Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
May - 11 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
😁3👍2
​​၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာရသူ ၇၁ သန်းကျော် ရှိခဲ့
========================

ယမန်နှစ် ၂၀၂၂ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် တစ်ခုပြီးတစ်ခု ဖြစ်ပွားသော အကျပ်အတည်းများကြောင့် လူပေါင်း သန်း ၇၀ ကျော်သည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်းနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDP) ဦးရေက စံချိန်တင်မြင့်တက်ခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက မေလ ၁၁ ရက်တွင် ပြောသည်။
👍6😁2❤1
မေလ (၁၁) ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...ကရင်နီပြည် စစ်ရှောင်‌တွေအတွက် ဆန်နဲ့သောက်သုံးရေ ထောက်ပံ့ကူညီဖို့ ကျပ်သိန်း ၁,၀၀၀ ကမ်ပိန်း လုပ်နေတဲ့သတင်းနဲ့အတူ အနီရောင်အဆင့်သတ်မှတ်လိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လူပေါင်း ၂သန်းကျော်ထိခိုက်နိုင်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့  နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/jmTvLJbyn5s

#Mizzimaradio
#Eveningradio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2❤1
အာဆီယံထိပ်သီးအစည်းအဝေးနှင့် မြန်မာ့အရေး | Human Rights Barometer - Episode 13
==================

အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ လာဘူအန်ဘာဟောင်မြို့တွင် မေလ ၉ ရက်နေ့မှသည် မေလ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်သည်။ အစည်းအဝေးတွင် မြန်မာ့အရေးက အဓိကဆွေးနွေးစရာဖြစ်မှာလား၊ မြန်မာစစ်ကောင်စီကကျူးလွန်သော á€œá€°á€ˇá€Ąá€á€˝á€„အ်ဥရ္းခဝိုးဖ္ဏက်မသုမဝဏးဥပ္ဍ် ဆွေးနွေးမှာလား၊ အာဆီယံ၏ယန္တရားများက မည်သို့ရှိသနည်းစသည်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဖြေကြားထားသည်။

https://youtu.be/4BtKsgGhVP0


# အာဆီယံ 
#Human Rights Barometer
#မြန်မာ
👍7❤2😁2
​​တိုးတက်မှု မရှိသော်လည်း မြန်မာ့ငြိမ်းချမ်းရေးကို အာဆီယံက လက်မလျှော့ဟု အင်ဒိုနီးရှား ပြော
==================

လွန်ခဲ့သော နှစ်နှစ်က အာဆီယံအသင်းကြီးနှင့် သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိသော်လည်း အဖွဲ့ဝင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေး ကြိုးစားနေမှုများကို အရှေ့တောင်အာရှ၏ အသင်းအဖွဲ့ အာဆီယံအနေဖြင့် လက်လျှော့လိမ့်မည် မဟုတ်ကြောင်း အင်ဒိုနီးရှားက ကြာသပတေးနေ့တွင် ပြောသည်။
👍13❤3👏1🤮1
​​မြန်မာရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သည်းခံ၍ မရနိုင်ဟု အင်ဒိုနီးရှားသမ္မတ ပြော
====================

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၌ ဖြစ်ပွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို သည်းခံ၍ မရနိုင်ကြောင်းနှင့် နိုင်ငံတွင် အကြမ်းဖက်မှုကို ချက်ချင်း ရပ်တန့်သင့်ပြီး ပြည်သူများကို အကာအကွယ်ပေးရလိမ့်မည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက မေလ ၁၁ ရက်တွင် ပြောသည်။
👍13❤3😁2
ပုလဲမြို့ပေါ် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက် ၊ á€…á€…á€şá€€á€ąá€Źá€„á€şá€…á€Žá€á€•á€şá€–á€˝á€˛á€ˇá€á€„á€ş ၉ ဦး ပြင်းထန်ဒဏ်ရာရ
=====================

လွှမ်းမိုး

(မဇ္ဈိမ)။ á‹ á€…စ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ်ရှိ á€…စ်က္ဏင်စဎတပ်စခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁၀ ရက်နေ့ ညပိုင်း ၈ နာရီအချိန်တွင်လက်နက်ကြီး၊ငယ်များ ဖြင့် စတင်၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနရား တပ်ဖွဲ့မှ ကိုမြကြီးက ပြောသည်။ 

ထိုစခန်းတွင် ခန့်မှန်းအင်အား ၁၀၀ ရှိပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ကိုးဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။ 

“ လက်နက်ကိုင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပြီး ၆၀ မမ ၊ ၈၀ မမ ၊ ၉၀ မမ တွေ အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ကြာချိန် နှစ်နာရီခွဲလောက် ရှိပါတယ်။ လက်နက်ငယ်နဲ့ အတွင်းကို ဝင်ပစ်တာတွေလည်း လုပ်ခဲ့ပါတယ်။ အတွင်းသတင်းပေးအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရတယ်” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား ၊ကျောင်းသားသမဂ္ဂတပ်ဖွဲ့ ၊ Real Hero ၊ မုဆိုးလေး နှင့် သခင်ဒေါင်းညို တပ်ဖွဲ့ တို့ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပုလဲမြို့နယ် ကန့်ထောက် စခန်းကိုလည်း ဒေသခံ မဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

https://youtu.be/rlzZDazS5CU

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# စကစ အဖွဲ့ဝင် ၉ ဦး ပြင်းထန်ဒဏ်ရာရ
#ပုလဲမြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2😁1
​​ဝက်လက်မြို့နယ် ရွာသာကြီး လမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
=====================

လွှမ်းမိုး

(မဇ္ဈိမ)။ ။ á€…စ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ရွာသာကြီး လမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက á€™á€ąá€œ ၁၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ á€…စ်က္ဏင်စဎတပ်သဏး ခြောက်ဦး သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

“ ၆၀ မမ ဗုံးသီး သုံးလုံးတွဲ ပဒေသာကို ဒရုန်းနဲ့ ပစ်ချ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်သား ၁၅ ဦး စုဝေးနေရာကို တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ စောင့်ကြည့် ကင်းထောက်သမားရဲ့ မျက်မြင်အရ စစ်သား ခြောက်ဦးသေဆုံးပြီး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦး ရှိကြောင်း á€žá€­á€›á€á€šá€şâ€ ဟု Zero တပ်ဖွဲ့မှ ကိုသက်ကြီးက ဆိုသည်။

ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ ၊ နဂါးနီ တပ်ဖွဲ့ နှင့် ဆားတောင်မိုးကြို အဖွဲ့ တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ မေလ ၅ ရက်ကလည်း ဆားတောင်မြို့ပေါ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးသေဆုံးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima 
#ရွာသာကြီး လမ်းဆုံ
#၆ ဦး သေဆုံး
#Zero ပြောက်ကျားတပ်ဖွဲ့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥2👏1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ မေ á‚၀၂၃)
=====================

စိုက်ပျိုးရေးလုပ်ငန်းဖြင့် ပြည်တွင်း GDP တိုးတက်စေမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်မှ ပြောဆိုနေ သော်လည်း လက်တွေ့တွင် ဓာတ်မြေဩဇာဈေး အပါအဝင် သွင်းအားစုဈေးများ မြင့်တက် နေမှုကို မဖြေရှင်းနိုင်သည့်အပြင် ကျေးရွာများတွင် စစ်တပ်က ရိက္ခာစပါး မျိုးစပါးများပါမချန် ရွာလုံးကျွတ်မီးရှို့ မှုများကြောင်း တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်ဘဲ ထွက်ပြေးနေရသည်။
👍12🔥2❤1😁1🤮1
"ဟေ့(စကစ)ပြည်သူကို မခြိမ်းခြောက်နဲ့ တရုတ် ကြောက်ရောဂါ မင်းတို့အရင်ကု" စာတန်းကိုင်ဆွဲပြီး ကြံခင်းမြို့နယ်မှာ ဆန္ဒပြ
==================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၁ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

"ဟေ့(စကစ)ပြည်သူကို မခြိမ်းခြောက်နဲ့ တရုတ် ကြောက်ရောဂါ မင်းတို့အရင်ကု"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၇၈)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
👍20🔥2😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်ထုတ်လွှင့်မှုများ
======================

https://youtu.be/th1lcnZv4vE

#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
​​မန်းတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရာသီဥတု အပူဒဏ်ကြောင့် အကျဉ်းထောင်အတွင်း အသက်ရှူကျပ် ဝေဒနာခံစားနေရ
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်းထောင်အတွင်း ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် အသက်ရှူကျပ်ကာ မောပန်းသည့် ဝေဒနာခံစားနေရကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

“ မောမောနေတယ်လို့ ပြောတယ်။ ဆရာဇော်က မနှစ်က တစ်နှစ်လုံးလည်း ဝေဒနာအမျိုးမျိုး ခံစားခဲ့ရတယ်။ ဒါပေမဲ့ သူ တောင့်ခံထားတယ်။ စိတ်ကတော့ တအားမာကျောတယ် “ ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် သင်္ကြန်မတိုင်ခင်က အနည်းငယ် တတ်ကြွလန်းဆန်းသော်လည်း သင်္ကြန်အပြီး နောက်ပိုင်း မေလဆန်းတွင် ထိုကဲ့သို့ ဝေဒနာခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် မန္တလေးတိုင်း၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အာဏာသိမ်းပြီးသည့်နေ့ကစ၍ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ဒေါက်တာ ဇော်မြင့်မောင်သည် ပုဒ်မ ၅၀၅(ခ)၊ သဘာ၀ဘေးဆိုင်ရာပုဒ်မ ၂၅/၃၀(က) ၊ အဂတိအမှု စသဖြင့် စုစုပေါင်း ပုဒ်မ ကိုးခုဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အမှုရင်ဆိုင်နေရသည်။

၎င်းအားစွပ်စွဲထားသည့်အမှုများအနက် အမှုနှစ်မှုဖြင့် ထောင်လေးနှစ်ကျခံနေရပြီး နောက်ထပ်အမှုများအတွက် ထောင်တွင်းတရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

အသက် ၇၀ ကျော်အရွယ် ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် NLD အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်နေစဥ် ၂၀၁၉ ခုနှစ်က သွေးကင်ဆာရောဂါကြောင့် ထိုင်းနိုင်ငံအထိ သွားရောက် ဆေးကုသမှုခံယူခဲ့ရသည်။

အကျဉ်းထောင်အတွင်း ကင်ဆာရောဂါဆေးဝါးများ အဆက်မပြတ်သောက်နေရပြီးနောက် ဖျားပြီး အမောဖောက်လာသဖြင့် အောက်ဆီဂျင်ရှူရသည့်အဖြစ်ရှိခဲ့ကာ ထောင်တွင်းဆေးရုံနှင့် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သည်များလည်း ရှိခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မန်းတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
#အသက်ရှူကျပ် ဝေဒနာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍5❤2🔥2
Mizzima ပရိသတ်ကြီးခင်ဗျား ..
Mizzima YouTube Channel ကို subscribe လုပ်ပြီးအားပေးကြည့်ရှုခဲ့ကြသည့် ပရိသတ်(subscribers)ဦးရေ ၁.၉ သန်း ကျော်အား ပထမဦးစွာ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုက်ပါရစေခင်ဗျာ...

Mizzima TV YouTube Channel တွင် နေ့စဥ် မနက်ခင်း ၉ နာရီမှစတင်ကာ ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းများ၊ သုတ၊ ရသ၊ ဆောင်းပါး နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း အစီအစဥ်များကို စဥ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိပါတယ်. Mizzima TV YouTube Channel တွင် နေ့စဥ်နှင့်အမျှ ၀င်ရောက်ကြည့်ရှုပေးသည့် ပရိသတ်အရေအတွက် တစ်လလျှင် ၂.၇ သန်းမျှရှိပါတယ်. Channel ကို subscribe မလုပ်ရသေးသည့် ပရိသတ်များကိုလည်း subscribe ပြုလုပ်ထားဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါရစေ. Subscribe ပြုလုပ်ထားခြင်းဖြင့် Mizzima TV Channel တွင် အချိန်နှင့်အမျှ တင်ဆက်ပေးနေသည့် အစီအစဥ်များကို မလွတ်တမ်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်. Subscribe မလုပ်ထားရင် အသစ်တက်လာသည့် အစီအစဥ်ကောင်းတွေကို ပရိသတ်ကြီးက မသိလိုက်ဖြစ်သွားနိုင်ပါတယ်. Channel ကို subscribe လုပ်ချင်တယ်ဆိုရင် Mizzima TV Youtube Channel
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig မှာ အခုဘဲ subscribe လုပ်ထားလိုက်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ.

Mizzima TV YouTube Channel တွင်သာမက
Mizzima Media မှ နေ့စဥ်အချိန်နှင့်တစ်ပြေးညီ နောက်ဆုံးရသတင်းများနှင့်နိုင်ငံရေးအတွေးအမြင်အစီအစဥ်များ၊ စိတ်အပန်း‌‌‌‌ဖြေကြည့်ရှုနိုင်ရန် နိုင်ငံတကာရုပ်ရှင်နှင့် ဇတ်လမ်းတွဲများအပြင် အခြား သုတ၊ ရသ အစီအစဥ်ကောင်းများကို TV, Radio, Social Media နှင့် Mizzima TV App တို့မှ တင်ဆက်ပေးလျက်ရှိပါသည်။

အခမဲ့ဂြိုလ်တုရုပ်သံလိုင်း
Mizzima TV Channel နှင့် Mizzima+ TV channel
Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI နှင့် အခြား satellite ဖမ်းစက်များဖြင့် Asiasat 7နှင့် Thaicom 6 satellite တွင် အခမဲ့ဖမ်းယူကြည့်ရှုနိုင်ပါတယ်.
Asiasat-7 ဂြိုလ်တုတွင်ဖမ်းယူကြည့်ရန် စလောင်းဗန်းအား C band receiver ဖြင့် Asiasat-7 @ 105.5 Deg East ကို ချိန်၍ satellite receiver တွင် channel ရှာရန် Downlink Frequency: 3760 MHz , Symbol Rate: 26.00Ms/s ,Polarization: Horizontal တို့ထည့်သွင်းပြီး ကြည့်ရှုနိုင်ပါတယ်.

Mizzima Short Wave Radio (မဇ္ဈိမလိုင်းတို ရေဒီယိုချန်နယ်)
Mizzima Short Wave Radio ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် နေ့စဥ် ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲအထိ အသံကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်.
Mizzima Radio
ON Air : 6:30 to 7:30 PM Myanmar Standard Time - Frequency : 13m (21.71 MHz)
Radio ထုတ်လွှင့်စဥ်တိုက်ရိုက်နားဆင်ဖို့ အချိန်လွတ်သွားခဲ့လျှင် Mizzima TV App နှင့် Mizzima TV YouTube Channel တို့တွင် အစအဆုံး ပြန်လည်နားဆင်နိုင်ပါတယ်.

အထက်ပါ Mizzima media channels များအပြင် Mizzima၏ အခြား media platforms များတွင်မှာပါ Follow / subscribe လုပ်ထားမယ်ဆိုရင် ဘယ်အချိန် ဘယ်နေရာရောက်ရောက် Mizzimaရဲ့ တင်ဆက်မှုအစီအစဥ်တွေကို ပရိသတ်ကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်.ခင်ဗျာ. ကြည့်ရှုပြီးလို့ နှစ်သက်တဲ့အစီအစဥ်တွေကိုလည်း ကိုယ့်ရဲ့ မိတ်ဆွေတွေကို share လုပ်ပေးပါဦးနော်.
………………………………
Facebook | မြန်မာဘာသာဖြင့် https://bit.ly/3BuWBSJ
Facebook | အဂ်လိပ်ဘာသာဖြင့် https://bit.ly/3d5g1V2
Facebook | Mizzima+ TV https://bit.ly/3eGNjdl
Facebook | 108FM Podcast https://bit.ly/3BBnJ2x
Youtube | Mizzima TV Channel https://bit.ly/3hZ5Ljy
Twitter | Mizzima Daily News https://bit.ly/3Dbvqh1
Telegram | Mizzima Daily News https://bit.ly/3RRn2rk
Telegram | Mizzima+ TV https://t.me/mizzimaplustv
Tiktok | Mizzima Daily News https://www.tiktok.com/@mizzimadaily
Mizzima TV App အခမဲ့ဒေါင်းလုတ် http://onelink.to/jnuwak/

ပေါ့ကတ်ရေဒီယို - အသံသီးသန့်နားဆင်လိုသူများအတွက်
Anchor| 108 FM Podcast https://anchor.fm/mizzima108fm
Sportify | 108 FM Podcast https://podcasters.spotify.com/pod/show/mizzima108fm

မြန်မာဘာသာဖြင့် ဖတ်ရှုရန်၀က်ဆိုဒ် https://www.mizzimaburmese.com/
အဂ်လိပ်ဘာသာဖြင့် ဖတ်ရှုရန်၀က်ဆိုဒ် https://www.mizzima.com/
Mizzima TV Youtube အစီအစဥ်များ ကြည့်ရှုရန်၀က်ဆိုဒ်
https://www.mizzima.tv/

#Mizzimapromo
#Mizziamads
👍13❤3😁3
👍14😁3
Media is too big
VIEW IN TELEGRAM
နှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/sVKt5dfJrcA

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍4❤2💩1🌭1
​​ဝန်ထုပ်ဝန်ပိုးများ ပိုပိလာစေပြီး ဆွဲဆောင်နိုင်စွမ်း ကျသည်ထက် ကျလာသည့် တရုတ်၏ BRI စီမံကိန်း
====================

မကြာသေးခင်က ထွက်ပေါ်ခဲ့သည့် သတင်းများတွင် အီတလီနိုင်ငံသည် သက်တမ်းကုန်တော့မည့် တရုတ်နှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) သဘောတူညီချက်ကို လာမည့်နှစ်စပိုင်းတွင် သက်တမ်းတိုးဖွယ်ရာ မရှိကြောင်းကို ဖော်ပြနေသည်။
😁6👍4
မေလ (၁၂) ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့ á€™á€”က်နဏးဆင်ရမယအ် á€žá€á€„်းတွ္ကတ္ဏအ á€…စ်က္ဏင်စဎက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမှာ NUG ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တဲ့သတင်းနဲ့အတူ စစ်ကိုင်းတိုင်းအတွင်း ကနီမြို့နယ်က စစ်ဘေးရှောင်တွေ ရေအခက်အခဲဖြစ်နေပြီး လေဒဏ် မိုးဒဏ်ခံ တဲတွေ အရေးတကြီး လိုအပ်နေတဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/lKpbYIu8mEs
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁3
နှင်းသီးရဲ့အကျိုးကျေးဇူးများ
===========

-နှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-နှင်းသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-နှင်းသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/sVKt5dfJrcA

#Nature
#NatureArticle
#VideoNews
#MizzmaTV

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🍌2