မုန်တိုင်းမိုးကြောင့် ညောင်ဦးတွင် ချောင်းရေကျော်၍ ကားနစ်
=====================
နွယ်
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ မင်းနန်သူကျေးရွာတွင် မိုးများပြီး မင်းနန်သူချောင်း ချောင်းရေကျော်ကာ ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က MARK (II) ကားတစ်စီး ရေနစ်နေ၍ သွားရောက်ကူညီပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။
“မိုးက ကျွန်တော်တို့ဆီမှာ ဒီနေ့ မနက်ကြီး ၁၂ ကျော် ၁ နာရီလောက်ကစပြီး မိုးများသွားတော့ ချောင်းရေကျော်တာကြောင့် ကားကလည်း ဝပ်သွားတော့ တက်မရတော့တာနဲ့ ဖုန်းဆက်ခေါ်လို့သွားခဲ့တာပါ” ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မဇ္ဈိမကိုပြောသည်။
ဆက်သွယ်မေးမြန်းချိန် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ညောင်ဦးမြို့၌ မိုးရပ်သွားသော်လည်း ချောင်းရေကျော်နေဆဲဖြစ်ပြီး မိုးရွာသွန်းစဉ်က လေတိုက်ခိုက်မှုလည်းရှိသောကြောင့် သစ်ပင်၊ သစ်ကိုင်း ကျိုးကျမှုအချို့လည်းရှိကြောင်း သိရသည်။
အလားတူ ပြင်ဦးလွင်မြို့တွင်လည်း ယနေ့နံနက်ပိုင်း လေပြင်းတိုက်ခိုက်မှုများကြောင့် သစ်ပင်အချို့ လမ်းမပေါ် ကျိုးကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလွန်အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ" ကြောင့် ယနေ့ နံနက်မှစကာ မေလ ၁၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အပြင် မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ စစ်ကိုင်းတိုင်းအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင်မိုးကြီးရေလျှံနိုင်ပြီး မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ကချင်ပြည်နယ်၌ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ လေ့လာသူ ဒေါ်စုစုစံက ယနေ့ နံနက်ပိုင်းတွင် ရေးသားထားသည်။
အလွန်အားပြင်းသောဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကို ယနေ့ မေလ ၁၃ ရက်နေ့တွင် အနီရောင်အဆင့်သတ်မှတ်ထားပြီး မေလ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်း စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသ လေ့လာသူများက ခန့်မှန်းထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မိုခါ
#စစ်တွေ
#ညောင်ဦး
#Mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#မိုခါ – Explore
explore #မိုခါ at Facebook
👍12
ဟင်္သာတမြို့ မီးရထားတိုင်းရုံးရှေ့ ဗုံးပေါက်ကွဲ၊ မီးရထားဝန်ထမ်း ၆ ဦးကို စစ်ကောင်စီဖမ်းဆီး
====================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ဟင်္သာတမြို့၊မီးရထားတိုင်း(၉)ရုံးရှေ့တွင် ယမန်နေ့ မေလ ၁၂ ရက် နံနက်က ဗုံးပေါက်ကွဲခဲ့ပြီး မီးရထားဝန်ထမ်း ခြောက် ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။
ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
" ပေါက်ပေါက်ချင်းပဲ တပ်နဲ့ရဲတွေရောက်လာပြီး လမ်းတွေပိတ်လိုက်တယ်။ဘယ်သူမှ အနားကပ်လို့မရတော့ဘူး။ကျွန်တော်ထင်တာ မီးရထားဝန်ထမ်းတွေက တပ်ကိုဖုန်းဆက်ခေါ်တာဖြစ်မယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများရောက်ရှိလာပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သည့်အတွက် ဖြုတ်သိမ်းသွားသည်ဟု သိရသည်။
စစ်အုပ်စုအား ဦးတည်ပစ်မှတ်ထားသည့်အဆိုပါ ဖောက်ခွဲမှုကို ၎င်းတို့ ဖော်ဆောင်ခဲ့ခြင်းဟု သင်္ဂါမဇိန PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြော သည်။တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ရန် စီစဥ်ခဲ့သော်လည်း စီစဥ်သည့်အတိုင်းဖြစ်မလာခဲ့သည့်အတွက်ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းက ဆိုသည်။
"ဗုံးတစ်လုံးဖောက်ခွဲပြီးတဲ့အချိန်မှာ တိုင်ပင်လွဲသွားလို့ကျွန်တော်တို့ ပြန်ဆုတ်ခဲ့တာပါ။ကျွန်တော်တို့ အားလုံးဘေးကင်းပါတယ်"ဟု ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ယခင်က CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် အလုပ်ပြန်ဝင်နေသည့် မီးရထားဝန်ထမ်း ခြောက် ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ထို့အပြင် မြို့ခံအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၅ ရက် ည ၇နာရီခန့်က ဟင်္သာတမြို စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်ထိုက်(ခ)ရဲရင့်ကို မဟူရာတွေ့မရှောင် ဒေသကာကွယ်ရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည်။ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြို့တွင်း၌ ခြေရှုပ်နေသည်ဟု မြို့ခံများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#ဟင်္သာတမြို့
#ဗုံးပေါက်ကွဲ
#စစ်ကောင်စီတပ်

👍10🔥1😁1
ဆိုင်ကလုန်းမုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲလက်နက်အန္တရာယ်များ သတိထားကြရန်လို
👍8🔥2

==================
ရွှေနွယ်
(မဇ္ဈိမ)။ ။ အလွန်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဝင်ရောက်သည့်အချိန်တွင် မိုးကြီးခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများသည် နဂိုမူလသတ်မှတ်နေရာများမှ အခြားနေရာများဆီသို့ ရွေ့လျားသွားနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် သတိပြုကြရန် Explosive Ordnance Risk Education in Myanmar မှ ထုတ်ပြန်ထားသည်။
အဆိုပါ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများအား တွေ့ရှိပါက ပြည်သူများအနေဖြင့် လုံးဝမထိရန်၊ မရွှေ့ရန်၊ မထုခွဲရန်လည်း သတိပေးထားသည်။
"မြေမြှုပ်မိုင်းဆိုတဲ့နေရာမှာ နင်းမိုင်းရှိတယ်၊ ကြွမိုင်းရှိတယ်။ အကယ်၍များ မိမိနင်းမိတာက နင်းမိုင်းမဟုတ်ခဲ့ဘဲ ကြွမိုင်းဖြစ်နေရင် နင်းမိပြီးတာနဲ့ ပြန်မကြွဖို့အတွက် သတိဝင်စေလိုပါတယ်။ နင်းမိုင်းကတော့ နင်းမိပြီးတာနဲ့ ပေါက်ကွဲတာပါ။ ကြွမိုင်းရဲ့သဘောက ပြန်ကြွမှ ပေါက်ကွဲတာပါ။ ခြေပြန်မကြွဘဲ နီးစပ်ရာ ကျွမ်းကျင်သူတွေဆီမှာ အကူအညီ တောင်းရပါမယ်။ မိုင်းရဲ့သဘောသဘာဝဟာ ရေဝင်မြေဝင်လို့ အသက်မဲ့သွားတယ်ဆိုတာ မရှိပါဘူး ဒါကို သာမန်ပြည်သူလူထုအနေနဲ့ အများကြီး သတိထားဖို့လိုပါတယ်” ဟု လက်နက်ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
မိုင်းများအား တပ်ဆင်သော မြှုပ်သော အဖွဲ့အစည်းအသီးသီးသည် မိမိမြှုပ်သော နေရာများအား မြေပုံဖြင့် အတိတကျ မှတ်သားကြလေ့ရှိသော်လည်း သဘာဝဘေးအန္တရာယ် ဝင်ရောက်လာ၍ နေရာရွေ့လျားသွားသည့်အခါ သတ်မှတ်နေရာများအတိုင်း ရှိနေမည်မဟုတ်တော့သောကြောင့် ပြည်သူလူထုအနေဖြင့် ကြီးစွာသတိထားကြရန် သတိပေးစကားဆိုသည်။
စစ်လက်နက်ပစ္စည်းများသည် များသောအားဖြင့် စစ်စိမ်းရောင်၊ ငွေမှင်ရောင်၊ မီးခိုးရောင် အသွင်ရှိပြီး မိမိပတ်ဝန်းကျင်အနီးတစ်ဝိုက် မသင်္ကာစရာ ပစ္စည်းတွေ့ရှိပါကလည်း အချင်းချင်း သတင်းအချက်အလက်များ မျှဝေကာ သတိပေးကြရန်လိုကြောင်း ဆိုသည်။
အလွန်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဝင်ရောက်မည့် ဒေသများသည် ရခိုင်ပြည်နယ်အပါအဝင် လက်ရှိတွင် စစ်ရေးအခြေအနေတင်းမာနေသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ အဓိကပါဝင်သည်။
တစ်နာရီ မိုင် ၁၀၀ မှ ၁၁၀ ကြား တိုက်ခတ်နှုန်းဖြင့် မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့မှတစ်ဆင့် ကုန်းတွင်းသို့ ဝင်ရောက်နိုင်သော ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ကြောင့် အဆိုပါဒေသများတွင် ယနေ့ မေလ ၁၃ ရက်နေ့မှစတင်ကာ မေလ ၁၅ ရက်နေ့အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရခိုင်ပြည်နယ်
#မိုခါမုန်တိုင်း
#မြေမြှုပ်မိုင်း

#ရခိုင်ပြည်နယ် – Explore
explore #ရခိုင်ပြည်နယ် at Facebook
👍13❤1🔥1😁1🤬1
Mizzima Weekly Sports အစီအစဉ်
=======================
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ .....
-တရုတ်ဖိုက်တာကို အနိုင်ရရှိခဲ့တဲ့ မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်း
-PSG က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ နေမာ
-'မမေ့နိုင်တဲ့ ခရီး' ဒါမှမဟုတ် ၁၈ နှစ်အကြာမှာ ဘာကာကနေ ထွက်ခွာတော့မယ့် ဘူးစကွက်စ်
-ဗင်နီဇွဲလားရဲ့ 'အသက်အကြီးဆုံး' ဘေ့စ်ဘောပရိသတ် အသက် ၁၀၄ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ အကြောင်းတွေအပါအဝင် စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/e50Uh7PZ8E4
#weeklysports
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Mizzima Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
-တရုတ်ဖိုက်တာကို အနိုင်ရရှိခဲ့တဲ့ မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်း
-PSG…

👍6
ကန့်ဘလူရှိ ရွာ ၈ ရွာ စစ်တပ်က မီးရှို့၊ ပြည်သူ ၁၁ ဦးကိုဖမ်းဆီးထား
=================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း မေလ ၁ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ ၁၂ ရက်တာကာလအတွင်း ကျေးရွာ ရှစ်ရွာမှ နေအိမ်ပေါင်း ၁၇၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၁၁ ဦးလည်းဖမ်းဆီး ခံထားရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ကြေညာထားသည်
စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)တပ်မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ကန့်ဘလူခရိုင် ဇီးကုန်တိုက်နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဖိုလ်ကုန်း ကျေးရွာ မှ နေအိမ် ၃၁လုံး၊ ထောက်ရှာအိုင် ကျေးရွာမှ နေအိမ် ၈၃ လုံး နှင့် ခအုံးတာ ကျေးရွာမှ နေအိမ် ၁၃ လုံးတို့ကိုအကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ထောက်ရှာအိုင် ကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၁၁ ဦးကိုလည်း ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကာဘိုးတိုက်နယ် အခြေစိုက် ခမရ (၃၆၈)တပ်သည်လည်း ကန့်ဘလူခရိုင် ကာဘိုးတိုက်နယ်အတွင်းရှိ သိုးဘိုး ကျေးရွာမှ နေအိမ် ၁၅ လုံးနှင့် ချင်မြစ်ကျင်းကျေးရွာမှ နေအိမ် ငါးလုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းကျေးရွာနှင့် ဖလံချိုင်ကျေးရွာ များရှိ နေအိမ်များကို ခမရ (၃၆၁) နှင့် ခမရ (၃၆၈) တပ် နှစ်ခုပေါင်းပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ သရက်ခေါင်းရွာမှ နေအိမ် ငါးလုံး နှင့် ဖလံချိုင်ရွာမှ နေအိမ် ၂၆ လုံး မီးလောင်ပျက်စီးခဲ့သည်။
ယင်းအပြင် ညောင်ပေါင်ရင်း ကျေးရွာကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများက ဝင်ရောက်မီးရှို့ခဲ့ရာ ပျက်စီးဆုံးရှုံးမှုကို မသိရသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြထားသည်။
စစ်ကောင်စီတပ်များသည် မေလ ၁ ရက်နေ့ မှ စတင်ကာ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများကို ရွာစဉ်လှည့် စစ်ကြောင်းထိုးမီးရှို့နေသောကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကြောင်းထိုး
#မီးရှို့
#ကန့်ဘလူခရိုင်
#တိမ်းရှောင်

👍7🤬6🔥1🥰1😁1
"စစ်တွေမြို့က မုန်တိုင်းရှောင်စခန်းတွေမှာ လူ ၁၅,၀၀၀ လောက်ရှိနေပြီ"
======================
KMN (မဇ္ဈိမ) ။ ။ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် မေလ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ ၁၃ရက် မနက်ပိုင်းတွင် ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်သန်းသွားမည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်လည်း မုန်တိုင်းဒဏ်ရှောင်ရန် မြို့ခံများက နီးစပ်ရာမြို့များသို့ ထွက်ခွာနေကြပြီး အချို့မှာ မြို့တွင်းကုန်းမြင့် မုန်တိုင်းရှောင်စခန်းများ၌ ပြောင်းရွှေ့ခိုလုံနေကြပြီဖြစ်သည်။
စစ်တွေမြို့တွင် ယနေ့ မေလ ၁၃ ရက်နေ့အထိ လူဦးရေ ၂,၀၀၀ အထက်ဆံ့သည့် မုန်တိုင်းကယ်ဆယ်ရေးစခန်း သုံးခု ခန့် ၊ လူဦးရေ ၅၀ ဝန်းကျင်ဆံ့ ကယ်ဆယ်ရေးစခန်း၂၁၀ ခန့်နှင့် မုန်တိုင်းကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေသူပေါင်း ၁၅,၀၀၀ ခန့်ရှိနေသည်။
စစ်တွေမြို့ရှိ ဒေသခံများ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ မည်သို့ ပြင်ဆင်နေကြကြောင်း လူမူကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်တွေမြို့ခံ စာရေးဆရာ ဝေဟင်အောင်ကို မဇ္ဈိမရုပ်သံသတင်းထောက် KMN က ဆက်သွယ်မေးမြန်းထားသည်။
https://youtu.be/Ki-sYCltSAg
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima
#စစ်တွေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
KMN (မဇ္ဈိမ) ။ ။ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် မေလ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ ၁၃ရက် မနက်ပိုင်းတွင် ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဖြတ်သန်းသွားမည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်လည်း မုန်တိုင်းဒဏ်ရှောင်ရန် မြို့ခံများက နီးစပ်ရာမြို့များသို့ ထွက်ခွာနေကြပြီး အချို့မှာ မြို့တွင်းကုန်းမြင့် မုန်တိုင်းရှောင်စခန်းများ၌ ပြောင်းရွှေ့ခိုလုံနေကြပြီဖြစ်သည်။
စစ်တွေမြို့တွင် ယနေ့ မေလ ၁၃ ရက်နေ့အထိ လူဦးရေ ၂,၀၀၀ အထက်ဆံ့သည့် မုန်တိုင်းကယ်ဆယ်ရေးစခန်း သုံးခု ခန့် ၊ လူဦးရေ ၅၀ ဝန်းကျင်ဆံ့ ကယ်ဆယ်ရေးစခန်း၂၁၀ ခန့်နှင့် မုန်တိုင်းကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေသူပေါင်း ၁၅,၀၀၀ ခန့်ရှိနေသည်။
စစ်တွေမြို့ရှိ ဒေသခံများ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ မည်သို့ ပြင်ဆင်နေကြကြောင်း လူမူကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်တွေမြို့ခံ စာရေးဆရာ ဝေဟင်အောင်ကို မဇ္ဈိမရုပ်သံသတင်းထောက် KMN က ဆက်သွယ်မေးမြန်းထားသည်။
https://youtu.be/Ki-sYCltSAg
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima
#စစ်တွေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"စစ်တွေမြို့က မုန်တိုင်းရှောင်စခန်းတွေမှာ လူ ၁၅,၀၀၀ လောက်ရှိနေပြီ"
KMN (မဇ္ဈိမ) ။ ။ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”(MOCHA)သည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် မေလ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဖြတ်ကျော် နိုင်သည့်အတွက်…
👍9❤1👏1
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နေ ဒေသခံများ ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း
👍10👏1
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နေ ဒေသခံများ ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း
======================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ၊စစ်တွေမြို့ရှိ ဒေသခံများ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။
မိုခါ(Mocha) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည်ဟူသည့် ခန့်မှန်းချက်များကြောင့် စစ်တွေမြို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြပြီး အချို့မှာလည်း စားစရာများသိုလှောင်ကာ လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“လက်ရှိ မြို့ရဲ့လူဦးရေ သုံးပုံနှစ်ပုံလောက်ကတော့ မြို့ပြင်မှာ ခိုနေကြတယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ မြို့ထဲက တချို့လူတွေပေါ့နော့် တချို့လူတွေက မိမိတို့အစီအစဉ်နဲ့ ရွှေ့ပြောင်းကြတဲ့ဟာရှိတယ်။ တချို့ကကျတော့ စစ်တွေမြို့ရဲ့ ကုန်းမြင့်ဒေသပေါ့။ အာကြက်ကုန်းဆိုတာ ရှိတယ်။ အဲ့ဒီမှာ ခိုင်မာတဲ့ ဘုန်းကြီးကျောင်းတွေရှိတယ်။ အဲ့ဒီဘုန်းကြီးကျောင်းတွေမှာ မြို့ထဲကလူတွေတချို့ အဲ့ဒီမှာ နေရာချထားတယ်။ လက်ရှိ ၁၅,၀၀၀ ပတ်ဝန်းကျင်လောက် အဲ့ဒီဘုန်းကြီးကျောင်းထဲမှာ လာရောက်ခိုလှုံလျက်ရှိပါတယ်” ဟု စစ်တွေမြို့တွင် မုန်တိုင်းရှောင်သူများအား ကူညီပေးနေသည့် ကိုဝေဟင်အောင်က ပြောသည်။
ယနေ့နံနက်ပိုင်းတွင် မုန်တိုင်းရှောင်မည့် ထောင်နှင့်ချီသည့် ဒေသခံများသည် စစ်တွေမြို့မှ အခြားမြို့သို့ ပြောင်းရွှေ့နေကြပြီး အချို့မှာ ကုန်းမြင့်ပိုင်းဒေသရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
“ကားတွေရာချီပြီးတော့ ပြောင်းနေကြတာတွေ့ရတယ်။ လက်ရှိ ၅၀,၀၀၀ လောက်က စစ်တွေမြို့ ဧရိယာမှာပဲ ရှောင်နေကြတာပေါ့။ ကုန်းမြင့်ဒေသပေါ့။ အာကြက်တော်ကုန်းလို့ ခေါ်ပါတယ်။ အဲ့ဒီမှာ ဘုန်းကြီးကျောင်း တော်တော်များတယ်ပေါ့နော်။ အဲ့ဒီမှာ လူဦးရေ ငါးသောင်းလောက် ရှိမှာပါ””ဟု စစ်တွေမြို့မှဒေသခံ ဦးခိုင်ကောင်းစံ
က မဇ္ဈိမကိုပြောသည်။
မုန်တိုင်းရှောင်ရာတွင် စုပေါင်းနေထိုင်ကြသူများမှ အချို့သည် ၎င်းတို့အစီအစဉ်ဖြင့် ချက်ပြုတ်စားသောက်သည်များရှိသကဲ့သို့ စုပေါင်း စားသောက်ကြသည်များလည်းရှိကြောင်း သိရသည်။
“အဲ့ဒီက ဘုန်းကြီးကျောင်း ၄၀လောက်ရှိတယ်။ လောလောဆယ်မှာတော့ အာလူးတွေ ဘာတွေလာလှူကြတာတော့ရှိတယ်။ ဒါပေမယ့် တော်တော်နည်းတယ်ပေါ့နော်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။ လက်ရှိတွင် စစ်တွေမြို့၌ မိုးအုံ့ဆိုင်းနေကာ အချို့နေရာတွင် မိုးအနည်းငယ်ရွာသွန်းနေပြီး ကမ်းခြေဘက်တွင် လှိုင်းအနည်းငယ်ထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
"ညတုန်းကတော့ လေနဲ့မိုးနဲ့ ၁၅မိနစ် မိနစ်၂၀လောက်တော့ ရွာသွားတယ်။ လေရောမိုးရော။ ပြီးတော့ ပြန်ငြိမ်ပြီး တစ်ညလုံးဘာမှ မဖြစ်တော့ဘူး။ ခုလောလောဆယ်တော့ ငြိမ်နေတယ်။ လှိုင်းကတော့ ပင်လယ်ဘက်ကမ်းမှာ လှိုင်းတော်တော်ရိုက်တယ်လို့ ပြောနေတယ်” ဟု စစ်တွေမြို့တွင်နေထိုင်သည့် အခြားဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ည ၁၂ နာရီခန့်တွင် စစ်တွေမြို့၌ မိုးနှင့် လေပြင်း ၁၅မိနစ်ခန့် တိုက်ခတ်ခဲ့ပြီး လက်ရှိတွင် စစ်တွေမြို့၌ လူသွားအလာ နည်းလာကာ ကုန်စုံဆိုင်အများစုလည်း ပိတ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရခိုင်ပြည်နယ်
#စစ်တွေမြို့နယ်

👍5