Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
May - 12 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour
#reels #shorts
😁2👍1🤮1
​​ဗင်နီဇွဲလားရဲ့ 'အသက်အကြီးဆုံး' ဘေ့စ်ဘောပရိသတ် အသက် ၁၀၄ နှစ်မှာ ကွယ်လွန်
========================

အသက် ၁၀၄ နှစ်ရှိ ကာရက်ကတ်လိုင်းယွန်းရဲ့ နံပါတ်တစ် ပရိသတ်ဖြစ်တဲ့ ဂျီဆပ်'ချီဗီတာ' လီဇီမာ သေဆုံးသွားကြောင်း ကြာသပတေးနေ့မှာ ထွတ်ပေါ်လာပြီးနောက် ဗင်နီဇွဲလားဘေ့စ်ဘောဟာ ဝမ်းနည်းပူဆွေးနေပါတယ်။

ကာရက်ကတ်လိုင်းယွန်းအသင်းရဲ့ အကြီးဆုံးအမာခံပရိသတ်ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို ဆိုးရွားစွာထိခိုက်စေတဲ့ သူ့ခြေထောက်တွေမှာ သွေးခဲတဲ့ဝေဒနာခံစားရပြီးနောက် ရက်အတော်ကြာ ဆေးရုံတင်ထားရပါတယ်။

သူသေဆုံးမှုနဲ့ပတ်သက်လို့ သတင်းအကြောင်းကို သတင်းထောက် မာရီ မွန်တီစ်က ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ LVBP ဥက္ကဋ္ဌဟောင်း ဟိုဆေး ဂရက်ဆိုက အတည်ပြုခဲ့ပါတယ်။

ဒီမုတ်ဆတ်ရှည်ပရိသတ်ဟာ ဗင်နီဇွဲလားမှာ အရေးကြီးဆုံး အားကစားအမွေအနှစ်တွေထဲက တစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ Cervecería Caracas အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့တုန်းက သူဟာ ၁၉၄၂ မှာ လီယွန်စ်တို့ကို စတင်အားပေးခဲ့ပါတယ်။
လီဇီမာကို ၁၉၁၉ ခုနှစ် á€–á€ąá€–á€ąá€Źá€şá€á€Ťá€›á€Ž ၉ ရက်မှာ ဒယ်တာ အာမီကျူလိုပြည်နယ်၊ တာကူပီတာမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၃၆ မှာ မြို့တော်ကို ပြောင်းရွှေ့ခဲ့ပြီး သူဟာ အသက် ၂၃ နှစ်ကနေ ခရီအိုးလ် ဘေ့စ်ဘောရဲ့ သစ္စာရှိချစ်သူဖြစ်လာခဲ့ပါတယ်။
👍7😁2
မေလ (၁၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

01:02 - ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည်
နေပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့ သတင်း

02:55 - မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရာသီဥတု အပူဒဏ်ကြောင့် အကျဉ်းထောင်အတွင်း အသက်ရှူကျပ် ဝေဒနာခံစားနေရတဲ့သတင်း

07:14 - အမေရိကန်အတိုင်ပင်ခံကုမ္ပဏီကို တရုတ်ကအမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ဝင်ရောက်စီနင်းတဲ့ အကြောင်းနဲ့

10:55 - မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/aZJQWVmuHaE

#12pmnews
#Mizzimanewshour
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
မုံရွာ - ချောင်းဦးလမ်းပိုင်း၌ ကြေးနီသယ်လာတဲ့ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ
======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာ နှင့် ချောင်းဦးမြို့နယ်လမ်းပိုင်း တစ်နေရာတွင် ကြေးနီသယ်လာသည့် ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa ထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ကြေးနီများသယ်ဆောင်လာပြီး ကားများဖြင့် ငါးစီး တစ်သုတ် ၊ လေးစီး တစ်သုတ် ၊ နှစ်စီး တစ်သုတ် ခွဲ၍ ထွက်ခွာလာသော ယာဉ်များကို မေလ ၁၁ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကြေးနီ ကားမိုင်းဆွဲတာမှာ လူထိခိုက်မှုကိုတော့ မသိရဘူးဗျ၊ ကားကတော့ ရှေ့ဆက်ပြီး မောင်းမရတော့တာကို သိရပါတယ်” ဟု Area 71 PDF Monywa တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

အဆိုပါ အသုတ်လိုက်ခွဲပြီး ကြေးနီများတင်ဆောင်လာသည့် ၁၂ဘီးကားတန်း၏ နှစ်စီးအသုတ် ထွက်လာသော ကားတန်း ပထမမြောက်ကားကို စစ်ကောင်စီတပ်ကင်းပုန်းများ၏ မလှမ်းမကမ်းမှနေ၍ ပဒေသာမိုင်း ကိုးလုံးတစ်တွဲဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် ကားမှာ ထိုးရပ်သွားခဲ့ပြီး လူအသေအပျောက်ကိုမူ မသိရှိရကြောင်း နှင့် အနီးဝန်းကျင်ရှိ ကင်းပုန်းဝပ်နေသောစစ်ကောင်စီတပ်သားများမှ ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရသည်။

မေလ ၁၂ရက် ယနေ့ နံနက်အချိန်အထိ ချောင်းဦး မှ မုံရွာ အထိစစ်ကောင်စီတပ်သားများ လုံခြုံရေးဆက်လက်ယူထားလျက်ရှိနေပြီး သာမန် ကြေးနီသယ်သည့် ကားတန်းလုံခြုံရေးအတွက်သာမက အရေးကြီးပစ္စည်းများသယ်ယူရန် အစီစဉ်ရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက သုံးသပ် ပြောဆိုသည်။
ဦးပိုင်ကုမ္ပဏီနှင့်ဖက်စပ်လုပ်ကိုင်နေသော ဝမ်ပါင် -မြန်မာ နှင့် ယမ်စီ - မြန်မာတို့မှ တစ်လလျှင် တစ်ကြိမ်ခန့် ကြေးနီများသယ်ဆောင်လေ့ရှိကြောင်း သိရသည်။

မေလ ၁၀ရက် ညနေ ၅နာရီ ၂မိနစ်အချိန်က စစ်ကိုင်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားသုံးစီးတန်းကို ချောင်းဦး - မုံရွာလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ကြိုတင်ပြင်ဆင်ထားသော မိုင်းပွိုင့် တည်နေရာပေါ်သို့ လာရာက်ရပ်နားနေကြောင်း စစ်ကောင်စီတပ် ကင်းပုန်းအထပ်ထပ်ချထားသည့်ကြားမှ ပွိုင့်စောင့်ကြည့်ရေးရဲဘော်၏ သတင်းပေးချက်အရ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြာင်း ဆိုသည်။
“စကစ တစ်ယောက်ရောက်၊ ပက်လက်လန်ပြီး ပွဲချင်းပြီး သေသွားတာကို မြင်တွေ့ခဲ့ရပါတယ်” ဟု Area 71 PDF တာဝန်ရှိသူက ဆက်လက်ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ် ကားသုံးစီးကို ပဒေသာမိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းဆိုသည်။

စစ်ကောင်စီတပ်၏ မိုင်းရှင်းလင်းရေးများတွင် တော်လှန်ရေးအင်အားစုများ၏ မိုင်းများ ဆုံးရှုံးခဲ့ရပြီး ကင်းပုန်းအထပ်ထပ်ချထားသည့်ကြားမှ မဖြစ်ဖြစ်တဲ့နည်းနဲ့ စစ်ကောင်စီတပ်လမ်းကြောင်းများကို အလျော့မပေးသည့်စိတ်ဓါတ်ဖြင့် ဟန့်တားတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုခဲ့သည်။

https://youtu.be/SDb12aRKZsI

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#မိုင်းရှင်းလင်းရေး
#တော်လှန်ရေးအင်အားစု
#ချောင်းဦးမြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏3😁2❤1
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
👍13👏2🤣2❤1
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအား မေလ ၁၂ ရက် နံနက် ၄ နာရီ ၃၀မိနစ်ခန့်က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းလွှတ်တော်ဝန်းထဲက စကစတပ်ခြေကုတ်ယူထားတဲ့အတွက် တိုက်ခိုက်ခဲ့တာပါ။ သူတို့ခြေကုတ်ယူထားတဲ့နေရာကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုတော့ ရောက်အောင်ပစ်ခဲ့နိုင်ပါတယ်။ ထိခိုက်မှုကတော့ ဝန်းထဲမှာဖြစ်တဲ့အတွက် မသိပါဘူးခင်ဗျ။” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

မစ်ရှင်ပြုလုပ်ချိန်တွင်လည်း ရန်ကုန်တိုင်းလွှတ်တော်ဝန်းအနီးအနားရှိ ကလပ်များမှ ထွက်လာသည့် ကားနှင့်လူများကြောင့် မစ်ရှင်ကိုအပြီးထိဖော်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ၄၀ မမ ဗုံးသီး သုံးလုံးပစ်ရန်ရည်ရွယ်ထားရာမှ တစ်လုံးသာ ပစ်ခတ်နိုင်ခဲ့ကြောင်း ဆိုသည်။

“ကလပ်သွားတာတွေ၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေ သွားတာတွေကို နောက်ပိုင်းဆင်ခြင်စေချင်ပါတယ်။ ထိသွားရင် ရေပေါ်ဆီတွေက ပြည်သူဆိုပြီး ဖြစ်ကြဦးမှာ။” ဟူ၍လည်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းလွှတ်တော်ဝန်းတွင် စစ်ကောင်စီတပ်အစောင့်အကြပ်များရှိနေသော်လည်း ၎င်းတို့ အလစ်အငိုက်ကိုစောင့်၍ မစ်ရှင်ဖော်ဆောင်ခြင်းဖြစ်ပြီး ယနေ့တိုက်ခိုက်မှုအား အနောက်ပိုင်းခရိုင် ပကဖ တပ်ရင်း တပ်ခွဲ(၁) နှင့် စမ်းချောင်း ပကဖမှ ပူးတွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဒဂုံမြို့နယ်
#ရန်ကုန်တိုင်း
#လွှတ်တော်ဝန်း
#ပစ်ခတ်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🤣2
Media is too big
VIEW IN TELEGRAM
မြန်မာအကျပ်အတည်းဖြေရှင်းရာမှာ ဒေသတွင်းနိုင်ငံတွေ စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

Watch more detail -
https://youtu.be/9vPIgMHMqls

#PoliticalNews #Myanmar #UN #VideoNews #shorts #Reels
😁5
မြိုင်မှာ သရက်ကန်ပျူရွာကို ရိက္ခာလာပို့သည့်ကား မိုင်းဆွဲတိုက်ခိုက်ပြီး ရိက္ခာများကို သိမ်းယူ
👍12😁6❤4👏1🥴1
မြိုင်မှာ သရက်ကန်ပျူရွာကို ရိက္ခာလာပို့သည့်ကား မိုင်းဆွဲတိုက်ခိုက်ပြီး ရိက္ခာများကို သိမ်းယူ
====================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းသို့ ပခုက္ကူမှ ရိက္ခာလာပို့သည့် ကားကို မေလ ၁၁ ရက်နေ့၌ သရက်ကန်နှင့် တွင်းမ အကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ပျူ နှင့် စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီးနောက် ရိက္ခာများကို သိမ်းယူနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မှ ခေါင်းဆောင်ဗိုလ်လက်ယာက ပြောသည်။

၎င်းက “ ကားပေါ် ပါလာတဲ့သူ အားလုံးထိသွားတော့ ဒီကောင်တွေ ကားတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကားတွေနဲ့အမြန် လာသယ်ပြီးတော့မှ ရိက္ခာကားကို ထားခဲ့တာ အဲ့ဒါနဲ့ ကျတော်တို့ ရိက္ခာတွေကို သိမ်းယူလိုက်ပြီး ကားတော့ မီးရှို့ လိုက်တယ်” ဟု ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ ပျူစောထီးအဖွဲ့ ဝင် ခြောက်ယောက် မိုင်းထိမှန် ဒဏ်ရာများ ရရှိသွားပြီး သေဆုံးမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးကြောင်း ဗိုလ်လက်ယာ က ဆိုသည်။

မေလ ၁၁ ရက်နေ့ မနက်ပိုင်းတွင်လည်း သရက်ကန်ပျူစခန်းမှ ကင်းပုန်းဝပ်ရန်ထွက်လာသည့် ပျူစောထီးများကို သရက်ကန်ပျူစခန်း၏တောင်ဖက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး တစ်ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်လက်ယာ က ပြောသည်။

၎င်းက “မနက် ၇နာရီခွဲ မှာ ကင်းပုန်းလာဝပ်တဲ့ ပျူတွေကို မိုင်းဆွဲလိုက်တာ တစ်ဦး သေပြီး အများအပြားဒဏ်ရာရသွားတယ်၊ ဒဏ်ရာရသွားတဲ့သူတွေကို ကားတွေနဲ့ လာသယ်သွားတယ်” ဟုပြောသည်.။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း အိုရင်းရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့သည့်အတွက် စစ်သား နှင့် ပျူ လေးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကောင်စီတပ်
#စစ်ကြောင်း
#ဒေသကာကွယ်ရေးတပ်ဖွဲ့
#မြိုင်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1🥴1
“ကြောက်ခေတ်ကို မှောက်ပစ်” ဆိုသည့် ရွာပေါင်းစုံသပိတ်စစ်ကြောင်း 
=====================

ပါခွီး 

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ယနေ့ မေလ ၁၂ရက် ယနေ့တွင်ပြုလုပ်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်” စာတန်းကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။ 

ဆက်လက်ပြီး ကျဆုံးအာဇာနည်များကို အလေးပြုခြင်း ၊ သွေးမော်ကွန်းသီချင်း သံပြိုင်သီဆိုခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးတရားများ ကို ဦးဆောင်သူများက ဟောပြောခဲ့ကြသည်။ 

ထိုချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မ၏ ၇၉၀ ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်သည်။ 

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့
#ကျေးရွာပေါင်းစုံ 
#သပိတ်စစ်ကြောင်း
👍12🔥2😁1
မြန်မာအကျပ်အတည်းဖြေရှင်းရာမှာ ဒေသတွင်းနိုင်ငံတွေ စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း
===================

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလျော့ပါးဖို့၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအုပ်ချုပ်တဲ့ အရပ်သားအစိုးရ ပြန်ဖြစ်လာဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ Noeleen Heyzer က ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankarနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာတို့ မေလ ၉ ရက်နဲ့ ၁၀ရက်နေ့တွေက နယူးဒေလီမှာ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်း ဖြစ်ပွါးနေမှုတွေဟာ အိန္ဒိယနိုင်ငံကိုပါ ရိုက်ခတ်မှုရှိနေကြောင်း ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

https://youtu.be/9vPIgMHMqls

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁4🔥1
This media is not supported in your browser
VIEW IN TELEGRAM
အာကာသဒုံးပျံတစ်ခုရဲ့အပျက်အစီးတွေ ဂျပန်လေပိုင်နက်ထဲကို ကျရောက်

#internationalnews #reels #shorts
👍3👎2🔥2😢1
​​'မမေ့နိုင်တဲ့ ခရီး' - ၁၈ နှစ်အကြာမှာ ဘာကာကနေ ထွက်ခွာတော့မယ့် ဘူးစကွက်စ်
======================

ဆာဂျီယို ဘူးစကွက်စ်က ဘာစီလိုနာမှာ အထင်ကရခေတ်ကို အဆုံးတိုင် သယ်ဆောင်ရင်း သူဟာ ရာသီကုန်မှာ ကလပ်အသင်းနဲ့အတူ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ သူရဲ့ “မမေ့နိုင်တဲ့ ခရီး”ကို အဆုံးသတ်မှာဖြစ်တယ်လို့ á€•ဟ္ဏပဍတယ်။

ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘူးစကွက်စ်ဟာ ဗုဒ္ဓဟူးနေ့က လူမှုမီဒီယာပေါ်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။

“ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပေမယ့် အချိန်ကျလာပါပြီ”လို့ အသက် ၃၄ နှစ်အရွယ် ဘူးစကွက်စ်က ဆိုပါတယ်။ "ဒါဟာ ဂုဏ်ယူစရာတစ်ခု၊ အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး ဒီကလပ်တံဆိပ်ကို ဝတ်ဆင်နိုင်ခဲ့လို့ ဂုဏ်ယူရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။"
👍4😁1
Media is too big
VIEW IN TELEGRAM
ရေဦးမြို့နယ် ချမ်းသာကျေးရွာက အထက်တန်းကျောင်းကို PDF တွေ မီးရှို့တယ်လို့ သတင်းတု ပျံ့နှံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/6682274208474094/

#Misinformation_Buster #Fake_News #Shorts #Reels #PDF #ရေဦး #စာသင်ကျောင်း
👍2🔥2🥰1👏1😁1