Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းနိုင်ငံမှာ တရုတ်က မြန်နှုန်းမြင့်ရထားလမ်း
တည်ဆောက်ဖို့ ရှိနေပေမဲ့ နှောင့်နှေးနေ

#InternationalNews #reels #shorts #Mizzima
🔥4👍2❤1
သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေတဲ့ ဝါးစိုက်ပျိုးရေး | VOA On Mizzima
====================

မှော်ကျည်ဆံလို့တောင် တင်စားခေါ်ကြတဲ့ ဝါးပင်တွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာမှာ များစွာ အထောက်အကူဖြစ်တာပါ။ ယူဂန်ဒါနိုင်ငံက သတင်းထောက်ဟောင်းတယောက်က အခုတော့ အချိန်ပြည့် ဝါးစိုက်တောင်သူအဖြစ် လုပ်ကိုင်နေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/cR6eDwi5g4w

#VOA
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၃ ဧပြီ ၂၀၂၃ )
===============

ရန်ကုန်မြို့တွင် မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တို့တွင် စစ်ကောင်စီ၏ အစီအစဉ်ဖြင့် စည်ကားအောင် ကြိုစားပြုလုပ်ထားသည်ကိုတွေ့ရသော်လည်း နေရာအတော်များများတွင် တိတ်ဆိတ်နေကြောင်း တွေ့ရသည်။

အမျိုးသားညီညွတ်ရေး အစိုးရ
•   ယနေ့အထိရရှိသည့် အချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်အနက် ပထမအကြိမ် ပစ်ခတ်မှုမှာ စုစုပေါင်း (၁၆၅) ဦး သေဆုံးခဲ့ပြီး ကျား၊ မ၊ ကလေး ခွဲခြားရရှိသမျှမှာ အမျိုးသမီး (၂၇) ဦး၊ အသက်(၁၈) နှစ်အောက် ကလေး ကျား (၈) ဦး၊ မ (၁၁) ဦး ပါဝင်ကြောင်း NUG မှထုတ်ပြန်သည်။

•   လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူဦးရေများကို ကာကွယ်ရေးဝန်ကြီးဌာနှင့် ကျန်းမာရေး ဝန်ကြီး ဌာန ဆေးတပ်ဖွဲ့များက ကုသပေးလျက်ရှိပြီး (၁၇) ဦးမှာအကြီးစားခွဲစိတ်မှုများ ပြုလုပ်ထားရပြီး စိုးရိမ်ရ အနေအထားမှာ ရှိနေကြောင်း ဒဏ်ရာရရှိသူများထဲတွင် တစ်ကိုယ်လုံးနီးပါး မီးလောင်ကျွမ်း သွားသည့် (၈) နှစ်အရွယ်ကလေးငယ်တစ်ဦး၊ လက်တစ်ဖက် ဖြတ်လိုက်ရသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦး တို့ ပါဝင် ကြောင်း ထုတ်ပြန်ထားသည်။
👍12😢7😁3❤1
​​အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မဏ္ဍပ်ကို မန္တလေးနန်းတွင်း၌ တည်ဆောက်ထား
=====================

008၊မန္တလေး
မဇ္ဈိမ။ ။အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နန်းမြို့သူမဏ္ဍပ်ကိုနှစ်စဉ် မန္တလေးကျုံးတောင်ဘက်တွင် တည်‌ဆောက်ခဲ့သော်လည်း ယခုနှစ်တွင် နန်းတွင်း၌ တည်ဆောက်ထားပြီး ယနေ့ ဧပြီ ၁၃ရက်ညနေပိုင်း၌ ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

နန်းမြို့သူမဏ္ဍပ်ကို မန္တလေး နန်းတွင်း မြနန်းစံကျော်ရွှေနန်းတော်အနီးတွင် တည်ဆောက်ထားကြောင်း မြို့ခံများကပြောသည်။
" နန်းမြို့သူက ဒီနှစ် နန်းတွင်းထဲရောက်သွားပြီ။ အပြင်ဘက်မှာ မဆောက်ရဲတော့တာနေမယ်"ဟု မန္တလေးမြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးကျုံးဘေးတွင် မဏ္ဍပ်အချို့ရှိသော်လည်း စစ်တပ်မိသားစုအများစုဆင်နွှဲသည့် နန်းမြို့သူ မဏ္ဍပ်ကို နန်းတွင်း၌ တည်ဆောက်ပြီးမှ သင်္ကြန်ပွဲ ပကျင်းပနေခြင်းသည် တပ်မိသားစုဝင်များ၏ အသက်အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်‌ကြောင်း မန္တလေးမြို့ခံအချို့က မှတ်ချက်ပြုသည်။

နန်းမြို့သူမဏ္ဍပ်သည် မန္တလေးမြို့ မြို့တော်ဝန် မဏ္ဍပ်အပါအဝင် နာမည်ကြီး မဏ္ဍပ်များနှင့်အပြိုင် စစ်ဗိုလ်ချုပ်များက တစ်ခမ်းတနား ဆင်နွှဲသည့် မဏ္ဍပ်လည်းဖြစ်သည်။နန်းမြို့သူမဏ္ဍပ်ကို နန်းတွင်း၌သာ သီးသန့် တည်ဆောက်ခြင်းသည် ပထမဆုံးကြားမိခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံတစ်ဦးကဆိုသည်။
စာတည်း - မောင်ကြီး

#mizzima
#အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
#နန်းမြို့သူမဏ္ဍပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣32👍6❤4😁1🤮1
Media is too big
VIEW IN TELEGRAM
ပင်စိမ်းရဲ့ အကျိုးအာနိသင်တွေက ဘာတွေဖြစ်မလဲ?

Watch more detail - https://youtu.be/bAOOc7TRZD0

#NatureArticle #NatureArticleshorts #reels
👍12🤮1
ဧပြီလ (၁၄) ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ 
လာရှိုးမှာ သင်္ကြန်မဏ္ဍပ် ၁ခုအနီး ဗုံးပေါက်ကွဲပြီး အမျိုးသား ၄ ဦးသေဆုံးခဲ့တဲ့သတင်းနဲ့အတူ PDF သုံးယောက်ကို မြန်မာဘက်လွှဲပြောင်းလိုက်တဲ့ ထိုင်းအာဏာပိုင်တွေကို အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR ကရှုတ်ချလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/UT5nOw2J1-w
 
#Mizzimaradio
#Morningradio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
ပင်စိမ်းရဲ့အကျိုးကျေးဇူးများ
============

-ပင်စိမ်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ပင်စိမ်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ပင်စိမ်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/bAOOc7TRZD0

#Nature_Article
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🤮1
ပရာယွတ်နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် ရေစက်ကုန်ပြီလား
======================

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပါလီမန်ကိုဖျက်သိမ်းကြောင်း ကြေညာသွားခဲ့ ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ပါလီမန်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၄၅ ရက် ကနေ ၆၀ အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပရမယ်လို့ဆိုထားတဲ့အတွက် လာမယ့်မေလထဲမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မြင်တွေ့ရဖို့သေချာနေပါတယ်။

ဒီရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဆိုင်ရာ သေနင်္ဂဗျူဟာကို ပြန်လည် ချမှတ်ဖို့အတွက် အခွင့်အလမ်းပေးပြီး လမ်းကြောင်းပြောင်းသွားစေနိုင်တယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်က
နိုင်ငံရေးသိပ္ပံပါမောက္ခလည်းဖြစ်၊ ထင်ရှားတဲ့ ထိုင်း-မြန်မာ ဆက်ဆံရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ သီတီနန် ပေါင်ဆူဒီရက် ကပြောထားပါတယ်။ ဒါ့အပြင် မြန်မာ့အရေးလေ့လာသုံးသပ်သူတွေကလည်း ထိုင်းနိုင်ငံရဲ့နိုင်ငံရေး အပြောင်းအလဲဟာ အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေတာပါ။
အထူးသဖြင့် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ စစ်တပ်တစ်ပိုင်းအစိုးရပြုတ်ကျပြီး အရပ်သားအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာပါက နွေဦးတော်လှန်ရေးအပေါ်

ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်တွေ ပြောင်းလဲလာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေရှိနေတာဖြစ်ပါတယ်။

https://youtu.be/FHGHB929kJI

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3👏2😁1🌭1
"၂၀၂၃ အညာ မီးလောင်ပြင်မှ ရဲရဲတောက် တော်လှန်သံချပ်" (ရုပ်/သံ)
===================

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ "၂၀၂၃ အညာ မီးလောင်ပြင်မှ ရဲရဲတောက် တော်လှန်သံချပ်" ဖြစ်သည်။

https://youtu.be/wggdb6BQPJ0

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15❤3🔥2
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားနဲ့တင်းမာမှုတွေဟာ အမေရိကန်စစ်ရေးလေ့ကျင့်မှုရဲ့
အပျက်သဘော သက်ရောက်မှုဖြစ်ကြောင်း တရုတ်ကအပြစ်တင်

#InternationalNews #reels #shorts
🤣13👍2😢2
နယူးယောက်တွင် ပဇီကြီးလေကြောင်းတိုက်ခိုက်မှုနှင့် ခါးစည်းခံမြန်မာပြည်သူများအတွက် ဆန္ဒပြ
👍25🔥3