မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နေ ဒေသခံများ ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း
👍10👏1

======================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ၊စစ်တွေမြို့ရှိ ဒေသခံများ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။
မိုခါ(Mocha) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည်ဟူသည့် ခန့်မှန်းချက်များကြောင့် စစ်တွေမြို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြပြီး အချို့မှာလည်း စားစရာများသိုလှောင်ကာ လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“လက်ရှိ မြို့ရဲ့လူဦးရေ သုံးပုံနှစ်ပုံလောက်ကတော့ မြို့ပြင်မှာ ခိုနေကြတယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ မြို့ထဲက တချို့လူတွေပေါ့နော့် တချို့လူတွေက မိမိတို့အစီအစဉ်နဲ့ ရွှေ့ပြောင်းကြတဲ့ဟာရှိတယ်။ တချို့ကကျတော့ စစ်တွေမြို့ရဲ့ ကုန်းမြင့်ဒေသပေါ့။ အာကြက်ကုန်းဆိုတာ ရှိတယ်။ အဲ့ဒီမှာ ခိုင်မာတဲ့ ဘုန်းကြီးကျောင်းတွေရှိတယ်။ အဲ့ဒီဘုန်းကြီးကျောင်းတွေမှာ မြို့ထဲကလူတွေတချို့ အဲ့ဒီမှာ နေရာချထားတယ်။ လက်ရှိ ၁၅,၀၀၀ ပတ်ဝန်းကျင်လောက် အဲ့ဒီဘုန်းကြီးကျောင်းထဲမှာ လာရောက်ခိုလှုံလျက်ရှိပါတယ်” ဟု စစ်တွေမြို့တွင် မုန်တိုင်းရှောင်သူများအား ကူညီပေးနေသည့် ကိုဝေဟင်အောင်က ပြောသည်။
ယနေ့နံနက်ပိုင်းတွင် မုန်တိုင်းရှောင်မည့် ထောင်နှင့်ချီသည့် ဒေသခံများသည် စစ်တွေမြို့မှ အခြားမြို့သို့ ပြောင်းရွှေ့နေကြပြီး အချို့မှာ ကုန်းမြင့်ပိုင်းဒေသရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
“ကားတွေရာချီပြီးတော့ ပြောင်းနေကြတာတွေ့ရတယ်။ လက်ရှိ ၅၀,၀၀၀ လောက်က စစ်တွေမြို့ ဧရိယာမှာပဲ ရှောင်နေကြတာပေါ့။ ကုန်းမြင့်ဒေသပေါ့။ အာကြက်တော်ကုန်းလို့ ခေါ်ပါတယ်။ အဲ့ဒီမှာ ဘုန်းကြီးကျောင်း တော်တော်များတယ်ပေါ့နော်။ အဲ့ဒီမှာ လူဦးရေ ငါးသောင်းလောက် ရှိမှာပါ””ဟု စစ်တွေမြို့မှဒေသခံ ဦးခိုင်ကောင်းစံ
က မဇ္ဈိမကိုပြောသည်။
မုန်တိုင်းရှောင်ရာတွင် စုပေါင်းနေထိုင်ကြသူများမှ အချို့သည် ၎င်းတို့အစီအစဉ်ဖြင့် ချက်ပြုတ်စားသောက်သည်များရှိသကဲ့သို့ စုပေါင်း စားသောက်ကြသည်များလည်းရှိကြောင်း သိရသည်။
“အဲ့ဒီက ဘုန်းကြီးကျောင်း ၄၀လောက်ရှိတယ်။ လောလောဆယ်မှာတော့ အာလူးတွေ ဘာတွေလာလှူကြတာတော့ရှိတယ်။ ဒါပေမယ့် တော်တော်နည်းတယ်ပေါ့နော်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။ လက်ရှိတွင် စစ်တွေမြို့၌ မိုးအုံ့ဆိုင်းနေကာ အချို့နေရာတွင် မိုးအနည်းငယ်ရွာသွန်းနေပြီး ကမ်းခြေဘက်တွင် လှိုင်းအနည်းငယ်ထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
"ညတုန်းကတော့ လေနဲ့မိုးနဲ့ ၁၅မိနစ် မိနစ်၂၀လောက်တော့ ရွာသွားတယ်။ လေရောမိုးရော။ ပြီးတော့ ပြန်ငြိမ်ပြီး တစ်ညလုံးဘာမှ မဖြစ်တော့ဘူး။ ခုလောလောဆယ်တော့ ငြိမ်နေတယ်။ လှိုင်းကတော့ ပင်လယ်ဘက်ကမ်းမှာ လှိုင်းတော်တော်ရိုက်တယ်လို့ ပြောနေတယ်” ဟု စစ်တွေမြို့တွင်နေထိုင်သည့် အခြားဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ည ၁၂ နာရီခန့်တွင် စစ်တွေမြို့၌ မိုးနှင့် လေပြင်း ၁၅မိနစ်ခန့် တိုက်ခတ်ခဲ့ပြီး လက်ရှိတွင် စစ်တွေမြို့၌ လူသွားအလာ နည်းလာကာ ကုန်စုံဆိုင်အများစုလည်း ပိတ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရခိုင်ပြည်နယ်
#စစ်တွေမြို့နယ်
#မိုခါမုန်တိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5
ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခင်၊ တိုက်ချိန်နဲ့ တိုက်ပြီးနောက် ဘာတွေ လုပ်ရမလဲ
========================
ကမ္ဘာ့ကမ်းရိုးတန်းဒေသတွေမှာ နှစ်စဉ်ဆိုသလို အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရမှုတွေ ကြီးကြီးမားမား ဖြစ်ရပါတယ်။ ဆိုင်ကလုန်းတွေဟာ လေဖိအားနည်း ရပ်ဝန်းရဲ့ အလယ်ဗဟို တစ်ဝိုက် တိုက်ခိုက်တဲ့ လေတွေကြောင့် ဖြစ်ရတဲ့ အကြီးစား မုန်တိုင်းတွေပါပဲ။ အီကွေတာအနီး ပူနွေးတဲ့ ပင်လယ်ရေပြင်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းတွေ ဖွဲ့တည်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ တိုက်ခိုက်တဲ့ လေက နာရီပြောင်းပြန် လှည့်ပတ်ပြီး တောင်ဘက်ခြမ်းမှာတော့ နာရီလက်တံအတိုင်း တိုက်ခတ်ပါတယ်။ ဆိုင်ကလုန်းအဖြစ် ဖွဲ့တည်တဲ့ မုန်တိုင်းရဲ့ အလယ်ဗဟိုဟာ တိမ်ကင်းစင်ပြီး ဒါကို မုန်တိုင်းမျက်စိလို့ ခေါ်ပါတယ်။ ကမ္ဘာ့မိုးလေဝသဌာနအရ ဆိုင်ကလုန်းတွေကို အပူပိုင်း ဆိုင်ကလုန်းနဲ့ အပူလွန် ဆိုင်ကလုန်းဆိုပြီး အမျိုးအစား ခွဲထားပါတယ်။
မုန်တိုင်းရာသီ ကမ်းရိုးတန်းဒေသတွေမှာ ဆိုင်ကလုန်း မုန်တိုင်း မတိုက်ခင် ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။ ဆိုင်ကလုန်း မတိုက်ခတ်ခင် ကြိုတင်ပြင်ဆင်ရမှာကတော့

👍9
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" အရေးပေါ်တုံ့ပြန်ရေးအတွက် NUG မှ အမေရိကန်ဒေါ်လာ ၁ သန်း မ တည်မည်
👍12❤6😁3

===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ" (MOCHA) အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၈နာရီ ၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သန်း မတည် ဆောင်ရွက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။
အဆိုပါအစည်းအဝေးမှ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ကို ဖွဲ့စည်းအတည်ပြုခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ တစ်သန်း မ တည် ဆောင်ရွက်ရန် ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ ၁၀% မှ သုံးစွဲရန်နှင့် နိုင်ငံတကာအကူအညီများရရှိရေးနှင့် NUG မူဝါဒ ကြေညာချက်ထုတ်ပြန်ရေးအတွက် EOCC ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရန်တို့အပါအဝင် မုန်တိုင်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အခြားသော ပြည်ထောင်စုဝန်ကြီးများ၊ လူသားချင်းစာနာထောက်ထားရေးနှင့် မုန်တိုင်းသက်ရောက်နိုင်သည့် ပြည်နယ်၊ တိုင်းများရှိ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း အဓိကဝင်ရောက်မည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြသည်။
ယခု "မိုခါ" မုန်တိုင်းကဲ့သို့ပင် အင်အားပြင်းထန်သော ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသည် လူအသေအပျောက် စုစုပေါင်း ၁၃၈,၃၅၅ ဦးအထိဖြစ်စေခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး $၁၀ ဘီလီယံ အထိရှိခဲ့သည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က သတင်းအချက်အလက်မျှဝေချိန်နှောင့်နှေးခြင်း သတင်းပျံ့နှံ့မှုနှေးကွေးခြင်းတို့ကြောင့် ဒေသခံများတိမ်းရှောင်ချိန်မရလိုက်သည့်အတွက် ထိခိုက်သေဆုံးပျက်စီးမှု အများအပြားဖြစ်ပေါ်ခဲ့သော်လည်း ယခု "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်တွင် သတင်းအချက်အလက်မျှဝေမှု မြန်ဆန်ခြင်းနှင့် ဒေသခံများ အချိန်မီပြောင်းရွှေ့နေခြင်းများကြောင့် ထိခိုက်ပျက်စီးမှုနည်းစေရန် ပြည်သူများမှလည်း မျှော်မှန်းထားကြသည်။
ရခိုင်ပြည်နယ်တွင် မုန်တိုင်းအဓိကထိရောက်မည့်နေရာများတွင် နေထိုင်ကြသော ဒေသခံများ၏ ရွှေ့ပြောင်းရေးအား လက်ရှိတွင် ရခိုင့်တပ်တော် (AA) မှလည်း များစွာ ဦးစီးဦးဆောင်ပြုကူညီနေသကဲ့သို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းအသီးသီးမှလည်း ကူညီဆောင်ရွက်လျက်ရှိကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima

👍21❤3😁2
မန္တလေးတွင် ၃ လောင်းပြိုင်လူသတ်မှုဖြစ်ပွား တရားခံဖမ်းမိထားဟုဆို
================
007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၊ တံခွန်တိုင်ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းတစ်ခုအတွင်း၌ ယမန်နေ့ မေလ ၁၂ရက် နေ့လယ် ၁ နာရီခွဲအချိန်ခန့်က သုံးလောင်းပြိုင်လူသတ် မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“စုစုပေါင်း သုံးယောက် ဓားနဲ့ထိုးခံရတာ၊ နှစ်ယောက်က ပွဲချင်းပြီးသေတယ်၊ နောက်တစ်ယောက်ကတော့ စိုးရိမ်ဒဏ်ရာတွေနဲ့ ဆေးရုံပို့ထားတာ ဆေးကုနေရင်း သေတယ်၊ သုံးလောင်းပြိုင်လူသတ်မှုပါပဲ” ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အခင်းဖြစ်စဉ်တွင် အသက် ၃၈ နှစ်အရွယ် မအေးအေးစိုးသည်၊ ဝဲလည်ပင်း ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးကြောင်း၊ အသက် ၃၈ နှစ်အရွယ် ကိုထွန်းမင်းလတ်သည် ဝဲဦးခေါင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲနားရွက်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးကြောင်း၊ အသက် ၄၂ နှစ်အရွယ် ကိုစိုးလှိုင်ဦးသည် ၀မ်းဗိုက်ဖောက်၀င်ဒဏ်ရာ တစ်ချက်၊ ဝဲယာလက်မောင်းပြတ်ရှဒဏ်ရာ တစ်ချက်စီနှင့် စိုးရိမ်ဒဏ်ရာများရရှိသဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးထားရာမှ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုက်အ၀န်းထံမှ သိရသည်။
၎င်းတို့သုံးဦးအား ချမ်းမြသာစည်မြို့နယ် တမ္ပ၀တီရပ်ကွက်နေ အောင်ကျော်ထက်ဆိုသူက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် တမ္ပ၀တီရပ်ကွက်အတွင်းရှိ ဆေးခန်းတစ်ခု၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
လက်ရှိတွင် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက်၊ ဖမ်းဆီးထားသူအား စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#ပြည်ကြီးတံခွန်မြို့နယ်
#လူသတ်မှု

👍15👏1
မြန်မာနိုင်ငံဟာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းရဲ့ ခြိမ်းခြောက်မှုကို ကြုံရချိန်မှာတော့ ၂၀၀၈ က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကာလကထက် ကောင်းမွန်နေပါပြီ။
=========================
မဇ္ဈိမ အယ်ဒီတာ့ အာဘော်
ဒီကနေ့မှာဆို ပိုမို ကောင်းမွန်တဲ့ ဆက်သွယ်ရေး၊ အရေးပေါ် လုပ်ထုံးလုပ်နည်းတွေနဲ့ ခြိမ်းခြောက်နေတဲ့ မုန်တိုင်း သတိပေးချက်တွေကို အချိန်နဲ့အမျှ သိနိုင်ဖို့ ပြည်သူအများစု လက်ထဲမှာ မိုဘိုင်းဖုန်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ မိုးသည်းထန်ပြီး လေပြင်းတိုက်တာနဲ့အတူ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ရှိမယ့် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအတွက် နာဂစ်ကာလကလို မဟုတ်တော့ပါဘူး။
၂၀၀၈ တုန်းက မြန်မာအာဏာပိုင်တွေဟာ အမှားကြီး မှားခဲ့ကြပါတယ်။ နာဂစ်ဆိုင်ကလုန်းရဲ့ ခြိမ်းခြောက်မှုအကြောင်း ကြိုတင် သတိပေးရမယ့်အစား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ဒေသအများစုမှာ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေဖို့ မဆိုစလောက် ဒါမှမဟုတ် လုံးဝ ကူညီဆောင်ရွက်တာ မရှိခဲ့ပါ။ ဒီအတွက် အိမ်တွေ၊ လယ်မြေတွေ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကျေပျက်စီးနှုန်းဟာ ကြီးမားခဲ့ပြီး ပြည်သူတွေ သေဆုံးနှုန်းဟာ ကြောက်ခမန်းလိလိ ၁၃၈,၃၇၃ ဦးအထိ ရှိခဲ့ပါတယ်။
ဒီကနေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီ အာဏာပိုင်တွေ အပါအဝင် သက်ဆိုင်ရာ အားလုံးဟာ နောက်ထပ် ကြောက်မက်ဖွယ် သဘာဝဘေးတစ်ရပ်ကို တားဆီးနိုင်ရေးအတွက် ထဲထဲဝင်ဝင် ကူညီဖို့ လိုပါပြီ။
မိုခါဆိုင်ကလုန်းဟာ နာဂစ်ထက် ဖျက်ဆီးမှု နည်းမယ်ဆိုရင်တောင် စောင့်နေတာထက် ပြည်သူတွေကို ကာကွယ်ပေးရေး ထဲထဲဝင်ဝင် တုံ့ပြန်ဆောင်ရွက်ဖို့က ပိုကောင်းမှာ ဖြစ်ပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီး ကုန်းတွင်းကို တနင်္ဂနွေနေ့မှာ ဝင်ရောက်လိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသဌာနအရ သိရပါတယ်။ မိုခါဟာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၈၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင်း မြေနိမ့်ကမ်းရိုးတန်းဒေသတွေမှာ ဒီလိုင်း ခြောက်ပေမှ ရှစ်ပေအကြား ထိုးတက်မယ်လို့ ယင်းဌာနက ခန့်မှန်းပါဝယ်။ ရခိုင်ပြည်နယ်က မြေနိမ့်ပိုင်း ကျေးရွာတွေက ပြည်သူတွေလည်း ဘေးကင်းရာဒေသတွေမှာ ခိုလှုံဖို့ ရွှေ့ပြောင်းနေကြပါပြီ။
ပြည်သူတွေအနေနဲ့ ဘယ်လိုတွေ တုံ့ပြန်သင့်ပါသလဲ။ မုန်တိုင်းကြီးတွေနဲ့ ဟာရီကိန်းတွေနဲ့ပတ်သက်ပြီး အမေရိကန် အကြံပေးတစ်ဦး ဆိုထားတာကတော့ သံသယရှိတယ်ဆို ဘာမှ လုပ်မနေပါနဲ့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းပါ ဆိုတာပါပဲ။ တစ်နာရီ မိုင် ၁၀၀ နဲ့အထက် လေတိုက်နှုန်းရှိမယ့် ဟာရီကိန်းနဲ့ မုန်တိုင်းတွေနဲ့ ပတ်သက်ရင် သံသယကြောင့် အသက်နဲ့ ရင်းဖို့တော့ မထိုက်တန်ပါဘူး။ ဒီ မုန်တိုင်းတွေဟာ သေကျေပျက်စီးစေပြီး ဖျက်အားကြီးကြတာ ဖြစ်ပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ့သမိုင်းမှာ ဆိုးဝါးတဲ့ အမည်းစက်ပါပဲ။ နာဂစ်ကြောင့် ဒီ အဖြစ်ဆိုးမျိုး ထပ်အဖြစ်မခံဘူး ဆိုပေမယ့် အရေးပေါ် လုပ်ငန်းအစီအစဉ်တွေအတွက် အာဏာပိုင်တွေနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးသူတွေ ဘယ်လောက်ထိ ပြင်ဆင်ထားကြသလဲဆိုတာ မရှင်းလင်းပါ။
အာဏာပိုင်တွေနဲ့ လူသားချင်း စာနထောက်ထားရေး အကူအညီပေးသူတွေအနေနဲ့ ပြည်သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးဖို့ အရင်းအမြစ်တွေ စုထားဖို့ လိုအပ်သလို လာတော့မယ့် ဖျက်ဆီးမှုပြင်း လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းအတွက် ပြင်ဆင်ကြရမှာပါ။ သက်ဆိုင်ရာအားလုံးဟာ အတူတကွ ဆောင်ရွက်ကြဖို့ လိုအပ်ပြီး သက်ရောက်နိုင်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် စုပေါင်းအားထုတ်ကြရမှာ ဖြစ်ပါတယ်။
စောင့်ဆိုင်းနေတာထက် မုန်တိုင်း ဝင်လာမှာအတွက် အရှိန်မြှင့် ပြင်ဆင်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်ကို အားချင်း တိုက်တွန်းရမှာပါ။
အရေးကြီးတဲ့ အချက်ကတော့ ဆိုင်ကလုန်း မိုချာမှာ ခြိမ်းခြောက်မှု နှစ်ရပ် ရှိနေပါတယ်။ ပထမကတော့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ပင်လယ်ရေနဲ့ မြစ်ရေတွေ မြင့်တက်တာတွေရဲ့ အန္တရာယ်တွေက ပြည်သူတွေ၊ ကျွဲနွားတိရစ္ဆာန်တွေ၊ သန်းပေါင်းများစွာသော လူနေအိမ်တွေ အပါအဝင် အခြေခံအဆောက်အအုံတွေကို ခြိမ်းခြောက်နေတာပါ။ ဒုတိယကတော့ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနဲ့ ခိုလှုံရာတွေ အပါအဝင် အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့အတွက် စိန်ခေါ်မှုပါပဲ။ ဒါတင်မက မိုခါ တိုက်ခတ်သွားပြီးနောက်မှာ နောက်ဆက်တွဲ ကြုံလာရမယ့် အသက်အန္တရာကို ခြိမ်းခြောက်နိုင်တဲ့ ပျက်စီးမှုကို တားဆီကာကွယ်ရေးကလည်း အရေးကြီးပါတယ်။
နာဂစ်တုန်းက ဒါတွေကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တာကို မေ့ပစ်လို့ မဖြစ်ပါ။

👍14🔥1
Sudan နိုင်ငံအရေးအခင်းနဲ့ Bitcoinစိန်ခေါ်မှု
========
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve
မြန်မာနိုင်ငံလိုပဲ ကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်ခဲ့ဖူးတဲ့ ဆူဒန်နိုင်ငံဟာ လွတ်လပ်ရေးရပြီးတော့ အာဏာသိမ်းတာအကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကလည်း မြန်မာနိုင်ငံနဲ့ရှေ့ဆက်နောက်ဆက် အာဏာအသိမ်းခံခဲ့ရပါတယ်။
ဆူဒန်နိုင်ငံဟာ ၁၉၅၆ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံလိုပဲ မကြာခဏ အာဏာသိမ်းခံရတာတွေ ဖြစ်ခဲ့ပါတယ်။
ဆူဒန်မြို့တော် ခါတွမ်မှာ အစိုးရစစ်တပ်နဲ့ အစိုးရဆန့်ကျင်တဲ့ တပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တခြားနိုင်ငံတွေကလည်း ဆူဒန်မှာရှိတဲ့ သူတို့နိုင်ငံသားတွေကို ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ပါတယ်။
ဆူဒန်စစ်တပ်နဲ့ Rapid Support Forces (RSF) တို့ရဲ့ ဆော်ဒီအာရေဗျနိုင်ငံ ဂျဒ်ဒါမြို့မှာ တစ်ပတ်ကျော်ကြာ တွေ့ဆုံ ဆွေးနွေးပွဲလုပ်ပြီး မြေပြင်မှာရှိတဲ့ လူသားချင်းစာနာမှုတွေကို ဆောင်ရွက်ဖို့ မေလ ၁၁ ရက်နေ့က သဘောတူခဲ့ပါတယ်။ တစ်ခု ရှိတာက ဒီ သဘောတူချက်ဟာ အပစ်အခက်ရပ်ဖို့ မဟုတ်ဘဲ မြေပြင်မှာရှိတဲ့ ဆူဒန် ပြည်သူတွေကို ကာကွယ်ဖို့ အတွက် သဘောတူညီချက်ပဲ ဖြစ်ပါတယ်။
ဆူဒန်နိုင်ငံမြို့တော် ခါတွန်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့တွင်းမှာ လူတွေ သန်းနဲ့ချီပြီး ပိတ်မိနေဆဲဖြစ်ပြီး အစားအစာလည်း မလုံမလောက် ဖြစ်လာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အပြီးမှာ လက်ရှိအချိန်အထိ လူ ၆၀ဝ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုတွေက ၅၀၀၀ ကျော် ဝန်းကျင်ရှိတယ်လို့ သတင်းပေးပို့မှုတွေ ရှိနေပြီး တကယ်တမ်း လူသေနှုန်းက အဲဒီထက် များနိုင်တယ်လို့ ဆိုပါတယ်။
ဆူဒန်စစ်တပ် ဗိုလ်ချုပ် အဘဒယ် ဖာတာ အယ်လ်ဘာဟန်နဲ့ အမြန်ထောက်ကူတပ် ဗိုလ်ချုပ် မာဟာမက် ဟမ်ဒမ် ဒဂယ်လို တို့ အာဏာလုကြရာက အခုလို ဖြစ်တယ်လို့ ဆိုပြီး RSF ကို စစ်တပ်အောက်ထဲ ထည့်သင့် မထည့်သင့် ဆွေးနွေးမှု မပြေလည်တဲ့အတွက် အခုလို ဖြစ်ကြတာလို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေထပ်ရှိနေတယ်လို့ လည်းဆိုပါတယ်။
ဒီလို နိုင်ငံရေး ပဋီက္ခတွေရဲ့တစ်ဖက်မှာလည်း ဆူဒန်ဗဟိုဘဏ် (CBOS) ဟာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ ဆက်တိုက် ဆိုးရွားလာနေတာ ကြောင့်ရော၊ နိုင်ငံ့ ငွေကြေးဖောင်းဖွမှုကလည်းပြီးခဲ့တဲ့ ၂၀၂၁ ကတည်းက ယခုအထိ ၃၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကြောင်းရော စျေးနှုန်းအတက်အကျများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Cryptocurrency တွေကို ပြည်သူတွေအနေနဲ့ မသုံးကြဖို့ သတိပေးထားပါတယ်။ ယခု တိုက်ပွဲကာလအတွင်းမှာတော့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆူဒန်ဗဟိုဘဏ် မီးလောင်နေမှုကို ဆူဒန်လူမှုကွန်ရက်တွေမှာ ခေတ်စားသွားခဲ့ပါတယ်။
စစ်ဘေးကြောင့် အိုးအိမ် ပိုင်ဆိုင်မှုတွေကို စွန့်ခွါထွက်ပြေးရတဲ့ ပြည်သူတွေအနေနဲ့ Bitcoin နဲ့ တခြားသော Digital Currency တွေကို အသုံးပြုပြီး မိမိရဲ့ ပိုင်ဆိုင်မှုတွေကို အလွယ်တကူ ပြောင်းလဲပြီး လွတ်မြောက်ရာဒေသကို ရောက်ရှိသွားကြောင်း သတင်းတွေမှာ ကြားသိရခြင်း မရှိသေးပါဘူး။ ယူကရိန်း၊ အာဖဂန်နစ္စတန် နဲ့ မြန်မာနိုင်ငံရဲ့ တိုက်ပွဲတွေကြားကနေ ဒီလို နည်းပညာကို အသုံးပြုပြီး လွတ်မြောက်သွားသူတွေ ရှိပါတယ်။
ကိုးကား
1. ဆူဒန်မှာ ဘယ်လို အရေးအခင်းတွေ ဖြစ်နေတာလဲ (BBC Burmese)
2. Sudan's Central Bank Warns Against Using Crypto as Economy Suffers (www.coindesk.com)
3. Sudan and Cryptocurrency(freemanlaw.com)
4. Sudan crisis: Air strikes hit Khartoum despite truce
(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

❤6👍5😁1
KNU နယ်မြေများတွင် ဧပြီလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀၀ ကျော်ကျူးလွန်
🤬6👍3😁1