မဲပလီစခန်းအား ပူးပေါင်းတပ်ဖွဲ့ ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်
=================
YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးရှိ စစ်ကောင်စီ၏ မဲပလီစခန်းအား တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF) တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ယနေ့ မေလ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်တွင် မဲပလီစစ်ကောင်စီစခန်းအား တပ်မဟာ (၁) KNLA၊ PDF ၊ TPDF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ၊ Ygn Eagle Force ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" စခန်းတွင်းက အဆောက်အအုံတချို့နဲ့ ဆက်သွယ်ရေးမြောင်းတွေနားကို ကျရောက်ပေါက်ကွဲတယ်လို့သိရပါတယ်ခင်ဗျ" ဟု TPDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။
ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်မှုတွင် မဲပလီစစ်ကောင်စီစခန်းအတွင်းရှိ အဆောက်အအုံအချို့နှင့် ဆက်သွယ်ရေးမြောင်းများအနီးသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ အပျက်အစီး၊ အထိအခိုက်၊ သေဆုံးမှုများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း ထိုစခန်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းရှိကြောင်း သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၈ )လက်အောက်ခံ မဲပလီစစ်ကောင်စီစခန်းသည် စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါသော တပ်စခန်းတစ်ခုဖြစ်သည်။
သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF) အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းများအား ယခုထက်ပို၍ တိုက်ခိုက်သွားရန် အစီအစဉ်ရှိကြောင်း TPDF တာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့၊ ညနေပိုင်းကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား PDF ၊ TPDF၊ KRF၊ PPDF-KD၊ ဘီးလင်း ပ.က.ဖ၊ ကျိုက်ထို ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းရှိ ရဲတစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#မဲပလီစခန်း
# KNU တပ်မဟာ (၁) နယ်မြေ
#ဒရုန်းဖြင့် တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤13👍3😁2👏1
မင်းတပ်တွင် မုန်တိုင်းရှိန်ကြောင့် မိုးပြင်းထန်ရွာနေချိန် စစ်ကောင်စီက ဗုံးကြဲသွား
====================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း မိုးပြင်းထန်စွာရွာသွန်းနေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်ထံက သိရသည်။
ယမန်နေ့ မတ်လ ၁၂ ည၈နာရီအချိန်ခန့် မိုးသည်းသည်းမဲမဲရွာနေစဉ် မင်းတပ်မြို့နယ် ကျေးရွာများပေါ်သို့ ဂျက်ဖိုက်တာတစ်စီးသည် သုံးကြိမ်ပျံဝဲလာပြီးနောက် ဗုံးကြဲသံကြားခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“မနေ့ညကပဲ လေယာဉ်ဝဲလာပြီးမှ တောတိုက်တစ်နေရာမှာ ဗုံးကြဲသွားတယ်။ လေယာဉ်ဝဲပြီး ဗုံးကြဲတဲ့အသံကိုတော့ အားလုံးကြားလိုက်တယ်။ ဗုံးကျရောက်ပေါက်ကွဲတဲ့နေရာတော့ ကျတော်တို့လည်း သေချာမသိရသေးဘူးခင်ဗျ။ စုံစမ်းနေဆဲပါ” ဟု ဆလိုင်းယောမာန်က မဇ္ဈိမသို့ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် မင်းတပ် မြို့နယ်တွင် ထိခိုက်ပျက်စီးမှု အခြေနေကို အသေးစိတ် မသိရသေးကြောင်း ၎င်းကဆိုသည်။
“ အော်မုန်တိုင်းရှိတယ်။ မိုးသဲသဲမဲမဲရွာနေတယ် ဆိုပြီး လေယာဉ် မကြောက်ရတော့ဘူးထင်တာ၊ Jet fighter တစ်စီးက ဗုံးလာကြဲသေးတယ်။ ပျက်ပါစေကွာ”ဟု မင်းတပ်မြို့နယ်ထဲတွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသော ဒေါက်တာအေးငြိမ်းသူ (ခေါ်) အငြိမ်းက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။
မင်းတပ်မြို့နယ်သတင်းများကို ရေးသားဖော်ပြနေသော မင်းတပ်ဒေသခံ ကိုHKL MINDAT ကလည်း ယမန်နေ့ညက ဂျက်ဖိုက်တာလာသဖြင့် ခက်ခက်ခဲခဲ ရွံ့အိုင်ကြား ပြေးပုန်းရကြောင်း၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ၊ ကိုယ်ဝန်သည်မိခင်များအတွက် အလွန်စိုးရိမ်ရကြောင်း ၎င်းရဲ့ လူမှုကွန်ရက်တွင် ရေးတင်ထားသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိုခါမုန်တိုင်း (Mocha Cyclone) သတင်းကို ကြိုတင်နားစွင့်ပြီး အကာအကွယ်ပေးနိုင်သော နေရာများတွင် နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( မင်းတပ်)တို့က ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီက ဗုံးကြဲ
# မင်းတပ်မြို့နယ်

😢11🤬9👍5🔥2👏1
“နှစ်နှစ်သား PDF နှင့် တော်လှန်ရေး ရှေ့ခရီး” |ချစ်သောအညာမြေ Episode-15
====================
၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ နှစ်နှစ်သက်တမ်း ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PDF အနေနဲ့ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာပါလဲ၊ တော်လှန်ရေးအပေါ် အားလျော့လာသူ၊ အားပျော့လာသူ၊ အားလျှော့လာသူတွေအတွက် PDF တွေက ဘယ်လိုသတင်းစကား ပါးထားပါသလဲ၊ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ အခုချိန်မှာ အလုပ်ဆောင်သင့်ဆုံးက ဘာတွေများပါလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။
ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံရဲ့ခေါင်းဆောင် ဗိုလ်ဇီးရိုး၊ အမျိုးသားသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ ဆေးမှူး မအီကြာကွေး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ တို့ပါဝင်တဲ့ ကျောက်လုံးကြီး တပ်မဟာ (KLG PDF) ရဲ့ ပြောခွင့်ရ ရဲဘော် AT တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
https://youtu.be/JZtOKj0hTtQ
#ချစ်သောအညာမြေ
#စကားဝိုင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
“နှစ်နှစ်သား PDF နှင့် တော်လှန်ရေး ရှေ့ခရီး” |ချစ်သောအညာမြေ Episode-15
၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ နှစ်နှစ်သက်တမ်း ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PDF အနေနဲ့ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲက ဘာပါလဲ၊ တော်လှန်ရေးအပေါ် အားလျော့လာသူ၊ အားပျော့လာသူ၊ …
👍17❤2🔥1😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ မေ ၂၀၂၃)
================
မိုခါမုန်တိုင်းသည် စစ်ဘေးရှောင် အများစုရှိနေသည့် စစ်ကိုင်း၊ မကွေး နှင့် ချင်းပြည်နယ်များတွင် ဝင်ရောက်တိုက်ခိုက်နိုင်သည့်အတွက် မုန်တိုင်းအန္တရာယ်သာမက စစ်ကြောင်းထိုး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်၏ အန္တရာယ်ကို ပါရင်ဆိုင်နေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
မိုခါမုန်တိုင်းသည် စစ်ဘေးရှောင် အများစုရှိနေသည့် စစ်ကိုင်း၊ မကွေး နှင့် ချင်းပြည်နယ်များတွင် ဝင်ရောက်တိုက်ခိုက်နိုင်သည့်အတွက် မုန်တိုင်းအန္တရာယ်သာမက စစ်ကြောင်းထိုး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်၏ အန္တရာယ်ကို ပါရင်ဆိုင်နေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👍6❤2🔥1😁1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
================
မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၃ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"ငါတို့ပြည်သူတွေ နာကြည်းစိတ်နဲ့ ရှင်သန်နေရမယ် တစ်သံတည်းညီ တစ်ချီတည်းရုန်း"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြော သည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်
ကော်မတီ၏ (၈၀)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
#ဆန္ဒပြ

❤16😁3👍2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/b7-dfRhoRe8
====================
https://youtu.be/b7-dfRhoRe8
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်ထုတ်လွှင့်မှုမျာ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
---------------------------
Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can…

❤9👍3🤮1
Breaking News ဆိုင်ကလုန်းမိုခါး ဘေးအန္တရာယ်ရှိသဖြင့် ချင်းပြည်နယ်တွင် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် ဝါရင့် သုတေသီ သတိပေး
=================
မဇ္ဈိမ
ဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းဝင်ရောက်သောအခါ အရှိန်လျော့ကျမည်ဖြစ်သော်လည်း ချင်းပြည်နယ်တွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်သည်ဟု ဝါရင့်သုတေသနပညာရှင်တစ်ဦးက စနေ့နေ့ညတွင် သတိပေးလိုက်သည်။
ဆိုင်ကလုန်းမိုခါသည် မြန်မာစံတော်ချိန် စနေနေ့ည ၉ နာရီခွဲမှသည် နောက် ၃၆ နာရီအတွင်း ချင်းပြည်နယ်အတွင်းသို့ လျော့ကျသောအရှိန်ဖြင့် ဆက်လက်ဝင်ရောက်သွားမည်ဖြစ်သည်။ သို့သော် ချင်းပြည်နယ်ထဲရောက်ချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၉၃ မိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကာ ချင်းပြည်နယ်အတွင်း ကြိုတင်ပြင်ဆင်မှုများလိုအပ်သည်ဟု ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သုတေသီ ဆိုနီယာ လီယိုနတ်က သတိပေးသည်။
သူက မိုခါသည် မြန်မာစံတော်ချိန် စနေနေ့ည ၉ နာရီခွဲမှသည် လာမည့် ၂၄ နာရီအတွင်း မြန်မာ့ကမ်းရိုးတန်းအတွင်းသို့ဝင်ရောက်မည်ဖြစ်ကာ မုန်တိုင်းကျရောက်ချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁၃၀ မိုင်မှ ၁၄၉ မိုင်နှုန်းခန့် ဖြစ်သည်ဟု ဟောကိန်းထုတ်ထားသည်။
ထို့အပြင်မုန်တိုင်း မိုခါသည် ခန့်မှန်းအချင်း မိုင် ၁၅၅ မိုင်ခန့် ရှိမည်ဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်နေရာ အများအပြား( အကျယ်အပြန့်) သို့ သက်ရောက်မည်ဟုလည်းဆိုသည်။
ဆိုနီယာ လီယိုနတ်က ဆိုင်ကလုန်းမိုခါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း မဇ္ဈိမသို့ပေးပို့ရာ အောက်ပါအတိုင်းဖြစ်သည်။
မုန်တိုင်းအစပျိုးလာချိန်တွင်
- ကမ်းရိုးတန်းတွင် နေထိုင်သူဖြစ်ပါက မုန်တိုင်းဒီရေဒဏ်ကို ခံရနိုင်သောကြောင့် ကုန်းမြင့်ဘက်သို့ ရွှေ့ပြောင်းရန် လိုပါသည်။
- မိမိနှင့်အတူ မိသားစုကိုပါ ခေါ်ပြီး ခိုင်ခန့်သော အဆောက်အအုံ သို့မဟုတ် ဘာသာရေး အဆောက်အအုံများထဲတွင် ဝင်ရောက် ခိုလှုံပါ။
- ခိုင်ခန့်သော အဆောက်အအုံသို့ မပြောင်းရွှေ့နိုင်ပါက မိမိအိမ်နေရာကို အသင့်ဖြစ်အောင် ပြင်ဆင်ပါ။
- အိမ်ပြင်ဘက်တွင် လေနှင့်အတူ လွင့်ပါနိုင်သော ပစ္စည်းများကို ရှင်းလင်းထားပါ။ အိမ်ပြင်တွင်ထားသော ပရိဘောဂများကို ပြောင်းရွှေ့ထားပါ။ လွင့်ပါ ထိခိုက်စေနိုင်မည့် ပစ္စည်းများကို အမိုးအကာအောက်သို့ ပြောင်းရွှေ့ပါ။
- ရေပုံးများ၊ ထည့်စရာများတွင် ရေဖြည့်ထားပြီး မုန်တိုင်းပြီးချိန်တွင် သောက်စရာရေ ရှိနေအောင် ပြင်ဆင်ထားပါ။
- ဆန်နှင့် စားနပ်ရိက္ခာအခြောက်အခြမ်းများကို မုန်တိုင်းကာလနှင့် မုန်တိုင်းအလွန်တွင် စားစရာရှိနေအောင် ပြင်ဆင်ထားပါ။
- အိမ်ပြတင်းပေါက်သည် ကဲလား သို့မဟုတ် တရုတ်ကတ်များဖြစ်နေလျှင် သေချာစွာ ပိတ်ထားပါ။ အကယ်၍ မှန်ပြတင်းဖြစ်လျှင် ခိုင်မာသော တိပ်ဖြင့် ကြက်ခြေခတ်ပုံများပြုပြီး ကျပ်ကျပ်ပိတ်ထားပါ။ (မှန်ကွဲထွက်လျှင် မှန်ကွဲစများ မစင်လာအောင် ဖြစ်သည်။)
- အိမ်တံခါးများနှင့် ပြတင်းပေါက်များကို ပိတ်ထားပါ။
- စောင်များ၊ ခေါင်းအုံးများနှင့် မွေ့ရာများကို သွေ့ခြောက်သောနေရာတွင် စုထားပါ။
-
မုန်တိုင်းစပြီ ဆိုလျှင်
- အကယ်၍ မုန်တိုင်းစတင်ချိန်တွင် ခိုင်မာသော အဆောက်အအုံ နေရာသို့ မပြောင်းရွှေ့နိုင်ခဲ့သူ ဖြစ်ပါက မိမိနေရာတွင်ပင် ပြင်ဆင်ပါ။
- လျှပ်စစ်မီးများ၊ ဂက်စ်အိုးများ၊ ရေပိုက်များနှင့် အခြား အိမ်သုံးပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။
- အိမ်၏ အလုံခြုံဆုံးနေရာတွင် မိသားစုကို ထားပါ။ ထိုနေရာသည် ပြတင်းနှင့် ဝေးပါစေ။
- ရေဒီယိုကို အချိန်နှင့် တစ်ပြေးညီ နားထောင်ပါ။
- အဆောက်အအုံကို လေက ဖျက်ဆီးလာပြီဆိုလျှင် ခိုင်ခန့်သော စားပွဲ၊ ခုံတန်းလျား သို့မဟုတ် မွေ့ရာများအောက်တွင် အကာအကွယ် ယူပါ။ အဝတ်များ၊ စောင်များဖြင့် ကိုယ်ကို ဖုံးထားပါ။ နေရာမရွေ့နိုင်သော အိမ်၏ အစိတ်အပိုင်းတစ်ခုခုကို မြဲမြဲ ကိုင်ထားပါ။
- မုန်တိုင်းမျက်လုံးထဲသို့ ကျရောက်နေစဉ်အတွင်း စိတ်ကို ငြိမ်ငြိမ်ထားပါ။ လေသည် နောက်မိနစ်နှစ်ဆယ်ခန့် ရပ်တန့်သွားပါလိမ့်မည်။ အိမ်ထဲတွင်သာ နေပါ။ နောက်ဆက်တွဲ လာပါလိမ့်မည်။
- မုန်တိုင်းမျက်လုံး ကျော်သွားပြီဆိုလျှင် လေပြင်းနှင့်အတူ မိုးများ ပြန်ရွာပါလိမ့်မည်။ မုန်တိုင်းမျက်လုံးသို့ ရောက်ချိန်အထိမှာ မုန်တိုင်း၏ ပထမတစ်ဝက်မျှသာ ရှိသေးသည်။ နောက်ထပ်လေနှင့် မိုးများ ရောပြီး လာပါလိမ့်ဦးမည်။

👍22❤3🔥1
ULA/AA အနေဖြင့် မုန်တိုင်းဝင်ရောက်မည့် ဒေသမှ ပြည်သူ ၁၀၁,၉၉၉ ဦးအား ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ဦးခိုင်သုခပြော
==============
ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်မျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံရနိုင်သည့် မြေနိမ့်ပိုင်း၊ပင်လယ်ကမ်းနားနှင့် နီးသည့် ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းထားခဲ့ရာ လက်ရှိတွင် ဒေသခံပြည်သူ ၁၀၁,၉၉၉ ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခ မဇ္ဈိမကိုပြောသည်။
“အခုနောက်ဆုံး ကျနော်တို့ဆီကို Update ရောက်လာတဲ့အခါကျတော့ ရခိုင်ပြည်အနှံ့မှာ ကျနော်တို့ ပြောင်းရွှေ့ထားတဲ့ လူဦးရေက ၁၀၁,၉၉၉ ယောက် ရှိနေပြီ။ အခု ကျနော်စကားပြောနေတဲ့အချိန်အထိ ပြောင်းရွှေ့ပြီးတဲ့ လူဦးရေက ၁၀၁,၉၉၉ ယောက် ရှိနေပြီ” ဟု ဦးခိုင်သုခက ပြောသည်။
"မိုခါ" ဆိုင်ကလုန်းမုန်တိုင်း အသိပေးချက်အား ULA/AA မှ မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မေလ ၁၀ ရက်နေ့တွင် မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသများမှ သက်ကြီးရွယ်အို၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် မသန်စွမ်းများကို ဦးစားပေးကာ ဒေသခံပြည်သူများအား ပြောင်းရွှေ့ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ရွှေ့ပြောင်းမှုတွေကို ကျနော်တို့ မေလ ၁၀ ရက်နေ့ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ဒီနေ့ဆိုလို့ရှိရင်အထိတော့ လေးရက်ရှိပြီပေါ့နော်။ ၁၀၊ ၁၁၊ ၁၂၊ ၁၃ လေးရက်ဆက်တိုက် ကျနော်တို့ ပြောင်းရွှေ့မှုတွေလုပ်နေပါတယ်။ အထူးသဖြင့်တော့ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော အဲ့ဒီက ဒေသခံ ပြည်သူတွေကို ကျနော်တို့ ဦးစားပေးပြီးတော့မှ ကျနော်တို့ ပြောင်းရွှေ့နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခ က မဇ္ဈိမ၏ ဆိုင်ကလုန်း"မိုခါ"အရေးပေါ်တုံ့ပြန်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောသည်။
ထို့အပြင် ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိနေသည့် ပြည်သူများအတွက်လည်း လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိရာ မုန်တိုင်းရှောင်ပြည်သူများအတွက် စားသောက်ရေး၊ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် "မိုခါ"မုန်တိုင်း အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဖွဲ့စည်းကာ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“မုန်တိုင်းရှောင်ပြည်သူတွေရဲ့ စားရေးသောက်ရေး၊ တည်းခိုနေထိုင်စရာတွေကို ကျနော်တို့ဘက်ကနေပြီးတော့မှ စီစဉ်ပေးနေတာရှိတယ်။ အဓိကကတော့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ဘက်က ကူညီလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီမှာ မိုခါမုန်တိုင်း အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီဖွဲ့စည်းပြီးတော့မှ အဆက်ဆက် စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
"မိုခါ"ဆိုင်ကလုန်းမုန်တိုင်းသည် မနက်ဖြန် မေလ ၁၄ ရက်နေ့ နေ့ခင်းပိုင်းခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးသို့ တစ်နာရီ ၁၁၂ မိုင်နှုန်းခန့်ဖြင့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှ ဖော်ပြထားသည်။
ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Global Disaster Alert and Coordination SYSTEM-GDACS) မှလည်း မြန်မာနိုင်ငံမှ လူဦးရေစုစုပေါင်း ၅.၄ သန်းမုန်တိုင်းဒဏ် ခံရနိုင်ခြေရှိရာ ထိုအထဲတွင် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ခန့်သည် အန္တရာယ်ရှိသည့် လေပြင်းတိုက်ခတ်မှုကို ခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မိုခါ
#ဆိုင်ကလုန်း
#မုန်တိုင်း
#အသိပေးချက်

👍12❤7😁2🥰1👌1
I ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းလူမျိုးများအကြား အမုန်းတရားများ မဖြစ်စေရေး ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံရေးပါတီများကို တောင်းဆို
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများ၏ စုဝေးလှုပ်ရှားမှုများကို ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲနှင့်ချိတ်ဆက်စွပ်စွဲမှုရှိနေသည့်အပေါ် တာဝန်ခံနိုင်ရေးအတွက် ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီများကို ရွှေ့ပြောင်းနိုင်ငံသားဆိုင်ရာအဖွဲ့အစည်းများကွန်ရက်(Migrant Working Group)က မေလ ၉ရက်နေ့က တောင်းဆိုထားသည်။
မေလ ၁ရက်နေ့ (အလုပ်သမားနေ့)က ထိုင်းလုပ်အားအလုပ်သမားခေါင်းဆောင်အဖွဲ့၊ ကယ်ရီအလုပ်သမားအဖွဲ့၊ ဆေးကုသရေးအသင်း၊ ဖန်တီးမှုအလုပ်သမားအဖွဲ့နှင့် ရွှေ့ပြောင်းလုပ်သားအဖွဲ့များ စုပေါင်း၍ ထိုင်းနိုင်ငံဘန်ကောက်မြို့ Ratchaprasongလမ်းဆုံမှ Pathumwan လမ်းဆုံးအထိ လူစုဝေးပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်သည့် အရေးများဖြစ်သည့် လူမှုဖူလုံရေး၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်၊ စာရွက်စာတမ်းပြဿနာများ စသည့်တို့အပါအဝင် အချက်လေးချက်ကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ရွှေ့ပြောင်းအလုပ်သမား စုဝေးပြီးနောက်တွင် ထိုင်းနိုင်ငံရှိသတင်းမီဒီယာတစ်ခုမှ ထိုင်းအလုပ်သမားများအဖွဲ့မှာ ဘုရင်၊ နန်းတွင်း စနစ်ပပျောက်ရေးဆိုင်းဘုတ် ကိုင်ဆောင်ထားသည်ကို ရွှေ့ပြောင်းလုပ်သမားများမှ ကိုင်ဆောင်ခဲ့ကြောင်း မဟုတ်မမှန်ဖော်ပြခဲ့သည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့သည် ထိုင်းရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံကြောင်းလည်း ထည့်သွင်းစွပ်စွဲရေးသားခဲ့ကြောင်း အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့သို့ဖော်ပြပြီးနောက် ထိုင်းခေတ္တအလုပ်သမားရေးဝန်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် “ရွေ့ပြောင်းအလုပ်သမားများပုဒ်မ ၁၁၃ကိုဖောက်ဖျက်သောကြောင့် အလုပ်လုပ်ကိုင်ခွင့် ရုပ်သိမ်းမယ်” ဟု ရေးသားဖော်ပြခဲ့သည်။
မေလ ၃ရက်နေ့တွင် ထိုင်းအလုပ်အကိုင်ဦးစီးဌာနမှ နယ်အသီးသီးဆိုင်ရာဝန်ကြီးများထံ ရွေ့ပြောင်းအလုပ်သမားများ အဖွဲ့သည် ဘုရင်နန်းတွင်းစနစ်ကို ထိခိုက်စေသည့်အပြုအမူများ လုပ်ဆောင်ခဲ့ကြောင်း တိုင်စာထုတ်ပြန်ခဲ့သည်။
အဆိုပါစွပ်စွဲမှုများဖြင့်တိုင်ကြားမှုအပေါ်တွင် ထိုင်းအစိုးရမှ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ အစိုးရအဖွဲ့အစည်းအေဂျင်စီများကို အသုံးပြု၍ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့နှင့်အလုပ်ရှင်အမည်ကို ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းအမှားများပေါ်မူတည်ပြီး အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် တစ်နိုင်ငံလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်ခြင်းနှင့် နိုင်ငံအတွင်း မတည်ငြိမ်မှုကိုဖြစ်စေသည်ဟု အဖွဲ့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ ခေါင်းဆောင်များ၊ ထင်ပေါ်ကျော်ကြားသူများသည် ခွဲခြားဆက်ဆံခြင်းအမုန်းတရားများဖန်တီးမှုမရှိဘဲ နှစ်ဖက်လုံးမှထင်မြင်ယူဆချက်များကိုအခြေခံပြီး သတင်းအချက်အလက်များတင်ဆက်ပေးခြင်းများကို လုပ်ဆောင်သည်ဟု အဖွဲ့ကထောက်ပြသည်။
နိုင်ငံရေးပြဿနာများနှင့် တိုးတက်ရေးအတွက် မူဝါဒများသတ်မှတ်သည့်နေရာတွင် အလုပ်သများအဖွဲ့အသီးသီးကို ပါဝင်ခွင့်ပြုလျှင် ထိုင်းနိုင်ငံသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းဆီကို ဦးတည်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ရွှေ့ပြောင်းနိုင်ငံသားဆိုင်ရာအဖွဲ့အစည်းများကွန်ရက်က ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရွှေ့ပြောင်းလုပ်သားများ
#ထိုင်းလူမျိုး
#ဒီမိုကရေစီ
#လူ့အဖွဲ့အစည်း

👍11❤5😁3
Breaking News
နောက်ဆုံးရရှိသော ရုပ်ပုံကားချက်- ဆိုင်ကလုန်းမိုခါသည် လွန်ခဲ့သော နာရီအနည်းငယ်အတွင်း အလျင်အမြန်ရွေ့လျားနေပြီး ဧရာ၀တီကမ်းရိုးတန်းအနောက်ဘက်ကို စတင်သက်ရောက်မှုပြုလာနေသည်။
နောက်ဆုံးရရှိသော ဆိုင်ကလုန်းမုန်တိုင်းမိုခါလမ်းကြောင်းပြမြေပုံ- ဆိုင်ကလုန်းမုန်တိုင်းသည် Cat 2 ဆိုင်ကလုန်းအဖြစ် တောင်ပိုင်းချင်းပြည်နယ်ကို သက်ရောက်နေပြီး နောက်ထပ် ၂၄ နာရီအတွင်း လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၀ မှ ၁၃၀ အထိ တိုက်ခိုက်နိုင်သည်ဟု ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သုတေသီ ဆိုနီယာ လီယိုနတ်က ခန့်မှန်းထားသည်။

👍25😢13❤1👎1🥰1
မေလ (၁၄) ရက်၊ တနင်္လာနေ့ နံနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
မုန်တိုင်းဒဏ်ခံစားရမယ့် လူ လေးသိန်း ကျော်အတွက် ၁ လစာ ရိက္ခာတွေ ပြင်ဆင်ထားတယ်လို့ WFP ထုတ်ပြန်တဲ့သတင်းနဲ့အတူ
သေဒဏ် ချမှတ်နိုင်တဲ့ လက်နက်ဥပဒေကို စစ်ကောင်စီ ခေါင်းဆောင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကိုလည်း တင်ဆက်သွားဖို့ရှိပါတယ်။
https://youtu.be/4mRgEwhFx-w

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း…

😁6👍4❤1👎1