စနဗျင်း ပျူရွာ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့မှ ၁၄ ဦးသေဆုံး
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် မောက်ကတော် ချောင်းရိုး စနဗျင်း ပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ ၇ ရက် နံနက် ၅ နာရီ အချိန်တွင် လက်နက် ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မင်းကင်းမြို့နယ် အမှတ်(၄) တပ်ရင်းထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့မှ ၁၄ ဦး သေဆုံးခဲ့ကြောင်း မင်းကင်းမြို့နယ် အမှတ်(၄) တပ်ရင်းမှ တပ်ထောက်တာဝန်ခံက ပြောသည်။
“ တိုက်ပွဲမှာ လက်နက်ငယ် ၊ လက်နက်ကြီး တော်တော် များများ ကို အသုံးပြုပြီး တိုက်ခဲ့ရတဲ့ ပွဲပါ။ အတွင်း သတင်းပေးမှုအရ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့ မှ ၁၄ ဦးသေဆုံးခဲ့တယ်။ ကျနော်တို့ ရဲဘော်တွေဘက်က သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိတယ်” ဟု ၎င်း က ဆိုသည်။
အဆိုပါ တိုက်ပွဲကို မင်းကင်းမြို့နယ် အမှတ်(၁) တပ်ရင်း ၊ မင်းကင်း အမှတ်(၄) တပ်ရင်း နှင့်အတူ ဒေသခံ ပ.က.ဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မောက်ကတော် ကျေးရွာတွင် အခြေပြုနေထိုင်နေသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဧပြီ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှ စစ်ကောင်စီတပ် နှင့် ပျူပူးပေါင်းအဖွဲ့မှ ခုနစ်ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ဒေသခံ ပ.က.ဖ ရဲဘော် တစ်ဦးက ဆိုသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများထံမှ လက်လုပ် တစ်တောင့်ထိုး လေးလက်၊ စကားပြောစက် တစ်လုံး ၊ ရှေ့ထွက်မိုင်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အရှင်ဖမ်းမိခဲ့သည့် ပျူစောထီးများလည်း ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို SRF နှင့် ဒေသခံ ပကဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မင်းကင်းမြို့နယ်
#စစ်ကောင်စီတပ်
#ပျူစောထီး
#ဒေသကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍29😁2
ဧပြီလ (၁၃) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================
01:02 - ပဇီကြီးရွာ သေဆုံးသူ ၁၆၅ဦးထိရှိပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တဲ့သတင်း
02:20 - မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ အထူးအကြံပေးကောင်စီ SAC-M တိုက်တွန်းတဲ့သတင်း
06:28 - နိုင်ငံတစ်ဝှမ်းက စစ်ရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်မားလာနေတဲ့သတင်း
09:30 - ကိုယ်ချင်းစာတဲ့နေနဲ့ တော်လှန်သင်္ကြန်မှာ တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲအဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်တဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/ftxEBKpC03s
#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဧပြီလ (၁၃) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:02 - ပဇီကြီးရွာ သေဆုံးသူ ၁၆၅ဦးထိရှိပြီး သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တဲ့သတင်း
02:20 - မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ အထူးအကြံပေးကောင်စီ SAC-M တိုက်တွန်းတဲ့သတင်း
06:28 - နိုင်ငံတစ်ဝှမ်းက စစ်ရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်…

👍15🤮1
ဂျပန်အိုဆာကာတွင် ထောက်ပို့တော်လှန် နွေဦး သင်္ကြန် ပြုလုပ်မည်
=====================
ကီရာ
ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဧပြီ ၁၆ရက် တနဂ်နွေနေ့တွင် Hira Kata Shi Nippei Park ပန်းခြံ၌ မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ ဦးစီး၍ ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲမှ ရရှိလာသည့် ရန်ပုံငွေများ၏ ၅၀ရာခိုင်နှုန်းကို NUG အစိုးရ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်သည့် ၅၀ရာခိုင်နှုန်းကို မြေပြင်တွင် အမှန်တကယ် အလုပ်လုပ်နေသည့် အဖွဲ့အစည်းများကို ရွေးချယ် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျွန်တော်တို့ အတိအကျမဟုတ်သေးပေမယ့် ခန့်မှန်းထားချက်အရ လက်မှတ်ရောင်းရငွေရဲ့ ၅၀ရာခိုင်နှုန်းကို ကျွန်တော်တို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ၅၀ရာခိုင်နှုန်းကိုတော့ မြေပြင်မှာ တကယ်တမ်း အလုပ်လုပ် တိုက်ပွဲဝင်နေတဲ့ မြေပြင်ကအဖွဲ့တွေ PDF အဖွဲ့တွေ တကယ်တမ်းတိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကို ရွေးချယ်ပြီးတော့ လှူဒါန်းသွားမှာဖြစ်ပါတယ်။ တချို့သော ဂျပန်လူမျိုးတွေကနေ ဒီပွဲမှာ ထပ်ပြီးတော့ လှူဒါန်းမယ့် အလှူငွေလေးတွေ ရှိမယ်လို့လဲ ခန့်မှန်းထားပါတယ်။ အဲ့ဒီအလှူငွေတွေ များခဲ့မယ်ဆိုရင် ဂျပန်လူမျိုးတွေရဲ့ အလှူငွေဖြစ်တဲ့အတွက်ကြောင့်မို့ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ သင်္ကြန်အတွက် လက်မှတ်တစ်စောင်ကို ဂျပန် ယန်း ၂၀၀၀ဖြင့် သတ်မှတ်ရောင်းချပြီး ဂျပန်ယန်း ၁၀၀၀တန် မုန့်စားလက်မှတ်ကိုလည်း ပြန်လည်ပေးသွားမည်ဖြစ်သည်ဟုသိရသည်။
ထို့အပြင် လက်မှတ် အစောင် ၁၀၀၀သာ ရောင်းချရန် စီစဉ်ထားသော်လည်း ဝယ်ယူသူများပြားသည့်အတွက် လက်မှတ်အစောင် ၂၀၀၀ ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် လက်မှတ်အစောင် ၂၀၀၀ လုံး ရောင်းချပြီးပြီဖြစ်သည့်အတွက် ပန်းခြံနေရာအခက်အခဲကြောင့် လက်မှတ်များ ဆက်လက်ထုတ်ရောင်းရန် မရှိတော့ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောသည်။
ထို့အပြင် ယခုနှစ်တွင် ထောက်ပံ့ဖို့ ငွေအမြောက်အများရရှိနိုင်အောင် စည်စည်ကားကားပြုလုပ်သွားမည်ဖြစ်ပြီး အပျော်ကြီးသပ်သပ်မဟုတ်ပဲ ထောက်ပို့မှု ၊ တော်လှန်မှုများပါ ပါဝင်မည်ဟုလည်း ဆိုသည်။
"သင်္ကြန်ပွဲ မကျင်းပတာ ၃နှစ်ရှိပါပြီ။ ပထမတစ်နှစ်က ကိုဗစ်ရောဂါတွေကြောင့်နဲ့ နှစ်နှစ်ကတော့ နိုင်ငံ အာဏာသိမ်းထားတာကြောင့်ပါ။ ဒါပေမယ့် ရေပက်တဲ့ ပျော်ပွဲရွင်ပွဲ သင်္ကြန်ပွဲကို မကျင်းပပေမယ့် မနှစ်ကတော့ တော်လှန်သင်္ကြန်ပွဲ ကျင်းပဖြစ်ပါတယ်။ တော်လှန်သင်္ကြန်ဆိုပေမယ့် သင်္ကြန်ပြယုတ်တောင် မပါ ပါဘူး။ ယိမ်းဆိုရင်လဲ ယိမ်းတစ်မျိုးပဲ ပါပါတယ် ။သင်္ကြန်ရဲ့ သရုပ်တောင် သိပ်မပါပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ် ဒီနှစ်မှာတော့ စည်စည်ကားကားလေးနဲ့ ထောက်ပံ့ဖို့ ငွေအမြောက်အများ ရနိုင်တဲ့ အနေအထားမျိူးရအောင် ကြိုးစားချင်တဲ့အတွက် ဒီနှစ်ကိုတော့ နည်းနည်း စည်စည်ကားကားလေးနဲ့ အပျော်ကြီးပဲမဟုတ်ပဲ ထောက်ပို့မှုတွေ ပါမယ် တော်လှန်မှုတွေ ပါမယ် အဲ့ဒီပုံစံမျိုးနဲ့ သင်္ကြန်ပွဲကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု သင်္ကြန်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ တာဝန်ရှိသူက ယခုလို ပြောသည်။

👍23❤4🤮1
မင်းတပ်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ဦး သေဆုံး ဟုဆို
👍30😁1
မင်းတပ်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ဦး သေဆုံး ဟုဆို
=======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၈ဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) (CDF – Mindat) က ဧပြီလ ၁၂ရက်နေ့တွင်ထုတ်ပြန်သည်။
မင်းတပ်မြို့နယ် ၊ တိုက်နယ် အမှတ်(၁) ဘက်တွင် ဧပြီလ ၇ရက် နံနက် ၇နာရီ ၃၀မိနစ် အချိန်မှ စပြီး ညနေ ၆နာရီ ၂၀မိနစ်အချိန်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးခဲ့ကြောင်းဆိုသည်။
“စစ်ကောင်စီတပ်တွေက ယောနယ်ဘက်ကရွာတွေကို စစ်ကြောင်းထိုးနေတာ ၊ ချင်းပြည်နယ်အစပ်က ရွာတွေကိုမဝင်ခင် ပူးပေါင်းတပ်ဖွဲ့က ကြိုပြီးအလစ်အငိုက် တိုက်ခိုက်ခဲ့တာပါ” ဟု CDF – Mindat ပြောရေးဆိုခွင့်ရှိသူ Salai Ha Om က မဇ္စျိမ ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အထိခိုက်များသော စစ်ကောင်စီတပ်များသည့် စစ်ကြောင်း ရှေ့မတိုးဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်းဆိုသည်။
ယင်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း CDF – Mindat က ထုတ်ပြန်ချက်တွင်အသိပေးထားသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ည ၁၁နာရီ ၃၁မိနစ်အချိန်မှ ၁၂နာရီ ၁၅မိနစ်အချိန်အထိ စစ်ကောင်စီတပ် မှ ဂျက်ဖိုက်တာဖြင့် ရှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တဖန် ဧပြီလ ၁၀ရက် ညနေ၆နာရီအချိန်တွင် မင်းတပ်မြို့အနီး (၉)မိုင်ဘက်၌ လည်း ထပ်မံ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မင်းတပ်မြို့ အထိုင်တပ်ဖြစ်သော ခလရ ၂၇၄ အဝင်ဂိတ်ကို တိုက်ခိုက်ရန် သွားရောက် စဉ် စစ်ကောင်စီတပ်၏ ရှေ့ကင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁၁ရက် ည ၇နာရီ ၄၆မိနစ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် မင်းတပ်မြို့နယ် အမှတ်(၁) ကျေးရွာအနီးနှင့် ကျေးရွာအတွင်းသို့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း နှင့် လူနေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။
မင်းတပ်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြီး ချင်းကွယ်ရေးတပ်ဖွဲ့များမှ မြေပြင်သို့ ကွင်းဆင်းရှင်းလင်းခဲ့ကြောင်း ဧပြီလ ၁၃ရက် ယနေ့ နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် နေရာများကို ကွင်းဆင်းစစ်ဆေးရာ မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် ဗုံးဆန်များ ၊ ထိခိုက်ပျက်စီးသွားသော ရှားပါး ရစ် မျိုးစိတ်ကျေးငှက် များ၏ မှတ်တမ်းဓါတ်ပုံများကို CDF – Mindat က စုစည်းတင်ပြထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#CDF-Mindat
#မင်းတပ်မြို့နယ်

👍21❤1😁1
မြိတ်မြို့ ကလွင်ကျေးရွာရှိ ရပ်ကွက် ရေကစားမဏ္ဍပ် လက်နက်ကိုင် ပျူစောထီးအဖွဲ့နှင့် လုံခြုံရေးယူ ဖွင့်လှစ်
====================
ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်တွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ နံနက် ၉ နာရီ အချိန်တွင် ကလွင်ကျေးရွာအုပ်စုရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ရေကစားမဏ္ဍပ်ကို လက်နက်ကိုင် ပျူစောထီးများ အပါဝင်သည့် အဖွဲ့ ဖြင့် လုံခြုံရေး အတင်းအကျပ်ပ် ပြုလုပ်ကာ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ရပ်ကွက် ရာအိမ်မှူးများနှင့် နီးစပ်သူများထံက သိရ သည်။
ကလွင်ကျေးရွာနေ ဒေသခံ တစ်ဦးက“မဏ္ဍပ်က ဒီနေ့ မနက်က ဖွင့်လှစ်လိုက်တာပါ။ ရပ်ကွက် ရေကစား မဏ္ဍပ်ဆိုပေမယ့် အပြင်လူတွေတော့ သိပ်မဝင်ခိုင်းဘူးပေါ့”ဟု ပြောသည်။
အဆိုပါ ပိတောက်ရွှေဝါ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား နေရာ ပတ်ပတ်လည်တွင် ပျူစောထီး၊ မီးသတ်တပ်ဖွဲ့နှင့် အရပ်ဝတ် လုံခြုံရေး အများ အပြားကို ချပြီး ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံက သိရ သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ပျူစောထီးအဖွဲ့
#သင်္ကြန်မဏ္ဍပ်

👍16🤮8❤1👎1
မပွင့်ခင်ကကြွေကျသွားသော ပန်းကလေးများ
================
လေကြောင်းရန်ကြားမှာနေကြရတဲ့ ကျွန်တော်တို့ ကလေးတွေ အကြောင်း ကမ္ဘာက သိစေဖို့
https://youtu.be/9AgcZh5wL5w
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
လေကြောင်းရန်ကြားမှာနေကြရတဲ့ ကျွန်တော်တို့ ကလေးတွေ အကြောင်း ကမ္ဘာက သိစေဖို့
https://youtu.be/9AgcZh5wL5w
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မပွင့်ခင်ကကြွေကျသွားသော ပန်းကလေးများ
လေကြောင်းရန်ကြားမှာနေကြရတဲ့ ကျွန်တော်တို့ ကလေးတွေ အကြောင်း ကမ္ဘာက သိစေဖို့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍9😢6❤2🔥1
လာရှိုးတွင် သင်္ကြန်မဏ္ဍပ် ၁ခုအနီး ဗုံးပေါက်ကွဲ၊ အမျိုးသား ၄ ဦးသေဆုံးဟု မြို့ခံအချို့ပြော
=========================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားအနီးရှိ သင်္ကြန်မဏ္ဍပ်ရှေ့နားတွင် ယနေ့ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်က ဗုံးပေါက်ကွဲပြီး အမျိုးသားလေးဦးသေဆုံးခဲ့ကြောင်းဒေသခံအချို့ကပြောသည်။
ရန်တိုင်းအောင်ဘုရားအနီး စတုဒီသာကျွေးနေသော သင်္ကြန်မဏ္ဍပ် ရှေ့နားတွင် ဗုံးသုံးလုံးဆင့် ပေါက်ကွဲခြင်းဟု သိရသည်။
“သေဆုံးတဲ့သူရှိတယ်။ လောလောဆယ် အမျိုးသားလေးယောက်လို့ပြောတယ်။ ကျန်တာကတော့ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့လည်း ပြောတယ်။ လောလောဆယ် သူတို့ ကောက်(စာရင်းကောက်) နေတုန်းပဲ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
ပေါက်ကွဲသံ သုံးချက်ကြားလိုက်ရပြီး ထိုနေရာအနီးမှ ကားတစ်စီးလည်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။သေဆုံးသူလေးဦးစလုံးသည် အမျိုးသားများဖြစ်ကြောင်း မြို့ခံများကပြောပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။ ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးနေသည်ဟု မြို့ခံများကပြောသည်။
စစ်ကောင်စီမှ ကျင်းပသည့် သွေးစွန်းသင်္ကြန်အား ပါဝင်ဆင်နွှဲခြင်း မပြုကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလျက်ရှိပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီက မြို့ပြပြောက်ကျားအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည်ဟု သတိပေးနေကြသည်။
စာတည်း - မောင်ကြီး
#mizzima
#လားရှိုးမြို့
#သင်္ကြန်မဏ္ဍပ်
#ဗုံးပေါက်ကွဲ
#လေးဦးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားအနီးရှိ သင်္ကြန်မဏ္ဍပ်ရှေ့နားတွင် ယနေ့ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်က ဗုံးပေါက်ကွဲပြီး အမျိုးသားလေးဦးသေဆုံးခဲ့ကြောင်းဒေသခံအချို့ကပြောသည်။
ရန်တိုင်းအောင်ဘုရားအနီး စတုဒီသာကျွေးနေသော သင်္ကြန်မဏ္ဍပ် ရှေ့နားတွင် ဗုံးသုံးလုံးဆင့် ပေါက်ကွဲခြင်းဟု သိရသည်။
“သေဆုံးတဲ့သူရှိတယ်။ လောလောဆယ် အမျိုးသားလေးယောက်လို့ပြောတယ်။ ကျန်တာကတော့ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့လည်း ပြောတယ်။ လောလောဆယ် သူတို့ ကောက်(စာရင်းကောက်) နေတုန်းပဲ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
ပေါက်ကွဲသံ သုံးချက်ကြားလိုက်ရပြီး ထိုနေရာအနီးမှ ကားတစ်စီးလည်း မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။သေဆုံးသူလေးဦးစလုံးသည် အမျိုးသားများဖြစ်ကြောင်း မြို့ခံများကပြောပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။ ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးနေသည်ဟု မြို့ခံများကပြောသည်။
စစ်ကောင်စီမှ ကျင်းပသည့် သွေးစွန်းသင်္ကြန်အား ပါဝင်ဆင်နွှဲခြင်း မပြုကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းလျက်ရှိပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီက မြို့ပြပြောက်ကျားအယောင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည်ဟု သတိပေးနေကြသည်။
စာတည်း - မောင်ကြီး
#mizzima
#လားရှိုးမြို့
#သင်္ကြန်မဏ္ဍပ်
#ဗုံးပေါက်ကွဲ
#လေးဦးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤10
တကောင်းတိုက်နယ်အတွင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးဟုဆို
=========================
ပါခွီး
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ တကောင်းတိုက်နယ်အတွင်း စစ်တပ်ကားနှစ်စီးကို မိုင်းဖြင့် နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) က ဧပြီလ ၁၂ရက်နေ့တွင်ထုတ်ပြန်သည်။
တကောင်းတိုက်နယ်အတွင်း လေးမိုင်ရွာနှင့် ခြောက်မိုင်ရွာအကြားတွင် အင်းနက်မှ ထွက်လာသော ၁၂ဘီးကား နှစ်စီးအား ယမန်နေ့မနက် ၅နာရီ ၁၀မိနစ်အချိန်တွင် မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကားနောက်ပိုင်းထိမှန်ပြီး ရမ်းခါသွားကာ ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
တဖန် အဆိုပါကားနှစ်စီးကို မနက် ၅နာရီ ၁၅မိနစ်အချိန်တွင် နောင်လုံသံတံတားအနီးတွင် မိုင်းသုံးလုံးဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့မှထွက်ခွာလာသည့် ကားခေါင်းခြမ်းကို ဒဲ့ထိမှန်ပြီး မီးလောင်ပျက်ဆီးသွားကြောင်းဆိုသည်။
“’ကျနော်တို့ စစ်ကောင်စီတပ်က ကားလာမယ်ဆိုတာ ကြိုတင်ပြီး သိထားရတဲ့အတွက် အခုလိုစောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာပါ” ဟု ပကဖ (တကောင်း) သတင်းပြန်ကြားရေးက မဇ္စျိမ ကိုပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် မစ်ရှင်နှစ်ခုတွင် စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့ပြီး ငါးဦးမှာ ခြေပြတ်လက်ပြတ်ဖြစ်သွားခဲ့ကာ တကောင်းမြို့တွင်းမှ နာရေး ကားသုံးစီးဖြင့် လာရောက်သယ်ဆောင် သွားကြောင်း သိရသည်။
ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်အပြီး အထိအခိုက်မရှိသော စစ်ကောင်စီတပ်သားများသည် ကားပေါ်မှ ခုန်ဆင်းသွားကြပြီး ညောင်ကုန်းရွာထဲသို့ ပြေးဝင်သွားကြကာ အကာအကွယ်များယူ၍ အချိန်အတော်ကြာမှ ပျက်စီးနေသော ကားအား ကြိုးဖြင့် ဆွဲပြီးယူဆောင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဧပြီလ ၁၂ရက်နေ့ ညနေ ၄နာရီ ၄၆မိနစ်အချိန်တွင် တကောင်းတိုက်နယ် ရေယာဉ်ရွာအနီး မြနန္ဒာပေါက် တံတားထိပ်၌ နီကယ်စက်ရုံမှ အောက်ဘက်သို့ ဆင်းလာသော ဘင်ကားအနက် ကားအသေး လေးစီးအား မိုင်း ခုနစ်လုံး အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဧပြီ ၁၃ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။
ယင်းသို့ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရှေ့ကားနှစ်စီးမှာ နေရာတွင်ထိုးရပ်သွားခဲ့ပြီး ပြန်လည်ပစ်ခတ်မှုမပြုလုပ်ဘဲရှိရာ နောက်ကားတစ်စီးမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ကြောင်းဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရေးသားထားပြီး အရေအတွက်ကို ဖော်ပြထားခြင်းမရှိပေ။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း) နှင့် လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ရပ်ကျေး ၊ ပကဖ) တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်းသိရသည်။
ပြည်သူများအနေဖြင့် မစ်ရှင်ဖြစ်ပွားရာ နေရာတစ်လျှောက်သို့ မသွားကြရန်နှင့် စပ်စုခြင်းများမပြုလုပ်ကြပါရန် ၊ ထုတ်ပြန်ချက်စည်းကမ်းများအား လိုက်နာပေးကြပါရန်နှင့် မလိုက်နာသဖြင့် တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း တကောင်း(ပကဖ) က အသိပေးထားသည်။
စာတည်း - သန့်ဇော်(သန်ဇော်)
#mizzima
#သပိတ်ကျင်းမြို့နယ်
#စစ်တပ်ကား
#မိုင်း
#ဖောက်ခွဲတိုက်ခိုက်

👍28😁1
ဧပြီလ ( ၁၃ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================
01:11 - မော်ထိုက်စခန်းက စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ယူပြီး MNDAA နှင့် ပူးပေါင်း
02:38 - သာယာဝတီခရိုင်အတွင်း ထောက်ပို့ ၂ ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်လိုက်စုံစမ်းနေ
04:32 - ပဇီကြီးရွာတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက် ထပ်ထိုးလာနေပြီး လေကြောင်းတိုက်ခိုက်မှုတွင် အသေအပျောက်အများဆုံးဖြစ်
11:06 - မင်းကင်းမြို့နယ် စနဗျင်း ပျူရွာ တိုက်ခိုက်မှူတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့မှ ၁၄ ဦး သေဆုံး
https://youtu.be/J7LrJw4ngiE
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
01:11 - မော်ထိုက်စခန်းက စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ယူပြီး MNDAA နှင့် ပူးပေါင်း
02:38 - သာယာဝတီခရိုင်အတွင်း ထောက်ပို့ ၂ ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်လိုက်စုံစမ်းနေ
04:32 - ပဇီကြီးရွာတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက် ထပ်ထိုးလာနေပြီး လေကြောင်းတိုက်ခိုက်မှုတွင် အသေအပျောက်အများဆုံးဖြစ်
11:06 - မင်းကင်းမြို့နယ် စနဗျင်း ပျူရွာ တိုက်ခိုက်မှူတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့မှ ၁၄ ဦး သေဆုံး
https://youtu.be/J7LrJw4ngiE
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ ( ၁၃ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:11 - မော်ထိုက်စခန်းက စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ယူပြီး MNDAA နှင့် ပူးပေါင်း
02:38 - သာယာဝတီခရိုင်အတွင်း ထောက်ပို့ ၂ ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်လိုက်စုံစမ်းနေ
04:32 - ပဇီကြီးရွာတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက် ထပ်ထိုးလာနေပြီး လေကြောင်းတိုက်ခိုက်မှုတွင်…

👍14🤮1
ရေမစိုတဲ့ သင်္ကြန်
==========
တေးရေး တိုင်းကျော်(ဟားငါးကောင်)
တေးဆို သခင်ထွန်း
.........................
တော်လှန်ရေးမှာ ပေးလိုက်ရတဲ့ အသက်တွေ...
လူမစုံတော့တဲ့ မိသားစုတွေ...
အသက်ပေးတိုက်ပွဲ၀င်နေတဲ့ လူငယ်လေးတွေ...
ကြံ့ကြံ့ခံနေတဲ့ CDM တွေ...
ရှိသမျှအကုန်ချွတ်လှူနေကြတဲ့ ပြည်သူတွေအတွက်
https://youtu.be/ZGpdipZEBJA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========
တေးရေး တိုင်းကျော်(ဟားငါးကောင်)
တေးဆို သခင်ထွန်း
.........................
တော်လှန်ရေးမှာ ပေးလိုက်ရတဲ့ အသက်တွေ...
လူမစုံတော့တဲ့ မိသားစုတွေ...
အသက်ပေးတိုက်ပွဲ၀င်နေတဲ့ လူငယ်လေးတွေ...
ကြံ့ကြံ့ခံနေတဲ့ CDM တွေ...
ရှိသမျှအကုန်ချွတ်လှူနေကြတဲ့ ပြည်သူတွေအတွက်
https://youtu.be/ZGpdipZEBJA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ရေမစိုတဲ့ သင်္ကြန်
တေးရေး တိုင်းကျော်(ဟားငါးကောင်)
တေးဆို သခင်ထွန်း
.........................
တော်လှန်ရေးမှာ ပေးလိုက်ရတဲ့ အသက်တွေ...
လူမစုံတော့တဲ့ မိသားစုတွေ...
အသက်ပေးတိုက်ပွဲ၀င်နေတဲ့ လူငယ်လေးတွေ...
ကြံ့ကြံ့ခံနေတဲ့ CDM တွေ...
ရှိသမျှအကုန်ချွတ်လှူနေကြတဲ့ ပြည်သူတွေအတွက်…

👍16❤2😁2