Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ရုရှား စစ်တပ်ခေါင်းဆောင်တွေက ပူတင်းကို လှည့်ဖြားဖို့ ကြိုးစားနေတယ်လို့ ဝဂ္ဂနာခေါင်းဆောင်ပြော

#internationalnews #Russia #Reels #Shorts
😁4
​​ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းထိပြီး CDF ၂ ဦး ကျဆုံး
=====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးကျေးရွာအတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟွားငိုးလ်ရမ်း) (CDF – Hualngoram) တာ၀န်ရှိသူထံက သိရသည်။

ချွန်ကျူံးကျေးရွာအတွင်း ချင်းအမျိုးသားတပ်မတော် နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မေလ ၉ရက်နေ့က မိုင်းထိပြီး Salai Ram Thian Hlim နှင့် Salai El Sang Zel တို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဟုတ်ပါတယ် ကျနော်တို့ ရဲဘော်နှစ်ဦးကျဆုံးခဲ့တာပါ။ စကစ ရဲ့မိုင်းကြောင့်ပါ” ဟု CDF – Hualngoram၏ တာဝန်ရှိသူက ပြောသည်။
၎င်းတို့ နှစ်ဦး၏ နာရေးအစီစဉ်ကို ယနေ့ မေလ ၁၁ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

စစ်ကောင်စီတပ်သည် မတ်လ ၇ရက်နေ့မှ စတင်ပြီး ကလေးမြို့မှ သံချပ်ကာ ကားနှစ်စီး ၊ မြေကော်စက်တစ်စီး ၊ ကုန်တင်ယာဉ်အစီး ၃၀ဖြင့် ချင်းပြည်နယ် ဟာခါးမြို့သို့ ရိက္ခာဖြည့်တင်းရန် ချီတက်လာရာ ချင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပါ ယာဉ်များအားလုံးပျက်စီးကာ သေဆုံး ဒဏ်ရာရသူများပြားပြီး ချွန်ကျုံးရွာတွင် ပိတ်မိကာ ယနေ့အထိ ဟားခါးမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိသေးကြာင်းသိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#CDF ၂ ဦး ကျဆုံး
#ချွန်ကျုံးကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢20👍3🔥1👏1
ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့သဖြင့် နေအိမ် ၈၃ လုံး မီးလောင် ပြာကျ
🤬5🔥3😁1
ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့သဖြင့် နေအိမ် ၈၃ လုံး မီးလောင် ပြာကျ
======================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်ရှိ ထောက်ရှာအိုင်ကျေးရွာကို စစ်ကောင်စီတပ် က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၈၃ လုံး မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် မေလ ၇ ရက်နေ့က ထောက်ရှာအိုင်ကျေးရွာကို ဝင်ရောက် မီးရှို့သွားသည့် အတွက် နေအိမ် ၈၃ လုံး ပျက်စီးသွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် ထောက်ရှာအိုင်ကျေးရွာအား မီးရှို့ပြီးနောက် အရပ်သား ၁၅ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှာသူများအဖွဲ့က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာသိရှိရခြင်းမရှိဘဲ စစ်ကြောင်းသွားရာ တလျှောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

ယင်းအပြင် မေလ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ကန့်ဘလူခရိုင် ကာဘိုးတိုက်နယ်အတွင်းရှိ ချင်မြစ် ကျင်းရွာကို စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၈)မှ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် နေအိမ်များကိုမီရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်မြစ်ကျင်းကျေးရွာအတွင်း နှစ်ညအိပ်နေထိုင်သွားပြီး နေအိမ်များ မီးလောင် ပျက်စီးမှုအခြေအနေကို သိရခြင်းမရှိသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

လက်ရှိအချိန်တွင် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းအထိရှိနေပြီး စစ်ဘေး ရှောင်နေရသူ ၃၀,၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကန့်ဘလူ
#စစ်ကောင်စီစစ်ကြောင်း
#နေအိမ်မီးရှို့ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍3😁1
​​ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ဦးဆောင်ကော်မတီမှ မွန်ပြည်သစ်ပါတီ နုတ်ထွက်မည်
=================

ဂျူချန်း
(မဇ္ဈိမ)။ ။တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်ကော်မတီမှနုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ(NMSP)က စာတင်ထားကြောင်း NMSP နှင့် နီးစပ် သူထံမှ သိရသည်။

“အစစအရာရာစဉ်းစားပြီး စာတင်လိုက်တာပါ။ ပြီးတော့ ပါတီကနေ PPST မှာ တာဝန်ယူထားရတာ လည်း တစ်နှစ်မကတော့ဘူး။ အဖွဲ့ဝင်အားလုံးရဲ့အလိုကိုလိုက်ပြီး တာဝန်ယူနေရတာဆိုတော့ ဒီတာဝန် တွေကို ခေါင်းမခံချင်တဲ့ပုံစံပေါ့လေ။ ပြီးတော့ အခု PPST က လက်နက်ကိုင်တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့မရတော့ဘူး။ ကျန်တဲ့အင်အားကြီးတွေက အကုန်ပစ်နေကြတာ။ ဒီထဲက အဖွဲ့ဝင်ခုနစ်ခုနဲ့ကျန်တဲ့သုံးဖွဲ့ကပဲ စစ်တပ်နဲ့ဆွေးနွေးနေလို့ မြန်မာနိုင်ငံပဋိပက္ခက ပြီးသွားမှာမဟုတ်ဘူး လေ” ဟု NMSP နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့်မေလဆန်းပိုင်းက ဦးဆောင်ကော်မတီမှနုတ်ထွက်ရန် စာတင်ထားသော်လည်း NMSP အနေ ဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်မည့်လုပ်ငန်းများတွင် PPST နှင့်ပူးပေါင်းကာ လုပ်ငန်းစဉ်အချို့တွင် ချိတ် ဆက်ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နုတ်ထွက်တယ်ဆိုပေမယ့်လည်း ချိတ်ဆက်မှုက ရှိမှာပါ။ ကရင်(KNU) တို့ CNF တို့ဆိုလည်း ထွက်ပြီး PPST plus3 အနေနဲ့ပါ ပါတယ်။ အဲဒီသဘောမျိုးပေါ့။ အခု ဥက္ကဋ္ဌအနေနဲ့ နိုင်အောင်မင်းလည်းနုတ် ထွက်ထားလိုက်ပြီ။ ပါတီအနေနဲ့လည်း အဲဒီလိုမျိုးနုတ်ထွက်ပြီး plus သဘောမျိုးပဲဆက်ဆံသွားပါမယ်။ တခြားအဖွဲ့တွေလိုပဲပေါ့။ အဆက်တော့ မပြတ်ပါဘူး။ ဆက်ပြီး ခေါင်းမခံတော့တဲ့သဘောမျိုးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

PPST မှ နုတ်ထွက်ခြင်းကိစ္စနှင့်ပတ်သက်၍ NMSP သည် အဖွဲ့ခေါင်းဆောင်နေရာမှ နှုတ်ထွက်လိုခြင်း သာဖြစ်ပြီး ရိုးရိုးအဖွဲ့ဝင်အနေဖြင့် ဆက်လက်ပါဝင်သွားမည်ကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အဓိကကျတဲ့တာဝန်တွေမှာ မပါဝင်နိုင်တဲ့သဘောပါတယ်။ PPST ထဲမှာလည်း ပြဿနာလေးတွေရှိ တယ်လေ။ တစ်ဖွဲ့ခြင်းပြဿနာတို့၊ အများနဲ့ပတ်သက်တဲ့ပြဿနာတို့ အဲဒီလိုပြဿနာလေးတွေမှာလည်း တာဝန်ယူဖို့၊ တာဝန်ခံဖြေရှင်းဖို့ သိပ်မအားမလပ်ဖြစ်တဲ့အခါကျတော့ နည်းနည်းလေး ပါဝင်မှုကိုလျှော့ချ လိုက်တဲ့သဘောပါ။ အဆင်ပြေတဲ့နေရာမှာပါမယ်၊ မပြေတဲ့နေရာမပါသေးဘူး။ အဖွဲ့ခေါင်းဆောင်တို့၊ ဘာ တို့မှာ ခေါင်းမခံချင်ဘူးပေါ့။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှု ရှိနေပါတယ်” ဟု ခွန်ဥက္ကာက မဇ္ဈိမကိုပြော သည်။

လက်ရှိ NMSP မှ နုတ်ထွက်စာတင်သည့်အပေါ်တွင် PPST အနေဖြင့် ဆုံးဖြတ်ချက်မချရသေးကြောင်းနှင့် လာမည့် မေလ ၁၅ ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် လက်ရှိခေါင်းဆောင် နေရာအား နောက်ခေါ်မည့်ထိပ်သီးအစည်းအဝေးမတိုင်ခင်အထိ ယာယီသဘောမျိုးရှိနေပြီး ထိုအစည်း အဝေးတွင်သာ တာဝန်များအား လွှဲပြောင်းပေးလေ့ရှိကြောင်း ဆိုသည်။

“မွန်ပြည်သစ်က အဖွဲ့ခေါင်းဆောင် ဘာညာတာဝန်က SUMMIT(ထိပ်သီးအစည်းအဝေး)ကနေ ရွေးချယ်ခဲ့ တာပါ။ ဒါကြောင့် အနည်းဆုံးတော့ နောက်ခေါ်မယ့် SUMMIT အထိ လိုက်ပါပြီးတော့ အဲ့ဒီရောက်တော့မှ တာဝန်လွှဲပြောင်းတာတို့ အကောင်းဆုံးပေါ့။ ဒါတရားဝင်ပေါ့လေ။ အခုကတော့ ကြားကာလ ယာယီပဲဖြစ် မှာပါ။ တရားဝင်ကတော့ ကိုယ့်ကိုရွေးချယ်တင်မြှောက်ပေးတဲ့ အစည်းအဝေးကြီးမှာမှ လုပ်ထုံးအရ အပြောင်းအလဲလုပ်လို့ရမယ်။ ဒါကြောင့် ကျနော်တို့ SUMMIT အထိ စောင့်ဖို့တော့ မေတ္တာရပ်ခံရမှာပေါ့။ သူတို့ ပါဝင်နိုင်သလောက် ပါဝင်ပေါ့။ ဒါပေမယ့် ထိပ်စီးခေါင်းဆောင်ပြောင်းဖို့ကတော့ မသင့်တော်သေး ဘူးပေါ့” ဟု ခွန်ဥက္ကာက ပြောသည်။

အဆိုပါထိပ်သီးအစည်းအဝေးကို ထူးခြားဖြစ်စဉ်များကို ဆွေးနွေးရန်နှင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရန် တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက် အချိန်မအားလပ်ကြသောကြောင့် မကျင်းပ ရသေးကြောင်း သိရသည်။


စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#PPST
#မွန်ပြည်သစ်ပါတီ(NMSP)
#ဦးဆောင်ကော်မတီ
#နုတ်ထွက်
#NCAစာချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁4
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်| VOA On Mizzima)   
===============

ထိုင်းနိုင်ငံရွေးကောက်ပွဲနဲ့ မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှု၊ အမေရိကန်ရောက် မြန်မာယဉ်ကျေးမှု ပြပွဲ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေ၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ 

https://youtu.be/Jg6NCChWEHQ

#VOA
#MizzimaTv
 ------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁1
“ဆိုင်ကလုန်းမုန်တိုင်း မိုခါ မေလ ၁၂ ရက် ညနေပိုင်းမှာ စစ်တွေကတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်နိုင် တယ်” (ရုပ်/သံ) 
==============

KMN

(မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ် သည် ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း “ONE” (01B) ဖြစ်လာနေသည်။

၎င်းဆိုင်ကလုန်းမုန်တိုင်းသည် ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်အသွင်ပြောင်းပြီး မေလ ၁၂ ရက်နေ့ ညနေ ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှတစ်ဆင့် မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ချေရှိနေသည်။

ဥရောပသမဂ္ဂ(EU)နှင့်ကုလသမဂ္ဂ(UN)မှ ဦးစီးလုပ်ကိုင်နေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေး ချက်စနစ်(GDACS) အရ မြန်မာနိုင်ငံသို့ အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်) ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မည့် အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက် နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်ထားသည်။

လူဦးရေ ၂ သန်းတွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ခန့်၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀ ခန့်၊
မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ခန့်၊ စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ ခန့်တို့မှာ အန္တရာယ်ရှိသည့် လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်ချေရှိနေသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာနိုင်ငံဝင်ရောက်နိုင်မှုနှင့်ပတ်သက်ပြီး မိုးလေဝသခန့်မှန်းလေ့လာသူ ဦးဝင်းနိုင်ကို မဇ္ဈိမရုပ်သံသတင်းထောက် KMN က ဆက်သွယ်မေးမြန်းထားသည်။

https://youtu.be/0tDP97Y5-ns

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#မိုခါ 
#ဆိုင်ကလုန်းမုန်တိုင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2❤1😢1
မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းရှိနေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းနေ
👍5🔥1
မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းရှိနေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းနေ
================

ကီရာ

(မဇ္ဈိမ) ။  ။ မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး နေရာအချို့တွင် မေလ ၁၀ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နေကြောင်း မြို့ခံများကပြောသည်။

မေလ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အချိန် တစ်နာရီကျော်ကြာသည်အထိ ရန်ကုန်တိုင်း နေရာအချို့တွင်မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ပြီး သစ်ပင်များလည်း ကျိုးကျပျက်စီးမှု ခဲ့သည်ဟု သိရသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (NUG) ကလည်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းအဆင့်မှ အားကောင်းသော မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ မေလ ၁၁ ရက်နေ့ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (MOCHA) အမည်ပေးနိုင်သော အဆင့်သို့ ရောက် ရှိနိုင်ကြောင်း မေလ ၁၀ ရက် က ထုတ်ပြန်ထားခြင်းဖြစ်သည်။

မုန်တိုင်းလမ်းကြောင်းအရ ဘေးအန္တရာယ်ကျရောက်နိုင်သောဇုန်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း (မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်)၊ စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်) များကို အန္တရာယ်အများဆုံးဇုန်အဖြစ် သတ်မှတ်ထားသည်။

ထို့အပြင် ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲ မြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်) များကိုဒုတိယနှင့် သံတွဲခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံ မြို့နယ်ခွဲ၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေဒေသများ) ကို တတိယအန္တရာယ်အများဆုံး ဇုန်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) မှလည်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်နိုင်သည့်အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့်သတိပေးချက် "RED ALERT" ကို ယနေ့ မေလ ၁၁ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀၊ ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀၊ မကွေးတိုင်းမှလူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့သည် အန္တရာယ်ရှိသည့် လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်ကြောင်း ဖော်ပြထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မုန်တိုင်း
#ရန်ကုန်တိုင်း
#မိုးရွာသွန်း
#မုန်တိုင်းအန္တရာယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4👍3🔥2
This media is not supported in your browser
VIEW IN TELEGRAM
May - 11 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍2🤮2😁1
နယ်စပ်ဒေသမှဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံကို NUG နှင့် တိုင်းရင်းသားအဖွဲ့များ တောင်းဆို
===================

အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့နေရာမှာ နယ်စပ်ဒေသတွေဖြတ်ပြီး ဒေသခံတွေဆီအရောက်ပို့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က တောင်းဆိုလိုက်ပါတယ်။
အာဆီယံအကူအညီပေးရေး သံတမန်အဖွဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် တိုင်းရင်းသားအဖွဲ့တွေက အခုလိုအကြံပေး တောင်းဆိုလာတာဖြစ်ပါတယ်။

နယ်စပ်ကနေတစ်ဆင့် အကူအညီပေးတဲ့နေရာမှာလည်း စစ်ကောင်စီနဲ့ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ KNU၊ KNPP၊ CNF နဲ့ NUG တို့ ပူးပေါင်းပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

https://youtu.be/Fz9RPy7jmu8

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍5😁2
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
မော်စကိုရင်ပြင်နီ အောင်ပွဲနေ့စစ်ရေးပြချီတက်ပွဲမှာ နျူကလီးယားလက်နက်တွေကို ခင်းကျင်းပြသ

#internationalnews #reels #shorts
🤬4❤2👏1
​​လေးလအတွင်း တိုက်ပွဲပေါင်း ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ဟု KNU ထုတ်ပြန်
====================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှဧပြီလထိ လေးလအတွင်း တိုက်ပွဲပေါင်း ၁,၆၄၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU (ဗဟို) က ယနေ့ မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှဧပြီလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့နှင့် စစ်ကောင်စီတပ်၊ ၎င်းတို့၏လက်အောက်ခံ ကရင်နယ် ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲပေါင်း ၁,၆၄၂ ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး လေးဦး၊ ဒု-တပ်ရင်းမှူး ငါးဦးအပါအဝင် ၁,၇၃၆ ဦးသေဆုံး၍ ၁,၁၈၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လေးလအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း KNLA ၊ KNDO ဘက်မှလည်း ရဲဘော် ၅၉ ဦး ကျဆုံး ခဲ့ကာ ၁၉၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် BGF တို့၏ စစ်ရေးလှုပ်ရှားမှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ ၄၀၀,၀၀၀ ကျော် ဘေးကင်းရာသို့ တိမ်းရှောင်နေခဲ့ရ သည်။

ထို့ပြင် ဒေသခံ ၁၀၀,၀၀၀ ကျော်၏ လုပ်ငန်းခွင်များပျက်စီးခဲ့ရကာ KNU အနေဖြင့် စစ်ဘေးရှောင်ပြည်သူ ၄၀၀,၀၀၀ ကျော်အနက် ပြည်သူ ၈၅,၀၀၀ အတွက်သာ လစဉ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနိုင်လျက် ရှိကြောင်း ဖော်ပြထားသည်။

“ KNU အနေဖြင့် စစ်ကောင်စီတပ်အား နိုင်ငံရေး၊ စစ်ရေးအရ ရင်ဆိုင်နေရသည်သာမက ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူ လူထုများ၏ လိုအပ်ချက်များကိုလည်း ကြိုးစားပြီး ကိုင်တွယ်ဖြေရှင်းနေကြရလျက်ရှိသည်” ဟု ထုတ်ပြန် ချက်ကဆိုသည်။

စစ်ဘေးရှောင်နေရသော ပြည်သူများအနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှု၊ အမိုးအကာ မလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှု ပြသနာများအား ကြုံတွေ့နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများလိုအပ်နေကြောင်း KNU ကဆိုသည်။
စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ နှစ် မတ်လအထိ နှစ်နှစ် ကျော်ကာလအတွင်း KNU နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ BGF တို့မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေပေါင်း ၂,၀၀၀ ကျော်ရှိကြောင်း KNU မှ ထုတ် ပြန်ခဲ့သည့် အစီရင်ခံများတွင်ဖော်ပြထားချက်အရ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#တိုက်ပွဲ
#လူ့အခွင့်အရေးချိုးဖောက်မှု
#KNU
#KNLA
#BGF
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤5😁2🥰1
Media is too big
VIEW IN TELEGRAM
နယ်စပ်ဒေသမှဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့အာဆီယံကို
NUGနှင့် တိုင်းရင်းသားအဖွဲ့များတောင်းဆို

Watch more detail - https://youtu.be/Fz9RPy7jmu8

#PoliticalNews #နယ်စပ် #အာဆီယံ#VideoNews #shorts #reels
👍8😁3
ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာ့အရေး | VOA On Mizzima
================

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအသီးသီးက မဲဆွယ်စည်းရုံးမှုတွေကို အရှိန်ပြင်းစွာနဲ့ လုပ်ဆောင်ကြတာမှာ အတိုက်အခံပါတီတွေက ထိပ်ကနေ ဦးဆောင်နေပါတယ်။ မြန်မာရွေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ ထိုင်းနိုင်ငံရဲ့ ဒီရွေးကောက်ပွဲရလဒ်ဟာ ထိုင်းမှာရှိနေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေသာမကဘဲ မြန်မာ့နိုင်ငံရေးအပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုပြီး မြန်မာအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ဘန်ကောက်မြို့ကနေ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

https://youtu.be/IUQdJUGTPBU

#VOA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁3