တာချီလိတ် မြေပြိုမှု လူ၂ဦး သေဆုံး
001
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ မေလ ၁၄ရက်နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ဆန်ဆိုင်းရပ်ကွက်ရှိ အိမ်တစ်လုံးပေါ်သို့ မြေပြိုကျခဲ့ရာ အိမ်အတွင်း အိပ်ပျော်နေသည့် ဇနီးမောင်နှံ နှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ဝမ်မိုင်ရပ်ကွက်သစ်အနီးရှိ နေအိမ်ပေါ်သို့ ယနေ့နံနက် ၃နာရီခန့်က မြေပြိုကျခဲ့ခြင်းဖြစ်သည်။
" ဒီနေ့ မနက် ၃ နာရီကျော်လောက်က ဖြစ်တာပါ။ မြေပြိုတာပေါ့။ သူတို့ အိပ်ပျော်နေတဲ့အချိန် အထက်က မြေပြိုကျတာပေါ့" ဟု ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တာချီလိတ်မြို့ တွင် ယမန်နေ့ မေလ ၁၃ ရက်နေ့ ညကတည်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မေလ ၁၄ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့်
အသက် ၂၃ နှစ်အရွယ် မောင်နေအောင်
နှင့် အမျိုးသမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် မမဇလပ်ဖြူတို့ သေဆုံးကြောင်း ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

😢10👍2🔥2❤1
ယနေ့ ညနေတွင် ရခိုင်ကမ်းရိုးတန်းသို့ဝင်ရောက်နေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ နေရာကွက်မိုးကြီးနိုင်သည်ဟု
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ ကုန်းမြင့်ဒေသများ၌ ပုံမှန်ထက်မိုးကြီးပါက မြေပြိုမှု ဘေးအန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကသတိပေးသည်။
မုန်တိုင်းအရှိန်ကြောင့် နေပြည်တော် ၊ ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ ယနေ့ မေလ ၁၄ရက်နေ့ နံနက် ၈နာရီဝန်းကျင်ကလည်း ပြင်ဦးလွင်အနီးစခန်း ရဲကင်းရှေ့နားတွင် သစ်ပင်လဲကျရာ ထိုနေရာသို့ရောက်ရှိနေသော အမျိုးသားတစ်ဦးသည် ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း တုသိတာလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#တာချီလိတ်မြို့
#မိုးအဆက်မပြတ်ရွာ
#မြေပြို
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍9🔥2😁2🤯1
စစ်တွေမြို့တွင် နေအိမ်များရေမြုပ်နေပြီး လှုမှုကွန်ရက်တွင် အကူအညီတောင်းခံမှုများရှိလာ
ကီရာ
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုက်ကလုန်းမုန်တိုင်း မိုခါကြောင့် ပင်လယ်ရေများမြင့်တက်လာနေပြီး နေအိမ်များ ရေမြုပ်သည့် အနေအထားများအထိ ဖြစ်လာကြောင်း စစ်တွေ ဒေသခံများက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။ ထို့သို့ နေအိမ်များ ရေမြုပ်လာ၍ နေအိမ်အတွင်း ပိတ်မိနေကြသူများက လူမှုကွန်ရက်တွင် နေရပ်လိပ်စာ၊ အမည်နှင့် ဖုန်းနံပါတ်များ ရေးသား၍ အကူအညီတောင်းခံနေကြသည်။
နေအိမ် တစ်အိမ်လုံးရေများမြှုပ်သွားပြီး လူများ အိမ်ခေါင်မိုးပေါ်တွင် နေနေရကြောင်းကို
"တရားသီးစုရပ်ကွက် ကျော်ဇံရွှီလမ်း အမှတ်(၂၄)/တစ်အိမ်လုံးမြုပ်သွားပါပြီ။ အနောက်မာ အပါး/အမား ခေါင်မိုးပေါ်မာပါတဲ့ တချက်ဖုန်းဆက်ပေးပီး သွားခေါ်ပီး ကူညီပေးကြပါ။ဦးမောင်မြသိန်း-09421756253 ဒေသန္တာရ ဆေးခန်းနောက်"ဟူ၍ ဒေသခံတစ်ဦးကလည်း ရေးသားထားသည်။
ထို့အပြင် မိဇံပန်းခြံနောက် နေထိုင်သူတစ်ဦးမှာလည်း အိမ်တစ်အိမ်လုံး ရေမြှုပ်တော့မည်ဖြစ်သည့်အတွင် ဖုန်းဆက်အကူအညီတောင်းနေသည့်အကြောင်းကို
"မိဇံ ပန်းခြံနောက်က 09896157403 ၊ 09669882927 ကျော်သီဟထွန်း (or) Gp Chayအေဖုန်းကိုဆက်သွယ်ပြီး တခေါက်ကယ်ပီးကပ်ပါ
အိမ်တအိမ်လုံး မြုပ်ဖို့ကန်နီလို့ သူတယောက်တည်း ဖုန်းဆက်ပြီး ကူညီတောင်းနီလို့ပါ။ ဖုန်းဆက်သွယ်လို့ တဖုန်းလေ့ဆက်မရဖြစ်နီပါရေ" ဟူ၍ ရေးသားထားသည်။
စစ်တွေ မြို့ပေါ် ရပ်ကွက်အများစုရှိ နေအိမ်များ ရေမြှုပ်နေပြီး နေအိမ်အတွင်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပိတ်မိနေသည့် အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်းနှင့် လတ်တလောတွင် ပရဟိတအဖွဲ့အစည်းများသို့ ဆက်သွယ်အကူအညီတောင်းခံမှုများ လုပ်ဆောင်နေသော်လည်း ဖုန်းများဆက်သွယ်မရဖြစ်နေကြောင်းကိုလည်း စစ်တွေဒေသတွင်း မီဒီယာများကလည်း ရေးသားဖော်ပြကြသည်။
လတ်တလောတွင် အဲဲဒီမိဇံ၊ ရွှေပြား၊ မြို့သူကြီး၊ လမ်းမတော်မြောက်၊ လမ်းမတော်တောင်၊စံ ပြရွာ အစရှိသည့် ရပ်ကွက်များတွင် ပိတ်မိနေသူများ ရှိနေကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားကြသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီဌာနက ယနေ့မြန်မာစံတော်ချိန် ၂နာရီထုတ်ပြန်ချက်တွင် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၀။ မိုင် ခန့် ။ မောင်တောမြို့၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်၊ မာန်အောင်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ရေနှစ်မြုပ်
#အကူအညီတောင်းခံ
# မိုခါမုန်တိုင်း

👍10🔥3❤2👎1
မြန်မာနိုင်ငံ အနောက်ပိုင်းတွင် စူပါဆိုင်ကလုန်းဒဏ် တုံ့ပြန်ရေး ကုလနှင့် လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့များ ပြင်ဆင်
မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ ကုန်းတွင်းပိုင်း ဝင်ရောက်မည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ် သက်ရောက်မည့် လူ့အစုအဖွဲ့များအတွက် ဘေးအန္တရာယ်ဆိုင်ရာ အသက်ကယ် အကူအညီများ ပံ့ပိုးပေးအပ်ရန် ကုလသမဂ္ဂနှင့် ယင်း၏ လူသားချင်းစာနာမှုမိတ်ဖက်အဖွဲ့များက အသင့်ပြင်ထားကြောင်း ပူးတွဲထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

❤7👍1🔥1
မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့် မုန်တိုင်းဖြစ်ပြီးချိန်တွင် လိုက်နာရမည့်အချက်များ
https://youtu.be/EA2bltJFkQQ
https://youtu.be/EA2bltJFkQQ
YouTube
မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့် မုန်တိုင်းဖြစ်ပြီးချိန်တွင် လိုက်နာရမည့်အချက်များ
မုန်တိုင်းတိုက်နေစဉ်တွင် ဘာတွေကို ပြုလုပ်ရမလဲ...? မုန်တိုင်းတိုက်ပြီးချိန်တွင်ကော ဘာတွေကို ရှောင်ရှားသင့်လဲ ဆိုတာတွေကို ပြောပြပေးချင်ပါတယ်..။
အခုဗီဒီယိုလေးမှာ ပြောပြခဲ့တဲ့ လိုက်နာသင့်သည့် အချက်များကို လိုက်နာပြီး သင်နှင့် သင့်မိသားစု၏ ဘေးအန္တရာယ်ကင်းဝေးစေရန်…

👍11❤2🔥1
စစ်တွေမြို့ပေါ်သို့ မုန်တိုင်းဒီရေတက်နေပြီး နေအိမ်အများစု ခေါင်မိုးလန်ပျက်စီး
https://youtu.be/QLusmPH1M70

KMN (မဇ္ဈိမ)။ ။အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ ဗဟိုချက်သည် ရခိုင်ပြည်နယ် စစ်တွေ မြို့အနီးမှ စတင်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်း…
ဆိုင်ကလုန်းမုန်တိုင်း…
🔥2👍1
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အန္တရာယ် ကြိုတင်ကာကွယ်ရန် PDF – Kalay အသိပေး
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း ဝင်ရောက်လာမည် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန် ဒေသခံ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး) PDF – Kalay ထံမှ သိရသည်။
လက်ရှိဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် ကလေးမြို့ပေါ်သို့ဝင်ရောက်မည်ဖြစ်သဖြင့် မုန်တိုင်းမဝင်ခင် ပြင်ဆင်သင့်သည်များနှင့် မုန်တိုင်းတိုက်ခတ်ချိန်တွင် ပြုလုပ်သင့်သည်များကို မေလ ၁၃ ရက်နေ့က အသိပေးခဲ့ ခြင်းဖြစ်သည်။
“လက်ရှိမှာတော့ မုန်တိုင်းအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ပါ က အဆင်သင့်ရှိဖို့ တပ်ရင်းတွေနဲ့ ဆေးတပ်ဖွဲ့တွေကိုတော့ ညွှန်ကြားထားပြီးဖြစ်ပါတယ်” ဟု Kalay Region Support Center တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

👍12❤2😁2🔥1
မုန်တိုင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျေးရွာအချို့မှခေါင်းဆောင်များမှတဆင့် ပြည်သူများအား မုန်တိုင်း ဒဏ်ကာမှကွယ်ကွယ်ရေး ပြင်ဆင်ထားကြရန်နှင့် လုပ်ဆောင်ရမည့်အရာများကို ကြိုတင်သတိပေးထားကြောင်း ဆိုသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူအချို့မှာ မုန်တိုင်းဒဏ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးမှုများ ကို လိုက်နာမှုအားနည်းသည့်အတွက် အခက်အခဲအချို့ရှိကြောင်း သိရသည်။ ထို့ပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေး ကိစ္စများအတွက် မလုံလောက်သည့် စိန်ခေါ်မှုများရှိနေပြီး တတ်နိုင်သောပြည်သူများအနေဖြင့် ကူညီကြရန် မေတ္တာ ရပ်ခံထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)အနေဖြင့် ဒေသခံများအား မုန်တိုင်းမဝင်မီ အိမ်များစစ်ဆေးထားရန်နှင့် အရေးပေါ်ဆေးဝါး ၊ ရိက္ခာများ စုဆောင်းထားရန်နှင့် ဆက်သွယ် ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ထား ကြရန် အသိပေးထားသည်။
မုန်တိုင်းတိုက်ခတ်ချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ဂက်စ်ပိုက်၊ ရေပိုက်များ ပိတ်ထားကြရန်နှင့် လုံခြုံဘေး ကင်းသည့်နေရာများတွင် အကာအကွယ်ယူတတ်ရန်နှင့် မုန်တိုင်းသတင်းအသိပေးချက်အပါအဝင် လိုက်နာသင့် သည့် အချက်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)
#မုန်တိုင်းဒဏ်ကာကွယ်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူအချို့မှာ မုန်တိုင်းဒဏ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးမှုများ ကို လိုက်နာမှုအားနည်းသည့်အတွက် အခက်အခဲအချို့ရှိကြောင်း သိရသည်။ ထို့ပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေး ကိစ္စများအတွက် မလုံလောက်သည့် စိန်ခေါ်မှုများရှိနေပြီး တတ်နိုင်သောပြည်သူများအနေဖြင့် ကူညီကြရန် မေတ္တာ ရပ်ခံထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)အနေဖြင့် ဒေသခံများအား မုန်တိုင်းမဝင်မီ အိမ်များစစ်ဆေးထားရန်နှင့် အရေးပေါ်ဆေးဝါး ၊ ရိက္ခာများ စုဆောင်းထားရန်နှင့် ဆက်သွယ် ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ထား ကြရန် အသိပေးထားသည်။
မုန်တိုင်းတိုက်ခတ်ချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ဂက်စ်ပိုက်၊ ရေပိုက်များ ပိတ်ထားကြရန်နှင့် လုံခြုံဘေး ကင်းသည့်နေရာများတွင် အကာအကွယ်ယူတတ်ရန်နှင့် မုန်တိုင်းသတင်းအသိပေးချက်အပါအဝင် လိုက်နာသင့် သည့် အချက်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)
#မုန်တိုင်းဒဏ်ကာကွယ်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍5😁2🔥1
စစ်တွေမြို့နယ်တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်နေ
မဇ္ဈိမ
အလွန့်အလွန်အားကောင်းတဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံး ပြတ်တောက်နေပြီး ဆက်သွယ်မှု ဧရိယာ ပြင်ပဖြစ်နေသည်။
ယနေ့ မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်က စတင်ကာ ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံး ပြတ်တောက်သွားခြင်း ဖြစ်ပြီး ညနေ ၅ နာရီအထိ ဖုန်းလိုင်းများ ပြတ်တောက်နေဆဲ ဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အနီးရှိ ပင်မဆက်သွယ်ရေး တာဝါတိုင်ကြီး “မိုခါ” ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် တာဝါတိုင် တစ်ခုလုံး ကျိုးကျသွားပြီးနောက် ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

😢10👍2❤1😱1
“ဖုန်း ၁၃ လုံးကို အခါ ၂၀ လောက် ဆက်တာမရဘူး” ဟု မိုခါမုန်တိုင်း စစ်တွေကို ဝင်ရောက်တိုက်ခတ်နေမှုအပေါ် စောင့်ကြည့် သတင်းရေးသားသည့် သတင်းထောက်တစ်ဦးက ပြောသည်။
ပင်လယ်ကမ်းစပ်နှင့် နီးသည့် စစ်တွေမြို့ ရပ်ကွက်အချို့တွင် ချောင်းရေများ ဝင်ရောက်နေပြီး နေအိမ်အတွင်း ပိတ်မိနေ၍ အွန်လိုင်းပေါ်က အကူအညီတောင်းသူများလည်း ရှိနေသည်။ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ များက ဖြန့်ဝေထားသော ဆက်သွယ်ရန် ဖုန်းနံပါတ်များသည်လည်း လက်ရှိအချိန်မှာ ဖုန်းခေါ် ၍ မရတော့ဘဲ ဖြစ်နေသည်။
ထိုသို့ ဆက်သွယ်ရေး ဖုန်လိုင်းများ ပြတ်တောက်နေ၍ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို မသိရသေးဘဲ မဇ္ဈိမက ဆက်လက်စောင့်ကြည့် စုံစမ်းနေဆဲဖြစ်သည်။
အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့မေလ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် လေတိုက်နှုန်းလတစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေကြောင်း NUG ၏ မိုးဇလ ဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်တွေမြို့က ကျိုးကျသွားသော ဆက်သွယ်ရေး တာဝါတိုင်နှင့် သစ်ပင် မြင်ကွင်း (CJ)
#ဆက်သွယ်ရေးလှိုင်း

❤4😁3
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် အင်တာနက်လိုင်းမရရှိ၍ မုန်တိုင်းဘေးသတင်းအချက်လက်ရရှိရေး နှင့် ကူညီကယ်ဆယ်ရေးတွင် နှောင့်နှေးမှုများ ရှိနိုင်
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် ဆိုင်ကလုန်းမုန်တိုင်း မိုခါနှင့် ပတ်သက်သည့် သတင်းအချက်လက်ရရှိရေး နှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် နှောင့်နှေးမှုများရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦး ၊ချောင်းဦး ၊ မြင်းမူ ၊ အရာတော် ၊ ပုလဲ နှင့် ယင်းမာပင် စသည့် မြို့ နယ်များတွင် ပြီခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ကတည်းက ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရကြောင်း ဒေသခံများကပြောသည်။
“ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် အတော်များများမှာ ဖုန်းလိုင်းဖြတ်ထားတယ်။ ဖုန်းအင်တာနက်လိုင်း ဖြတ်ထားတယ်။ ဒါပေမဲ့ ဝိုင်ဖိုင်အင်တာနက်ရတယ်။ ဒါပေမဲ့ မီးမမှန်တော့ဝိုင်ဖိုင်အင်တာနက်ကလည်း သိပ်အဆင်မပြေဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြင်းမူမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် မုန်တိုင်း အန္တရာယ်နှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို သိရှိမှု အားနည်းသည့်အတွက် ပြင်ဆင်မှုများသေချာလုပ်ထားခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြော သည်။
“လတ်တလော(မေလ ၁၄ ရက်နေ့ နေ့လယ်) မှာတော့ မိုးရွာတာလောက်ပဲ ရှိတယ် ။ လေပြင်းတိုက်ခိုက်တာတော့ မရှိသေးဘူး ။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးတာတွေ ပြည်သူတွေ တိမ်းရှောင်ရတာတွေ ရှိလာရင် စားနပ်ရိက္ခာ တွေ ထောက်ပံ့ပေးဖို့အတွက် မြို့နယ် ပကဖ ကနေ တိုက်နယ် ပကဖ တွေ ကို ညွှန်ကြားထားတာတွေတော့ရှိတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့ရာတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် မုန်တိုင်းနဲ့ ပတ်သက်ေသာ သတင်းအချက် အလက်များကို ပြည်သူများအား အချိန်နှင့်တပြေးညီ ပေးပို့နိုင်မှု အားနည်းကြောင်း ၎င်းကဆိုသည်။
လက်ရှိ အရာတော်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့များ က ပူးပေါင်းဆောင်ရွက်ပေးေနကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “သဘာ၀ဘေးအန္တရယ်နှင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ ဆေးဝါး တွေ ကြိုတင် ပြင်ဆင်ထားတယ်လို့ မြို့နယ် ပအဖ အဖွဲ့ က ပြောထားတယ်” ဟု ပြောသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက ယနေ့ မနက် အစောပိုင်းကတည်းက စစ်ကြောင်းထိုး၍ ဒေသခံပြည်သူများ မိုးလေကျရောက်နေသည့်ကြားမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသခံများထံက သိရသည်။
“မိုးရွာတာလောက်ပဲရှိသေးတော့ ကူညီကယ်ဆယ်ရေးက မလုပ်ရသေးတော့မပြောနိုင်သေးဘူး ။တစ်ကယ်လို့ လုပ်ရပြီဆို ဖုန်းလိုင်းပြတ်တောက်နေတာတွေ၊ အင်တာနက်မရတာတွေကြောင့် ကူညီ ကယ်ဆယ်ရေးအပိုင်းတွေ မှာအားနည်းမှုတွေရှိနိုင်တယ်” ဟု ခင်ဦးမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကလည်း “ကျတော်တို့ မြို့နယ်မှာက အင်တာနက်ကော၊ လျှပ်စစ်ကော ဖြတ်တောက်ထားတော့ ပြည်သူတွေက မုန်တိုင်း ရှိတယ်ဆိုတာလောက်ပဲ သိတယ် ပြင်ဆင်မှု အပိုင်းမှာတော့ အားနည်းနေသေးတယ်” ဟု ပြောသည်။
ဆိုင်ကလုန်းမုန်းတိုင်း မိုခါ၏ ရိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေ သည့် အတွက် စစ်ဘေးရှောင် ပြည်သူများသည် ယာယီတဲများတွင် နေထိုင်နိုင်ခြင်း မရှိဘဲ မိုး လေ လွတ်ရာ နေရာများကို အရေးပေါ် ရွှေ့ပြောင်းနေရကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မိုခါမုန်တိုင်း
#ကူညီကယ်ဆယ်ရေးနှောင့်နှေး

👍13😢6❤5🔥1
မေလ( ၁၄ )ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မုန်တိုင်းမိုခါကို ရင်ဆိုင်ဖို့ပြင်ဆင်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို ဒီကနေ့ မေလ( ၁၄ )ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက အကြောင်းမဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် မိုးထဲရေထဲ ထွက်ပြေးနေရတဲ့သတင်းနဲ့အတူ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ချင်းပြည်နယ်ကို ဒီကနေ့ မေလ( ၁၄ )ရက် ညပိုင်းမှာ ဝင်ရောက်လာမှာဖြစ်ပြီး စစ်ကိုင်းမြောက်ပိုင်းနဲ့ နာဂဒေသတွေကိုတော့ မနက်ဖြန် မေလ( ၁၅ )ရက်နေ့မှာ ဝင်ရောက်လာမယ်ဆိုတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။
https://youtu.be/xAq9CM4Wa9Q

မုန်တိုင်းမိုခါကို ရင်ဆိုင်ဖို့ပြင်ဆင်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို ဒီကနေ့ မေလ( ၁၄ )ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက အကြောင်းမဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် မိုးထဲရေထဲ ထွက်ပြေးနေရတဲ့သတင်းနဲ့အတူ…

👍6❤2🔥1
“မိုခါ” စူပါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နေသော စစ်တွေမြို့အခြေအနေ
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ယနေ့ မေလ ၁၄ရက် နေ့လယ်ပိုင်းမှစတင်ကာ မုန်တိုင်းဗဟိုချက် စတင်ဖြတ်သန်းနေပြီး မြို့အတွင်း ဒီရေများဝင်ရောက်နေသည်။
https://youtu.be/CX_XqTqhUR4

ရွှေနွယ် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ယနေ့ မေလ ၁၄ရက် နေ့လယ်ပိုင်းမှစတင်ကာ မုန်တိုင်းဗဟိုချက် စတင်ဖြတ်သန်းနေပြီး မြို့အတွင်း ဒီရေများဝင်ရောက်နေသည်။
စစ်တွေမြို့အတွင်းရှိ MPT ဆက်သွယ်ရေးတာဝါတိုင်လည်း ထက်ပိုင်းလဲကျသွားပြီးနောက် လက်ရှိတွင်…

👍5🔥3