ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟု ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြော
=======================
ထိုင်းနိုင်ငံ၏ ဘီလျှံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာက ဇူလိုင်လ၌ နိုင်ငံရင်းဆီ ပြန်လာမည်ဟု အင်္ဂါနေ့က ပြောလာခဲ့သည်။
ကိုယ်တိုင် ပြည်ပြေးခဲ့သည့် ၁၇ နှစ်အကြာ၌ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ ပါတီ အနိုင်ရမည် မျှော်လင့်ထားသော ရွေးကောက်ပွဲ အကြို ရက်ပိုင်းအလို၌ ပြောလာခြင်းပဲ ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဩဇာအကြီးဆုံးနှင့် သဘောထားကွဲလွဲစေသော ခေါင်းဆောင်အဖြစ် ပြောကြဆိုကြသည့် သက်ဆင်သည် ထိုင်းနိုင်ငံဆီ ပြန်လာမည်ဟု ကတိများစွာ ပေးဖူးပြီး ပျက်ကွက်ခဲ့လင့်ကစား ယခုအကြိမ်သည် မကြာသေးသော နှစ်များအတွင်း ပထမဆုံးဖြစ်ကာ အချိန်နှင့်တကွ ပြောဆိုလာခြင်းလည်း ဖြစ်သည်။

👍8🔥2
မေလ (၁၀)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
01:02 - မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံတဲ့သတင်း
04:13 - PDFတွေ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမယ်လို့ စစ်ကောင်စီပြောတဲ့သတင်း
05:15 - ရေဦးမြို့နယ်ရှိ လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်တဲ့သတင်း
06:14 - ကနေဒါက တရုတ်သံတမန်ကိုနှင်ထုတ်လိုက်တဲ့အပေါ် ပြတ်ပြတ်သားသားတုံ့ပြန်သွားမယ်လို့ တရုတ်ပြောတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/278Cc3VyyX8
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ (၁၀)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02 - မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံတဲ့သတင်း
04:13 - PDFတွေ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမယ်လို့ စစ်ကောင်စီပြောတဲ့သတင်း
05:15 - ရေဦးမြို့နယ်ရှိ လူထုအခြေပြ…

👍5😁2
စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်း ဖော်ကျူးတဲ့ ‘အိပ်မက်’ ပန်းချီပြပွဲ | VOA on Mizzima
==================
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ စစ်မြေပြင်ကြားက မြေဇာပင်ဖြစ်ရတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို ဖော်ပြထားပြီး ခွဲခြား ဆက်ဆံခံရမှုတွေမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းသာယာစေဖို့ဆိုတဲ့ ခံစားချက်တွေနဲ့ ဖော်ကျူးရေးဆွဲထားတဲ့ အိမ်မက်လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲအကြောင်း ဘန်ကောက်မြို့ကနေ မညိုညိုလွင်က တင်ပြထားပါတယ်။
https://youtu.be/imi8XXUMYHM
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ စစ်မြေပြင်ကြားက မြေဇာပင်ဖြစ်ရတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို ဖော်ပြထားပြီး ခွဲခြား ဆက်ဆံခံရမှုတွေမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းသာယာစေဖို့ဆိုတဲ့ ခံစားချက်တွေနဲ့ ဖော်ကျူးရေးဆွဲထားတဲ့ အိမ်မက်လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲအကြောင်း ဘန်ကောက်မြို့ကနေ မညိုညိုလွင်က တင်ပြထားပါတယ်။
https://youtu.be/imi8XXUMYHM
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်း ဖော်ကျူးတဲ့ ‘အိပ်မက်’ ပန်းချီပြပွဲ | VOA on Mizzima
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ စစ်မြေပြင်ကြားက မြေဇာပင်ဖြစ်ရတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို ဖော်ပြထားပြီး ခွဲခြား ဆက်ဆံခံရမှုတွေမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းသာယာစေဖို့ဆိုတဲ့ ခံစားချက်တွေနဲ့ ဖေ…
👍5🤮2😁1
အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ အကျဉ်းသား ၅၀၀ ကျော် ပြောင်းရွှေ့ခံရ
========================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန် အင်းစိန်ထောင်မှ ပဲခူး သာယာဝတီထောင်သို့ မေလ ၉ ရက်နေ့က အကျဉ်းသား ၅၀၀ ကျော် ပြောင်းရွေ့လိုက်ကြောင်း ရှေ့နေများ အသိုင်းအဝိုင်းထံက တစ်ဆင့် သိရသည်။
“အင်းစိန်ထောင်က ကျား ၃၃၀ ဦး ၊ မ ၂၃၅ ဦး သာယာဝတီထောင်ကိုပြောင်းရွှေ့လိုက်ပါတယ်။ ပြောင်းရွှေ့ခံရတဲ့ထဲက အကျဉ်းသားတွေက မူး/စိတ်(မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေ)အမှုကို ခုနစ် နှစ်အထက်တွေပါ ” ဟု ရှေ့နေတစ်ဦးက မဇ္ဈိမကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားများအား ယခုလို ထောင်ပြောင်းရွှေ့သည့်လုပ်ရပ်သည် နိုင်ကျဉ်းများကိုသာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ အခက်အခဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
"အဲ့တာက ငြင်းမရတဲ့ကိစ္စပါပဲ။ နိုင်ကျဉ်း အမျိုးသား၊ အမျိုးသမီးနဲ့ ထောင်သားအချို့ကို သာယာဝတီထောင်ရွှေ့လိုက်တာဟုတ်ပါတယ်။ နိုင်ကျဉ်းအမျိုးသား၊ အမျိုးသမီးတွေရောလည်းပါ ပါတယ်။ အရင်ကတည်းက လုပ်နေကြပါ။ သူတို့ မတရားပြန်ပေးဆွဲဖမ်းထားတဲ့ နိုင်ကျဉ်းတွေကို ခြင်းထဲက ကြက်ကလေးတစ်ကောင်လို ရွှေ့လိုက်ပြောင်းလိုက်လုပ်နေကြတာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က အတည်ပြုသည်။
လွန်ခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလပိုင်းတွင်လည်း အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ဦးရေ ၇၀၀ ခန့်ကို ပဲခူးတိုင်းရှိ သာယာဝတီထောင်နှင့် သရက်ထောင်သို့ ပြောင်းရွှေ့ကြောင်းသိရပြီး နိုင်ငံရေးအကျဥ်းသားအများစုပါဝင်ကာ အမျိုးသားများဖြစ်ကြောင်း ထောင် နှင့် နီးစပ်သူများထံမှ သိရသည်။ ထို့သို့ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများသည် မိသားစုနှင့် အဆက်အသွယ်မရ၊ တွေ့ဆုံခွင့်မရကြောင်း မိသားစုဝင်များ နှင့် ထောင်နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။
မေလ ၉ ရက်နေ့ ထောင် အပြောင်းအရွှေ့မလုပ်မီ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် မေလ ၃ ရက်တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/ သူ ၂၁၅၃ ဦးအား စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထောင်ပြောင်းရွှေ့
# အကျဉ်းသား ၅၀၀ ကျော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
👏4🔥1🥰1
Media is too big
VIEW IN TELEGRAM
အိန္ဒိယမှာ ဆန္ဒပြနပန်းသမားတွေနဲ့ပူးပေါင်းလာတဲ့ လယ်သမားတွေက အတားအဆီးတွေကိုဖြိုခွင်း
#internationalnews #reels #shorts
#internationalnews #reels #shorts
👍6🔥2
သန္ဓေပင်တိုးဂိတ်အား JUGF နှင့် DSRB အဖွဲ့တို့မှ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းပြော
=======================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ သန္ဓေပင်တိုးဂိတ်အား မေလ ၄ ရက် နံနက်ပိုင်းက JUGF နှင့် DSRB အဖွဲ့တို့မှ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းကို တပ်ဖွဲ့တာဝန်ခံ၏ ပြောပြချက်အရသိရသည်။
“မနက်စောကြီးထဲက ပစ္စည်းသွားချခဲ့တယ်၊ ဖြစ်ချင်တော့ အဲ့နေ့က ၇နာရီကျော်ထဲက အရပ်ဝတ်တွေက ရောက်ပြီး ငွေတောင်းနေတာ၊ စခ(စကစတပ်သား) ရခ(ရဲတပ်သား) ဘဲဥ(ယဥ်ထိန်းရဲ) တွေက မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာ နှစ်ဖက်လုံးပေါ့။ အရင်ရက်တွေကတော့ ပေါက်ကွဲမှု ဖြစ်တဲ့ အပင်နားမှာပဲ တစ်စုတည်းရှိတယ်။ အဲ့နေ့က စောစောလည်းရောက်လာတယ်။ နှစ်ဖက်ခွဲ လိုက်တယ်။ အာ့ကြောင့် မစ်ရှင် စောသွားတာပါ။” ဟု ၎င်းတို့အဖွဲ့နှစ်ဖွဲ့ မြေပြင်တွင် အမှန်တကယ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်ပုံစံကို တပ်ဖွဲ့တာဝန်ခံ Seven က မဇ္ဈိမ ကို ပြောသည်။
သန္ဓေပင်တိုးဂိတ်ကို တိုက်ခိုက်ရန် မြေပြင်တွင် DSRBနှင့် JUGF အဖွဲ့တို့မှ ဧပြီလ လဝက်ထဲက ကြိုတင်စီရင်ဆောင်ရွက်၍ နေရာများရွေးချယ်ထားပြီးနောက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု DSRBနှင့် JUGF အဖွဲ့များ၏ တပ်ဖွဲ့တာဝန်ခံ Seven ကပြောသည်။

👍13🔥2😁1
တိုက်ခိုက်ရခြင်းမှာလည်း နယ်မြေခံသတင်းများအရ အဆိုပါဂိတ်တွင်ရှိသော စစ်ကောင်စီတပ်သား၊ ရဲနှင့် အရပ်ဝတ်များသည် ပြည်သူများနှင့် ကုန်ကားများထံမှ ငွေညှစ်တောင်းခံခြင်းများပြုလုပ်ခြင်းကြောင့် ဖြစ်ကြောင်း တပ်ဖွဲ့တာဝန်ခံကဆိုသည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်ခြင်းကို မှော်ဘီတော်လှန်ရေးအင်အားစုမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်လာသည်မှာ မဟုတ်မှန်ကြောင်း JUGF အဖွဲ့တာဝန်ခံက ထပ်ဆင့်ရှင်းပြသည်။
“သူတို့(Hmawbi Revolution Force)ကို လှူနေကျ အလှူရှင်တွေကလည်း Justice Urban Guerilla Force FB Page မှာလာမေးကြတယ်။ ကျွန်တော်တို့မစ်ရှင်ကို သူတို့ခိုးယူဖော်ပြတယ်ဆိုတာ ဘာလို့ပြောနိုင်တာလဲဆို ကျွန်တော်တို့မှာ မစ်ရှင်နဲ့ပတ်သက်တဲ့ အချက်အလက် ရှိထားလို့ပါ။ ကျွန်တော်တို့မစ်ရှင်ကို ကူးယူဖော်ပြထားပြီး အလှူခံနေတာ။ ဒါကို မဟာမိတ်ခေါင်းဆောင်က ပို့လာလို့ သိရတာ။ သူတို့နောက်ကြောင်းကို လိုက်တော့ ပထမတစ်ခါ လေကြောင်းမစ်ရှင်ကိုလည်း ကူးယူထားမှုရှိခဲ့တယ်ဆိုတာ Rangoon Scout Network (RSN) ထံက သိရှိထားပါတယ်။ နောက်ထပ် ကူးယူးထားတာတွေလည်း သိရှိထားပါတယ်။” ဟု DSRBနှင့် JUGF အဖွဲ့များ၏ တပ်ဖွဲ့တာဝန်ခံ Seven က မဇ္ဈိမ ကိုဖြေကြားသည်။
ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်ရှိ သန္ဓေပင်တိုးဂိတ်အား မေလ ၄ ရက် နံနက် ၇ နာရီ ၄၃ မိနစ်က Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) အဖွဲ့တို့မှ အဝေးထိန်းဗုံးဖြင့် ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကိုပင် မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မှော်ဘီတော်လှန်ရေးအင်အားစုမှ ထုတ်ပြန်ထားသည်။
မှော်ဘီတော်လှန်ရေးအင်အားစု၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Hmawbi Revolution Force အဖွဲ့ကို မဇ္ဈိမအနေဖြင့် မေလ ၈ ရက်နေ့ကစတင် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ ပေချ့်တွင် နောက်ဆုံး တင်ထားသည့် ပိုစ့်မှာလည်း မေလ ၄ ရက်နေ့က ဖြစ်ကြောင်း တွေ့ရှိရသည်။
“မေလ ၄ရက်နေ့ ၈နာရီနောက်ပိုင်း ခေတ်သစ်ရဲ့ နယ်မြေခံ သတင်းအရင်တက်တယ်။ ပြီးတော့ မှော်ဘီတော်လှန်ရေးအင်အားစုအဖွဲ့က သူတို့လုပ်တာပါဆိုပြီး ၄ရက်နေ့ မနက် ၈နာရီနဲ့ ၉နာရီကြားမှာပဲ ထုတ်ပြန်ထားတာတွေ့ရတယ်။ အဲ့ထုတ်ပြန်ချက်ပါ အကြောင်းအရာ နဲ့ အချိန်ဟာ ကျွန်တော်တို့အချက်အလက်နဲ့ရော ခေတ်သစ်ကတင်တဲ့ နယ်မြေခံအချက်အလက်နဲ့ရော လွဲနေပါတယ်။” ဟု DSRBနှင့် JUGF အဖွဲ့များ၏ တပ်ဖွဲ့တာဝန်ခံ Seven က ဆက်ပြောသည်။
အဆိုပါအငြင်းပွားဖွယ်ရာ မစ်ရှင်ကိစ္စအား မေလ ၅ ရက်နေ့တွင် Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) အဖွဲ့တို့မှ မြေပြင်မဟာမိတ်အဖွဲ့များ၏ ပြောပြချက်များ၊ သတင်းဌာနများ၊ ထောက်ပို့များ၏ ပြောပြချက်အရ ပြန်လည်သိရှိခဲ့ပြီး အကြောင်းအရာများကို ကိုယ်တိုင် သတင်းထောက်လှမ်းမှုများပြုလုပ်ရင်း စုံစမ်းသိရှိကြောင်း ၎င်းကပြောသည်။
JUGF နှင့် DSRB အဖွဲ့များမှလည်း မှော်ဘီတော်လှန်ရေးအင်အားစုအား မေးမြန်းပြီး မျက်နှာစုံညီဖြေရှင်းရန် တိုက်တွန်းထားသော်လည်း ၎င်းတို့ကို တိုက်ခိုက်လိုသဖြင့် ယခုလို ပြောဆိုခြင်းဖြစ်သည့်ပုံစံဖြစ်သာ ပြန်လည်ဖြေကြားကြောင်း အွန်လိုင်းတွင် နှစ်ဖက်အဖွဲ့ စာပို့ပြောဆိုထားသည့် screenshot အထောက်အထားများဖြင့် ပြောသည်။
Dark Side Revolution Burma (DSRB) သည် ၂၀၂၁ ခုနှစ်ကပင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရှေ့ပိုင်းခရိုင်ပကဖ အထူးတပ်ဖွဲ့အနေဖြင့်လုပ်ဆောင်လာကာ ရန်ကုန်တိုင်းရှိ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် မစ်ရှင်များဆောင်ရွက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား အဓိက တိုက်ခိုက်သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလထိ မစ်ရှင် အကြိမ် ၂၀ ထက်မနည်း ဖော်ဆောင်ထားကြောင်းလည်း ပြောသည်။ Justice Urban Guerilla Force (JUGF) အဖွဲ့မှာမူ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့ကမှ စတင်ကာ တော်လှန်ရေးအတွင်းပါဝင်နေသော လူအဟောင်းများဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဆိုသည်။
Justice Urban Guerilla Force (JUGF) နှင့် Dark Side Revolution Burma (DSRB) အနေဖြင့် တော်လှန်ရေးကွန်ရက်တိုင်းတွင် ချိတ်ဆက်လုပ်ဆောင်မှုများရှိထားပြီးဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း မှော်ဘီတော်လှန်ရေးအင်အားစုအား အမုန်းတရားဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ အမှန်တရားဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်းပြောသည်။ ထို့အပြင် အဖွဲ့၏ မူဝါဒများအတိုင်း အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း မဇ္ဈိမ သတင်းဌာနမှ တစ်ဆင့် မိဘပြည်သူများအား အသိပေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မှော်ဘီမြို့နယ်
#သန္ဓေပင်တိုးဂိတ်
#JUGF
#DSRB
#ဖောက်ခွဲတိုက်ခိုက်

👍9🔥2😁1
Media is too big
VIEW IN TELEGRAM
စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်း ဖော်ကျူးတဲ့ ‘အိပ်မက်’ ပန်းချီပြပွဲ | VOA on Mizzima
Watch more detail - https://youtu.be/imi8XXUMYHM
#VOA #စစ်ပွဲ #ငြိမ်းချမ်းရေး #ပန်းချီပြပွဲ #Mizzima #shorts #reels

👍7🔥3
မလေးရှားတွင် ပလတ်စတစ်အိတ်များ အသုံးပြုမှုကို ၂၀၂၅ ထက်နောက်မကျဘဲ ပိတ်ပင်သွားမည်
=====================
မလေးရှားနိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးတွင် လက်လီရည်ရွယ်ချက်များအတွက် ပလတ်စတစ်အိတ်များ သုံးစွဲခြင်းကို ၂၀၂၅ ခုနှစ်ထက်နောက်မကျဘဲ ပိတ်ပင်သွားရန် အစိုးရက ရည်မှန်းထားကြောင်း သဘာဝရင်းမြစ်၊ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မလေးရှားဝန်ကြီးက ပြောသည်။
“ပလတ်စတစ်အိတ် ကင်းစင်ရေး” ကမ်ပိန်းကို အဆင့်အလိုက် ဆောင်ရွက်ထားပြီး စူပါမားကတ်များနှင့် ဈေးဆိုင်အချို့ကဲ့သို့ မရွှေ့မပြောင်းနိုင်သော စီးပွားရေးလုပ်ငန်းနေရာများဖြင့် စတင်လျက် ရှိကြောင်း မစ္စတာ နစ် နာဇ်မီ အာမတ်က ပြောသည်။

👍9🔥1
ကွန်ပြူတာနည်းပညာကျွမ်းကျင်တဲ့ ပျံကျရပ်ကွက်က ကလေးများ | VOA on Mizzima
===========================
အာဖရိကတိုက်နိုင်ငံတွေထဲ နည်းပညာပိုင်းမှာ အောင်မြင်သူတွေအများဆုံးထွက်တဲ့နိုင်ငံထဲ ကင်ညာနိုင်ငံလည်း ပါဝင်လာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကွန်ပြူတာနည်းပညာနဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ထောင်နိုင်အောင် သင်ပေးတဲ့ Code with Kids အစီအစဉ်ကို တည်ထောင်ထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/IBgupV5gTBs
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===========================
အာဖရိကတိုက်နိုင်ငံတွေထဲ နည်းပညာပိုင်းမှာ အောင်မြင်သူတွေအများဆုံးထွက်တဲ့နိုင်ငံထဲ ကင်ညာနိုင်ငံလည်း ပါဝင်လာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကွန်ပြူတာနည်းပညာနဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ထောင်နိုင်အောင် သင်ပေးတဲ့ Code with Kids အစီအစဉ်ကို တည်ထောင်ထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/IBgupV5gTBs
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကွန်ပြူတာနည်းပညာကျွမ်းကျင်တဲ့ ပျံကျရပ်ကွက်က ကလေးများ | VOA on Mizzima
အာဖရိကတိုက်နိုင်ငံတွေထဲ နည်းပညာပိုင်းမှာ အောင်မြင်သူတွေအများဆုံးထွက်တဲ့နိုင်ငံထဲ ကင်ညာနိုင်ငံလည်း ပါဝင်လာပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကွန်ပြူတာနည်းပညာနဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ထောင်နိုင်အောင် သင်ပေးတဲ့ Code with Kids အစီအစဉ်ကို တည်ထောင်ထားပါတယ်။ အ…
❤7🔥2
မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
ကွန်ပြူတာနည်းပညာကျွမ်းကျင်တဲ့ ပျံကျရပ်ကွက်က ကလေးများ | VOA on Mizzima
Watch more detail - https://youtu.be/IBgupV5gTBs
#VOA #ကွန်ပြူတာ #ကျွမ်းကျင် #ကလေး #Mizzima #shorts #reels

👍9🔥3
အာဆီယံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG ကြိုဆိုသော်လည်း စစ်ကောင်စီကို အယုံအကြည် မရှိ
===================
ပဋိပက္ခ ကျရောက်နေသော အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်နိုင်ရေးအတွက် အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား၏ ကြိုးပမ်းအားထုတ်မှုများကို အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုသော်လည်း ၂၀၂၁ က အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကို အလွန်အမင်း ယုံကြည်မှု မရှိကြောင်း ပြောခွင့်ရသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

👍3😁3👎2