Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​သာကေတ ကြယ်စင်လင်းရွှေဆိုင် ဓားပြတိုက်ခံရ၊ ရွှေထည်ပစ္စည်း သိန်း ၄,၀၀၀ ကျော်ဖိုးနှင့် ငွေသားများ ပါသွားဟုဆို
================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ (၁၀) စျေးအနီးရှိ ကြယ်စင်လင်းရွှေဆိုင်၌ ယနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ရှိ ရွှေထည်ပစ္စည်းအရေအတွက်ပေါင်း ၁,၅၀၀ ကျော်(တန်ဖိုးအားဖြင့် ကျပ်သိန်း ၄,၀၀၀ ကျော်) နှင့် ငွေသားများ ပါသွားကြောင်း သိရသည်။

“ပရိုဘောက်ကားနဲ့ နံပါတ်ကတော့ အနီ။ ကားဖင်ထိုးပြီးတော့ လူလေးယောက်ဆင်းလာတယ် ပြောတယ်။ ကျွန်တော်က ဆိုင်ရဲ့သုံး၊ လေးဆိုင်မြောက်က လက်ဖက်ရည်ဆိုင်မှာ ခဏသွားထိုင်နေတာ။ ဆိုင်မှာက ဝန်ထမ်းလေးယောက်ရှိတယ်။ သူတို့ကို နောက်က ပန်းထိမ်ခန်းကိုခေါ်သွားပြီးတော့ မှောက်ခိုင်းထားတာ။ သေနတ်ပါတယ်၊ လက်ထိပ်ပါတယ်။ ရှေ့မှာကျတော့ နှစ်ယောက် သုံးယောက်လောက်က အကုန် သိမ်းကြုံးယူသွားတယ်” ဟု ဓားပြတိုက်ခံရသည့် ကြယ်စင်လင်းရွှေဆိုင်က မဇ္ဈိမကို ဖုန်းဖြင့်ဖြေကြားသည်။

ဓားပြတိုက်ခံရသည့် ရွှေထည်ပစ္စည်းများ၏ ကာလတန်ဖိုးအား လက်ရှိအချိန်တွင် တွက်ချက်လျက်ရှိပြီး သိန်း ၄,၀၀၀ ကျော်နိုင်ကြောင်းနှင့် ပါသွားသည့်ရွှေထည်ပစ္စည်းများမှာ ရောင်းချရန် ခင်းကျင်းပြသထားသော ဆိုင်ခင်းထည်များဖြစ်ပြီး အကြမ်းထည်များ ပါသွားခြင်းမရှိကြောင်း သိရသည်။

ကြယ်စင်လင်းရွှေဆိုင် အနေဖြင့် သာကေတမြို့နယ်တွင် ဖွင့်လှစ်ထားသည်မှာ ၁၃ နှစ်ကျော်ခန့်ရှိနေပြီဖြစ်သော်လည်း ဆိုင်ခွဲမရှိကြောင်း ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်တိုင်း
#သာကေတမြို့နယ်
#ဓားပြတိုက်မှု
#မှုခင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4🤬3👍2😢2
​​တရုတ်က စစ်ပွဲအတွက်ပြင်ဆင်ရန် ကောလိပ်ကျောင်းသားများကို စုဆောင်းနေ
=========================

တရုတ်နိုင်ငံသည် စစ်ပွဲအတွက်ပြင်ဆင်ရန် အငြိမ်းစားစစ်သည်များအား ပြန်လည်စာရင်းသွင်းခြင်းနှင့် နည်းပညာမြင့်သင်တန်းဆင်း ကျွမ်းကျင် ကောလိပ်ကျောင်းသားများကို စုဆောင်းခြင်းအပါအဝင် စစ်မှုထမ်းခြင်းဆိုင်ရာ စည်းမျဉ်းအသစ်ကို မေလ ၁ ရက်တွင် စတင်အကောင်အထည်ဖော်လိုက်သည်။

ရှီကျင့်ဖျင်၏ စစ်မှုထမ်းစနစ်အသစ်သည် ပြည်တွင်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် အရည်အချင်းရှိ စစ်သည်များကို စုဆောင်းရေးနှင့် အရံတပ်ဖွဲ့အင်အားဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ရေးတို့ကို အလေးပေးထားသည်။
💩4👍1🔥1🤔1
ဖလမ်း-ဟားခါးလမ်းတွင် ဒေသခံ ၂ဦးပျောက်ဆုံးနေ၍ မိသားစုဝင်များ စိုးရိမ်နေ
😢2😁1
ဖလမ်း-ဟားခါးလမ်းတွင် ဒေသခံ ၂ဦးပျောက်ဆုံးနေ၍ မိသားစုဝင်များ စိုးရိမ်နေ
===================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှ ဟားခါးမြို့သို့သွားရန်ထွက်ခွာလာသော ဒေသခံ နှစ်ဦးသည် ဖလမ်း-ဟားခါးလမ်းပိုင်းတွင် ပျောက်ဆုံးနေ၍ ၎င်းတို့၏ မိသားစုဝင်များ စိုးရိမ်နေသည်ဟု သတင်းရရှိသည်။

တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ ဒေါ်ကျင်းဟောက်ဝုန်(ခ)လင်းလင်း အသက် ၃၂နှစ် နှင့် ဦး လျန်းဇထွန်း အသက် ၃၂ နှစ် တို့ နှစ်ဦးသည် မေလ ၂ ရက်တွင် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆိုင်ကယ်တစ်စီးဖြင့် အတူစီးနင်းသွားကြသည်။

ယင်းနေ့ ညနေ ၆ နာရီနောက်ပိုင်းမှ ယနေ့ထိ အဆက်အသွယ်လုံးဝမရရှိ၍ ၎င်းတို့၏ အသက်အန္တရယ်အတွက် စိုးရိမ်နေခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“ကျတော်တို့က အဲဒီလမ်းပိုင်းကို နှစ်ခေါက်သွားရှာသေးတယ်။ အဲ့လမ်းပိုင်းမှာရှိတဲ့ ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေရော၊ စကစဘက်ရော မေးကြည့်တယ်။ နှစ်ဘက်အဖွဲ့တွေက ဒီလူငယ်နှစ်ဦးကို မတွေ့ရှိဘူးလို့ပဲ ပြန်ဖြေကြတယ်။” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကမဇ္ဈိမသို့ပြောသည်။

သူတို့နှစ်ဦးကို မိသားစုဝင်များက ဖုန်းဖြင့် နောက်ဆုံးအဆက်အသွယ်ရရှိချိန်တွင် ဟားခါးမြို့နယ်၊ ချွန်းကျုံးရွာသို့ ရောက်ခါနီးပြီဖြစ်ကြောင်း သိရသည်ဟု ဆိုသည်။

၎င်းတို့၏ စာရွက်စာတမ်း နှင့် အဝတ်အစားများမှာ ဟားခါးမြို့ နှီယာလောန် ရွာသစ် အနီး လမ်းဘေးတွင်ပြန့်ကျဲလျက်ရှိသည်ကို ခရီးသွားများက ကောက်ရထားကြောင်း မိသားစုဝင်များထံက သိရသည်။

ဒေါ်ကျင်းဟောက်ဝုန်(ခ) ဆရာမလင်းလင်းသည် Obed House မိဘမဲ့ကျောင်းတွင် အမှုတော်ဆောင်ဆရာမတစ်ဦးဖြစ်ပြီး ဦးလျန်းဇထွန်းသည် ဟားခါးပြည်သူ့ဆေးရုံ ဓါတ်ခွဲ-၂တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ဒေါ်ကျင်းဟောက်ဝုန်(ခ) ဆရာမလင်းလင်းနှင့် ဦး လျန်းဇထွန်းတို့အားတွေ့ရှိပါက ဖုန်းနံပါတ် ၀၉၇၆၇၁၃၃၂၃၈ သို့ အကြောင်းကြားပေးပါရန် ၎င်းတို့နှင့်နီးစပ်သူများမှ လူမှုကွန်ရက်ပေါ်တွင် အကူအညီတောင်းခံနေကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ဒေသခံ ၂ဦးပျောက်ဆုံး
# ဖလမ်း-ဟားခါးလမ်းပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍2🔥1😁1
​​မဲဆောက်တွင်ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ တရားစွဲတင်နိုင်ရေး ပြင်ဆင်နေပြီဖြစ်ကြောင်း MOWYCA ပြော
=================

YT
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန(MOWYCA) ထံ တိုင်ကြားခဲ့သော သက်ငယ်မုဒိမ်းမှု၏ တရားခံကို တရားစွဲတင်ရေး၊ ဖမ်းဝရမ်းထုတ်နိုင်ရေး စသည်တို့ ပြုလုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း MOWYCA မှ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် CDM တွဲဖက်ပါမောက္ခတစ်ဦး​၏ ငါးနှစ်အရွယ် သမီးငယ်ကို ၎င်းတို့နေထိုင်ရာခြံဝင်းအတွင်းတွင် ဌားရမ်းနေထိုင်သည့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးအောင်မင်း ဆိုသူက လိင်အမြတ်ထုတ်ခဲ့သည်ဆိုသော တိုင်ကြားစာအား မေလ ၂ ရက် နေ့စွဲဖြင့် MOWYCA ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုတိုင်ကြားစာတွင် ကလေးငယ်​က ပြန်လည်ပြောပြခဲ့သည့် ဖြစ်စဥ်အသေးစိတ်ကို ဖော်ပြတိုင်ကြားခဲ့ခြင်းဖြစ်ပြီး CDM သူနာပြုတစ်ဦး​၏ ပြောကြားချက်အရ ကလေးငယ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံထားရသည့် လက္ခဏာများ တွေ့ရသဖြင့် မေလ ၂ ရက်နေ့တွင် မဲဆောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးစစ်ထားကြောင်း၊ ရလဒ်အား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိနိုင်ရေးတို့အတွက် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေပြီဖြစ်ကြောင်း MOWYCA မှ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေး၊ လူ့ဂုဏ်သိက္ခာ အကာကွယ်ပေးနိုင်ရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေးကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင် လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယခုဖြစ်စဉ်တွင် သံသယတရားခံအား NUG အစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ခြင်းရှိခဲ့ပြီး လက်ရှိကာလတွင် အမှုတည်ဆောက်၍ တရားစွဲဆိုနိုင်ရေး၊ NUG တရားရေးဘက်မှ အမှုစစ်ဆေး၍ တရားခံအား ဖမ်းဝရမ်းထုတ်နိုင်ရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ချိတ်ဆက်လုပ်ဆောင်နေကြောင်း ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

" အရင်က ခေါ်ယူမေးမြန်းစစ်ဆေးခဲ့တာပဲဖြစ်တယ်။ အခု ရဲဘက်က အမှုတည်ဆောက်၊ တရားစွဲတင်ဖို့ လုပ်နေပြီ။ ပြီးရင် တရားရေးဘက်က အမှုစစ်ဆေး၊ ဝရမ်းထုတ် ကိစ္စတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်။ တိုင်ကြားမှုဖြစ်စဉ်ပေါ်လာတိုင်းမှာ တရားဥပဒေအရရော တိုင်ကြားသူရဲ့ဆန္ဒရော နှစ်ရပ်လုံးကို အလေးပေး လုပ်ဆောင်ရတာဖြစ်ပါတယ်" ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ MOWYCA အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြဌာန်းဆောင်ရွက်ထားသည့် လိင်အကြမ်းဖက်ခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလမ်းညွှန် (GBV Case Management Guideline) အတိုင်း ဆောင်ရွက်နေပြီး ထိုလမ်းညွှန် အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးအတွက် ထောက်ပံ့ကူညီခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် တရားမျှတမှုရရှိရေးဆောင်ရွက်ခြင်းတို့အား ပြုလုပ်နေကြောင်း သိရသည်။

နစ်နာသူ ကလေးငယ်နှင့် မိခင်​၏ ကိုယ်၊ စိတ်လုံခြုံရေးအတွက် NUG အစိုးရ​၏ ဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေကြပြီဖြစ်ကြောင်း၊ ကလေးငယ်​၏ မိခင်သည်လည်း စိတ်ဓာတ်ခိုင်မာကြောင်း MOWYCA ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

" ထိခိုက်နစ်နာလို့ တိုင်ကြားသူရဲ့ ကိုယ်ရော စိတ်ပါ လုံခြုံရေးအတွက် MOWYCA ရော MOHADM ကနေ ကော၊ အရပ်ဘက်အဖွဲ့အစည်းကပါ ဆက်လက် ကူညီဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ သမီးလေးရဲ့မေမေဟာ ထင်မှတ်မထားလောက်အောင် စိတ်ဓာတ်ခိုင်မာပြီး သူ့ရဲ့ရပ်တည်ချက်ဟာ စံပြုဖွယ်ကောင်းပါတယ်" ဟု ၎င်းက ဆိုသည်။

# Mizzima
#သက်ငယ်မုဒိန်းမှု
#MOWYCA
#ဦးအောင်မင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬1🤣1
Cele City - Episode 18
===========

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 ပရိသတ်တွေအပြောများနေတဲ့ Park Seo Joon ရဲ့ Marvels ဇာတ်ကောင်

👉 Cannes Film Festival ကိုဖိတ်ကြားခံရတဲ့ ဘောလီးဝုဒ်သရုပ်ဆောင်များ

👉 တားမြစ်ဆေးဝယ်ယူမှုကြောင့် စစ်ဆေးခံနေရတဲ့ ထိုင်းမင်းသမီး Ice Preechaya

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/GlJhuhnWc28

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3👍2🌭1
Media is too big
VIEW IN TELEGRAM
Twitter မှာ နံပါတ် ၁ ဖြစ်နေတဲ့ Charles ဘုရင် နန်းတက်ဖျော်ဖြေပွဲ

Full Video Link - https://youtu.be/GlJhuhnWc28#entertainmentnews

#celecity #mizzimaplus #internationalnews #reels #shorts
👍4😁1
မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်းစက်ကွင်းဒေသများ၌ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်
🔥4👍2
မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်းစက်ကွင်းဒေသများ၌ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်
===================

ရွှေနွယ်

(မဇ္ဈိမ)။ ။အလွန်အင်အားပြင်းမုန်တိုင်း “မိုခါ” မဝင်ရောက်မီ ယနေ့ မေလ ၁၃ ရက်နေ့တွင် မုန်တိုင်းစက်ကွင်းဒေသများအဖြစ်သတ်မှတ်ထားသော ဒေသများ၌ မိုးရွာသွန်းခြင်း၊ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သစ်ပင်လဲကျမှုများ ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်။

မန္တလေးတိုင်းအတွင်းမြို့နယ်များ၊ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ၊ ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်တချို့နှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်တချို့တွင် မိုးရွာသွန်းခြင်း လေပြင်းတိုက်ခတ်ခြင်းများကြောင့် လမ်းမပေါ်သို့သစ်ပင်လဲကျ သစ်ကိုင်းကျိုးကျခြင်းများနှင့် ချောင်းရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိသည်။

ရွှေပြည်သာမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ မြောင်းမြခရိုင် ဝါးခယ်မြို၊ ကျုံမငေးမြို့၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မုံရွာမြို့၊ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့တို့တွင် မိုးကြီးကာ လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျ လဲကျ၍ လမ်းပိတ်ဆို့ခြင်းများဖြစ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယနေ့ မေလ ၁၃ ရက်နေ့မှစ၍ မနက်ဖြန် မေလ ၁၄ ရက်နေ့နံနက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မုန်တိုင်း "မိုခါ" ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုခါ
#မုန်တိုင်းစက်ကွင်း
#မိုးရွာသွန်း
#လေပြင်းတိုက်ခတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2😁1
​​မုန်တိုင်းဒဏ်ခံစားရမည့် လူ ၄၀၀,၀၀၀ ကျော်အတွက် ၁ လစာ ရိက္ခာများပြင်ဆင်ထားဟု WFP ဆို
================

(မဇ္ဈိမ)။  ။ မိုခါမုန်တိုင်းဒဏ် ခံစားရမည့် လူဦး‌ရေ ၄၀၀,၀၀၀ ကျော်အတွက် တစ်လစာ ရိက္ခာများ ပြင်ဆင်ထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်နှင့် အနီးအနားဒေသများရှိ လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်၏ လိုအပ်ချက်များကို တစ်လကြာ ပံ့ပိုးပေးနိုင်သည်အထိ လုံလောက်သော စားနပ်ရိက္ခာများကို ကြိုတင်နေရာချထားပြီးဖြစ် ကြောင်း WFP က ဆိုသည်။

“ကျွန်ုမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့လမ်းကြောင်းဟာ ပဋိပက္ခနဲ့ဆင်းရဲမွဲတေမှုကို ခံစားနေကြရပြီး၊ ကြံ့ကြံ့ခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေဆီကို ဦးတည်လျက်ရှိပါတယ်။ အဲ့ဒီဒေသတွေက မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ်တစ်ခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။

ထို့ပြင် အရေးပေါ်အခြေအနေ အကြီးစားတုံ့ပြန်ရေးလုပ်ငန်းတစ်ရပ် ဆောင်ရွက်နိုင်ရန် အသင့်ပြင်ထားပြီး စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးအထောက်အပံ့များ၊ မော်တော်ယာဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းကိရိယာများအားလည်း ကြိုတင်နေရာချထားကြောင်း WFP က ထုတ်ပြန်သည်။

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ မုန်တိုင်းအသင့်ပြင်မှုနှင့် တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးစနစ်များကိုလည်း တပ်ဆင်နေသည်ဟု WFP ကဆိုသည်။

အကူအညီလိုအပ်လျက်ရှိသော ရပ်ရွာလူထုထံ လူသားချင်းစာနာမှု အထောက်အပံ့များ အပြည့်အဝ သွားရောက်ကူညီခွင့်ရှိမှသာ ဆိုင်ကလုန်းမုန်တိုင်း၏ လတ်တလော အကျိုးဆက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု WFP က သုံးသပ်ထားသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မိုခါမုန်တိုင်း
#WFP
#သဘာဝဘေးအန္တရာယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1