"တောင်းလည်းယူမယ်၊ တိုက်၍လည်းယူမယ် ပြည်သူ့အာဏာပြည်သူ့ပြန်ပေး" စာတန်းကိုင်ဆွဲပြီး ကြံခင်းမှာ ဆန္ဒပြ
==================
မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၂ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"တောင်းလည်းယူမယ် တိုက်၍လည်းယူမယ် ပြည်သူ့အာဏာပြည်သူ့ပြန်ပေး"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြော သည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်
ကော်မတီ၏ (၇၉)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
#ဆန္ဒပြ
#Mizzima

❤19👍10🔥2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်ထုတ်လွှင့်မှုများ
=================
https://youtu.be/EEItoCuWisM
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍11❤1🔥1🍌1
စစ်တွေတွင် မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်မှုများ ပြုလုပ်
==================.
ကီရာ
စစ်တွေတွင် မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်ရန်အတွက် ကျောက်တော်မြို့နယ် နှင့် မြောက်ဦးမြို့နယ်များသို့ ပြောင်းရွေ့သူများနှင့် ရေမတက်နိုင်သည့် အဆောက်အဦများသို့ ပြောင်းရွေ့နေထိုင်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
တခြားမြို့နယ်များသို့ ပြောင်းရွေ့ရန် အဝေးပြေးယာဉ်လိုင်းများမှ အခမဲ့ ကူညီပေးကြကြောင်းနှင့် လူမှုရေးအဖွဲ့အစည်းများမှလည်း သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များအတွက် ဘုန်းကြီးကျောင်းများတွင် နေရာထိုင်ခင်းနှင့် အစားအသောက်များ စီမံ ပြင်ဆင်ပေးလျက်ရှိသည်ဟု သိရသည်။
"လူမှုရေးအဖွဲ့အစည်းတွေက ဘုန်းကြီးတွေမှာသွားပြီးတော့ အဓိက ကတော့ အဘိုးအဘွားတွေ ကိုယ်ဝန်ဆောင်တွေအတွက် နေရာထိုင်ခင်းတွေ အစားအစာတွေ စီစဉ်ပေးတာရှိတယ်။ နောက်တစ်ခုက တချို့ အဝေးပြေးယာဉ်လိုင်းတွေကနေပြီးတော့ အခမဲ့ ကူညီပေးတာမျိုးတွေလဲရှိတယ် ။မုန်တိုင်းရှောင်ချင်တဲ့သူတွေ ကျောက်တော် မြောက်ဦး သွားချင်တဲ့သူတွေကို သူတို့ ကားတွေနဲ့ ပို့ပေးတာတွေ လုပ်တယ်။ ကျောက်တော် မြောက်ဦးကတော့ မုန်တိုင်းဖြတ်မဲ့အထဲ သိပ်မပါတာဆိုတော့ တချို့တွေက ရေတက်မှာလဲ ကြောက်ကြတော့ အဲ့ဘက်တွေကို သူတို့သွားပြီးတော့ မုန်တိုင်းရှောင်ကြတယ်"ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ရေတက်မည်ကို ကြောက်ကြသည့်အတွက် စစ်တွေ ကျောက်တော် မြောက်ဦး မြို့နယ်များရှိ ဟိုတယ် ၊တည်းခိုခန်းများတွင် မုန်တိုင်းကာလအတွက် အခန်းကြိုတင် ဌားယူမှုများရှိပြီး မေလ ၁၄ရက်အထိ ဟိုတယ် ၊တည်းခိုခန်း ဘိုကင် များ အပြည့် ဖြစ်နေသည်ဟုလည်း သိရသည်။
"ကုန်းနိမ့်ပိုင်းက လူတွေကတော့ နေရာပြောင်းရွေ့တာတွေ လုပ်ကြတယ်။ ဟိုတယ်တွေ တည်းခိုခန်းတွေက လွန်ခဲ့တဲ့ ၂ရက်ကတည်းက ဘိုကင်တွေပြည့်နေပြီ။ မေလ၁၄ရက်ဆိုရင် လုံးဝ ဌားမရတော့ဘူး။အိမ်မှာလဲ ပစ္စည်းတွေဘာတွေ ထုတ်ပိုးထားတယ်။ ဒါပေမယ့် အိမ်က ကုန်းမြင့်ပိုင်းဆိုတော့ အိမ်ခေါင်မိုးတွေ လှန်သွားမှာတို့ ဘာတို့တော့ နည်းနည်းစိုးရိမ်တယ်။ ရေတက်လာမှာကိုတော့ စိုးရိမ်ပေမယ့် ဘယ်လိုမျိုး ဖြစ်မလဲ မသိသေးတော့ အခြေအနေကြည့်ရမှာပေါ့လေ။ စိုးတော့ စိုးရိမ်တာပေါ့။ ပင်လယ်ကမ်းစပ်နားနီးတဲ့သူတွေနဲ့ ကုန်းနိမ့်ပိုင်းမှာ ရှိတဲ့သူတွေကိုတော့ ပိုစိုးရိမ်တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တွေတွင် ဆိုင်ခန်းများ အားလုံးလည်း ပိတ်သိမ်းထားကြပြီး ဆိုင်ခန်းရှိ ပစ္စည်းများကိုလည်း နေရာပြောင်းရွေ့မှုများ လုပ်ဆောင်နေကြသည်ဟုလည်း အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။
"စစ်တွေမှာက ဆိုင်တွေအားလုံးလဲ ပိတ်ထားကြတယ်။ ဆိုင်တွေက ပစ္စည်းတွေကိုလဲ ထုတ်ပိုးပြီး လုံခြုံတဲ့နေရာတွေကို ပြောင်းထားကြတာတွေလဲရှိတယ်။ သူတို့ဆိုင်တွေမှာ မထားကြတော့ဘူး။ လမ်းဘေးနားက ဆိုင်တွေဆိုရင်လဲ တချို့တွေက သူတို့ပစ္စည်းကို အိမ်ကို ပြောင်းရွေ့တာမျိုး ဂိုထောင်ကို ပြောင်းရွေ့တာမျိုးတွေ လုပ်ကြတယ်"ဟု ၎င်းကပြောသည်။
စစ်အစိုးရဘက်မှလည်း ယနေ့တွင် ရဲကားများဖြင့် ကမ်းနားလမ်းများကို လိုက်လံ ကြည့်ရှုမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောကြသည်။
ထို့အပြင် ဆန်ဆီ စားသောက်ကုန် ပစ္စည်းများ ဈေး အဆမတန် မြင့်တက်လာမှုများနှင့် (Life Jacket )အသက်ကယ် အကျီ များသည်လည်း တစ်ထည်လျှင် ကျပ်၅သောင်းမှ ကျပ်၁သိန်းအထိ ဈေးမြင့်တက်လျှက်ရှိသည်ဟု သိရသည်။
လက်ရှိ မြန်မာစံတော်ချိန် ည ၁၁ နာရီ ဝန်းကျင်တွင် စစ်တွေမှာ မိုးရွာသွန်းနေပြီး လေတိုက်ခတ်မှု အနည်းငယ် ရှိနေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှ ယနေ့မြန်မာစံတော်ချိန် ၉နာရီ၃၀ မိနစ် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၄၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်မြောက် ဘက် ရေမိုင်(၃၀၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၅၀)မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။

👍12❤2🔥2
ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)ကို အနီရောင်အဆင့် သတ်မှတ်၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်နိုင်
😢4🔥2

====================
KMN
(မဇ္ဈိမ) ။ ။ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ကြောင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့၊ မေလ ၁၃ ရက်၊နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။
ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA)အနေဖြင့် ဆက်လက်ရွေ့ လျားနိုင်သည်ဟု
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”(MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်၂၆၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်အကွာတွင် ယနေ့ မနက်ပိုင်း၌ တည်ရှိနေသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)၏အရှိန်ကြောင့် ယနေ့နံနက်မှ မေလ ၁၅ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။
စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”၏အရှိန်ကြောင့် ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်စသည့် မြို့နယ် ခုနစ်ခုကို အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့၊ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိပေးထုတ်ပြန်ထားသည်။
စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ တောင်ကုတ်မြို့၊ မအီစသည့်မြို့များတွင် Storm Surge လို့ ခေါ်သည့် မုန်တိုင်းဒီလှိုင်းအမြင့်ကို သတိပြုသင့်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ယနေ့ နံနက်ပိုင်းတွင် ပြောကြားထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မိုးလေဝသ
#MOCHA
#ဘင်္ဂလားပင်လယ်အော်
#ဆိုင်ကလုန်းမုန်တိုင်း
#စစ်တွေမြို့

👍13🔥3
မေလ (၁၃) ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်တဲ့ငွေကြေးတွေကို အမျိုးသားညီညွတ်ရေး အစိုးရက အားဖြည့်ကူညီပေးမယ်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာ့အရေးတိုးတက်မှုမရှိတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ ကြားဝင် မစွက်ဖက်ရေးမူကို ကိုင်စွဲထားလို့ မရတော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောလိုက်ဆိုလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ မုန်တိုင်းဘေးအန္တရာယ်၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကပြင်ဆင် နေမှုတွေနဲ့ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခြေအလားအလာတွေကို မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။
https://youtu.be/_fwWzlvQRyk
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်တဲ့ငွေကြေးတွေကို အမျိုးသားညီညွတ်ရေး အစိုးရက အားဖြည့်ကူညီပေးမယ်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာ့အရေးတိုးတက်မှုမရှိတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ ကြားဝင် မစွက်ဖက်ရေးမူကို…

❤2😁2👍1🔥1
ဖမ်းဆီးခံထားရသည့် ပြည်သူ ၂ ဦး၏ နေအိမ်နှင့် ဆိုင်ခန်းများ ချိပ်ပိတ်ခံရ
====================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်နှင့် စစ်တောင်းကျေးရွာမှ ပြည်သူနှစ်ဦး၏ နေအိမ်နှင့် ဆိုင်ခန်းများအား စစ်ကောင်စီတပ်မှ မေလ ၁၀ ရက်နေ့တွင် လာရောက် ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ ကိုဥက္ကာထက်လင်း(ခ) ဥက္ကာ ၏ နေအိမ်၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်နှင့် ကျိုက်ထိုမြို့ စစ်တောင်းကျေးရွာမှ ကိုနေလင်းထက်(ခ) အာမီ ၏ နေအိမ်နှင့် ကုန်စုံဆိုင်တို့အား မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၊ ရဲနှင့် အရပ်ဝတ်များမှ လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။
“ဟုတ်ပါတယ်၊ ချိပ်ပိတ်ခံလိုက်ရတယ်၊ ဥက္ကာတို့ အိမ်ကိုပေါ့။ ဥက္ကာက သူ့မိဘတွေနဲ့ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်လေး ဖွင့်ထားတာပေါ့။ သူ့ကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိတယ်။ ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းထားတယ်။ ခု တရားစွဲတင်ထားတယ်။ အဲ့ဒါပြီးတော့ အိမ်ချိပ်ပိတ်လိုက်တယ်။ နေလင်းထိုက် ကလည်း တူတူပဲ။ ဥက္ကာနဲ့တူတူပဲ မတ်လထဲမှာပဲ ဖမ်းခံလိုက်ရတယ်။ သူလည်း အိမ် ချိပ်ပိတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ကိုထက်ဥက္ကာလင်း နှင့် ကိုနေလင်းထိုက် တို့နှစ်ဦးကို မတ်လ ၂၀ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် ထိုသူနှစ်ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများအား ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကိုထက်ဥက္ကာလင်းနှင့် ကိုနေလင်းထိုက် တို့အား ကျိုက်ထိုရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြစ်သည့် ပုဒ်မ ၅၀(ည)အပါအဝင် ၅၀(ဈ)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားကာ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်သူများ၏ နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ခံခဲ့ရကြောင်း ကျိုက်ထိုမြို့တွင် နေအိမ်ချိပ်ပိတ်ခံထားရသည့် သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းထံမှ သိရသည်။
“ကျိုက်ထိုမြို့ထဲမှာတော့ အိမ်ချိပ်ပိတ်တာ ကျနော့်အိမ်အပါအဝင် နေအိမ် ၁၀လုံးနဲ့အထက် ရှိပြီ။ ကျနော်တို့ကတော့ တော်လှန်ရေးနိုင်အောင်လုပ်မှာပဲ။ သူတို့ကတော့ သူတို့အလုပ် သူတို့ လုပ်မှာပဲလေ။ သူတို့ လုပ်တဲ့အလုပ်တွေက ဘယ်တုန်းကများ ကောင်းတာရှိခဲ့ဖူးလို့လဲ။ ကျနော်တို့ကိုမရတော့ ကျနော်တို့ မိသားစုကိုဖမ်းတယ် ထောင်ချတယ်။ ဒီလိုပဲ တခြားသူတွေကိုလည်း ဖမ်းတယ်၊ အိမ်ကိုချိပ်ပိတ်တယ်။ ဒါပြည်သူရဲ့ ပစ္စည်းကို မတရားလုပ်တာပဲလေ” ဟု ကိုအေးမင်းထွန်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံအဝန်း ပြည်သူများ၏ နေအိမ် ၆၄၁ လုံး၊ ဆိုင်ခန်း ၄၂ ဆိုင် အပါအဝင် အကြီးစားပိုင်ဆိုင်မှုစုစုပေါင်း ၇၅၁ ခုအား စစ်ကောင်စီတပ်မှ ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ချိပ်ပိတ်ခံရသူအများစုမှာ လွှတ်တော်အမတ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြောင်း AAPP မှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#ချိပ်ပိတ်
#AAPP
#လွှတ်တော်အမတ်

👍9🔥3😢3👏1😁1
My India အစီအစဉ်
==========
ဒီတပတ်ရဲ့My india အစီအစဉ်မှာတော့
-အိန္ဒိယနိုင်ငံမှာ အိုဒီရှာ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ဘဝနေထိုင်မှုပုံစံတွေမြှင့်တင်ပေးဖို့အတွက် ၁၀ရက်ကြာတဲ့ တိုင်းရင်းသားပွဲတော်တစ်ခုကို ဘူဘာနေရှဝါမြို့ရဲ့ အဒီဗာဆာပြပွဲကွင်းပြင်ထက်မှာကျင်းပ
-မကြာခင်ထွက်ရှိလာတော့မယ့် ဘောလိဝုဒ် မိသားစုဒရာမာဇာတ်ကား ‘Gulmihar’အတွက် အထူးမိတ်ဆက်ပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲကို နယူးဒေလီမှာကျင်းပ
-အိန္ဒိယနိုင်ငံ အလယ်ပိုင်းမြို့ဖြစ်တဲ့ မက်ဒ်ရာပရာဒေ့ရှ်ပြည်နယ်အတွင်းက အင်ဒိုးရေးမြို့မှာဖွင့်လှစ်လိုက်တဲ့တိရစ္ဆာန်စားသောက်ဆိုင်မှ အဓိကစားသုံးသူဖြစ်တဲ့ Pooch ခွေးများအတွက်အဓိကထားရောင်းချ
-အိန္ဒိယရဲ့ ရုပ်ရှင်မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရုပ်ရှင်ကြယ်ပွင့်များစုံလင်တဲ့ ဘောလိဝုဒ်အကျော်အမော်များက Zee Cine ဆုပေးပွဲကိုတက်ရောက်ခဲ့
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/hoRP1JG-Dys
#myindia

-မကြာခင်ထွက်ရှိလာတော့မယ့် ဘောလိဝုဒ် မိသားစုဒရာမာဇာတ်ကား ‘Gulmihar’အတွက်…

👍11🤮1
ရိုးမအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၁ ဦးသေ
=================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကျောက်တံခါးကျေးရွာအုပ်စု၊ ဘန်ဘွေးကန်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့သည်ဟု ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁) သတင်းပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမကို ပြောသည်။
ဘန်ဘွေးရွာတွင် ကင်းစောင့်ရင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ (၃) ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂) တို့ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"တစ်ဦးသေပါတယ်။ ဘန့်ဘွေးရွာနားမှာပဲ အမိန့်ပြန်ပြီး မီးရှို့သင်္ဂြိုဟ်သွားတယ်" ဟု ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) သတင်းပြန်ကြားရေးတာဝန်ခံမှပြောသည်။
ထို့နောက် ညပိုင်း ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျောက်တံခါးအုပ်စု ရုပ်ဆိုင်ရွာဘက်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့သေးသည်။
ရုပ်ဆိုင်ရွာ၏ အရှေ့ဘက်တွင် ကင်းပုန်းဝပ်တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ(၂) Tiger တပ်ဖွဲ့ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) က လက်လုပ် ၆၀ မမ ဗုံးသီး နှစ်လုံး၊ M79 ဖြင့် တစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
"စစ်ကောင်စီအင်အားက နှစ်နေရာပေါင်းရင် ၉၀ လောက်ရှိတယ်။ အခုဖြစ်တဲ့နေရာမှာပဲ တပ်စွဲထားတယ်။ စစ်ကောင်စီတပ်ရဲ့ရမ်းသန်းပစ်ခတ်မှုကြောင့် ရုပ်ဆိုင်ရွာက ပြည်သူတစ်ဦး ပေါင်ကိုထိသွားပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၅ ရက်နေ့နံနက်က ရိုးမတွင်းရှိ PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ (၅) ၏ ရှေ့တန်းကင်းစခန်းအား ဝင်ရောက်မီးရှို့ပြီးနောက် နောက်တစ်ရက်တွင် ကျေးရွာများအတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်စဉ် ရုပ်ဆိုင်ရွာမှာ ကျေးရွာသားတစ်ဦး ပေါင်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် မေလ ၇ ရက်နေ့ကလည်း တစ်ရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။
စစ်ကောင်စီတပ်သည် ရိုးမအတွင်းရှိ PDF များ စခန်းချရာနေရာများသို့ စစ်ကြောင်းထိုးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးအခြေအနေ တင်းမာနေခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ရိုးမ
#PDF
#စခန်းချ
#ပေါင်းတည်မြို့နယ်

👍23🔥1😁1
“မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို သေချာစနစ်တကျနဲ့ စီစစ်ပြီး ထောက်ပံ့သင့်တာတွေကို ထောက်ပံ့စေချင်တယ်။မောင်းပြန်သေနတ်တွေမထောက်ပံံ့ပေးနိုင်ရင်တောင် လက်နက်ခဲယမ်းလေးတွေ ကူညီပေးစေချင်ပါတယ်” Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲ (အင်တာဗျူး)
============================
မောင်ခက်နွေ (မဇ္ဈိမ)
တော်လှန်ရေးကို စတင်ချိန်မှာ လူ ၇ ယောက်တည်းနဲ့ စတင် ခဲ့တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ယခုဆိုရင် တပ်ဖွဲ့ဝင်အင်းအား ရာနဲ့ချီရှိနေပါပြီ။
လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေးကလဲ ၂ နှစ်ကျော်နေသလို သူတို့ အဖွဲ့ရဲ့ အာဏာရှင်ကို တွန်းလှန်နေတာဟာလဲ တစ်နှစ်ကျော်သက်တမ်းရှိနေပါပြီ။
ဒီလို အချိန်ကာလ ကြာမြင့်လာတဲ့ အချိန်ထိ Myingyan Black Tiger (MBT) အဖွဲ့အနေနဲ့ ဘယ်လိုတွေ ရပ်တည်နေပါသလဲ၊ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာကို အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ Myingyan Black Tiger (MBT) အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ Mizzima ရဲ့ weekly interview အစီအစဉ်ကနေ မေးမြန်းတင်ဆက်ပေးထားပါတယ်။
https://youtu.be/7fWfDWb3PX8
တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ
#Weeklyinterviews
#MBT
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
============================
မောင်ခက်နွေ (မဇ္ဈိမ)
တော်လှန်ရေးကို စတင်ချိန်မှာ လူ ၇ ယောက်တည်းနဲ့ စတင် ခဲ့တဲ့ Myingyan Black Tiger (MBT) အဖွဲ့ဟာ ယခုဆိုရင် တပ်ဖွဲ့ဝင်အင်းအား ရာနဲ့ချီရှိနေပါပြီ။
လက်ရှိအချိန်မှာတော့ နွေဦးတော်လှန်ရေးကလဲ ၂ နှစ်ကျော်နေသလို သူတို့ အဖွဲ့ရဲ့ အာဏာရှင်ကို တွန်းလှန်နေတာဟာလဲ တစ်နှစ်ကျော်သက်တမ်းရှိနေပါပြီ။
ဒီလို အချိန်ကာလ ကြာမြင့်လာတဲ့ အချိန်ထိ Myingyan Black Tiger (MBT) အဖွဲ့အနေနဲ့ ဘယ်လိုတွေ ရပ်တည်နေပါသလဲ၊ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာကို အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ Myingyan Black Tiger (MBT) အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ Mizzima ရဲ့ weekly interview အစီအစဉ်ကနေ မေးမြန်းတင်ဆက်ပေးထားပါတယ်။
https://youtu.be/7fWfDWb3PX8
တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ
#Weeklyinterviews
#MBT
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
“မြေပြင်မှာတကယ်လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကိုသေချာစနစ်တကျနဲ့စီစစ်ပြီးထောက်ပံ့စေချင်တယ်။”
“မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို သေချာစနစ်တကျနဲ့ စီစစ်ပြီး ထောက်ပံ့သင့်တာတွေကို ထောက်ပံ့စေချင်တယ်။မောင်းပြန်သေနတ်တွေမထောက်ပံံ့ပေးနိုင်ရင်တောင် လက်နက်ခဲယမ်းလေးတွေ ကူညီပေးစေချင်ပါတယ်” Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲ (အင်တာဗျူး)…
👍21🔥1
အာဏာသိမ်းမှု ဆန့်ကျင်ခဲ့သည့် ရဟန်းအား ကျောင်းတိုက်မှ နှင်ချ
=====================
007
(မဇ္စျိမ)။ ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြင့် ထောင်ကျရာမှ ပြန်လွတ်လာသည့် ရဟန်းတစ်ပါးကို ကျောင်းတိုက်ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟုဆိုကာ ဗန်းမော်ကျောင်းတိုက်တာ၀န်ရှိသူများက ကျောင်းတိုက်အတွင်း ဆက်လက်နေထိုင်ခွင့်မပြုဘဲ နှင်ချလိုက်ကြောင်း မန္တလေးသံဃသမဂ္ဂအသိုက်အဝန်းထံက သိရသည်။
"ဆေးကုသမှုခံယူနေရတဲ့ ဆရာတော်ဘုရားကြီးကတော့ သိရှာမယ်မထင်ဘူး။ အောက်က ရပ်/ ကျေးသံဃနာယက(အဖွဲ့)နဲ့ တိုက်အုပ်တို့ပေါင်းပြီးလုပ်ကြတဲ့ဒီကိစ္စမှာ ဆရာတော်ကြီးတွေလည်းဝေဖန်ခံနေရပြီ" ဟု စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။
သီတင်းသုံးခွင့် ပယ်ဖျက်ခံရသည့်ရဟန်းတော်သည် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဖြစ်သူ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဗန်းမော်ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်တော်မူခဲ့ဖူးသည့် ဗုဒ္ဓတက္ကသိုလ်မှ ကထိကဆရာတော်တစ်ပါးဖြစ်ပြီး ဘွဲ့အမည်ဦးဝိလာသဖြစ်ကြောင်းသိရသည်။
"လောကီစကားလုံးနဲ့ပြောရရင် အိမ်ကနေ နှင်ချလိုက်တယ်ပေါ့ဗျာ။ ဒီဆရာတော်က ဗန်းမော်တိုက်မှာနေခဲ့ဖူးတော့ ထောင်ကလွတ်လွတ်ချင်း သူ့ပစ္စည်းလေးတွေ သွားယူတာပေါ့။ အဲဒီမှာ တိုက်အုပ်က ကျောင်းမှာသတင်းသုံးခွင့်မပြုတော့ဘူးဆိုတဲ့စာကပ်တယ်။ ဗန်းမော်ကျောင်းတိုက်ထဲက ဘယ်ကျောင်းမှာမှ နေခွင့်မပြုတော့ဘူး သီတင်းသုံးခွင့် ပယ်ဖျက်တယ်ပေါ့ဗျာ" ဟု အမည်မဖော်ပြလိုသည့် ရဟန်းတော်တစ်ပါးကမိန့်သည်။
ဆရာတော်ဦးဝိလာသသည်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြပွဲများပြုလုပ်ကြစဥ်က မန္တလေးမြို့လူထုနှင့်အတူပါဝင်ရင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စစ်အုပ်စု၏ ကားဖြင့်တိုက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် သီတင်းသုံးခွင့် ပယ်ဖျက်ခဲ့မှုကြောင့် ဗန်းမော်ကျောင်းတိုက်သည် ရဟန်းများနှင့် ဒေသခံများ၏ ဝေဖန်မှုကိုခံနေရသည်။
ဗန်းမော်ကျောင်းတိုက်သည် မန္တလေး မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်အတွင်းတည်ရှိပြီး ဗန်းမော်ဆရာတော်ဘုရားကြီးသည် ကျောင်းတိုက်အတွင်း ဆေးဝါးကုသမှုခံယူတော်မူရင်း သီတင်းသုံးတော်မူနေကြောင်းသိရသည်။
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#Mizzima
#သီတင်းသုံးခွင့် ပယ်ဖျက်
#ဆရာတော်ဦးဝိလာသ
#ဗန်းမော်ကျောင်းတိုက်

😢23👍11👏2🤬2🤮2
ဆိုင်ကလုန်း မိုခါ အရေးပေါ်တုံ့ပြန်ခြင်း
-------------------------------------------------
CYLCLONE MOCHA EMERGENCY RESPONSE
ဆိုင်ကလုန်း မိုခါကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်းနှင့် ဘေးကင်းရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများကို မဇ္စျိမက တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုများကို မေ ၁၃ ရက်နေ့မှ မေ ၁၅ ရက်နေ့အထိ နေ့စဉ် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီမှ ၃နာရီအထိ ပြုလုပ်သွားမှာ ဖြစ်သည်။
ဆွေးနွေးမှုတွင် ဒေသခံများ၊ မီဒီယာသမားများ၊ နိုင်ငံရေးပါတီများ၊ ဒေသန္တရအုပ်ချုပ်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ပါဝင်နိုင်အောင် ဖိတ်ခေါ်ထားပါသည်။

👍24🔥2
စစ်တွေမြို့ မုန်တိုင်းဒီရေလှိုင်းအမြင့် ၇ပေ ကျော်ဝင်ရောက်နိုင်ကြောင်း သတိပေး
======================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်မှ ကမ်းရိုးတန်းမြို့ဖြစ်သော စစ်တွေမြို့သို့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမည့် ဒီရေလှိုင်း (Storm Surge)အမြင့် ၇ပေကျော်ခန့် ဝင်ရောက်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန နှင့် ဥရောပသမဂ္ဂ(EU) နှင့် ကုလသမဂ္ဂ(UN)တို့က ဦးစီးလုပ်ကိုင်နေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်စနစ် GDACS က ထုတ်ပြန်ထားကြသည်။
စစ်တွေမြို့သို့ မုန်တိုင်း ဒီရေလှိုင်းဝင်ရောက်လာနိုင်သည့် အခြေအနေကို အိန္ဒိယမိုးလေဝသဌာနနှင့်GDACSအပြင် မိုးလေ၀သပညာရှင်များကလည်း လတ်တလော၌ အရေးပေါ် သတိပေးနေသည်။
“နာဂစ်မှာ လူတွေဒီလောက်အများကြီး သေရတာဟာ "လေပြင်း"ကြောင့်မဟုတ် "ရေပြင်း"ကြောင့်ပါ။ ရေပြင်းဆိုတာက တန်ပေါင်းများစွာ အလေးချိန်ရှိတဲ့ရေထုကြီးက မုန်တိုင်းဝင်တဲ့အချိန် ကုန်းပေါ်ကို မိုင် ၁၀၀ ကျော် အလျင်နှုန်းနဲ့ ဝင်လာတာကြောင့်ပါဘဲ။ ၁၀ ပေါင်တူကို ကိုင်ပြီး လက်မဝက်လောက်ရှိတဲ့ သံပြားကြီးကို အားနဲ့ထုလိုက်ရင် သံပြားကြီးချိုင့်ဝင်သွားတဲ့ အားထက်တောင် များပါဦးမယ်” ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့မေလ ၁၃ရက် နံနက်အစောပိုင်းတွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားသတိပေးထားသည်။
အဆိုပါ Strom Surge(မုန်တိုင်းဒီရေလှိုင်း) အမြင့် ၇ပေကျော်နှင့် လေတိုက်နှုန်း ၁နာရီမိုင် ၁၀၀ နှုန်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းတွင် ဝင်ရောက်ခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ပြင်းအားတူကာ အဖျက်စွမ်းအားကြီးသည်ဟု ပညာရှင်များက ပြောသည်။
မုန်တိုင်းဒီရေလှိုင်း ဝင်ရောက်နိုင်သည့် နေရာများအား အရောင်ဖြင့် ပြထားသည့်ပုံများကိုလည်း ဖော်ပြထားပြီး အဆိုပါပုံတွင်းရှိ အရောင်မဖုံးသည့်နေရာများသို့ မုန်တိုင်းဒီရေကို ရှောင်နိုင်ကြောင်း ဦးဝင်းနိုင်က အသိပေးထားသည်။
ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ နေရာအများစု မုန်တိုင်းဒီရေ ဝင်ရောက်နိုင်ပြီး ရသေ့တောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ကျွန်းသာယာကျွန်း၊ ပေါက်တော၊ တောင်ကုတ်၊ မအီ၊ မြေငူကျွန်း စသည့် ဒေသများမှ ပြည်သူများ မုန်တိုင်းရှောင်ရန်လိုကြောင်း သတိပေးထားသည်။
မုန်တိုင်းဒီရေဆိုသည်မှာ မုန်တိုင်းတစ်ခု၏ အရှိန်ကြောင့် ပင်လယ်ရေမျက်နှာပြင်သည် ပုံမှန်ဒီရေ အမြင့်ထက် ပို မြင့်တက်လာမည့် အခြေအနေကို ဆိုလိုသည်။ မုန်တိုင်းဒီရေသည် ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းကြောင့် တိုက်ခတ်သည့် လေပြင်းထက် အန္တရာယ်ပိုကြီးသည်ဟု ပညာရှင်များကသတိပေးသည်။
မေလ ၁၄ရက် နေ့လယ်တွင် မုန်တိုင်းဦးတည်ဝင်ရောက်နိုင်ကြောင်း သတိပေးထားသည့် ရခိုင်ပြည်နယ်၌ မုန်တိုင်းရှောင်ပြည်သူ အများအပြားရှိနေသည်။ရခိုင်ပြည်နယ် စစ်တွေမြို့မှ အခြားဘေးလွတ်ရာသို့ မုန်တိုင်းရှောင်ကြသူများရှိသကဲ့သို့ စစ်တွေမြို့ရှိ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံအဆောက်အဦးများတွင် ပြောင်းရွှေ့နေထိုင်နေကြသူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ကယ်ဆယ်ရေးကားတွေလည်း ရှိတယ်။ စုပြီးငှားကြတဲ့ ကားတွေလည်း ရှိတယ်။ ဖရီးကား၊ ပရဟိတပုံမှန်ကားတွေရှိတယ်။ သွားကြတဲ့သူတွေ တော်တော်များများ ရှိတယ်။ ရွှေ့ပြောင်းထားတာတော့ ကားဝင်းထဲမှာရှိတဲ့ ရုံတွေ၊ ဓမ္မာရုံ ဘုန်းကြီးကျောင်းတွေမှာ ကျေးရွာသေးသေးလေးတွေက လာကြတယ်လို့ပြောတယ်” ဟု စစ်တွေဒေသခံတစ်ဦး ကပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ မောင်ကြီး
ဓါတ်ပုံ-KKS (စစ်တွေမြို့ကမ်းရိုးတန်းတစ်နေရာအား ယနေ့ မေ၁၃ ရက်နေ့၌တွေ့ရစဉ်)
#ရခိုင်ပြည်နယ်
#စစ်တွေမြို့
#Mochaမုန်တိုင်း
#မုန်တိုင်းဒီရေ

👍14