Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂွမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ် ၅၀ ကျော် ပျက်စီး

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွှေဦးကွင်းကျေးရွာတွင် ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၆ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးသွားကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းတခုမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ဂွမြို့နယ်တွင် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်မုန်တိုင်း “မုန်ခါ” အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ လက်ရှိတွင် လူမူကူညီရေးအသင်းမှရရှိထားသည့်စာရင်းအရ ရွှေဦးကွင်းကျေးရွာတွင် နေအိမ် ၅၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာမှုနှင့်ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားလာခြင်း မရှိသေး ကြောင်း ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“လူတွေတော့ ထိခိုက်တာ မရှိပါဘူးခင်ဗျား၊ လူတွေအကုန်လုံးက အန္တရာယ်ကင်းပါတယ်၊ ဓာတ်တိုင်တွေလဲတာ၊ အုန်းပင်တွေလဲတာတွေတော့ ရှိပါတယ်” ဟု ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။
👍10😢4🔥2
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ဗဟိုချက်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာ နိုင်ငံကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#ဂွမြို့နယ်
#ရွှေဦးကွင်းရွာ
Photos- ဂွမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီတွင် လေပြင်းတိုက်ခတ်မှုအပြီး မြင်ကွင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4😢2❤1
​​ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ရှိရာ နဘုလယ်ဒေသကို ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
နဘုလယ်ဒေသသို့ ယနေ့ နံနက်ပိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသ အခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ဖြစ်နေရာမှ စစ်ကောင်စီက လေကြောင်း အကူဖြင့် လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ရေဖြူမြို့နယ် အခြေစိုက် PDF ရဲဘော် တစ်ဦးက“တိုက်ပွဲက ဒီနေ့ မနက်က ဖြစ်နေတာပါ။ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိနေချိန်မှာ လေကြောင်းနဲ့ လာရောက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။
နဘုလယ်ဒေသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမ အကြိမ်ဖြစ်ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
“အခု နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ အတွက် ပျက်စီးမှုကို အတည် မပြုနိုင်သေးဘူး ။ နယ်မြေ ရှင်းလင်းနေရတုန်းပါ”လို့ PDF ရဲဘော် တစ်ဦးက ပြောသည်။
တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးကလည်း ယနေ့ နံနက် ၈ နာရီ ၂၆ မိနစ်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ် တစ်စီး ထားဝယ် အထူးစီးပွားရေးဇုန် အနီး ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ လေယာဉ်မှာ Jet Fighter အမျိုးအစားဖြစ်ပြီး မြိတ်လေ တပ်စခန်းမှ ပျံတက်လာကာ ဗုံးကြဲတို က်ခိုက်ခဲ့ပြီး နောက် မြိတ်ဘက်သို့ ပြန်လည် ပျံသန်းသွားကြောင်း သတင်း ထုတ်ပြန်ထားသည်။
Enemy Air Route Channel ကလည်း ယနေ့ မနက် မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်တွင် မြိတ်လေတပ်စခန်းမှ Jet Fighter တစ်စင်း မြောက်ဘက်သို ဦးတည် ပျံတက်သွားကြောင်း ရေးသားဖော်ပြထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထားဝယ်အထူးစီးပွားရေးဇုန်
#လေကြောင်းမှဗုံးကြဲ တိုက်ခိုက်
#နဘုလယ်ဒေသ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2👏2❤1👎1
​​Breaking News မိုခါမုန်တိုင်း CAT- 5 အဆင့် လေတိုက်နှုန်းမိုင် ၁၆၀ ကျော်ရောက်နေပြီး စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ်အသွင် ပြောင်း

001
မိုခါမုန်တိုင်း CAT- 5 အဆင့် လေတိုက်နှုန်းမိုင် ၁၆၀ ကျော်ရောက်နေပြီး စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ်အသွင် ပြောင်း နေကြောင်း ကမ္ဘာ့မိုးလေဝသဌာနများက ထုတ်ပြန်သည်။
UN လက်အောက်ခံ ကမ္ဘာ့သဘာဝဘေး သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination System GDACS) က မိုခါမုန်တိုင်းမှာ CAT – 5 အဆင့်သို့ ရောက်ရှိပြီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၁၆၀ ကျော် သို့ ရောက်ရှိလာကြောင်း မေ ၁၄ ရက် နံနက်တွင် ထုတ်ပြန်သည်။
ထို့ပြင် အမေရိကန်မိုးလေဝသဌာနဖြစ်သည့် Joint Typhoon Warning Center ကလည်း မိုခါမုန်တိုင်းမှာ အလွန်ပြင်းထန်သော စူပါဆိုင်ကလုန်းမုန်တိုင်းကြီး (Super Cyclonic Storm Mocha) အဖြစ် ပြောင်းလဲ နေပြီး မုန်တိုင်းအဆင့် သတ်မှတ်ချက် အဆင့် ၅ ( Category 5 ) သို့ ရောက်ရှိသွားကြောင်း လေတိုက်နှုန်း တစ်နာရီလျှင် လေတိုက်နှုန်း ၁၆၁ မိုင်နှုန်း ( 140 Knots) ဖြင့် ရခိုင်သို့ ဦးတည်တိုက်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။
😢7🔥3👍1
မိုးထဲရေထဲ စစ်ကြောင်းထိုးခံနေရသဖြင့် ခင်ဦးအနောက်ခြမ်းမှ ဒေသခံ ၃,၀၀၀ ခန့် ထွက်ပြေးနေရ

007
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း။ ခင်ဦးမြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်က အကြောင်းမဲ့စစ်ကြောင်းထိုး ၀င်လာသဖြင့် ဒေသခံ ၃,၀၀၀ ခန့်မှာ မုန်တိုင်းမိုးဒဏ်ခံနေရချိန်တွင် ထွက်ပြေးနေကြရကြောင်း သတင်းရရှိသည်။
“မနက် ၆ နာရီခွဲလောက်ကစပြီး အကြောင်းမဲ့ စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးနဲ့ပစ်၀င်တော့ မခံနိုင်လို့ မိုးထဲလေထဲ ထွက်ပြေးကြရတယ်။ တချို့က တောထဲပြေးတာ၊ မြို့မှာ ဆွေမျိုးမိတ်ဆွေရှိသူတွေကတော့ မြို့ပေါ်ကို ရှောင်ထွက်လာတာပေါ့” ဟု ခင်ဦးမြို့ခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းမှ အင်းပတ်၊ ချမ်းသာကုန်း၊ ကုန်းသာ စသည့်ကျေးရွာများမှ ဒေသခံ ၃,၀၀၀ ကျော် မိုးထဲရေထဲ စစ်ဘေးရှောင်ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း ဆိုသည်။
😢10🔥3👎1😁1
အင်းပတ်ကျေးရွာတွင် စစ်စခန်းဖွင့်ထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၆ နာရီ၀န်းကျင်ခန့်တွင် ချမ်းသာကုန်းကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ် ခတ်ပြီးနောက် ကျေးရွာအတွင်း၀င်ရောက်ကာ ဒေသခံများ၏၀မ်းစာများအား ယူဆောင်သွားကြောင်း၊ အလားတူ အင်းပတ်ကျေးရွာကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် အသက်လေးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရသဖြင့် ဆေးကုသမှုပေးထားရကြောင်း သိရ သည်။
မိုခါမုန်တိုင်း ကုန်းတွင်းပိုင်းကို၀င်ရောက်ချိန်တွင် တိုင်းနှင့်ပြည်နယ်အနှံ့အပြား မိုးသက်လေပြင်းကျရောက်နိုင် ကြောင်းသတင်းအရ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ် အကြောင်းမဲ့ စစ်ကြောင်းထိုး၀င်ရောက်လာခြင်းဖြစ် ကြောင်း ဒေသခံများကပြောသည်။

Photo - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
စာတည်း။ ။စောဖေ
စာမူတည်ဖြတ်။ ။စောဖေ
#စစ်ကိုင်တိုင်း
#ခင်ဦးမြို့နယ်
#စစ်ကြောင်းထိုး
#ထွက်ပြေးနေရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🔥3😁1
​​ချင်းပြည်နယ်တောင်ပိုင်း မုန်တိုင်းသတိပေးချက် | Warning for Southern Chin

မေလ ၁၄ရက်
ဆိုင်ကလုန်းမိုခါသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်အပါအဝင် ကျေးရွာများသို့ ယနေ့ည မေလ၁၄ရက် မြန်မာစံတော်ချိန် ၈နာရီမှ ၉နာရီအတွင်း ဖြတ်မည်။
လေတိုက်နှုန်း တစ်နာရီ ၁၀၀ မိုင်နှုန်းရှိနိုင်ပါသည်။
Cyclone Mocha will effect villages in southern Chin state, including Mindat from 8-9pm.
Wind will be 100-150km/h up to 100m/h
👍4🔥2😢1
​​အရေးပေါ်သတိပေးချက်
ဆိုင်ကလုန်းမိုခါသည် ချင်းပြည်နယ် ဟားခါးမြို့သို့ ယနေ့ည သန်းခေါင်ယံအချိန်ဝန်းကျင်တွင် ရောက်ရှိမည်ဖြစ်ပါသည်။
🔥3👍1