Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပဇီကြီးရွာ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် သံသယတရားခံအချို့ကို ဖမ်းဆီးထားပြီး စစ်ကောင်စီခေါင်းဆောင်ကို အဓိကတရားခံ စစ်ရာဇဝတ်ကောင်အဖြစ် အမှုဖွင့်ထားတဲ့အကြောင်း ဧပြီလ ၂၉ ရက်နေ့မှာ လူထုကို အသိပေးခဲ့ပါတယ်။ ပဇီကြီးရွာက ငိုသံတွေကို နှစ်သိမ့်ဖို့ စိတ်ပိုင်းဆိုင် ရာဖေးမမှုတွေ၊ လူသားချင်း စာနာထောက်ထား‌ရေးအကူအညီတွေ‌ ပေးနေတယ်လို့ ကြေညာပါတယ်။

ဒါတွေဟာ ပဇီကြီးရွာရဲ့ ဒဏ်ရာအနာတရတွေကို ကူညီကုစားဖို့ ဝိုင်းဝန်းကြိုးစားနေကြတာပါ။ ဒါ‌ပေမယ့် အားလုံးက အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ ကစဉ့် ကလျားဘဝတွေ ပဇီကြီးရွာမှာ ရှိ‌နေပါ‌တယ်။ သူတို့ဟာ ကူရာကယ်ရာမဲ့အနေ အထားနဲ့ ဦးတည်ရာ လျှောက်သွားနေကြပါတယ်။ စိုးရိမ်ထိန့်လန့်နေတဲ့ မျက်နှာသွင်ပြင်နဲ့ ပတ်ဝန်းကျင်ကို မယုံသင်္ကာ ကြည့်နေကြပါတယ်။ ပြီးတော့ လူတွေနဲ့ ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးနေကြပါတယ်။ တချို့ဟာ ပဇီကြီးရွာပတ်ဝန်းကျင်မှာ ရှာမ‌တွေ့တော့အောင် ပျောက်ဆုံးသွားကြပါတယ်။

ဒါတွေဟာ ပဇီကြီးရွာက ခွေးက လေးအောက်ပေါင်းအပါအဝင် စစ်ဘေးသင့် အိမ်မွေးတိရစ္ဆာန်တွေရဲ့ ရင်နင့်စရာအဖြစ်တွေပါပဲ။
သာသနာ့ဒါယကာကြီးအမည်ခံ စစ်ခေါင်းဆောင်ရဲ့ ရက်စက်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ပဇီကြီးရွာအဖြစ်သနစ်တွေကြား သူ့ အိမ်က ခွေးလေးအောက်ပေါင်းတို့လို အိမ်မွေးတိရစ္ဆာန်တွေဟာ ဘုမသိဘမသိနဲ့ ငရဲကျနေတယ်လို့ ပဇီကြီးရွာသား ကိုမောင်မျိုးက ရင်ဖွင့်ပါတယ်။

"အောက်ပေါင်းကို ကျနော် နောက်ဆုံးတွေ့လိုက်ရတဲ့နေ့က သူ ကြောက်လန့်ပြီး လျှောက်သွားနေတာ။ တမှိုင်မှိုင် တတွေတွေနဲ့။ ခေါ်လို့လည်းမရတော့ဘူး"

ဧပြီလ ၂၃ ရက် နေ့ခင်း ၂ နာရီလောက်က အဖြစ်အပျက်ကို ကိုမောင်မျိုးက ပြန်ပြောပြတာပါ။

စစ်ကောင်စီဟာ ပဇီကြီးရွာကို ဧပြီလ ၁၁ ရက်နေ့မနက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ ပြည်သူတွေ ဦး‌ဆောင်တဲ့ ဒေသဆိုင်ရာ ရုံးဖွင့်ပွဲနဲ့ ရွာအလှူပွဲ ကျင်းပနေချိန်မှာ အဖျက်စွမ်းအားကြီးတဲ့ ဗုံးနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35နဲ့ပါ ကျည်ဆန်မိုး‌တွေ ရွာသလို ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် ၁၈၁ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေရသူတွေ ရှိသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ ပဇီကြီးရွာငရဲခန်းဟာ လူတွေသေကြေပျက်စီးခြင်းနဲ့ အိမ်တွေ မီးလောင်ပြာကျခြင်းမှာတင် မရပ်တန့်ခဲ့ပါဘူး။ သွေးဆာနေတဲ့ စစ်ကောင်စီက ပဇီကြီးရွာပေါ် ပစ်ချခဲ့တဲ့ ဗုံးနဲ့ စက်သေနတ်ကျည်ဆန်တွေဟာ လူတွေသေကြေရုံ၊ သွေးပျက် ထိတ်လန့်ရုံတင်မဟုတ်ဘဲ အောက်ပေါင်းဆိုတဲ့ ငါးလသားနီးပါးအရွယ် ခွေးလေးနဲ့အတူ ပဇီကြီးရွာက အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သွေးပျက်ထိန့်လန့်စေခဲ့ပါတယ်။

"လေယာဉ်သံနဲ့ သေနတ်ကို လူတွေတင်မဟုတ်ဘူး။ တိရစ္ဆာန်တွေပါ ပြာနေအောင် ကြောက်တာ"

လေကြောင်းတိုက်ခိုက်မှုအလွန်မှာ ပဇီကြီးရွာနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေရဲ့ အကြောက်တရားနဲ့ ‌မြေပြင်ပကတိအခြေအနေကို ကိုမောင်မျိုးက ပြောပြတာပါ။ အောက်ပေါင်းဟာ ကိုမောင်မျိုးရဲ့ အသက်ရှစ်နှစ်အရွယ် သမီးငယ်ရဲ့ အချစ်တော်ခွေးလေးဖြစ်ပါတယ်။ သူ့သမီးငယ်ဟာ ၂၀၂၂ ခုနှစ်ကုန်ပိုင်း တရက်မှာ နှုတ်သီးကအစ တကိုယ်လုံး ဆွတ်ဆွတ် ဖြူ နေတဲ့ ချစ်စရာ အိမ်မွေးခွေးအထီးလေးတကောင်ကို ပွေ့ပိုက်ယူဆောင်လာခဲ့ပါတယ်။ သူချစ်လို့ မွေးချင်လို့ဆိုပြီး ရွာထဲက သူ့ဘကြီးအိမ်ကနေ တောင်းယူလာခဲ့တာပါ။

သားခွဲစအရွယ် အဲဒီအဖြူရောင်ခွေးလေးဟာ ပဇီကြီးရွာတရိုးက ကလေး ၊လူကြီးမရွေးအားလုံးနဲ့ တည့်ပါတယ်။ လူတိုင်းကို စိမ်းစိမ်း ကျက်ကျက် အရောတဝင်နေပါတယ်။ အထူးသဖြင့် တွေ့သမျှလူတွေရဲ့ခြေထောက်ကို ပွတ်သပ်၊ ကျီစယ်၊ ဆော့ကစားတတ်လို့လည်း အောက်ပေါင်းလို့ အမည်ပေးထားကြတာပါ။ အောက်ပေါင်းဟာ လိမ္မာပါးနပ်တယ်၊ လူ့အရိပ်အကဲကို သိတယ်၊ အပေါင်းအသင်းမက်တယ်။ပဇီကြီးရွာသားတွေနဲ့တင် အပေါင်း အသင်း လုပ်တာမဟုတ်ပါဘူး။ ရွာကို ရံဖန်ရံခါဖြတ်သွားတတ်တဲ့ ဒေသကာကွယ်ရေးရဲဘော်တွေနဲ့လည်း ရွာရိုးကိုးပေါက် လျှောက်လိုက်တတ်ပါသေးတယ်။ ဒါကြောင့်ပဲ စစ်အာဏာရှင်တော်လှန်ရေးထဲ အောက်ပေါင်းလေးလည်းပါတယ်ဆိုပြီး ရွာခံတွေက အချစ်ပိုကြပါတယ်။ အောက်ပေါင်းရဲ့ ကောင်းတဲ့ညာဉ်တခုကတော့ သူဘယ်ရောက်ရောက် အိမ်ကို နေ့မကူးဘဲ အရောက်ပြန်လာတတ်ပါတယ်။ အိမ်ရောက်ရင်‌တော့ သူ့ရဲ့ အဦးဆုံးသခင် ကိုမောင်မျိုးရဲ့သမီးလေးဆီ အပြေးသွားတယ်။ အလည်လွန်ပြီး မောမောနဲ့ အိမ်ပြန်လာတဲ့အခါတ်ိုင်း ကလေးပီပီ အိပ်ပျော်သွားတတ်တဲ့ အောက်ပေါင်းလေးကို သူ့သမီးလေးက စောင်လေးခြုံပေးပြီး ဂရုစိုက်ပေးတတ်တယ်လို့ ကိုမောင်မျိုးက ပြန်ပြောပြပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😢15😁2🔥1
NUG ရဲ့စစ်ရေးအခြေအနေဘယ်အထိရောက်နေပြီလဲ
====================

အာဏာရှင်စနစ်တော်လှန်ရေးကာလ ၂ နှစ်ကျော်လာချိန်မှာ စစ်မဟာဗျူဟာအရ ခံစစ်နဲ့ စတင်ခဲ့ရတဲ့ ပြည်သူ့ ခုခံတော်လှန်စစ်ဟာ အခုအခါ တန်ပြန်ထိုးစစ်အကြိုကာလကို အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း မေ ၂ ရက်မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ တော်လှန်ရေးအရှိန်မြင့်လာပြီဖြစ်လို့ ပြည်သူ တွေအနေနဲ့ လုံခြုံရေးသတိနဲ့နေထိုင်ကြဖို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။ ၂ နှစ်ကျော်ကာလအတွင်း NUG အနေနဲ့ ခုခံတော်လှန်စစ်ကနေ တန်ပြန်ထိုးစစ်အကြိုကာလကို ပြောင်းလဲထားနိုင်ခဲ့ပြီဆိုတာတော့ သေချာပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲဖြစ်နေပြီး စစ်ကောင်စီအနေနဲ့ အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကို အားကိုးနေရတာက သက်သေပါပဲ။

https://youtu.be/h7Nlcw2W6KY

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁4❤2
မေလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3🔥3
​​KNU တပ်မဟာ(၅)တွင် ဧပြီလအတွင်း တပ်ခွဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး သေဆုံး 
====================

YT

(မဇ္ဈိမ)။  ။ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်)တွင် ပြီးခဲ့ သည့်ဧပြီလကဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်တစ်ဦး အပါအဝင် ၉၀ ဦး သေဆုံးခဲ့ပြီး ၆၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။

“ဧပြီလတစ်လလုံးအတွင်း တပ်မဟာ(၅) KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ပြောက်ကျားတိုက်ပွဲ ပေါင်း ၂၅၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်က တပ်ခွဲမှူးတစ်ဦးနဲ့တပ်ကြပ်တစ်ဦး အပါအဝင် ၉၀ ဦးကျဆုံးပြီး ၆၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်က မြင်းခုနစ်ကောင်လည်းသေတယ်” ဟု KNU တပ်မဟာ(၅)၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

ဧပြီလအတွင်း တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲပေါင်း ၂၅၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲများအတွင်း တပ်မဟာ (၅) KNLA ဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။

စစ်ကောင်စီတပ်သည် ဧပြီလအတွင်း တပ်မဟာ (၅) နယ်မြေအတွင်းရှိ ကျေးရွာများအတွင်း လေကြောင်း တိုက်ခိုက်မှု လေးကြိမ်၊ လက်နက်ကြီးကျည် ၃၈ လုံးခန့် ပစ်ခတ်ခဲ့ပြီး ဒေသခံနှစ်ဦးသေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံး ဗုံးထိမှန်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ၃၈ လုံးကို အရပ်သားတွေနေထိုင်တဲ့ ရွာနဲ့ လယ်ယာဥယျာဥ် ခြံမြေတွေပေါ် ပစ်ခတ်ခဲ့ပါတယ်။ 

တိုက်လေယာဉ်နဲ့လည်း လေးကြိမ်လာရောက်ပစ်ခတ် ဗုံးကြဲခဲ့ပါတယ်။ ရွာသားနှစ်ဦးသေပြီး ရှစ်ဦး ဒဏ်ရာရပါတယ်။ လူနေအိမ်သုံးလုံး ဗုံးထိမှန် မီးလောင် ပျက်စီးခဲ့ရပါတယ်" ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။ 

ပြီးခဲ့သည့်ဧပြီလအတွင်း တပ်မဟာ(၅)KNLA အနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ်(BGF)တို့၏ တပ်စခန်းများဖြစ်သည့် နီကန်စခန်း(ခ)ဝါးသိုးခို့စခန်း၊ မယ်စိထာစစ်ဆေး ရေးဂိတ်စခန်းတို့အား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၅)
#KNLA
#တိုက်ပွဲ
#နယ်ခြားစောင့်တပ်(BGF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍4😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ရဲ့အမျိုးသမီးအရန်တပ်ဖွဲ့တွေ ပထမဆုံးအကြိမ်လေ့ကျင့်မှုပြုလုပ်

#internationalnews #reels #shorts
👍8🔥3❤2
This media is not supported in your browser
VIEW IN TELEGRAM
May - 11 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍4❤1😁1🤮1
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာ
============+=====

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများအတွက် အလေးအနက်စိုးရိမ်ပူပန်ပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က မေလ ၁၀ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်လာနေပြီး မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အာဆီယံ အစုအဖွဲ့က ရှုတ်ချခဲ့ပါတယ်။
လက်ရှိ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက ဦးစားပေး ဆွေးနွေးတဲ့ ခေါင်းစဉ် ဖြစ်နေပါတယ်။ 

https://youtu.be/MGCTCv5tYcc

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8👍7❤2🔥2
မေလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

-မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာတဲ့သတင်း 

-မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေး အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတဲ့သတင်း 

-ထိုင်းနိုင်ငံက ကျင်းပမယ့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီကိုဖိတ်ကြားတဲ့သတင်း 

-မန္တလေးမှာ သမဝါယမဦးစီးမှူးကား လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်ခင်ဗျာ။

https://youtu.be/Hs7e3YQmcXY

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2❤1😁1
ကရင်နီပြည် စစ်ရှောင်များအတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံ့ကူညီရန် ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်း ပြုလုပ်
❤8🔥2😁1
ကရင်နီပြည် စစ်ရှောင်များအတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံ့ကူညီရန် ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်း ပြုလုပ်
===================
KMN

(မဇ္ဈိမ) ။ ။ကရင်နီပြည်တွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံရန် တစ်လကြာမြင့်မည့် ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်းကို စတင်ပြုလုပ်နေကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ထုတ်ပြန်သည်။

ထိုကမ်ပိန်းအား မေလ ၁၀ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ရရှိလာမည့် အလှူငွေများအား ဆန် နှင့် သောက်သုံးရေ ထောက်ပံ့ကူညီရန် သုံးစွဲသွားမည်ဖြစ်ကြောင်းကွန်ရက်တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"နေထိုင် စားသောက်ရေး အပြင် ဆေးဝါးလိုအပ်မှုတွေက အဓိကပါ။ တခြားဖက်မှာ လေယာဉ် လက်နက်ကြီးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတာတော့ အမှန်ပါပဲ" 
ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် တာဝန်ရှိသူက ဆိုသည်။

၎င်းကွန်ရက်သည် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသည့် ဖယ်ခုံ၊ ပင်လောင်းနယ်စပ်ရှိ ရွာများအား ကူညီပေးနေပြီး ကရင်နီပြည် မြို့နယ်အသီးသီးမှ နိုင်ငံရေးတတ်ကြွ စိတ်အားထက်သန်သော လူငယ်များ ၊ စေတနာ့ဝန်ထမ်းအလုပ်ကို ပါဝင်လိုသော လူငယ်များနှင့် ဖွဲ့စည်းထားသည်။ 

ထို့ပြင် ကွန်ရက် အဖွဲ့၀င်တစ်ဦးက တောင်စလုံးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်သူများ၏ စပါးကျီ ၇၀ ရာခိုင်နူန်းပျက်စီးခဲ့ပြီး ဆန်လိုအပ်ချက်မြှင့်မားနေသည်ဟု ဆိုသည်။ 

ကရင်နီပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ဝန်းကျင်မှာ တိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး ရှောင်တိမ်းနေထိုင်ရသည့် ဒေသများတွင် သီးနှံစိုက်ပျိုးရန် အခက်အခဲကြုံနေပြီး သောက်သုံးရေ အရင်းမြစ် ကန့်သတ်ချက်နှင့်ပါ ကြုံနေရကြောင်း ၎င်းကွန်ရက်က ထုတ်ပြန်သည်။

အဖက်ဖက်မှ ဒုက္ခမျိုးစုံကြုံတွေ့နေရသည့် ကရင်နီပြည်စစ်ရှောင်ပြည်သူများအတွက် ယခုကမ်ပိန်းတွင် ပါဝင် လှူဒါန်းကြရန်လည်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က မေတ္တာရပ်ခံထားသည်။

ကရင်နီအရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်အရ ကရင်နီပြည်တွင် လူဦးရေ ၃၀၀,၀၀၀ ဝန်းကျင် နေထိုင်ပြီး စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာလာသည့်
အချိန်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဦး‌ရေ ၂၀၀,၀၀၀ ကျော်အထိ တိုးလာနေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ကရင်နီပြည် စစ်ရှောင်
#ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်း

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
ဘာ့ခ်မတ်မြို့မှာတပ်စွဲထားတဲ့ရုရှားတပ်ဖွဲ့တွေ ထွက်ပြေးကုန်ကြောင်းဝဂ္ဂနာခေါင်းဆောင်ပြော

#internationalnews #reels #shorts
👍9😁5❤1😢1
လူသားချင်း စာနာကူညီမှုလုပ်ငန်းများတွင် ကုလသမဂ္ဂ အပါအ၀င် ပြင်ပအဖွဲ့အစည်းများနှင့်ပါ ပူး​ပေါင်း​ဆောင်ရွက်ရန် အာဆီယံကို တိုက်တွန်း
🔥3👏2😁1
လူသားချင်း စာနာကူညီမှုလုပ်ငန်းများတွင် ကုလသမဂ္ဂ အပါအ၀င် ပြင်ပအဖွဲ့အစည်းများနှင့်ပါ ပူး​ပေါင်း​ဆောင်ရွက်ရန် အာဆီယံကို တိုက်တွန်း
=====================

001
(မဇ္စျိမ)။ ။ အာဆီယံအ​နေဖြင့် လူသားချင်းစာနာကူညီမှု လုပ်ငန်းများတွင် ကုလသမဂ္ဂ အပါအ၀င် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်ပါ ကျယ်ကျယ်ပြန့်ပြန့်ပူး​ပေါင်း​ဆောင်ရွက်ရန် တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့များ(EROs)နှင့် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)တို့က တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်​ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့က ယမန်​နေ့ ​မေလ ၁၀ ရက်​နေ့က အထက်ပါအတိုင်း ပူးတွဲထုတ်ပြန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ​မေလ ၇ ရက်​နေ့က ရှမ်းပြည်နယ်​၊ ဆီဆိုင်မြို့သို့ သွား​ရောက်သည့် အာဆီယံ သံတမန်အချို့နှင့် AHA Center မှ ကိုယ်စားလှယ်များပါဝင်သည့် ယာဥ်တန်းကို စစ်တပ်နှင့် ဆက်စပ်မှုရှိသည့်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့မှုကို ကြည့်ခြင်းအားဖြင့် ​ဘေးကင်းလုံခြုံစွာ ကူညီကယ်ဆယ်​​ရေးလုပ်ငန်းများ ​ဆောင်ရွက်​ပေးနိုင်ရန် အ​ရေးကြီး​ကြောင်း ထုတ်ပြန်ချက်တွင် ​​ဖော်ပြထားသည်။

လက်ရှိတွင် လူသားချင်း စာနာ​​ထောက်ထားသည့် အကူအညီများအား နယ်​မြေအနှံ့အပြားတွင်​ ပေးအပ်​နေခြင်းကို စစ်တပ်က ပြင်းထန်စွာ ပိတ်ဆို့တားဆီး​နေသည့်အတွက် မြန်မာနိုင်ငံတွင် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ ကပ်​ဘေးတစ်ရပ်ကို ရင်ဆိုင်​နေရ​ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုအ​ခြေအ​နေဆိုးကို ​ဖြေရှင်းရန် လွတ်လပ်သည့် ​ဒေသခံအဖွဲ့အစည်းများက စွမ်းစွမ်းတမံ ​​ဆောင်ရွက်​နေ​သော်လည်း ၎င်းတို့အတွက် အရင်းအမြစ်လိုအပ်ချက် လွန်စွာကြီးမား​နေသည်ဟု အဆိုပါအဖွဲ့များက ​​ပြောထားသည်။

ယင်း အကျပ်အတည်းကို အသိအမှတ်ပြုပြီး အကူအညီလိုအပ်သည့် ပြည်သူအချို့အား အကူအညီ​ပေးရန် အာဆီယံ AHA Center၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုသည်ဟုလည်း ဆိုထားသည်။

သို့​သော် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီများ ​ပေးအပ်မှုများသည် နိုင်ငံ၏ အ​ရှေ့ဘက်နှင့် အ​နောက်ဘက်နယ်စပ်တစ်​လျှောက်မှသာ ​ထောက်ပံ့နိုင်မည်ဖြစ်​ကြောင်း အဆိုပါအဖွဲ့များက အာဆီယံကို အကြံပြုထားသည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုအဆင့်ကို ​ရောက်ရှိလာပြီဖြစ်သည့်အတွက် အားလုံးပါဝင်သည့် လူသားချင်းစာနာကူညီမှုဖိုရမ်တစ်ရပ် ပြုလုပ်နိုင်​ရေးအတွက် လွန်ခဲ့သည့် တစ်နှစ်​ကျော်ကာလ တစ်​လျှောက် နိုင်ငံတကာကို တိုက်တွန်းထားသည်ဟုလည်း ​ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူဦး​ရေ ၁ ဒဿမ ၈သန်း​ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်​နေကြရဆဲဖြစ်ပြီး နိုင်ငံအ​နောက်​​မြောက်ပိုင်းတွင် ​နေရပ်စွန့်ခွာတိမ်း​ရှောင်ရသူ တစ်ရှိန်ထိုး များပြားလာ​ကြောင်း UN OCHA Myanmarက ​မေလ ၆ ရက်​နေ့က ထုတ်ပြန်ထားသည်။
ဆက်လက်ဖြစ်ပွား​နေသည့် တိုက်ပွဲများ​ကြောင့် အရပ်သားပြည်သူများ အသက်​ဘေးအန္တရာယ်ထိခိုက်​နေရသကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်လည်း မြင့်တက်​နေ​ကြောင်း UN OCHA Myanmarက ​ပြောထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အာဆီယံကို တိုက်တွန်း
#လူသားချင်း စာနာကူညီမှုလုပ်ငန်းများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2❤1😁1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာ

Watch more detail - https://youtu.be/MGCTCv5tYcc

#PoliticalNews #မြန်မာနိုင်ငံ #အကြမ်းဖက်မှု #VideoNews #shorts #reels
👍7😁6🔥3