Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးတွင် လုံခြုံရေး တင်းကျပ်ကာ မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲ ပြုလုပ်
======================

008
မန္တလေး(မဇ္ဈိမ ) ။ ။ မန္တလေးမြို့တွင် ကျုံးဘေး အပါအဝင် စျေးချို နာရီစင်၊ မင်္ဂလာ မန္တလေး လမ်းတစ်လျှောက်ကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ လမ်းများပိတ်ပြီး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲ
ကို ဧပြီ ၁၃ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ကျုံးဘေး စည်ပင်သာယာရေးကော်မတီရုံးရှေ့ရှိ ထိုမဏ္ဍပ် ဖွင့်ပွဲပြုလုပ်ရာတွင် နှစ်စဉ် စည်ကားခဲ့သော်လည်း ယခုနှစ်တွင် မလာမနေရ ခေါ်ထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယိမ်းအကအဖွဲ့အချို့ဖြင့် ဖွင့်ပွဲကို ခြောက်ကပ်ကပ် ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

ယခင်က ယိမ်းအကအဖွဲ့များကို အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသူများကို ခေါ်ယူကခိုင်းခဲ့ပြီး ယနေ့ပြုလုပ်သည့် ဖွင့်ပွဲသို့ လာရောက်ကသူ အများစုသည် စည်ပင်သာယာဝန်ထမ်းများ သမီးများဖြစ်ကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

"သားသမီးရှိတဲ့သူကို စာရင်းနဲ့ မလာမနေရ ခေါ်တယ်။ သမီးတွေက ယိမ်း၊ သားတွေက ရေပက်။ ရေပက်ဖို့ နှစ်ဆိုင်းခွဲထားတယ်။မနက်တစ်ဆိုင်း၊ညနေပိုင်း တစ်ဆိုင်း "ဟု ၎င်းစည်ပင်ဝန်ထမ်းကဆိုသည်။
၂၆လမ်း၊ ၈၄လမ်းနှင့် ၈၅လမ်းကြား စျေးချိုသူ မဏ္ဍပ်တွင်လည်း စျေးဆိုင်အချို့မှ အမျိုးသမီးငယ်များကို သင်္ကြန်ကာလ မဏ္ဍပ်တွင် မလာမနေရ ခေါ်ယူထားကြောင်းသိရသည်။

"လူမထည့်နိုင်ရင် ၁၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ထိ အလှူငွေထည့်ခိုင်းတယ်။အများစုကတော့ ကိုယ့်ဆိုင်က အလုပ်သမားလေးတွေ ထည့်ပေးကြတယ်။ကြောက်တော့ လိုက်လျောရတာပဲ"ဟု စျေးချို အလှကုန်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် တစ်ဦးကပြောသည်။

စစ်ကောင်စီအနေဖြင့် သင်္ကြန်ကို စည်ကားစွာ ကျင်ပနိုင်ကြောင်းကို ပြသလို၍ ယခုလို အတင်းအကျပ် စီစဥ် ကျင်းပနေခြင်းဖြစ် သည်။အစဥ်အလာကြီမားခဲ့သဘ့် မြို့မ အလှပြယာဥ် မြို့တွင်း လှည့်လည်ရာတွင်ပင် ကြည့်သူမရှိကြောင်း မန္တလေးမြို့ခံ တစ်ဦးကဆိုသည်။

"မြို့မနဲ့ မန္တလေး သင်္ကြန် ခွဲမရဘူး။ဒါပေမဲ့ အခုဟာ သင်္ကြန်က သပ်သပ်၊ မြို့ကသပ်သပ်ဖြစ်သွားတယ်။ ဒီနေ့တော့ အလှပြယာဥ်မြို့မပဲတွေ့တယ်။သင်္ကြန် မမည်ပါဘူး။ အပျက်ပါဗျာ "ဟု မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးကပြောသည်။

မန္တလေးသင်္ကြန် စည်ကားရန်အတွက် ကျုံးဘေးတွင် ရေကစားမဏ္ဍပ်များ ပုံစံအမျိုးမျိုးပြုလုပ်ပေးထားသည်။ မင်္ဂလာ မန္တလေးဘက်တွင် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန် စသည်ဖြင့် အမျိုးစုံပြုလုပ်ထားသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် လုံခြုံရေးတင်းကျပ်ထားပြီး အစစ်အဆေးများကလည်း မြို့အနှံ့ပြုလုပ်လျက်ရှိသည်။
Rangers Of Mandalay (ROM)ကလည်း ကျုံးပတ်ပတ်လည်ရှိ ရေကစားမဏ္ဍပ်များ၊ မင်္ဂလာ မန္တလေး Pull Man ရှေ့ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်တို့ကို ပြည်သူများအနေဖြင့် မသွားကြရန် သတိပေးစာထုတ်ပြန်ထားသည်။

စာတည်း ။ ။ အောင်ကျော်ဖြိုး

#Mizzima
#မြို့တော်ဝန်မဏ္ဍပ်
#မန္တလေးသင်္ကြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍5❤1
မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့ အထူးအကြံပေးကောင်စီ SAC-M တိုက်တွန်း
======================

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ကြုံနေရတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာက ချက်ချင်း အရေးယူဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အထူးအကြံပေးကောင်စီ SAC-M က တိုက်တွန်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သားတစ်ရာထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အကြံပေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက်အစီရင်ခံရတဲ့ တပ်မှူးတွေရဲ့ ခွင့်ပြုချက်မပါဘဲ အခုလို လေကြောင်းက တိုက်ခိုက်နိုင်မှာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်ကောင်စီလက်ထဲမှာပဲ စစ်လေယာဉ်တွေ ရှိတဲ့အကြောင်း အထူးအကြံပေးကောင်စီက ပြောပါတယ်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းနေတဲ့ အာဆီယံအဖွဲ့အနေနဲ့လည်း အခုနှစ်ကုန်မှာမှ တိုးတက်မှုတစ်စုံတစ်ရာ မရခဲ့ဘူးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လွှဲပြောင်းပေးသင့်တယ်လို့လည်း ပြောပါတယ်။

https://youtu.be/34L3Pinq3u8

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19😁1
This media is not supported in your browser
VIEW IN TELEGRAM
ဆယ်ကျော်သက် အိုက်ဒေါဟောင်းတစ်ဦးက ဂျပန်ဂီတလုပ်ငန်းရှင်တစ်ဦးရဲ့
လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိုခံခဲ့ရကြောင်း စွပ်စွဲ

#InternationalNews #Mizzima #Reels
🔥2👍1
မင်းကင်းမြို့နယ် သေမသောက် ပျူရွာအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ် ပူးပေါင်းတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
👍17😁1
မင်းကင်းမြို့နယ် သေမသောက် ပျူရွာအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ် ပူးပေါင်းတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
====================

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ သေမသောက် ပျူရွာအနီး တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ် နှင့် ပျူ ပူးပေါင်း အဖွဲ့ကို ဒေသကာကွယ်ရေး တပ်များက ဧပြီလ ၁၁ ရက် နေ့လယ် ၁ နာရီ အချိန်တွင် လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MKPDF-4 တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦး ရှိခဲ့ကြောင်း မင်းကင်း တပ်ရင်း(၄) တပ်ထောက် တာဝန်ခံက ပြောသည်။

“စစ်သား နှင့် ပျူ ၁၀ ဦး ပါဝင်သည့် ရွာကင်းအား အချိန်းအပြောင်း လုပ်နေစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြာချိန် မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့မှ လေးဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်။

နောက်ပိုင်း ပျူရွာ အတွင်းက တပ်ကူ ရောက်လာသည့် အတွက် ကျနော်တို့ ဆုတ်ခွာခဲ့ရတာ ဖြစ်တယ်” ဟု ၎င်း ကဆိုသည်။
ထို တိုက်ခိုက်မှုကို မင်းကင်းမြို့နယ် အမှတ်(၄) တပ်ရင်း မှ ဦးဆောင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် အသေအဆုံး ထိခိုက်မှုများ ရှိနေသည့် စစ်ကောင်စီ တပ်နှင့် ပျူ ပူးပေါင်း အဖွဲ့သည် အရပ်ဝတ်များဖြင့် မောက်ကတော် ကျေးရွာကို မီးရှို့ကာ PDF များက ရှို့သည်ဟု သတင်းမှားများ လွှင့်နေသည်ကို အတွင်းသတင်းပေးအရ သိရှိထားကြောင်း မင်းကင်းတပ်ရင်း(၄) မှ တပ်ထောက် တာဝန်ခံက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းကင်းမြို့နယ်
#စစ်ကောင်စီတပ်
#MKPDF4
#တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ့အရေး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ဖို့
အထူးအကြံပေးကောင်စီ SAC-M တိုက်တွန်း

Watch more detail - https://youtu.be/34L3Pinq3u8


#reels #shorts #VideoNews#politicalnews #mizzima
👍20🤮1
စစ်ရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်မားလာ
=================

ကရင်နဲ့ကရင်နီ(ကယား)ပြည်နယ်များအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ ဧပြီလဆန်းပိုင်းကစလို့ စားနပ်ရိက္ခာသယ်ယူတဲ့လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိုမိုတင်းကျပ်လာတာကြောင့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ရရှိရေး ပိုခက်ခဲလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီးမော့ဆိုက ဒုက္ခသည်စခန်းရှိတဲ့ နေရာတွေအနီးမှာပါ တိုက်ပွဲတွေဆက်ဖြစ်နေလို့ စစ်ဘေးဒုက္ခသည်တွေ နေရာထပ်ရွေ့နေရပြီး စားသောက်ရေးနဲ့ ကျန်းမာရေးပိုင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့တွေက ကူညီတယ်ဆိုပေမယ့်လည်း စစ်ကောင်စီခွင့်ပြုချက်နောက်ကသာ ကူညီနေလို့ ဒုက္ခသည်အားလုံးကိုလွှမ်းခြုံတဲ့ အကူအညီမျိုးမရရှိကြပါဘူး။
ဒီလိုအချိန်မှာပဲ စစ်ကောင်စီတပ်က အစားအသောက်သယ်ယူတဲ့လမ်းပိုင်းတွေကို ပိုတင်းကျပ်နေတာလို့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်တဲ့ အခြေအနေမျိုး ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည် သုံးသိန်းနီးပါးရှိလာပြီလို့လည်း ISP-Myanmar က ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာလည်း  စစ်ရေးပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

https://youtu.be/z9eSPO25IYo

#PolitiecalNews
#VideoNews
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😢4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်အာဏာရပါတီက လက်ရှိဒုသမ္မတကို
သမ္မလောင်းအဖြစ် ရွေးကောက်ပွဲဝင်ဖို့ရွေးချယ်

#InternationalNews #Mizzima
#Reels #Shorts
👍5🔥1
Media is too big
VIEW IN TELEGRAM
NUG ရဲ့ လူ့အခွင့်အရေးနယ်ပယ်စွမ်းဆောင်ရည်ဆိုင်ရာ အကဲဖြတ်ချက် |
Human Rights Barometer

Watch more detail -
https://youtu.be/5XIWAorO8jU

#HumanRightsBarometer #စကားဝိုင်း
#HumanRightsBarometershorts #reels
👍3🔥1👏1
​​အာဆီယံ-စစ်ရာဇဝတ်မှုတွေကို ကူညီဖို့ ထောက်ပံ့ဖို့ စကားပြောနေကြသူများ
======================

အီဂေါဗလာဇီဗစ်
အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆိုရှယ်မီဒီယာပေါ်မှာ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ကော့်ကင်ဟွန်းက “မြန်မာနိုင်ငံ အာဆီယံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အောင်မျိုးမြင့်”ကို လက်ခံတွေ့ဆုံတယ်ဆိုပြီး ကြော်ငြာနေပါတယ်။ ရေးထားတဲ့ပုံစံက “မြန်မာနိုင်ငံကိုကူညီဖို့ အထူးသဖြင့် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးဟာ အာဆီယံဥက္ကဌနဲ့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အတူ လက်တွဲဆောင်ရွက်ဖို့ သန္နိဌာန်ကို ဒေါက်တာ‌ကော့်က တစ်ဖန်ခိုင်မာစေပြန်” လို့ရေးထားပါတယ်။

ဒီထုတ်ပြန်ချက်အနောက်က ခပ်ရိုင်းရိုင်း အဖြစ်မှန်ကတော့ အာဆီယံ အတွင်းရေးမှူးရုံးဟာ စစ်တပ်က စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီး တရားမဝင် အာဏာလုယူဖို့ ကြိုးစားနေတာကို အကူအညီပေးဖို့ အကြောင်းပြောနေကြတယ်ဆိုတာပါပဲ။ အောင်မျိုးမြင့်ဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်မဟုတ်ပါဘူး။ သူက ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး အာဏာသိမ်းယူဖို့ကြိုးစားနေတဲ့ လူသတ်ဂိုဏ်းတစ်ခုက လွှတ်ထားတဲ့လူပါ။ ဒီလူတွေဟာ ဒီလိုကြိုးစားနေတာ နှစ်နှစ်ရှိလာပါပြီ။ ခုထိ မအောင်မြင်သေးတာပါ။
မစ္စတာ အာဆီယံအထွေထွေ အတွင်းရေးမှူးကြီး ဒေါက်တော ကော့်ကင်ဟွန်းအနေနဲ့ ဒါကို မမြင်တာလား။

ဒီလူက ပြည်သူ့ဘဏ္ဍာကို ကိုယ့်အိတ်ထဲ ကဲ့ပြီးခိုးဝှက်လုယက်နေကြတဲ့ ယူနီဖောင်းဝတ် မာဖီးယား တစ်စုရဲ့ ကိုယ်စားလှယ်ပါ။ ဒီလူစုဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်တဲ့ တရားဝင် ပြည်သူ့ကိုယ်စားလှယ်ပေါင်းများစွာကို ဖမ်းဆီးထားကြပါတယ်။ ဒါပေမယ့် ရွေး‌ကောက်ခံတွေကို လူကုန်အောင်ဖမ်းလို့မရတော့ ပြည်သူတွေရွေးထားတဲ့ တချို့အမတ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရကို တခြားပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ သဘောတူညီမှုကိုရထားတဲ့ သက်ဆိုင်ရာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းထားကြပါတယ်။ မြန်မာမှာ တရားဝင်တဲ့ ပြည်သူ့ကိုယ်စာလှယ်စစ်စစ်တွေရှိပါတယ်။ အဲဒါက NUG ပါ။

မစ္စတာ အာဆီယံအထွေထွေ အတွင်းရေးမှူးကြီး ဒေါက်တော ကော့်ကင်ဟွန်းအနေနဲ့ ဒါကို မသိထားဘူးလား။

ခင်ဗျားတွေ့ဆုံနေတဲ့ အောင်မျိုးမြင့်က အင်မတန်ဆိုးရွားလှတဲ့ အစုလိုက်အပြုံလိုက်လူသတ်မှုကြီးပေါင်းများစွာကျူးလွန်ခဲ့တဲ့အထဲက ပိုပြီးဆိုးရွားတဲ့ အတိုင်းအဆကို လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေရဲ့ ကိုယ်စားလှယ်ပဲ။

ဒီရာဇဝတ်သားတွေဟာ သူတို့ကို ဆန့်ကျင်ရဲ ဆန့်ကျင်ကြည့် ဒီလို အစုလိုက်အပြုံလိုက်သတ်ပစ်ခွင့် သူတို့မှာ ရှိတယ်လို့ ဂုဏ်ယူပြီးပြောဆိုနေကြတဲ့ လူတွေရဲ့ ကိုယ်စားလှယ်ဆိုတာ ခင်ဗျားမသိဘူးလား။

မစ္စတာ အာဆီယံအထွေထွေ အတွင်းရေးမှူးကြီး ဒေါက်တော ကော့်ကင်ဟွန်းအနေနဲ့ သတိမထားမိဘူးလား။

အသက် ၁၅ နှစ်အောက် ကလေးငယ် အယောက် ၃၀ လောက်ပါတဲ့ လူပေါင်းတစ်ရာကျော်ကိုသတ်ပစ်လိုက်တဲ့ ဒီလူသတ်ပွဲကြီးကို အာဆီယံ အတွင်းရေးမှူးရုံးဟာ အနှစ်သာရဘာမှ မပါတဲ့ ဝတ်ကျေတန်းကျေ ကြေညာချက်တွေပဲ ထုတ်ခဲ့ပါတယ်။ ထုတ်ပြီးတာနဲ့ လုပ်နေကျအတိုင်းပဲ စစ်ခေါင်းဆောင်တွေကို မျက်နှာချိုသွေးပြီး ခါတိုင်းလိုပဲ ပုံမှန်ပြန်ဆက်ဆံတဲ့ဘက်ကို မအောင့်တောင် မအောင့်နိုင်ဘဲ ဆက်လုပ်ပါတယ်။

အာဆီယံအတွင်းရေးမှုးချုပ်ရုံးက စာက “မြန်မာကို လူသားချင်းစာနာမှု အထောက်အကူတွေ ပေးပြီး ဆက်လက်ကူညီဖို့ သန္နိဌာန်ပြု” လို့ ဆိုထားပါတယ်။ ဒါဟာ တကယ့်ကိုကြေကွဲစရာလည်းကောင်း အဓိပ္ပါယ်လည်း မရှိတဲ့လုပ်ရပ်ပါ။

မြန်မာစစ်အာဏာရှင်တွေဟာ နှစ်နှစ်လုံးလုံး နေ့စဉ်ရက်ဆက် ရက်စက်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်နေတာပါ။ စစ်တပ်ဟာ လူတွေကို သူတို့ ရပ်ရွာတွေကနေ မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်နေတယ်။ စစ်တပ်ဟာ အရပ်သားပြည်သူတွေကို တိုက်လေယာဥ်နဲ့ ပစ်နေတယ်။ စစ်တပ်ဟာ လူတွေအတိဒုက္ခရောက်ပြီးအရေးပေါ်အခြေအနေတွေရင်ဆိုင်နေရတဲ့ အဖြစ်မျိုးတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတယ်။
👍17😁2
Media is too big
VIEW IN TELEGRAM
စစ်ရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်မားလာ

Watch more detail - https://youtu.be/z9eSPO25IYo

#reels #shorts #VideoNews#politicalnews #mizzima
👍6🔥1😢1
သုံးဆယ်တွင် ပျူစောထီးများဦးဆောင်ကျင်းပနေသည့် လောင်းကစားဝိုင်း ဗုံးခွဲခံရ
========================

ရွှေနွယ်(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ် သင်ကန်းကုန်းရွာနှင့် မြောက်ပန်းဆွဲရွာကြား၌ စစ်ကောင်စီတပ်များလုံခြုံရေးယူ၍ ပျူစောထီးများမှဦးဆောင်ကျင်းပနေသော လောင်းကစားဝိုင်းအား ဧပြီလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်က သာယာဝတီဂဠုန်တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေမထိခိုက်အောင် လုပ်တာပဲ။ လောင်းကစားဝိုင်းကို တာဝန်ယူ ထားတဲ့ ရွာခံပျူစောထီးတစ်ယောက်တော့ ထိသွားတယ်။ လက်တလောတော့ သာယာဝတီဆေးရုံမှာ ခွဲစိတ်ခန်းဝင်နေရတယ်။ ကျန်တဲ့ပြည်သူတွေအားလုံးကတော့ အန္တရာယ်ကင်းပါတယ်” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

၎င်းတို့တပ်ဖွဲ့အနေဖြင့် လောင်းကစားဝိုင်းများအပါအဝင် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သည့် အရာ များအား ဆက်လက်အရေးယူသွားမည်ဖြစ်ပြီး ယခုအကြိမ်တွင် ပြည်သူများရှိနေသည့်အတွက် သတိပေး သည့်အနေဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရ၍ ထိခိုက်သွားသူမှာ ပျူစောထီး ကတုံးဖြစ်ပြီး ထိုနေ့က အဆိုပါလောင်းကစားဝိုင်းအား ကင်းယူရန်အလှည့်ကျသူ၊ တာဝန်ခံထားသူဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့က အဓိကလုပ်တာသတိပေးရုံပါ၊ ပြည်သူတွေမထိခိုက်အောင် အဓိကလုပ်ပါတယ်၊ လောင်း ကစားဝိုင်းကို ထိုးသားအရပ်သားပြည်သူတွေ ပြန်သွားတဲ့အထိစောင့်ပြီးမှ လုပ်ခဲ့တာပါ” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်အတော်များများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစား ဝိုင်းများ အကြီးအကျယ် ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြပြီး အဆိုပါလောင်းကစားဝိုင်းများအား စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများမှဦးဆောင်ကာ စစ်ကောင်စီတပ်နှင့်ရဲများအား ဆက်ကြေး ပေး၍ ၎င်းတို့၏ အစောင့်အရှောက်ဖြင့် တရားဝင်နီးပါးပြုလုပ်နေကြခြင်းဖြစ်သည်ဟု ဒေသခံများမှ ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီတပ်များ ဌာနဆိုင်ရာများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အဓိက ဝင်ငွေ လမ်းကြောင်းသည် အဆိုပါလောင်းကစားဝိုင်းများနှင့် ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်ရောင်းချခြင်းဖြစ် သည်ဟု ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်အရသိရသည်။

အုတ်ဖို့နှင့် နတ်တလင်းမြို့နယ်အပါအဝင် အခြား ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကလည်း လောင်းကစားဝိုင်းများအား အရေးယူသွားမည်ဖြစ်သောကြောင့် မပြုလုပ်ကြရန်နှင့် ပြည်သူ များမပါဝင်ကြရန် သတိပေးစာများထုတ်ထားကြသည်။

https://youtu.be/Xp3XyNnchJA

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#သုံးဆယ်မြို့နယ်
#လောင်းကစားဝိုင်း
#ပျူစောထီး

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15👏1🤣1
ပြည်မြို့တွင် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအား လုံခြုံရေးတင်းကျပ်စွာပြုလုပ်
🤮6👎2❤1🖕1
ပြည်မြို့တွင် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအား လုံခြုံရေးတင်းကျပ်စွာပြုလုပ်
=======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့ မြို့လယ်ခေါင် ဗိုလ်ချုပ်ကျောက်ရုပ်အနီးရှိ စစ်ကောင်စီ မဏ္ဍပ်ဖွင့်ပွဲအား ယနေ့ ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းကလုံခြုံရေးတင်းကျပ်စွာ ချထားပြုလုပ်ခဲ့သည်ဟု မြို့ခံလူထုကပြောသည်။

"မနက်က လမ်းပိတ်ပြီး မဏ္ဍပ်နားလည်းလုံခြုံရေးတွေချပြီး ဖွင့်ပွဲလုပ်သွားတယ်။ အရင် ဗဟိုမဏ္ဍပ်က မြို့တော်ခန်းမရှေ့မှာလုပ်နေကျ ဒီနှစ်ကျ ကျောက်ရုပ်နားမှာလုပ်တယ်။ ဟိုတနေ့က မဏ္ဍပ်နားမှာ မိုင်းတွေ့တယ်ပြောတယ်။ ဒီတိုင်းနေရင်းတောင် လုံခြုံရေးကချပြီးမှလုပ်ရတာဆိုတော့၊ ဒီလိုဖြစ်ထားတော့ ပိုတိုးချတာပေါ့” ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။

ယမန့်နေ့ ဧပြီလ ၁၂ ရက်နေ့က အဆိုပါ မဏ္ဍပ်အနီးတွင် ဗုံးနှစ်လုံးလာရောက်ထားသွားသည်ကို အနီးအနားရှိ စျေးသည်အမျိုးသမီးတစ်ဦးက မြင်၍ သတင်းပေးခဲ့သည့်အတွက် စစ်ကောင်စီတပ်နှင့်ရဲများလာရှင်းသွားသဖြင့် မပေါက်ကွဲလိုက်ကြောင်း ဒေသခံများကသည်။
ထို့ပြင် ပြည်မြို့တွင် ပြုလုပ်သည့် သင်္ကြန်ပွဲကို ခရိုင်တွင်းရှိ အခြားမြို့များကပါ လာရောက်လည်ပတ်လေ့ရှိသော်လည်း ယခုနှစ်တွင် စည်ကားမှုမရှိဘဲ ခြောက်ကပ်နေသည်ဟု မြို့ခံလူထုက ပြောသည်။
“ကျွန်တော်တော့ အပြင်မသွားဘူး။ အိမ်ရှေ့နဲ့ အိမ်နားမှာတော့ တိတ်ခြောက်နေရောပဲ” ဟု ဗိုလ်ချုပ်လမ်းနေ ပြည်သူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲများကို ပြီးခဲ့သည့် ၁၂ ရက်ညပိုင်းကပင် လုံခြုံရေးချထားပြီး ကင်းလှည့်စစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ဦးစီး၍ မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်အနီး (ယခင်ညစျေးတန်းဘက်) တွင် မဏ္ဍပ်ဆောက်လုပ်ကာ ကမ်းနားလမ်းသောင်ပြင်တွင်လည်း လမ်းလျှောက်သင်္ကြန်ပြုလုပ်ထားသည်ဟုသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ပြည်မြို့ သင်္ကြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤮2❤1
This media is not supported in your browser
VIEW IN TELEGRAM
April - 13 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🔥1