ရန်ကုန်မြို့ နောက်ဆုံးရ ရာသီဥတုအခြေအနေ
==============
ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များစု၌ မိုခါ(Mocha) ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနေကြောင်း သတင်းရရှိသည်။
မရမ်းကုန်း၊ စမ်းချောင်း၊ မြောက်ဥက္ကလာပ၊ သာကေတနှင့် သုဝဏ္ဏအပါအဝင် မြို့နယ်အများစု၌ လေပြင်းတိုက်ခတ်ပြီး မိုးကောင်းနေခြင်းဖြစ်သည်။
“မိုးကရွာတာ ရေတော်တော်ပါတယ်။ ဒါပေမယ့် နားနားပြီး ရွာတာ။ အတွင်းလမ်းတွေ ရေမြုပ်တယ်လို့တော့ ကြားတယ်” ဟူ၍ မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံတစ်ဦးက ယနေ့ မေလ ၁၄ ရက် နံနက် ၁နာရီခန့်အခြေအနေကိုပြောသည်။
မရမ်းကုန်း၊ သမိုင်း၊စမ်းချောင်းနှင့်သုဝဏ္ဏတွင်လည်း ယမန်နေ့ မေ ၁၃ရက် ညပိုင်းမှစတင်၍ လေပြင်းများတိုက်ခတ်နေကြောင်းသိရသည်။
“ည၁၂ နာရီမထိုးခင်လောက်ထဲက လေပြင်းတိုက်တာ။သွပ်ပြားတွေလန်သလို အသံတွေလည်းထွက်တယ်” ဟု သုဝဏ္ဏမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

😢9👍6🔥1
သာကတေမြို့နယ်တွင်လည်း လေပြင်းတိုက်ခတ်နေပြီး မေလ ၁၃ ရက်တနေကုန်နီးပါးသည် နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။
အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းတွင် မေလ ၁၃ ရက် ညနေပိုင်းမှစတင်ကာ မေလ ၁၄ ရက်နံနက်အထိ လေပြင်းတိုက်ခတ်နေသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် လေပြင်းဘေးကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း၊ ဓာတ်တိုင်းအချို့ လဲကျခြင်းတို့ ဖြစ်ပွားခဲ့သည်။
မိုခါ(Mocha) ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ မေလ ၁၄ရက် နေ့လယ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့ကြားသို့ အင်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်တို့တွင်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းလည်းကျရောက်နိုင်ကြောင်း သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ရန်ကုန်
#မိုခါ(Mocha)ဆိုင်ကလုန်း
#လေပြင်းတိုက်
#မိုးသည်းထန်

😢8👍2🔥1
ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” ရခိုင်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော် စစ်တွေမြို့မှာ မိုးသည်းထန်နေ
KMN
(မဇ္ဈိမ)။ ။အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်းသည် ယနေ့မနက်မှ ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် အရေးပေါ်ထုတ်ပြန်သည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်နိုင်သည့် အနီရောင်အဆင့်သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း မုန်တိုင်းငယ် အဆင့်ဖြင့်မိုးများစတင်ရွာသွန်းနေကြောင်း စစ်တွေမြို့ဒေသခံ ကိုဝေဟင်အောင်က မဇ္ဈိမကို ပြောသည်။
"ညကတော့ ထူးထူးခြားတာမရှိဘူး။ ဒီမနက်တော့ မုန်တိုင်းငယ် အဆင့်ရှိတယ်။ လေက တစ်နာရီကို မိုင် ၆၀လောက်ရှိမယ်။ မိုးတွေရွာနေပြီ၊ မီးတော့မပျက်ဘူး ပြန်လာနေပြီ" ဟု၎င်းကဆိုသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ဗဟိုချက်သည် ယနေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်။
ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုး/ဇလဌာနက ခန့်မှန်းထားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်စသည့် မြို့နယ် ခုနစ်ခုကို အနီရောင်အဆင့် သတ်မှတ်ထားကြောင်း
အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့၊ မေလ ၁၂ ရက်နေ့ ညနေပိုင်းက သတိပေးထုတ်ပြန်ထားသည်။
ယနေ့၊ နံနက်ပိုင်းကစတင်ကာ မာန်အောင်မြို့နယ်တွင်လည်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့်လေပြင်းများ တိုက်ခတ်နေပြီး သစ်ပင်များပြိုလဲကျခြင်းတွေ ဖြစ်ပေါ်နေကြောင်း ဒေသတွင်းမီဒီယာများတွင်ဖော်ပြထားသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လာမည့် ၂၄ နာရီအတွင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၁၁၀ မှမိုင် ၁၂၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၆ ပေမှ ပေ ၂၀ ခန့် ရှိနိုင်သည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း ၁၆ ပေမှ ပေ ၂၀ ခန့်အထိမြင့်တက်လာနိုင်ကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရေးပေါ်ထုတ်ပြန်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#Mizzima
#ဆိုင်ကလုန်းမုန်တိုင်း
#မိုခါ
#ရခိုင်ကမ်းရိုးတန်း
Photo - KKS (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14😁1
ကနီတွင် မုန်တိုင်းမိုးရွာသွန်းနေစဉ် စစ်ကောင်စီတပ်ကစစ်ကြောင်ထိုးသဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေး နေရ
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း နေစဉ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ များထွက်ပြေးနေရကြောင်း မြို့ခံများက ပြောသည်။
“မုန်တိုင်းကြောင့် မိုးသည်းနေတာ နှစ်ရက်ရှိပြီ။ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ မိုးထဲလေထဲထွက်ပြေးနေရ တယ်။ စစ်ဘေးရှောင် ပြည်သူ ထပ်မံတိုးလာနိုင်တဲ့အနေအထားရှိတယ်” ဟု ကနီမြို့ခံ ဦးပြည့်အောင်နိုင်က ပြော သည်။
ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှ ကျေးရွာများအား စစ်ကောင်စီတပ်များက စစ်ကြောင်း ထိုးနေမှုကြောင့် ကျေးရွာအုပ်စုငါးစုမှ ဒေသခံ ၁၃,၁၅၂ ဦးခန့်သည် ဘေးလွတ်ရာသို့ မိုးထဲရေထဲတွင် ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်းသိရသည်။

😢16🤬8🔥2❤1
ကနီမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က မိုးသက်လေပြင်းကျရောက်မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာရှစ်ရွာမှ နေအိမ် ၂ဝဝ ခန့် အမိုးအကာများပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ မေလ ၆ ရက်နေ့ ထုတ်ပြန်ချက် အရ လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇၅၀,၀၀၀ နီးပါးရှိနေ သည်။
Photo - Pyae Aung Naing Kani
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကနီမြို့
#မုန်တိုင်းမိုး
#စစ်ကြောင်းထိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ မေလ ၆ ရက်နေ့ ထုတ်ပြန်ချက် အရ လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇၅၀,၀၀၀ နီးပါးရှိနေ သည်။
Photo - Pyae Aung Naing Kani
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကနီမြို့
#မုန်တိုင်းမိုး
#စစ်ကြောင်းထိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢13🔥2
မေ ၁၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၄ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေ ထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/z8VA-q20AKM
#ရန်ကုန်ခေတ်သစ်
#thisweek
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေ ၁၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၄ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေ ထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
…
…
👍6😁2❤1🤮1
Breaking News
မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ဒေသများထဲတွင် ချင်း၊ စစ်ကိုင်းမြောက်ပိုင်းနှင့် နာဂဒေသများ ပါဝင်မည်ဖြစ်၍ ကြိုတင်ပြင်တင်ရန်လိုအပ်
မဇ္ဈိမ
နောက်ဆုံးထွက်ပေါ်လာသောမုန်တိုင်းလမ်းကြောင်းမြေပုံများအရ နာဂဒေသတွင်လည်း တစ်နာရီလျှင် ၅၀ မှ ၆၀ မိုင်ဝန်းကျင်ထိ လေပြင်းတိုက်ခတ်နိုင်သည်။ နာဂဒေသသို့ မနက်ဖန် မနက် ၁ နာရီခန့်တွင် ဖြတ်သန်းနိုင်သည်။
ရခိုင်ကမ်းရိုးတန်းသို့ ယနေ့နေ့လယ် ၁၂ နာရီခန့်တွင်ရောက်ရှိမည့် မုန်တိုင်းသည် အမြင့်ဆုံးလေတိုက်ခတ်မှု တနာရီ ၁၆၇ မိုင်ထိရှိနိုင်သည်။ ချင်းပြည်နယ် မင်းတပ်သို့ ယနေ့ည ၈နာရီမှ ၉ နာရီ၊ ဟားခါးသို့ ယနေ့ည သန်းခေါင်ချိန် ရောက်ရှိနိုင်သည်။ ချင်းနှင့်စစ်ကိုင်း ဒေသများတွင် မုန်တိုင်းပြင်းအားလျော့ကျနေမည်ဖြစ်သော်လည်း မိုးသည်းထန်မှုနှင့် လေပြင်းကြောင့် ထိခိုက်မှုများရှိနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။

👍12🔥4
မုန်တိုင်းတိုက်ခတ်နေစဉ် သတိပြုရမယ့် အချက်တွေက ဘာတွေလဲ
-မုန်တိုင်းဗဟိုဖြတ်သန်းနေစဉ်အတွင်း ခေတ္တလေငြိမ်နိုင်သော်လည်း မကြာမီအချိန်မှာ ဆန့်ကျင်ဘက်အရပ်မှ ပိုမိုပြင်းထန်တဲ့လေများ တိုက်ခိုက်နိုင်ကြောင်းသတိပြုပါ။
-ရေကူးခြင်း၊ ရေထဲတွင် လမ်းလျှောက်ခြင်းမှ ရှောင်ကြဉ်ပါ။
-လျှပ်စစ်ပစ္စည်းများကို အသုံးမပြုဘဲ ခလုတ်များပိတ်ထားပါ။
-မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သတင်းထုတ်ပြန်သည်အထိ ဘေးကင်းသောနေရာတွင် နေထိုင်ပါ။
မုန်တိုင်းတိုက်ခိုက်နေစဉ် လိုက်နာသင်တဲ့ အချက်တွေကို အောက်ဖော်ပြပါ ရုပ်သံဖိုင်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/84FthyzdusY

-လျှပ်စစ်ပစ္စည်းများကို အသုံးမပြုဘဲ ခလုတ်များပိတ်ထားပါ။…

👍10🔥2❤1
Breaking News
မိုခါမုန်တိုင်းသက်ရောက်မှုဒဏ် ခံရမည့်ချင်းပြည်နယ်ဒေသများတွင် ပြင်ဆင်ရန် အချိန် နေ့ဝက်ခန့် ရနေသေးကြောင်း သတိပေးချက်
မိုခါမုန်တိုင်းသည် ချင်းပြည်နယ် မင်းတပ်သို့ ယနေ့ည ၈နာရီမှ ၉ နာရီ၊ ဟားခါးသို့ ယနေ့ည သန်းခေါင်ချိန် ရောက်ရှိနိုင်သည်။
အဆိုပါ ဒေသများသို့ ရောက်ရှိချိန်တွင် မုန်တိုင်းပြင်းအားလျော့ကျနေမည်ဖြစ်သော်လည်း မိုးသည်းထန်မှုနှင့် လေပြင်းကြောင့် ထိခိုက်မှုများရှိနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။ ခန်မှန်းလေတိုက်နှုန်းမှာ တနာရီ မိုင် ၅၀ မှ ၁၀၀ ထိဖြစ်သည်။
ကြိုတင်ပြင်ဆင်ရန် အချိန် နေ့ဝက်ခန့်ရနေသေးကြောင်း မုန်တိုင်းလမ်းကြောင်း စောင့်ကြည့်နေသည့် ပညာရှင်က သတိပေးသည်။
အချိန်မီ ခိုင်ခန်သည့် အဆောက်အအုံများသို့ ရွေ့ပြောင်းရန်၊ ရေနှင့်စားစရာများ စုဆောင်းရန် အထူးလိုအပ်သည်။ မိုးရွာသွန်းမှုကြောင့် မြေပြိုနိုင်သည့် အန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်သည်။

👍15🔥3❤1😁1
ဆိုင်ကလုန်းမုန်တိုင်း ကျရောက်စဉ် လေတိုက်နှုန်းကို သဘာဝအနေအထားကြည့်ပီး ဘယ်လိုတွက်မလဲ
https://youtu.be/Q0DAY4U9Ak0

ယခုဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Strom) မိုခါ” (MOCHA) ဖြစ်ပေါ်နေစဉ်အတွင်း လေတိုက်နှုန်းများကို မိမိပတ်ဝန်းကျင်ရှိ သဘာဝအနေအထားများကို ကြည့်ပြီး ဘယ်လိုတွက်ချက်ရမလဲဆိုတဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။
လေတိုက်နှုန်း သိနှင့်ပြီးပြီဆိုပါက…
လေတိုက်နှုန်း သိနှင့်ပြီးပြီဆိုပါက…
😁5👍3