မင်းလှတွင် ထောက်ပို့ရဲဘော်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီးကွင်းဆက်လိုက်စုံစမ်းနေ
========================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊မင်းလှမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး ထောက်ပို့ရဲဘော်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ထိုရဲဘော်နှစ်ဦးမှတဆင့် ကွင်းဆက်လိုက်ခြင်း၊ စခန်းတည်နေရာရှာခြင်းများပြုလုပ်နေကြောင်း သိရသည်။
သာယာဝတီခရိုင် PDF ထောက်ပို့နှစ်ဦးဖြစ်သော ကိုစိုးမြတ်အောင်(ခေါ်)အစိုးလေးနှင့် ကိုတုံးကြီးတို့အား စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်နေ့နံနက်ပိုင်းတွင် မင်းလှမြို့နယ်၊ သရက်တပင်ရွာရှိ ထမင်းဆိုင်တစ်ဆိုင်၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။
“အဓိကကတော့ လုံခြုံရေးသတင်းပေါက်ကြားတာပေါ့။ ကိုစိုးမြတ်အောင်က ထမင်းဆိုင်မှာထမင်းစားနေရင်းလည်း ဗီဒီယိုကောပြောနေတယ်သိရတယ်။ သူ့ကိုအရင်ဖမ်းသွားတာပါ။ ပြီးတော့မှ သူ့ကိုလာကြိုတဲ့ တုံးကြီးကိုပါ ဖမ်းသွားတာပါ” ဟု သာယာဝတီခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ထောက်ပို့ရဲဘော်နှစ်ဦး ဖမ်းဆီးခံရသည့် နေ့တွင်ပင် မင်းလှမြို့နယ်နှင့်ထိစပ်နေသော ပဲခူးရိုးမအတွင်းရှိ PDF တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။
“ပြောရရင်တော့ ဆိုင်တာပေါ့၊ ဖမ်းခံရသူနှစ်ဦးထဲက တစ်ဦးက ရိုးထဲက တပ်စခန်းတစ်ခုကပါ” ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။
ထို့အပြင် ကိုစိုးမြတ်အောင်၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အကောင့်အား စစ်ကောင်စီတပ်က သုံးစွဲနေကာ PDF ရဲဘော်များ၏ ကွင်းဆက်ကို လိုက်လံစုံစမ်းနေသည်ဟု မင်းလှမြို့နယ်ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။
“သူအဖမ်းခံရပြီးတဲ့နောက်မှာ သူ့အကောင့်ကိုဆက်သုံးနေပြီး ပတ်သက်ဆက်နွယ်သူတွေ၊လှူဖူးတဲ့သူတွေကို ကွင်းဆက်လိုက်ဖမ်းဆီးတာတွေရှိနေတယ်။ငါးယောက်လောက်ဖမ်းဆီးခံထားရပါတယ်။
တချို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကြိုတင်သတိပေးတာတွေရှိတော့ ကြိုရှောင်လိုက်နိုင်ကြတော့အဖမ်းမခံလိုက်ရပါဘူး။ ကြို့ပင်ကောက်အမတ်အဖမ်းခံရတာလည်း ဒီထောက်ပို့တွေဖမ်းဆီးခံရပြီးတဲ့နောက်မှဖြစ်တာဆိုတော့ ငွေထောက်ပို့လို့ အဖမ်းခံရတယ်လည်း ကြားတယ်” ဟု မင်းလှမြို့ခံတစ်ဦးကပြောသည်။
ကြို့ပင်ကောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းအား စစ်ကောင်စီတပ်က ဧပြီလ ၄ရက်နေ့တွင် ဖမ်းဆီးသွားပြီး လက်ရှိတွင် ပေါင်းတည်အကျဉ်းထောင်၌ ၅၀၅/၁၇(၁) (မတရားအသင်းအက်ဥပဒေပုဒ်မ) ဖြင့် တရားစွဲဆိုထားထားသည်ဟု နီးစပ်ရာအသိုင်းအဝိုင်းမှသိရသည်။
ဦးဌေးမင်းသိန်းဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “ ဦးဌေးမင်းသိန်းနဲ့က အဆက်အသွယ်မရှိတာကြာပါပြီ။ အဖမ်းခံရပြီးတဲ့နောက် ဒီလိုသတင်းတွေကြားရပေမယ့် ကျွန်တော်တို့နဲ့ကတော့ အဆက်အသွယ်မရှိပါဘူး” ဟု ဆိုသည်။
လက်ရှိတွင် မင်းလှမြို့နယ် အရှေ့ဘက် ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးတင်းမာနေသည်။မတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသောကြောင့် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ(၃)နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တစ် ဦးသေဆုံးကာ အထိနာပြီး တပ်ပြန်ဆုတ်သွားကြသည်ဟု ပဲခူးတိုင်း စစ်ရေးသတင်းပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မင်းလှမြို့နယ်
#ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်
#ကွင်းဆက်လိုက်
#စခန်းတည်နေရာရှာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢12👍10❤4🔥1
မုံရွာမြို့တွင် သင်္ကြန် ရေကစားသူ နည်းပါး
================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊မုံရွာမြို့တွင် သင်္ကြန်အကြိုရက်ဖြစ်သော ယနေ့တွင် ရေကစားသူ မရှိသလောက်နည်းပါးကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ ဧပြီလ ၁၃ရက်တွင် မြို့အတွင်း လူစည်ကားသော အရပ်များတွင် အသွားအလာ ခြောက်ကပ်နေပြီး ရေကစားသူမရှိကြောင်းသိရသည်။
သို့သော် စစ်ကောင်စီတပ်က ကန်သာယာတွင် မန်းဏ္ဍပ်တစ်ခုနှင့် နမခ(အနောက် မြောက်တိုင်းစစ်ဌာချုပ်) ထဲတွင် တစ်ခု ဆောက်လုပ်ပြီး ရေကစားကြရန် စီစဉ်ထားကြောင်းသိရသည်။
စစ်ကောင်စီ က သင်္ကြန်ကို စည်ကားစေရန်ရည်ရွယ်၍ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ၊ စိုးသူနှင့် စိုးမြတ်သူဇာတို့ကို ဖျော်ဖြေရန် ဖိတ်ကြားထားကြောင်း မုံရွာမြို့ခံတစ်ဦး က ပြောဆိုသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ ပြည်သူများကို တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများ က စစ်ကောင်စီမှ ဦးစီးကျင်းပမည့် သင်္ကြန်ပွဲများတွင် ပါဝင်ခြင်းမပြုကြရန်တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ထားကြသည်
စာတည်း - သန့်ဇော်(သန်လျင်
#mizzima
#မုံရွာမြို့
#လေကြောင်း
#ပြည်သူများ
#သင်္ကြန်အကြိုရက်

👍23😁2
ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၁၉ ဦးအပါအဝင် သေဆုံးသူ ၁၆၅ ဦး ရှိပြီဖြစ်ကြောင်း NUG ထုတ်ပြန်
======================
ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးသစ်ဖွင့်ပွဲအလှူတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် လူ ၁၆၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁၃ရက်နေ့အထိ ရရှိထားသည့် အချက်အလက်များအရ သေဆုံးသူ ၁၆၅ ဦးစာရင်းရရှိထားပြီး ထိခိုက်သေဆုံးမှု စာရင်းအား ဆက်လက်ကောက်ယူနေဆဲဖြစ်သဖြင့် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ချေရှိကြောင်း ဆိုသည်။
ရရှိထားသည့် အချက်အလက်များအရ သေဆုံးသူ ၁၆၅ဦးအနက် အသက် ၁၈နှစ်အောက် ကလေး ကျား ရှစ်ဦး၊ မ ၁၁ဦး နှင့် အမျိုးသမီး ၂၇ဦး ပါဝင်ရာ ဆက်လက်ပြီး ကလေး၊ ကျား၊မ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၃ ဦးထက်မနည်းရှိကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရသည်။ ဒဏ်ရာရရှိသူဦးရေများကို NUG ကာကွယ်ရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးတပ်ဖွဲ့များက ကုသပေးလျက်ရှိပြီး ၁၇ ဦးမှာအကြီးစားခွဲစိတ်မှုများ ပြုလုပ်ထားရကာ စိုးရိမ်ရကြောင်း ဆိုသည်။
“ဒဏ်ရာရရှိသူတွေထဲတွင် တစ်ကိုယ်လုံးနီးပါး မီးလောင်ကျွမ်းသွားတဲ့ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးတို့ ပါဝင်ပါတယ်” ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
လက်ရှိတွင် အဆိုပါတိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေရသည့် ဒေသခံ ၃၀၀ ကျော်ရှိကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ IIMM, UN Special Reporter နှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့အကြောင်းကြားလျက်ရှိကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူလူထုကို မြေပြင်တွင် စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်စစီ ပြန့်ကျဲနေသည့် ရုပ်အလောင်းများနှင့် ခန္ဓာကိုယ်အပိုင်းအစများအား အခင်းဖြစ်ပွားသည့် ဧပြီ ၁၁ ရက်နေ့မှစတင်ကာ ယနေ့ ဧပြီ ၁၃ရက်နေ့အထိ သုံးရက်တိုင်တိုင် လိုက်လံကောက်ယူနေရပြီး သေဆုံးသူ အလောင်း ၁၅၈လောင်းအား မီးရှို့ သင်္ဂြိုဟ်ပြီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချရန် ရုရှားနှင့် တရုတ်တို့က လက်မခံသောကြောင့် ကုလ လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ထပ်မံခေါ်ယူပေးရန် ဗြိတိန်မှ ဆက်လက်တောင်း ဆိုထားကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု
#လုံခြုံရေးကောင်စီ
#ပဇီကြီး

😢23👍6❤2😭2
နမ်းနိန့်မှာ အရပ်သားတွေကိုသတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီတပ်သားဝန်ခံ (ရုပ်/သံ)
=========================
နောင်နောင်
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တာလို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တစ်ခုဆီမှာ ဖမ်းဆီးခံလိုက်ရတဲ့ ခလရ (၂၄၇)က တပ်သား မောင်စည်သူလှိုင်က မဇ္ဈိမကို ပြောပါတယ်။
လားရှိုးမှာ စစ်သင်တန်း အပတ်စဉ် (၃/၂၀၂၂) တေဇတပ်ခွဲမှာ ငါးလခွဲကြာသင်တန်းတက်ခဲ့တဲ့ တပ်သား မောင်စည်သူလှိုင်၊ ကိုယ်ပိုင်နံပါတ် (တ-၅၇၇၃၃၃) ဟာ နမ်းနိန့်ရွာက အရပ်သားတွေကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တားမြစ်နေတဲ့ကြားက ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်က ပဇီကြီး ကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ထက် မနည်း သေဆုံးခဲ့ပါ သေးတယ်။
https://youtu.be/5MDtUovgWXk
ရိုက်ကူး = သူရ/မဇ္ဈိမ
တည်းဖြတ်/တင်ဆက် = နောင်နောင်
#နမ်းနိန့်
#ပင်လောင်း
#စစ်ရာဇဝတ်မှု
#mizzimatv

YouTube
နမ်းနိန့်မှာ အရပ်သားတွေကိုသတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီတပ်သားဝန်ခံ (ရုပ်/သံ)
နောင်နောင်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တာလို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တစ်ခုဆီမှာ ဖမ်းဆီးခံလိုက်ရတဲ့ ခလရ (၂၄၇)က တပ်သား မောင်စည်သူလှိုင်က မဇ္ဈိမကို ပြောပါတယ်။
လားရှိုးမှာ စစ်သင်တန်း…
လားရှိုးမှာ စစ်သင်တန်း…
👍20🔥2
Media is too big
VIEW IN TELEGRAM
ပဇီကြီးရွာတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်ထပ်တိုးလာနေပြီး
လေကြောင်းတိုက်ခိုက်မှုတွင် အသေအပျောက်အများဆုံးဖြစ်
Watch more detail - https://youtu.be/XaKpX0B7fgI
#reels #shorts #VideoNews #politicalnews #mizzima

🤬14❤1
နေပြည်တော်တွင် သင်္ကြန်အကြိုနေ့၌ ရေကစားသူ မရှိသလောက်နည်းပါးပြီး ခြောက်ကပ်
==========================
001
(မဇ္စျိမ)။ ။ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင်ကျရောက်သော သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၌ လမ်းမများ၊ ရပ်ကွက်များတွင် သင်္ကြန်ရေကစားသူမရှိသလောက်နည်းပါးပြီး ခြောက်ကပ် လျက်ရှိသည်ကို တွေ့ရသည်။
နေပြည်တော်အတွင်း ရပ်ကွက်များ၌ ကလေးငယ်အချို့ ရေပက်ကစားနေသည်ကိုတွေ့ရပြီး လမ်းမများ တွင်လည်း သင်္ကြန်ရေပက်ခံထွက်သည့်ဆိုင်ကယ် အနည်းအကျဉ်းသာရှိသည်ကို တွေ့မြင်ရသည်။
အလားတူ ပျဉ်းမနားမြို့တွင်လည်း ရှမ်းကန်အပါအဝင် အာဏာမသိမ်းခင် သင်္ကြန်ကာလများတွင် စည်ကားခဲ့သည့် နေရာများ၌ ရေပက်သူမရှိ လည်ပတ်သူမရှိ ခြောက်ကပ်လျက်ရှိသည်။
စစ်ကောင်စီဝန်ကြီးဌာနများနှင့် Brilliant Auraကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ထားသည့် ပျဉ်းမနား- တောင်ညိုလမ်း လမ်းလျှောက်သင်္ကြန်ကျင်းပရာနေရာတွင်မူ လုံခြုံရေးအထူးတင်းကျပ်ထားပြီး ကား၊ ဆိုင်ကယ် အဝင်အထွက်လည်း ပိတ်ထားသည်။
နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရန် စစ်ကောင်စီက ဝန်ထမ်းများကို နေရပ်မပြန်ခိုင်းဘဲ အဆိုပါနေရာများသို့ အကြိုအပို့ပြုလုပ်ပေးလျက်ရှိကြောင်း ဝန်ထမ်း အသိုင်းအဝိုင်းနှင့် နီးစပ်သူများကပြောသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#နေပြည်တော်
#သင်္ကြန်အကြိုနေ့
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
001
(မဇ္စျိမ)။ ။ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင်ကျရောက်သော သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၌ လမ်းမများ၊ ရပ်ကွက်များတွင် သင်္ကြန်ရေကစားသူမရှိသလောက်နည်းပါးပြီး ခြောက်ကပ် လျက်ရှိသည်ကို တွေ့ရသည်။
နေပြည်တော်အတွင်း ရပ်ကွက်များ၌ ကလေးငယ်အချို့ ရေပက်ကစားနေသည်ကိုတွေ့ရပြီး လမ်းမများ တွင်လည်း သင်္ကြန်ရေပက်ခံထွက်သည့်ဆိုင်ကယ် အနည်းအကျဉ်းသာရှိသည်ကို တွေ့မြင်ရသည်။
အလားတူ ပျဉ်းမနားမြို့တွင်လည်း ရှမ်းကန်အပါအဝင် အာဏာမသိမ်းခင် သင်္ကြန်ကာလများတွင် စည်ကားခဲ့သည့် နေရာများ၌ ရေပက်သူမရှိ လည်ပတ်သူမရှိ ခြောက်ကပ်လျက်ရှိသည်။
စစ်ကောင်စီဝန်ကြီးဌာနများနှင့် Brilliant Auraကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ထားသည့် ပျဉ်းမနား- တောင်ညိုလမ်း လမ်းလျှောက်သင်္ကြန်ကျင်းပရာနေရာတွင်မူ လုံခြုံရေးအထူးတင်းကျပ်ထားပြီး ကား၊ ဆိုင်ကယ် အဝင်အထွက်လည်း ပိတ်ထားသည်။
နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် လူစည်ကားစေရန် စစ်ကောင်စီက ဝန်ထမ်းများကို နေရပ်မပြန်ခိုင်းဘဲ အဆိုပါနေရာများသို့ အကြိုအပို့ပြုလုပ်ပေးလျက်ရှိကြောင်း ဝန်ထမ်း အသိုင်းအဝိုင်းနှင့် နီးစပ်သူများကပြောသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#နေပြည်တော်
#သင်္ကြန်အကြိုနေ့
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#နေပြည်တော် – Explore
explore #နေပြည်တော် at Facebook
😁14👍4