နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ မေ ၂၀၂၃)
=================
အကြမ်းဖက်စစ်တပ်က စစ်သား ၄ ဦး ပြည်သူ့ဘက်ကူးပြောင်းကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပြီး ယင်းခိုလှုံ လာသူ ၄ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်၊ ပြည်သူ့ရင်ခွင် ကော်မတီတာဝန်ခံ ဦးမောင်မောင်ဆွေနှုတ်ဆက်စကားပြောဆိုခဲ့သည်။
• အလုပ်သဘောဖြင့် ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျအစိုးရအဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို တုံ့ပြန်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဗွီဒီယိုကွန်းဖရန့်ကနေတစ်ဆင့် ဆွေးနွေး ခဲ့ကြကြောင်းထုတ်ပြန်ထားသည်။

👍3🔥1😁1
မေလ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================
- အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသား ၅၀၀ ကျော်ပြောင်းရွှေ့ခံရတဲ့သတင်း
- အိန္ဒိယအစိုးရကစစ်ကောင်စီနှင့်ပူးပေါင်းကာ စစ်တွေဆိပ်ကမ်းစီမံကိန်းကို ဖွင့်လှစ်လိုက်တဲ့အကြောင်း
- မေ ၁၀ရက်နေ့ နောက်ဆုံးရ ဆိုင်ကလုန်းမုန်တိုင်း သတင်းအခြေအနေ
- တောင်စလုံးတိုက်ပွဲမှာ KNDF က အထူးကွန်မန်ဒိုတပ်စုမှူးနဲ့ တပ်သား ၂ ဦးကျဆုံးခဲ့တဲ့သတင်း
- ရေဦးမြို့နယ်က လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း
- ကနေဒါက တရုတ်သံတမန်ကိုနှင်ထုတ်လိုက်တဲ့အပေါ် ပြတ်ပြတ်သားသားတုံ့ပြန်သွားမယ်လို့ တရုတ်က ပြောလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်သွားမှာပါ။
https://www.youtube.com/live/HQYZZykJJaM?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV

YouTube
မေလ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
- အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသား ၅၀၀ ကျော်ပြောင်းရွှေ့ခံရတဲ့သတင်း
- အိန္ဒိယအစိုးရကစစ်ကောင်စီနှင့်ပူးပေါင်းကာ စစ်တွေဆိပ်ကမ်းစီမံကိန်းကို ဖွင့်လှစ်လိုက်တဲ့အကြောင်း
- မေ ၁၀ရက်နေ့ နောက်ဆုံးရ ဆိုင်ကလုန်းမုန်တိုင်း သတင်းအခြေအနေ
- တောင်စလုံးတိုက်ပွဲမှာ…

😁1🤬1🍌1
ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်မှ ထပ်မံအင်အားဖြည့်ကာ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေ
============
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် နှင့် ကရင်နီပြည်နယ်အစပ်ရှိ ပင်လောင်း-ဖယ်ခုံ အစပ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ မေလအတွင်းတွင် ထပ်မံအင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဧပြီလတွင်းတွင် ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ယခု မေလတွင် ထပ်မံအင်အားဖြည့်တင်းကာ တစ်ကျော့ပြန်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဆိုသည်။
“လတ်တလောမှာတော့ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ်ပေါ့နော်။ တောင်စလုံးတို့၊ မြောက်စလုံးတို့ မှာ စစ်ကောင်စီက စစ်ကြောင်းပြန််ထိုးလာတယ်။ အင်အားကတော့ သူတို့ ပြန်ဖြည့်ထားတယ်ဗျ။ ဧပြီလ နောက်ဆုံးအပတ်လောက်မှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပြီးတော့ စစ်ကောင်စီက အထိနာပြီး ဆုတ်ခွာရတယ်။ အစကတော့ သူတို့ မြောက်စလုံးမှာ တပ်စွဲထားတယ်။ အဲ့ဒီကနေ ဆုတ်ခွာပြီးတဲ့အခါမှာ မေလထဲမှာ သူတို့ ပြန်ထိုးလာတယ်။ တောင်မဲသင်းကနေ တောင်စလုံး၊ မြောက်စလုံးဘက်ကို၊ အင်အားတော့ ထပ်ဖြည့်ထားတယ်လို့သိရတယ်။ ဘယ်လောက်လဲဆိုတာကိုတော့ အတိအကျ အတည်ပြုလို့ မရသေးဘူးပေါ့” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
စစ်ကောင်စီတပမှ ထိတွေ့တိုက်ပွဲတိုင်းတွင် လေကြောင်းသုံးလေ့ရှိပြီး နောက်ပိုင်းတွင် နေ့တိုင်းနီးပါး လေကြောင်းသုံး၍ တိုက်ခိုက်မှု လုပ်ဆောင်နေကာ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကိုပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း နှင့် မေလအတွင်းတိုက်ပွဲများတွင် နှစ််ဖက်အကျအဆုံးရှိကြောင်း သူက ဆက်ပြောသည်။
“လေကြောင်းတော်တော်သုံးတယ်။ အဓိကက သူတို့ လေကြောင်းသုံးတာ သူတို့ ဘက်က အထိနာလို့ပေါ့နော့်။ ဒါပေမယ့် ဒီနောက်ပိုင်းကတော့ အထိနာသည်ဖြစ်စေ မနာသည်ဖြစ်စေ လေကြောင်းတိုက်ခိုက်မှုက အမြဲတမ်းသုံးတယ်။ ဒီမေလတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲထဲမှာလည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က မျက်မြင်ဘယ်နှစ်ယောက်ဆိုတာကိုတော့ အတည်ပြုလို့ မရဘူး။ ကျနော်တို့ ဘက်က အကျအဆုံးတွေလည်း ရှိပါတယ်၊ လေယာဉ်ကတော့ နေ့တိုင်းနီးပါးကိုပစ်တယ်။ သုံးတာကတော့ ပေါင် ၅၀၀ တို့ ပေါင် ၃၀၀ ဗုံးတွေသုံးတယ်။ ပြီးတော့ အတွဲလိုက်ပစ်ချတဲ့ Rocket တွေလည်း သူတို့သုံးတယ်။ အများစုကတော့ ရွာတွေထဲကို ပစ်ထည့်တာများတယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတာတွေ၊ အတွဲလိုက်ပစ်တာတွေ” ဟု KNDF ဗဟိုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် မေလ ၅ ရက်နေ့နှင့် မေလ ၆ ရက်နေ့ နှစ်ရက်တာအတွင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် ၃၀ ခန့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု Union Karenni State Youth_UKSY မှ တွဲဖက်အတွင်းရေး မှူး(၁) မှ ပြောသည်။
“တစ်နေကုန်ပတ်ကြဲတယ်ပေါ့လေ။ တစ်နေ့ကလည်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်တစ်ကြောမှာ လေယာဉ်နဲ့ လာကြဲတာရှိတယ်။ မြို့နယ်နှစ်ခုပေါင်းဆိုရင် ၃၀ မက အကြိမ် ၃၀ကျော်ရှိမယ်လို့ မြင်တယ်။ ဘယ်လောက် ထိခိုက်လဲ အသေးစိတ်ကိုတော့ ကျမတို့ မသိဘူးပေါ့” ဟု ၎င်းက ဆိုသည်။
https://youtu.be/RkOO2Z3Ygos

ရှမ်းပြည်နယ် နှင့် ကရင်နီပြည်နယ်အစပ်ရှိ ပင်လောင်း-ဖယ်ခုံ အစပ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ မေလအတွင်းတွင် ထပ်မံအင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်…
👍6🔥1👏1
မန္တလေးတွင် သမဝါယမဦးစီးမှူးကား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
================
007
(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် ယနေ့ မေလ ၁၀ရက်နေ့လယ်က စစ်ကောင်စီလက်အောက်ခံသမဝါယမဦးစီးဌာန၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူး၏ကား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
"အောင်မြေသာစံသမဦးစီးမှူးရဲ့ကား ဗုံးပစ်ခံရတယ်။ ဗုံးကကားဘေးပေါက်ကွဲတယ်။ လူအထိအခိုက်မရှိဘူး" ဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။
အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ မြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ရပ်ထားသော မြို့နယ်သမဝါယမဦးစီးမှူး၏ကားကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက တရုတ်လုပ်ကြိုးဆွဲလက်ပစ်ဗုံးဖြင့်ပစ်ပေါက်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှသိရသည်။
ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် မြို့နယ်ဦးစီးမှူး၏ ခွေးဘီလူးကား အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိရသေးပေ။
မန္တလေးမြို့တွင် မေလဆန်းမှစ၍ စစ်ကောင်စီလက်အောက်ခံများအား မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်မှု ခပ်စိပ်စိပ်ပြန်ဖြစ်လာသည်။ မေလအတွင်း လက်ရှိအချိန်အထိ ရဲစခန်းတိုက်ခိုက်ခံရမှုနှစ်ကြိမ်အပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်နေရာတိုက်ခိုက်ခံရမှု လေးကြိမ်ဖြစ်ပွားခဲ့သည်။
စာတည်း - မောင်ကြီး
#မန္တလေး
#အောင်မြေသာစံမြို့နယ်
#သမဝါယမဦးစီးမှူး
#ဖောက်ခွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍6🔥1😁1
လူကုန်ကူးသူများ၏ အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းမည်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များ ကတိပြု
======================
အရှေ့တောင်အာရှဒေသတွင်၊ အထူးသဖြင့် ဒေသ၏ အဆင်းရဲဆုံးနိုင်ငံများတွင် ပျော့ကွက်အားနည်းချက်ရှိသော အလုပ်အကိုင်ရှာဖွေသူများအပေါ် လူကုန်ကူးသူများက ပစ်မှတ်ထား အနိုင်ကျင့်အမြတ်ထုတ်သည့် အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းသွားမည်ဟု အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များက မေလ ၁၀ ရက်တွင် ကတိပြုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
အရှေ့တောင်အာရှဒေသတွင်၊ အထူးသဖြင့် ဒေသ၏ အဆင်းရဲဆုံးနိုင်ငံများတွင် ပျော့ကွက်အားနည်းချက်ရှိသော အလုပ်အကိုင်ရှာဖွေသူများအပေါ် လူကုန်ကူးသူများက ပစ်မှတ်ထား အနိုင်ကျင့်အမြတ်ထုတ်သည့် အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းသွားမည်ဟု အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များက မေလ ၁၀ ရက်တွင် ကတိပြုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
မေလ (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
========================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့....
ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်က အင်အားပြင်း ဗုံးတွေသုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ရေဦးမြို့နယ်က လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/TgbrS4PGiSI
#Mizzimaradio
#EveningRadio

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်က အင်အားပြင်း ဗုံးတွေသုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ရေဦးမြို့နယ်က လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခို…

👍4❤1🔥1😁1
မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေးအသင့်ပြင်ဆင်ထားပြီးဖြစ်ဟုဆို
👍4🤣3🔥2👏1

====================
007
(မဇ္စျိမ)။ ။မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်လာပါက၊ ကူညီဆောင်ရွက်ပေးနိုင်ရန်၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် လုပ်ငန်းသုံးပစ္စည်းများ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် ပရဟိတကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များထံက သိရသည်။
"မီးသတ်ဦးစီးကလည်း သူတို့ဌာနဆိုင်ရာနယ်မြေတွေအလိုက် အသင့်လုပ်ထားကြသလို၊ ကျွန်တော်တို့အသင်းအဖွဲ့တွေလည်း ပြင်ဆင်ထားရှိမှုအသင့်ပါပဲ၊ တတ်နိုင်သလောက်ပေါ့ဗျာ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းတွေလည်း စုဆောင်းပြင်ဆင်ထားတယ်" ဟု ပရဟိတကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူကပြောသည်။
မန္တလေးခရိုင်အတွင်း၊ မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့၀င်များနှင့်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အသင့်ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။
မုန်တိုင်းနောက်ဆက်တွဲ၊ ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန် အသင့်အနေအထားပြင်ဆင်ထားခြင်းကြောင့်၊ နယ်မြေအလိုက် မီးသတ်ဌာနများထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မီးသတ်ဦးစီးဌာန ခရိုင်အဆင့်တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော၊ အားကောင်းသည့်မုန်တိုင်းငယ်သည်၊ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ရောက်ရှိပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၅၃၀ ခန့်၊ စစ်တွေမြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၇၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း၏အနောက် အနောက်မြောက်ဘက် ရေမိုင် ၃၂၀ မိုင်ခန့်၊ ပို့ပလဲယား၏အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇား မြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၇၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၁၁ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။
မုန်တိုင်း၏လက်ရှိအခြေအနေသည်၊ ဘင်္ဂလားဒေ့ရှ် မြန်မာကမ်းရိုးတန်းကိုဦးတည်ရွေ့လျားနိုင်သောအခြေအနေရှိနေခြင်းကြောင့်၊ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မုန်တိုင်း၏အရှိန်ကြောင့်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင်၊ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင်၊ ဒေသအလိုက်နှင့် နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။
မုန်တိုင်းအရှိန်ကြောင့်၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရတ်ရေကြီးခြင်းတို့နှင့်အတူ၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့်
ကုန်းမြင့်ဒေသအနီးနေထိုင်ကြသူများအနေနှင့်၊ မြေပြိုမှုအန္တရာယ်ရှိလာနိုင်ကြောင်း၊ အလားတူ ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်များချောင်းများအနီးနေထိုင်ကြသူများအနေနှင့်လည်း ရေကြီးရေလျှံမှုအန္တရာယ် ကြုံတွေ့ နိုင်ကြောင်း၊ ထို့အတွက် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရေကြီးရေလျှံမှု
#အန္တရာယ်
#မန္တလေးတိုင်း
#မီးသတ်ဦးစီးဌာန
#ပရဟိတ
photo Mandalay Fire District

👍8🔥1👏1
Forwarded from Mizzima+ TV Channel
Media is too big
VIEW IN TELEGRAM
အီရတ်မှာ ဆိုးရွားတဲ့ရာသီဥတုဒဏ်ကြောင့် ခြောက်သွေ့တဲ့မြေယာတွေကိုစွန့်ပြီး
မြို့ပြတွေဆီရွှေ့ပြောင်းနေထိုင်လာကြ
#internationalnews #reels #shorts
မြို့ပြတွေဆီရွှေ့ပြောင်းနေထိုင်လာကြ
#internationalnews #reels #shorts
🔥3👍2😁1
Forwarded from Mizzima+ TV Channel
Media is too big
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံမှာ ဆစ်ခ်ဘုရားကျောင်းတစ်ခုအနီး ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွား
#internationalnews #reels #shorts
#internationalnews #reels #shorts
👍7🔥4❤1
ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အာဏာခွဲဝေရေး | Beyond Panglong Oath Ep-6
=====================
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/kGHnTeCzsJY
#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း (၆)
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက…

👍7❤2🔥2
NUG spokesman addresses ASEAN convoy attack, denying PDF involvement
==========================
https://youtu.be/0f-joyKSAus
==========================
https://youtu.be/0f-joyKSAus
YouTube
NUG spokesman addresses ASEAN convoy attack, denying PDF involvement
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

❤5😁1🤮1