ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
====================
မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကြောက်စေချင်လို့ဖိနှိပ်တာကို ညီညွတ်မှုနဲ့တွန်းလှန်ကြ၊ စည်းလုံးခြင်းသည်အင်အားပဲ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြော သည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၇၇)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
#ဆန္ဒပြ
#Mizzima

👍11❤9👎2😁1
မေလ (၁၁) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေးစည်းရုံးနေတဲ့သတင်းနဲ့အတူ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲဒီနောက်မှာတော့ တပတ်အတွင်းစီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်နဲ့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/nKXesBF2fdA
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ (၁၁) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အလင်းဝင်ပါက လက်နက်အမျိုးအစား ပေါ်မူတည်ပြီး ကျပ် ၇၅ သိန်းအထိ ပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေးစည်းရုံးနေတဲ့သတင်းနဲ့အတူ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးကို ထို…

👏3👍2😁1
(စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ ပဇီကြီးရွာအဖြစ်ဆိုး ၁ လပြည့် အထူးဆောင်းပါး)
===================
"ပဇီကြီးရွာတရိုးမှာ အောက်ပေါင်းကို ရှာမတွေ့တော့ပါ"
- မောင်ကြီး
'လွန်ခဲ့တဲ့တလက မိစ္ဆာခေါ်သံနဲ့ ကြုံခဲ့ရတဲ့ ပဇီကြီးရွာနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေထဲမှာ အိမ်မွေးတိရစ္ဆာန်တွေလည်းပါဝင်ပြီး အဲဒီထဲက ခွေးလေး အောက်ပေါင်းကိုတော့ မေ့ပစ်ဖို့ ခက်ခဲနေကြဆဲပါ '
"ယူပါ၊ ကယ်ပါ" ဟစ်အော်ငိုကြွေးသံတွေကြားမှာ မိနစ်ပိုင်းအတွင်း လူ ၁၈၀ ကျော် အသက်ပျောက်ခဲ့ရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုရဲ့ တရားခံ မြန်မာစစ်တပ်ကို ကမ္ဘာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ အလွန်ဖျက်အားပြင်းတဲ့ Vacuum bomb လို့ခေါ်တဲ့ လေဟာနယ်ဗုံးကို အသုံးပြုပြီး ပဇီကြီးရွာကို တိုက်ခိုက်ခဲ့တာလို့လည်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က စုံစမ်းဖော်ထုတ်ပြီး မကြာခင် ရက်ပိုင်းကတင် ကြေညာခဲ့ပါတယ်။ ဒါဟာ ပဇီကြီးရွာအရေးကို ကမ္ဘာက မမေ့သေးဘူးဆိုတာကိုပြတဲ့ နောက်ဆုံးထွက် သတင်းစကားများပဲဖြစ်ပါတယ်။

😢11👍7🔥3😁1
တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပဇီကြီးရွာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် သံသယတရားခံအချို့ကို ဖမ်းဆီးထားပြီး စစ်ကောင်စီခေါင်းဆောင်ကို အဓိကတရားခံ စစ်ရာဇဝတ်ကောင်အဖြစ် အမှုဖွင့်ထားတဲ့အကြောင်း ဧပြီလ ၂၉ ရက်နေ့မှာ လူထုကို အသိပေးခဲ့ပါတယ်။ ပဇီကြီးရွာက ငိုသံတွေကို နှစ်သိမ့်ဖို့ စိတ်ပိုင်းဆိုင် ရာဖေးမမှုတွေ၊ လူသားချင်း စာနာထောက်ထားရေးအကူအညီတွေ ပေးနေတယ်လို့ ကြေညာပါတယ်။
ဒါတွေဟာ ပဇီကြီးရွာရဲ့ ဒဏ်ရာအနာတရတွေကို ကူညီကုစားဖို့ ဝိုင်းဝန်းကြိုးစားနေကြတာပါ။ ဒါပေမယ့် အားလုံးက အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ ကစဉ့် ကလျားဘဝတွေ ပဇီကြီးရွာမှာ ရှိနေပါတယ်။ သူတို့ဟာ ကူရာကယ်ရာမဲ့အနေ အထားနဲ့ ဦးတည်ရာ လျှောက်သွားနေကြပါတယ်။ စိုးရိမ်ထိန့်လန့်နေတဲ့ မျက်နှာသွင်ပြင်နဲ့ ပတ်ဝန်းကျင်ကို မယုံသင်္ကာ ကြည့်နေကြပါတယ်။ ပြီးတော့ လူတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးနေကြပါတယ်။ တချို့ဟာ ပဇီကြီးရွာပတ်ဝန်းကျင်မှာ ရှာမတွေ့တော့အောင် ပျောက်ဆုံးသွားကြပါတယ်။
ဒါတွေဟာ ပဇီကြီးရွာက ခွေးက လေးအောက်ပေါင်းအပါအဝင် စစ်ဘေးသင့် အိမ်မွေးတိရစ္ဆာန်တွေရဲ့ ရင်နင့်စရာအဖြစ်တွေပါပဲ။
သာသနာ့ဒါယကာကြီးအမည်ခံ စစ်ခေါင်းဆောင်ရဲ့ ရက်စက်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ပဇီကြီးရွာအဖြစ်သနစ်တွေကြား သူ့ အိမ်က ခွေးလေးအောက်ပေါင်းတို့လို အိမ်မွေးတိရစ္ဆာန်တွေဟာ ဘုမသိဘမသိနဲ့ ငရဲကျနေတယ်လို့ ပဇီကြီးရွာသား ကိုမောင်မျိုးက ရင်ဖွင့်ပါတယ်။
"အောက်ပေါင်းကို ကျနော် နောက်ဆုံးတွေ့လိုက်ရတဲ့နေ့က သူ ကြောက်လန့်ပြီး လျှောက်သွားနေတာ။ တမှိုင်မှိုင် တတွေတွေနဲ့။ ခေါ်လို့လည်းမရတော့ဘူး"
ဧပြီလ ၂၃ ရက် နေ့ခင်း ၂ နာရီလောက်က အဖြစ်အပျက်ကို ကိုမောင်မျိုးက ပြန်ပြောပြတာပါ။
စစ်ကောင်စီဟာ ပဇီကြီးရွာကို ဧပြီလ ၁၁ ရက်နေ့မနက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ ပြည်သူတွေ ဦးဆောင်တဲ့ ဒေသဆိုင်ရာ ရုံးဖွင့်ပွဲနဲ့ ရွာအလှူပွဲ ကျင်းပနေချိန်မှာ အဖျက်စွမ်းအားကြီးတဲ့ ဗုံးနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35နဲ့ပါ ကျည်ဆန်မိုးတွေ ရွာသလို ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် ၁၈၁ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေရသူတွေ ရှိသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ ပဇီကြီးရွာငရဲခန်းဟာ လူတွေသေကြေပျက်စီးခြင်းနဲ့ အိမ်တွေ မီးလောင်ပြာကျခြင်းမှာတင် မရပ်တန့်ခဲ့ပါဘူး။ သွေးဆာနေတဲ့ စစ်ကောင်စီက ပဇီကြီးရွာပေါ် ပစ်ချခဲ့တဲ့ ဗုံးနဲ့ စက်သေနတ်ကျည်ဆန်တွေဟာ လူတွေသေကြေရုံ၊ သွေးပျက် ထိတ်လန့်ရုံတင်မဟုတ်ဘဲ အောက်ပေါင်းဆိုတဲ့ ငါးလသားနီးပါးအရွယ် ခွေးလေးနဲ့အတူ ပဇီကြီးရွာက အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သွေးပျက်ထိန့်လန့်စေခဲ့ပါတယ်။
"လေယာဉ်သံနဲ့ သေနတ်ကို လူတွေတင်မဟုတ်ဘူး။ တိရစ္ဆာန်တွေပါ ပြာနေအောင် ကြောက်တာ"
လေကြောင်းတိုက်ခိုက်မှုအလွန်မှာ ပဇီကြီးရွာနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေရဲ့ အကြောက်တရားနဲ့ မြေပြင်ပကတိအခြေအနေကို ကိုမောင်မျိုးက ပြောပြတာပါ။ အောက်ပေါင်းဟာ ကိုမောင်မျိုးရဲ့ အသက်ရှစ်နှစ်အရွယ် သမီးငယ်ရဲ့ အချစ်တော်ခွေးလေးဖြစ်ပါတယ်။ သူ့သမီးငယ်ဟာ ၂၀၂၂ ခုနှစ်ကုန်ပိုင်း တရက်မှာ နှုတ်သီးကအစ တကိုယ်လုံး ဆွတ်ဆွတ် ဖြူ နေတဲ့ ချစ်စရာ အိမ်မွေးခွေးအထီးလေးတကောင်ကို ပွေ့ပိုက်ယူဆောင်လာခဲ့ပါတယ်။ သူချစ်လို့ မွေးချင်လို့ဆိုပြီး ရွာထဲက သူ့ဘကြီးအိမ်ကနေ တောင်းယူလာခဲ့တာပါ။
သားခွဲစအရွယ် အဲဒီအဖြူရောင်ခွေးလေးဟာ ပဇီကြီးရွာတရိုးက ကလေး ၊လူကြီးမရွေးအားလုံးနဲ့ တည့်ပါတယ်။ လူတိုင်းကို စိမ်းစိမ်း ကျက်ကျက် အရောတဝင်နေပါတယ်။ အထူးသဖြင့် တွေ့သမျှလူတွေရဲ့ခြေထောက်ကို ပွတ်သပ်၊ ကျီစယ်၊ ဆော့ကစားတတ်လို့လည်း အောက်ပေါင်းလို့ အမည်ပေးထားကြတာပါ။ အောက်ပေါင်းဟာ လိမ္မာပါးနပ်တယ်၊ လူ့အရိပ်အကဲကို သိတယ်၊ အပေါင်းအသင်းမက်တယ်။ပဇီကြီးရွာသားတွေနဲ့တင် အပေါင်း အသင်း လုပ်တာမဟုတ်ပါဘူး။ ရွာကို ရံဖန်ရံခါဖြတ်သွားတတ်တဲ့ ဒေသကာကွယ်ရေးရဲဘော်တွေနဲ့လည်း ရွာရိုးကိုးပေါက် လျှောက်လိုက်တတ်ပါသေးတယ်။ ဒါကြောင့်ပဲ စစ်အာဏာရှင်တော်လှန်ရေးထဲ အောက်ပေါင်းလေးလည်းပါတယ်ဆိုပြီး ရွာခံတွေက အချစ်ပိုကြပါတယ်။ အောက်ပေါင်းရဲ့ ကောင်းတဲ့ညာဉ်တခုကတော့ သူဘယ်ရောက်ရောက် အိမ်ကို နေ့မကူးဘဲ အရောက်ပြန်လာတတ်ပါတယ်။ အိမ်ရောက်ရင်တော့ သူ့ရဲ့ အဦးဆုံးသခင် ကိုမောင်မျိုးရဲ့သမီးလေးဆီ အပြေးသွားတယ်။ အလည်လွန်ပြီး မောမောနဲ့ အိမ်ပြန်လာတဲ့အခါတ်ိုင်း ကလေးပီပီ အိပ်ပျော်သွားတတ်တဲ့ အောက်ပေါင်းလေးကို သူ့သမီးလေးက စောင်လေးခြုံပေးပြီး ဂရုစိုက်ပေးတတ်တယ်လို့ ကိုမောင်မျိုးက ပြန်ပြောပြပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16😢15😁2🔥1
NUG ရဲ့စစ်ရေးအခြေအနေဘယ်အထိရောက်နေပြီလဲ
====================
အာဏာရှင်စနစ်တော်လှန်ရေးကာလ ၂ နှစ်ကျော်လာချိန်မှာ စစ်မဟာဗျူဟာအရ ခံစစ်နဲ့ စတင်ခဲ့ရတဲ့ ပြည်သူ့ ခုခံတော်လှန်စစ်ဟာ အခုအခါ တန်ပြန်ထိုးစစ်အကြိုကာလကို အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း မေ ၂ ရက်မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ တော်လှန်ရေးအရှိန်မြင့်လာပြီဖြစ်လို့ ပြည်သူ တွေအနေနဲ့ လုံခြုံရေးသတိနဲ့နေထိုင်ကြဖို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။ ၂ နှစ်ကျော်ကာလအတွင်း NUG အနေနဲ့ ခုခံတော်လှန်စစ်ကနေ တန်ပြန်ထိုးစစ်အကြိုကာလကို ပြောင်းလဲထားနိုင်ခဲ့ပြီဆိုတာတော့ သေချာပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲဖြစ်နေပြီး စစ်ကောင်စီအနေနဲ့ အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကို အားကိုးနေရတာက သက်သေပါပဲ။
https://youtu.be/h7Nlcw2W6KY
#Newsfeature
#Mizzima
---------------------

အာဏာရှင်စနစ်တော်လှန်ရေးကာလ ၂ နှစ်ကျော်လာချိန်မှာ စစ်မဟာဗျူဟာအရ ခံစစ်နဲ့ စတင်ခဲ့ရတဲ့ ပြည်သူ့ ခုခံတော်လှန်စစ်ဟာ အခုအခါ တန်ပြန်ထိုးစစ်အကြိုကာလကို အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ပြည်သူသို့ အစီရင်ခံစာမှာ ဖ…
👍7😁4❤2
မေလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3🔥3
KNU တပ်မဟာ(၅)တွင် ဧပြီလအတွင်း တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံး
====================
YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်)တွင် ပြီးခဲ့ သည့်ဧပြီလကဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်တစ်ဦး အပါအဝင် ၉၀ ဦး သေဆုံးခဲ့ပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။
“ဧပြီလတစ်လလုံးအတွင်း တပ်မဟာ(၅) KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ပြောက်ကျားတိုက်ပွဲ ပေါင်း ၂၅၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်က တပ်ခွဲမှူးတစ်ဦးနဲ့တပ်ကြပ်တစ်ဦး အပါအဝင် ၉၀ ဦးကျဆုံးပြီး ၆၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်က မြင်းခုနစ်ကောင်လည်းသေတယ်” ဟု KNU တပ်မဟာ(၅)၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။
ဧပြီလအတွင်း တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲပေါင်း ၂၅၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲများအတွင်း တပ်မဟာ (၅) KNLA ဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။
စစ်ကောင်စီတပ်သည် ဧပြီလအတွင်း တပ်မဟာ (၅) နယ်မြေအတွင်းရှိ ကျေးရွာများအတွင်း လေကြောင်း တိုက်ခိုက်မှု လေးကြိမ်၊ လက်နက်ကြီးကျည် ၃၈ လုံးခန့် ပစ်ခတ်ခဲ့ပြီး ဒေသခံနှစ်ဦးသေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံး ဗုံးထိမှန်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ၃၈ လုံးကို အရပ်သားတွေနေထိုင်တဲ့ ရွာနဲ့ လယ်ယာဥယျာဥ် ခြံမြေတွေပေါ် ပစ်ခတ်ခဲ့ပါတယ်။
တိုက်လေယာဉ်နဲ့လည်း လေးကြိမ်လာရောက်ပစ်ခတ် ဗုံးကြဲခဲ့ပါတယ်။ ရွာသားနှစ်ဦးသေပြီး ရှစ်ဦး ဒဏ်ရာရပါတယ်။ လူနေအိမ်သုံးလုံး ဗုံးထိမှန် မီးလောင် ပျက်စီးခဲ့ရပါတယ်" ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့်ဧပြီလအတွင်း တပ်မဟာ(၅)KNLA အနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ်(BGF)တို့၏ တပ်စခန်းများဖြစ်သည့် နီကန်စခန်း(ခ)ဝါးသိုးခို့စခန်း၊ မယ်စိထာစစ်ဆေး ရေးဂိတ်စခန်းတို့အား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNUတပ်မဟာ(၅)
#KNLA
#တိုက်ပွဲ
#နယ်ခြားစောင့်တပ်(BGF)

❤17👍4😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ရဲ့အမျိုးသမီးအရန်တပ်ဖွဲ့တွေ ပထမဆုံးအကြိမ်လေ့ကျင့်မှုပြုလုပ်
#internationalnews #reels #shorts
#internationalnews #reels #shorts
👍8🔥3❤2
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာ
============+=====
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများအတွက် အလေးအနက်စိုးရိမ်ပူပန်ပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က မေလ ၁၀ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်လာနေပြီး မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အာဆီယံ အစုအဖွဲ့က ရှုတ်ချခဲ့ပါတယ်။
လက်ရှိ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက ဦးစားပေး ဆွေးနွေးတဲ့ ခေါင်းစဉ် ဖြစ်နေပါတယ်။
https://youtu.be/MGCTCv5tYcc
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
============+=====
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများအတွက် အလေးအနက်စိုးရိမ်ပူပန်ပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က မေလ ၁၀ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်လာနေပြီး မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အာဆီယံ အစုအဖွဲ့က ရှုတ်ချခဲ့ပါတယ်။
လက်ရှိ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက ဦးစားပေး ဆွေးနွေးတဲ့ ခေါင်းစဉ် ဖြစ်နေပါတယ်။
https://youtu.be/MGCTCv5tYcc
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာ
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများအတွက် အလေးအနက်စိုးရိမ်ပူပန်ပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က မေလ ၁၀ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့…

😁8👍7❤2🔥2
မေလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
-မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာတဲ့သတင်း
-မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေး အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတဲ့သတင်း
-ထိုင်းနိုင်ငံက ကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီကိုဖိတ်ကြားတဲ့သတင်း
-မန္တလေးမှာ သမဝါယမဦးစီးမှူးကား လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်ခင်ဗျာ။
https://youtu.be/Hs7e3YQmcXY
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
-မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာတဲ့သတင်း
-မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေး အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတဲ့သတင်း
-ထိုင်းနိုင်ငံက ကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီကိုဖိတ်ကြားတဲ့သတင်း
-မန္တလေးမှာ သမဝါယမဦးစီးမှူးကား လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်ခင်ဗျာ။
https://youtu.be/Hs7e3YQmcXY
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မေလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59-မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာတဲ့သတင်း
03:55-မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေး အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတဲ့သတင်း
05:23-ထိုင်းနိုင်ငံက ကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ…

👍7🔥2❤1😁1
ကရင်နီပြည် စစ်ရှောင်များအတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံ့ကူညီရန် ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်း ပြုလုပ်
❤8🔥2😁1