြွရောက်လာခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ ထီးလင်းဘုရား ပုရဝုဏ်အတွင်း၌ ဒေသခံများကို တရားဟောကြားခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ (Palm Spring Resort Myitkyina) တွင် သီတင်းသုံးပြီး တရားချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် မြစ်ကြီးနား - ဝိုင်းမော်တွင် နှစ်ရက်ကြာ တရားဟောကြားတော်မူမည်ဖြစ်ကြောင်း ဆရာတော်၏ ဒကာများက မဇ္ဈိမကို ပြောသည်။

မိုင်းဖုန်းဆရာတော်သည် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် ၊ ပူတာအိုနှင့် ဧရာဝတီမြစ်အရှေ့ခြမ်း ဗန်းမော်၊ မိုးမောက် ၊ မံစီဒေသအထိ ကြွချီမည် ဖြစ်ကြောင်းလည်း မဇ္ဈိမက ကနဦးစုံစမ်း သိရှိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မိုင်းဖုန်းဆရာတော်
#ကချင်
#mizzimatv
👍11👎3
​​ပဇီကြီးကျေးရွာအား လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၆၅ ဦးထိရှိလာ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်မြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ဧပြီလ ၁၂ ရက်နေ့ ညပိုင်းအထိရရှိသည့်စာရင်းအရ သေဆုံးသူ ၁၆၅ ဦး ထိရှိလာပြီဖြစ်ကြောင်းသိရသည်။

“ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ၊ သေဆုံးသူ ၁၆၅ ဦးရှိပါပြီ။ ၁၂.၄.၂၀၂၃ ညအထိ” ဟု NUG ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်ရွှေပုံ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့၌ ဖော်ပြထား သည်။

မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကိုကျော်ဝဏ္ဏအား မဇ္ဈိမမှဆက်သွယ်မေး မြန်းရာတွင် ဧပြီ ၁၂ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ဖြင့်ကင်းထောက်နေသကဲ့သို့ မြေပြင်မှလည်း ထိုး စစ်ဆင်နိုင်သည့် အနေအထားရှိသဖြင့် ၎င်းတို့အဖွဲ့မှ ကယ်ဆယ်ရေးရပ်နားထားရကြောင်း ပြောသည်။

ယမန်နေ့ ညနေအထိ ပဇီကြီးကျေးရွာ၏ သုံးပုံနှစ်ပုံကိုသာ စာရင်းကောက်ယူနိုင်ခဲ့ပြီး သေဆုံးသူ ၁၁၄ ဦး အားအတည်ပြုကြောင်းပြောသည်။ ပဇီကြီးကျေးရွာနှင့် အခြားကျေးရွာများမှ သေဆုံးသူများလည်း ကျန်ရှိ နေသေးသဖြင့် သေဆုံးသူတိုးလာနိုင်ကြောင်းဆိုသည်။

“ပဇီကြီးကျေးရွာ သုံးပုံနှစ်ပုံလောက်ပဲ စာရင်းကောက်နိုင်သေးတယ်။ အဲဒီအထိကို ကျားမခွဲလို့မရသေး ဘူး။ ၁၁၄ ယောက်ရှိသွားပြီ။ ၁၅၀၊ ၁၆၀ ထိ ဖြစ်သွားနိုင်တဲ့ အနေအထားတစ်ခုပဲ။ သေဆုံးသူက တိုး နေဦးမှာ။ မနေ့က မြေပြင်အခြေအနေ ဆင်းကောက်တာတောင်မှ ၁၁၄ ယောက် ရှိသွားပြီ။ အဲ့ဒါက မပြီး သေးဘူး” ဟု ကိုကျော်ဝဏ္ဏက မဇ္ဈိမ ကိုပြောသည်။

အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၅၀ ဦးထက်မနည်းရှိရာ ရရှိထားသည့်အချက်အလက်ရ လေးဦးသေဆုံး ခဲ့ပြီဖြစ်ပြီး သေဆုံးမှုအရေအတွက် တိုးလာနိုင်သည်။

ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပဇီကြီးကျေးရွာမှ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ တံခါးပိတ်အစည်းအဝေးပြုလုပ်လျက်ရှိကြောင်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကန့်ဘလူနယ်မြို့နယ်
#ပဇီကြီးကျေးရွာ
#အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢25👍17🤬2😭2❤1
ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲအဖွဲ့မှ နှိုးဆော်
============================

ဂန္ဒမာ(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူအများအပြား အိုးပစ်အိမ်ပစ်၊ သေကွဲရှင်ကွဲ ကွဲနေကြရပြီး ထိုသူများကို ကိုယ်ချင်းစာသောအားဖြင့် တော်လှန်သင်္ကြန်တွင် တိတ်တိတ်လေးပျော်ပေးကြပါရန် ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) က ရန်ကုန်ရှိ တော်လှန်ရေးပန်းခြံအနီးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

“အခက်အခဲတွေကြားကနေပြီးတော့ အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးမြှင့်ထားတဲ့စမ်းချောင်းမြို့နယ်မှာ ဒီလူထုလှုံ့ဆော်မှု၊ လှုပ်ရှားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလှုပ်ရှားများအတွက် ကျွန်တော်တို့ စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။ အရင်တစ်ခါကလည်း ကျွန်တော်တို့ တော်လှန်ရေးပန်းခြံရှေ့မှာပဲ မင်းအောင်လှိုင် ခေါင်းပြတ်ကြီးနဲ့ ကျွန်တော်တို့ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” သပိတ်ပွဲကို ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ လုံခြုံရေးတင်းကျပ်မှုတွေကြားကနေ အကြမ်းဖက်စစ်ကောင်စီကို အကြမ်းမဖက်တဲ့နည်းနဲ့ နားရွက်ကို တံတွေးစွတ်ခဲ့တာဖြစ်ပါတယ်။” ဟု ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ က မဇ္ဈိမ ကို ဖြေကြားသည်။

ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)တွင် သင်္ကြန်ယိမ်းအကနှင့်ပတ်သက်၍ ကျွမ်းကျင်စွာ က တတ်သူမရှိသော်လည်း အချိန်တိုအတွင်းယူကျု့မှတစ်ဆင့် အကြိမ်အရေအတွက်မြောက်များစွာ လေ့ကျင့်ခဲ့ပြီး လူထုကို ကပြဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း ပြောသည်။ ကပြဖျော်ဖြေသည့်အခါတွင်လည်း CDM သင်္ကြန် အမည်ရ ပြည်သူ့အချစ်တော် မင်းမော်ကွန်း၏ သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီးလူထုကို လှုံ့ဆော်မှု တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ က ပြောသည်။

လှုပ်ရှားမှုကို Youth Scout for Democracy (Y.S.D) မှမြေပြင်ကင်းထောက်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://youtu.be/XiKGQOWiVn4

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လှုပ်ရှားမှု
#ရေဘဝဲ
#တော်လှန်သင်္ကြန်
#CDM

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍24❤7😁2
ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ နံနက်ပိုင်း၌ မြို့ပေါ်ရှိ ထားဝယ်သင်္ကြန်တွင် ရေကစားသူနည်းပါးနေကြောင်း သိရသည်။
👍26😁3🤬2❤1👎1
​​စနဗျင်း ပျူရွာ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့မှ ၁၄ ဦးသေဆုံး
=====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် မောက်ကတော် ချောင်းရိုး စနဗျင်း ပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ ၇ ရက် နံနက် ၅ နာရီ အချိန်တွင် လက်နက် ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မင်းကင်းမြို့နယ် အမှတ်(၄) တပ်ရင်းထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့မှ ၁၄ ဦး သေဆုံးခဲ့ကြောင်း မင်းကင်းမြို့နယ် အမှတ်(၄) တပ်ရင်းမှ တပ်ထောက်တာဝန်ခံက ပြောသည်။

“ တိုက်ပွဲမှာ လက်နက်ငယ် ၊ လက်နက်ကြီး တော်တော် များများ ကို အသုံးပြုပြီး တိုက်ခဲ့ရတဲ့ ပွဲပါ။ အတွင်း သတင်းပေးမှုအရ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့ မှ ၁၄ ဦးသေဆုံးခဲ့တယ်။ ကျနော်တို့ ရဲဘော်တွေဘက်က သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိတယ်” ဟု ၎င်း က ဆိုသည်။

အဆိုပါ တိုက်ပွဲကို မင်းကင်းမြို့နယ် အမှတ်(၁) တပ်ရင်း ၊ မင်းကင်း အမှတ်(၄) တပ်ရင်း နှင့်အတူ ဒေသခံ ပ.က.ဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မောက်ကတော် ကျေးရွာတွင် အခြေပြုနေထိုင်နေသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဧပြီ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှ စစ်ကောင်စီတပ် နှင့် ပျူပူးပေါင်းအဖွဲ့မှ ခုနစ်ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံ ပ.က.ဖ ရဲဘော် တစ်ဦးက ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများထံမှ လက်လုပ် တစ်တောင့်ထိုး လေးလက်၊ စကားပြောစက် တစ်လုံး ၊ ရှေ့ထွက်မိုင်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အရှင်ဖမ်းမိခဲ့သည့် ပျူစောထီးများလည်း ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို SRF နှင့် ဒေသခံ ပကဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းကင်းမြို့နယ်
#စစ်ကောင်စီတပ်
#ပျူစောထီး
#ဒေသကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍29😁2
ဧပြီလ (၁၃) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

01:02 - ပဇီကြီးရွာ သေဆုံးသူ ၁၆၅ဦးထိရှိပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တဲ့သတင်း

02:20 - မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ အထူးအကြံပေးကောင်စီ SAC-M တိုက်တွန်းတဲ့သတင်း

06:28 - နိုင်ငံတစ်ဝှမ်းက စစ်ရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်မားလာနေတဲ့သတင်း

09:30 - ကိုယ်ချင်းစာတဲ့နေနဲ့ တော်လှန်သင်္ကြန်မှာ တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲအဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်တဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/ftxEBKpC03s

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🤮1
​​ဂျပန်အိုဆာကာတွင် ထောက်ပို့တော်လှန် နွေဦး သင်္ကြန် ပြုလုပ်မည်
=====================

ကီရာ
ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဧပြီ ၁၆ရက် တနဂ်နွေနေ့တွင် Hira Kata Shi Nippei Park ပန်းခြံ၌ မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ ဦးစီး၍ ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲမှ ရရှိလာသည့် ရန်ပုံငွေများ၏ ၅၀ရာခိုင်နှုန်းကို NUG အစိုးရ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်သည့် ၅၀ရာခိုင်နှုန်းကို မြေပြင်တွင် အမှန်တကယ် အလုပ်လုပ်နေသည့် အဖွဲ့အစည်းများကို ရွေးချယ် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့ အတိအကျမဟုတ်သေးပေမယ့် ခန့်မှန်းထားချက်အရ လက်မှတ်ရောင်းရငွေရဲ့ ၅၀ရာခိုင်နှုန်းကို ကျွန်တော်တို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ၅၀ရာခိုင်နှုန်းကိုတော့ မြေပြင်မှာ တကယ်တမ်း အလုပ်လုပ် တိုက်ပွဲဝင်နေတဲ့ မြေပြင်ကအဖွဲ့တွေ PDF အဖွဲ့တွေ တကယ်တမ်းတိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကို ရွေးချယ်ပြီးတော့ လှူဒါန်းသွားမှာဖြစ်ပါတယ်။ တချို့သော ဂျပန်လူမျိုးတွေကနေ ဒီပွဲမှာ ထပ်ပြီးတော့ လှူဒါန်းမယ့် အလှူငွေလေးတွေ ရှိမယ်လို့လဲ ခန့်မှန်းထားပါတယ်။ အဲ့ဒီအလှူငွေတွေ များခဲ့မယ်ဆိုရင် ဂျပန်လူမျိုးတွေရဲ့ အလှူငွေဖြစ်တဲ့အတွက်ကြောင့်မို့ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သင်္ကြန်အတွက် လက်မှတ်တစ်စောင်ကို ဂျပန် ယန်း ၂၀၀၀ဖြင့် သတ်မှတ်ရောင်းချပြီး ဂျပန်ယန်း ၁၀၀၀တန် မုန့်စားလက်မှတ်ကိုလည်း ပြန်လည်ပေးသွားမည်ဖြစ်သည်ဟုသိရသည်။
ထို့အပြင် လက်မှတ် အစောင် ၁၀၀၀သာ ရောင်းချရန် စီစဉ်ထားသော်လည်း ဝယ်ယူသူများပြားသည့်အတွက် လက်မှတ်အစောင် ၂၀၀၀ ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် လက်မှတ်အစောင် ၂၀၀၀ လုံး ရောင်းချပြီးပြီဖြစ်သည့်အတွက် ပန်းခြံနေရာအခက်အခဲကြောင့် လက်မှတ်များ ဆက်လက်ထုတ်ရောင်းရန် မရှိတော့ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောသည်။

ထို့အပြင် ယခုနှစ်တွင် ထောက်ပံ့ဖို့ ငွေအမြောက်အများရရှိနိုင်အောင် စည်စည်ကားကားပြုလုပ်သွားမည်ဖြစ်ပြီး အပျော်ကြီးသပ်သပ်မဟုတ်ပဲ ထောက်ပို့မှု ၊ တော်လှန်မှုများပါ ပါဝင်မည်ဟုလည်း ဆိုသည်။

"သင်္ကြန်ပွဲ မကျင်းပတာ ၃နှစ်ရှိပါပြီ။ ပထမတစ်နှစ်က ကိုဗစ်ရောဂါတွေကြောင့်နဲ့ နှစ်နှစ်ကတော့ နိုင်ငံ အာဏာသိမ်းထားတာကြောင့်ပါ။ ဒါပေမယ့် ရေပက်တဲ့ ပျော်ပွဲရွင်ပွဲ သင်္ကြန်ပွဲကို မကျင်းပပေမယ့် မနှစ်ကတော့ တော်လှန်သင်္ကြန်ပွဲ ကျင်းပဖြစ်ပါတယ်။ တော်လှန်သင်္ကြန်ဆိုပေမယ့် သင်္ကြန်ပြယုတ်တောင် မပါ ပါဘူး။ ယိမ်းဆိုရင်လဲ ယိမ်းတစ်မျိုးပဲ ပါပါတယ် ။သင်္ကြန်ရဲ့ သရုပ်တောင် သိပ်မပါပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ် ဒီနှစ်မှာတော့ စည်စည်ကားကားလေးနဲ့ ထောက်ပံ့ဖို့ ငွေအမြောက်အများ ရနိုင်တဲ့ အနေအထားမျိူးရအောင် ကြိုးစားချင်တဲ့အတွက် ဒီနှစ်ကိုတော့ နည်းနည်း စည်စည်ကားကားလေးနဲ့ အပျော်ကြီးပဲမဟုတ်ပဲ ထောက်ပို့မှုတွေ ပါမယ် တော်လှန်မှုတွေ ပါမယ် အဲ့ဒီပုံစံမျိုးနဲ့ သင်္ကြန်ပွဲကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု သင်္ကြန်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ တာဝန်ရှိသူက ယခုလို ပြောသည်။
👍23❤4🤮1
This media is not supported in your browser
VIEW IN TELEGRAM
April - 13 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
👍13🤮1
မင်းတပ်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ဦး သေဆုံး ဟုဆို
👍30😁1
မင်းတပ်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ဦး သေဆုံး ဟုဆို
=======================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၈ဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) (CDF – Mindat) က ဧပြီလ ၁၂ရက်နေ့တွင်ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် ၊ တိုက်နယ် အမှတ်(၁) ဘက်တွင် ဧပြီလ ၇ရက် နံနက် ၇နာရီ ၃၀မိနစ် အချိန်မှ စပြီး ညနေ ၆နာရီ ၂၀မိနစ်အချိန်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးခဲ့ကြောင်းဆိုသည်။

“စစ်ကောင်စီတပ်တွေက ယောနယ်ဘက်ကရွာတွေကို စစ်ကြောင်းထိုးနေတာ ၊ ချင်းပြည်နယ်အစပ်က ရွာတွေကိုမဝင်ခင် ပူးပေါင်းတပ်ဖွဲ့က ကြိုပြီးအလစ်အငိုက် တိုက်ခိုက်ခဲ့တာပါ” ဟု CDF – Mindat ပြောရေးဆိုခွင့်ရှိသူ Salai Ha Om က မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အထိခိုက်များသော စစ်ကောင်စီတပ်များသည့် စစ်ကြောင်း ရှေ့မတိုးဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်းဆိုသည်။

ယင်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း CDF – Mindat က ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ည ၁၁နာရီ ၃၁မိနစ်အချိန်မှ ၁၂နာရီ ၁၅မိနစ်အချိန်အထိ စစ်ကောင်စီတပ် မှ ဂျက်ဖိုက်တာဖြင့် ရှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တဖန် ဧပြီလ ၁၀ရက် ညနေ၆နာရီအချိန်တွင် မင်းတပ်မြို့အနီး (၉)မိုင်ဘက်၌ လည်း ထပ်မံ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မင်းတပ်မြို့ အထိုင်တပ်ဖြစ်သော ခလရ ၂၇၄ အဝင်ဂိတ်ကို တိုက်ခိုက်ရန် သွားရောက် စဉ် စစ်ကောင်စီတပ်၏ ရှေ့ကင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၁ရက် ည ၇နာရီ ၄၆မိနစ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် မင်းတပ်မြို့နယ် အမှတ်(၁) ကျေးရွာအနီးနှင့် ကျေးရွာအတွင်းသို့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း နှင့် လူနေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

မင်းတပ်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြီး ချင်းကွယ်ရေးတပ်ဖွဲ့များမှ မြေပြင်သို့ ကွင်းဆင်းရှင်းလင်းခဲ့ကြောင်း ဧပြီလ ၁၃ရက် ယနေ့ နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် နေရာများကို ကွင်းဆင်းစစ်ဆေးရာ မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် ဗုံးဆန်များ ၊ ထိခိုက်ပျက်စီးသွားသော ရှားပါး ရစ် မျိုးစိတ်ကျေးငှက် များ၏ မှတ်တမ်းဓါတ်ပုံများကို CDF – Mindat က စုစည်းတင်ပြထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#CDF-Mindat
#မင်းတပ်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤1😁1