Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်တွေမြို့နယ်တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်နေ

မဇ္ဈိမ
အလွန့်အလွန်အားကောင်းတဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံး ပြတ်တောက်နေပြီး ဆက်သွယ်မှု ဧရိယာ ပြင်ပဖြစ်နေသည်။
ယနေ့ မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်က စတင်ကာ ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံး ပြတ်တောက်သွားခြင်း ဖြစ်ပြီး ညနေ ၅ နာရီအထိ ဖုန်းလိုင်းများ ပြတ်တောက်နေဆဲ ဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အနီးရှိ ပင်မဆက်သွယ်ရေး တာဝါတိုင်ကြီး “မိုခါ” ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် တာဝါတိုင် တစ်ခုလုံး ကျိုးကျသွားပြီးနောက် ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
😢10👍2❤1😱1
“ဖုန်း ၁၃ လုံးကို အခါ ၂၀ လောက် ဆက်တာမရဘူး” ဟု မိုခါမုန်တိုင်း စစ်တွေကို ဝင်ရောက်တိုက်ခတ်နေမှုအပေါ် စောင့်ကြည့် သတင်းရေးသားသည့် သတင်းထောက်တစ်ဦးက ပြောသည်။
ပင်လယ်ကမ်းစပ်နှင့် နီးသည့် စစ်တွေမြို့ ရပ်ကွက်အချို့တွင် ချောင်းရေများ ဝင်ရောက်နေပြီး နေအိမ်အတွင်း ပိတ်မိနေ၍ အွန်လိုင်းပေါ်က အကူအညီတောင်းသူများလည်း ရှိနေသည်။ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ များက ဖြန့်ဝေထားသော ဆက်သွယ်ရန် ဖုန်းနံပါတ်များသည်လည်း လက်ရှိအချိန်မှာ ဖုန်းခေါ် ၍ မရတော့ဘဲ ဖြစ်နေသည်။
ထိုသို့ ဆက်သွယ်ရေး ဖုန်လိုင်းများ ပြတ်တောက်နေ၍ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို မသိရသေးဘဲ မဇ္ဈိမက ဆက်လက်စောင့်ကြည့် စုံစမ်းနေဆဲဖြစ်သည်။
အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့မေလ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် လေတိုက်နှုန်းလတစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေကြောင်း NUG ၏ မိုးဇလ ဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်တွေမြို့က ကျိုးကျသွားသော ဆက်သွယ်ရေး တာဝါတိုင်နှင့် သစ်ပင် မြင်ကွင်း (CJ)
#ဆက်သွယ်ရေးလှိုင်း
❤4😁3
​​စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် အင်တာနက်လိုင်းမရရှိ၍ မုန်တိုင်း‌ဘေးသတင်းအချက်လက်ရရှိရေး နှင့် ကူညီကယ်ဆယ်ရေးတွင် နှောင့်နှေးမှုများ ရှိနိုင်

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် ဆိုင်ကလုန်းမုန်တိုင်း မိုခါနှင့် ပတ်သက်သည့် သတင်းအချက်လက်ရရှိရေး နှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် နှောင့်နှေးမှုများရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦး ၊ချောင်းဦး ၊ မြင်းမူ ၊ အရာတော် ၊ ပုလဲ နှင့် ယင်းမာပင် စသည့် မြို့ နယ်များတွင် ပြီခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ကတည်းက ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရကြောင်း ဒေသခံများကပြောသည်။
“ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် အတော်များများမှာ ဖုန်းလိုင်းဖြတ်ထားတယ်။ ဖုန်းအင်တာနက်လိုင်း ဖြတ်ထားတယ်။ ဒါပေမဲ့ ဝိုင်ဖိုင်အင်တာနက်ရတယ်။ ဒါပေမဲ့ မီးမမှန်တော့ဝိုင်ဖိုင်အင်တာနက်ကလည်း သိပ်အဆင်မပြေဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြင်းမူမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် မုန်တိုင်း အန္တရာယ်နှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို သိရှိမှု အားနည်းသည့်အတွက် ပြင်ဆင်မှုများသေချာလုပ်ထားခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြော သည်။
“လတ်တလော(မေလ ၁၄ ရက်နေ့ နေ့လယ်) မှာတော့ မိုးရွာတာလောက်ပဲ ရှိတယ် ။ လေပြင်းတိုက်ခိုက်တာတော့ မရှိသေးဘူး ။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးတာတွေ ပြည်သူတွေ တိမ်းရှောင်ရတာတွေ ရှိလာရင် စားနပ်ရိက္ခာ တွေ ထောက်ပံ့ပေးဖို့အတွက် မြို့နယ် ပကဖ ကနေ တိုက်နယ် ပကဖ တွေ ကို ညွှန်ကြားထားတာတွေတော့ရှိတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့ရာတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် မုန်တိုင်းနဲ့ ပတ်သက်‌ေသာ သတင်းအချက် အလက်များကို ပြည်သူများအား အချိန်နှင့်တပြေးညီ ပေးပို့နိုင်မှု အားနည်းကြောင်း ၎င်းကဆိုသည်။
လက်ရှိ အရာတော်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် တော်လှန်ရေးတပ်ဖွဲ့များ က ပူးပေါင်းဆောင်ရွက်ပေး‌ေနကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “သဘာ၀ဘေးအန္တရယ်နှင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ ဆေးဝါး တွေ ကြိုတင် ပြင်ဆင်ထားတယ်လို့ မြို့နယ် ပအဖ အဖွဲ့ က ပြောထားတယ်” ဟု ပြောသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက ယနေ့ မနက် အစောပိုင်းကတည်းက စစ်ကြောင်းထိုး၍ ဒေသခံပြည်သူများ မိုးလေကျရောက်နေသည့်ကြားမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသခံများထံက သိရသည်။
“မိုးရွာတာလောက်ပဲရှိသေးတော့ ကူညီကယ်ဆယ်ရေးက မလုပ်ရသေးတော့မပြောနိုင်သေးဘူး ။တစ်ကယ်လို့ လုပ်ရပြီဆို ဖုန်းလိုင်းပြတ်တောက်နေတာတွေ၊ အင်တာနက်မရတာတွေကြောင့် ကူညီ ကယ်ဆယ်ရေးအပိုင်းတွေ မှာအားနည်းမှုတွေရှိနိုင်တယ်” ဟု ခင်ဦးမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကလည်း “ကျတော်တို့ မြို့နယ်မှာက အင်တာနက်ကော၊ လျှပ်စစ်ကော ဖြတ်တောက်ထားတော့ ပြည်သူတွေက မုန်တိုင်း ရှိတယ်ဆိုတာလောက်ပဲ သိတယ် ပြင်ဆင်မှု အပိုင်းမှာတော့ အားနည်းနေသေးတယ်” ဟု ပြောသည်။
ဆိုင်ကလုန်းမုန်းတိုင်း မိုခါ၏ ရိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေ သည့် အတွက် စစ်ဘေးရှောင် ပြည်သူများသည် ယာယီတဲများတွင် နေထိုင်နိုင်ခြင်း မရှိဘဲ မိုး လေ လွတ်ရာ နေရာများကို အရေးပေါ် ရွှေ့ပြောင်းနေရကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မိုခါမုန်တိုင်း
#ကူညီကယ်ဆယ်ရေးနှောင့်နှေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😢6❤5🔥1
မေလ( ၁၄ )ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မုန်တိုင်းမိုခါကို ရင်ဆိုင်ဖို့ပြင်ဆင်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို ဒီကနေ့ မေလ( ၁၄ )ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက အကြောင်းမဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် မိုးထဲရေထဲ ထွက်ပြေးနေရတဲ့သတင်းနဲ့အတူ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ချင်းပြည်နယ်ကို ဒီကနေ့ မေလ( ၁၄ )ရက် ညပိုင်းမှာ ဝင်ရောက်လာမှာဖြစ်ပြီး စစ်ကိုင်းမြောက်ပိုင်းနဲ့ နာဂဒေသတွေကိုတော့ မနက်ဖြန် မေလ( ၁၅ )ရက်နေ့မှာ ဝင်ရောက်လာမယ်ဆိုတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

https://youtu.be/xAq9CM4Wa9Q
👍6❤2🔥1
“မိုခါ” စူပါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နေသော စစ်တွေမြို့အခြေအနေ

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ယနေ့ မေလ ၁၄ရက် နေ့လယ်ပိုင်းမှစတင်ကာ မုန်တိုင်းဗဟိုချက် စတင်ဖြတ်သန်းနေပြီး မြို့အတွင်း ဒီရေများဝင်ရောက်နေသည်။

https://youtu.be/CX_XqTqhUR4
👍5🔥3
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့မှ ပျက်စီးမှု မြင်ကွင်းများ (ပုံသတင်း)

မဇ္ဈိမ
အလွန့်အလွန်အားကောင်းသည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မြင်ကွင်းအချို့ ဖြစ်သည်။
အဆိုပါ မုန်တိုင်းကြောင့် စစ်တွေအဝေးပြေးကားဂိတ်အနီးရှိ “စစ်တွေမြို့မှ ကြိုဆိုပါ၏” မြို့အဝင် ဆိုင်းဘုတ်လည်း ပျက်စီးသွားသကဲ့သို့ ဈေးဆိုင်ခန်းများလည်း အမိုးလန် ပျက်စီးနေသည်ကို တွေ့ရသည်။
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပင်မဆက်သွယ်ရေး တာဝါတိုင် ကျိုးကျပြီးနောက် လက်ရှိမှာ ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံးပြတ်တောက်နေပြီး ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေသည်။
အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့ မေလ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် လေတိုက်နှုန်းလတစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေကြောင်း NUG ၏ မိုးဇလ ဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- CJ
#စစ်တွေ
#မိုခါ
#Mizzima
👍6😢3🔥1
​​မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅ဦးရှိလာဟု NUG ထုတ်ပြန်

မဲဆောက်(မဇ္ဈိမ)
မဇ္ဈိမ။ ။မိုခါ(Mocha)ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ် ၊မန္တလေးတိုင်းနှင့် ဧရာ၀တီတိုင်းတို့တွင် သေဆုံးသူငါးဦးရှိနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်သည်။
သေဆုံးသူငါးဦးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ကို ဖော်ပြမထားသော်လည်း မြေပြိုမှုနှင့် သစ်ပင်လဲကျမှုတို့ကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှအမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှအမျိုးသား တစ်ဦး၊ ရှမ်းပြည်နယ် တာချီလိတ်မြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ အမျိုးသားတစ်ဦး သေဆုံးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ပြင်ဦးလွင်၊ တောင်ကုတ်နှင့် ရေကြည်မြို့တွင် ယနေ့ မေလ၁၄ရက် နံနက်ပိုင်းက မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်စဉ် သစ်ပင်လဲကျပြီး အမျိုးသားသုံးဦး သစ်ပင်ပိသေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းမြို့နယ်သုံးခု လူမှုကူညီရေးအဖွဲ့များကပြောသည်။တာချီလိတ်မြို့တွင်ယနေ့ နံနက်သုံးနာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဆန်ဆိုင်းရပ်ကွက်မှ နေအိမ်တစ်လုံးပေါ် မြေပြိုကျခဲ့သည်ဟု မြို့ခံ
လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ မြေပြိုကျသည့် အိမ်အတွင်း အိပ်နေသော ဇနီးမောင်နှံနှစ်ဦး မြေပိသေဆုံးသွားခဲ့ခြင်း တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့များကသတင်းထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ မေလ ၁၄ရက် နံနက် ၁၁နာရီခွဲမှစတင်၍ လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၁၃၀နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်‌ခဲ့ကြောင်း၊ မုန်တိုင်းဝင်ရောက်ပြီး ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၌ မုန်တိုင်းဒီရေဝင်ရောက်နိုင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်တွင် မြေပြိုခြင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထပ်မံ သတိပေးထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အပြင် သုံးရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ဖျားနာနေကြောင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင်လည်းလျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသဖြင့် စစ်ဘေးရှောင်များ သတင်းအချက်အလက်ရရှိနိုင်ရန် အခက်အခဲကြုံတွေ့နေရသည်ဟုထုတ်ပြန်ထားသည်။မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို ထပ်မံ၍ ထုတ်ပြန်ပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထား သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ မေ ၁၄ရက်ညတွင် ချင်းပြည်နယ်နှင့်မကွေးတိုင်းအတွင်းသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#မိုခါဆိုင်ကလုန်းမုန်တိုင်း
#သေဆုံးသူငါးဦး
#အမျိုးသားညီညွတ်ရေးအစိုးရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2😢1
This media is not supported in your browser
VIEW IN TELEGRAM
မုန်တိုင်းအရှိန်ကြောင့် ကျောက်တော်မြို့တွင် လေပြင်းများတိုက်ခတ်နေ
👍7
မြေပြိုခြင်းအတွက် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ

မုန်တိုင်းဖြစ်နေသည့် နေရာများတွင် မြေပြိုခြင်းများလည်း ဖြစ်ပေါ်လာတတ်သည့်အတွက် ကြိုတင်ပြင်ဆင်ရန်များနှင့် မိမိနှင့်အတူရှိသင့်သည့် အရေးပေါ်သုံး ပစ္စည်းများအား ပြောပြပေးချင်ပါတယ်။

https://youtu.be/UceO0J2YUvo
👍5🔥3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ မေ ၂၀၂၃)

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တော်လှန်ရေးပြိုကွဲအောင် စစ်ကောင်စီကို ကူညီနေသည့် တရုတ်နိုင်ငံကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြနေပြီး တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း ရေးတွင် ပိုမိုစွက်ဖက်လာပါက ပြည်တွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားရေးများ ထိခိုက်လာ ဖွယ်ရှိသည်။
• အကြမ်းဖက်မင်းအောင်လှိုင်က မုန်တိုင်းအန္တရာယ်အောင်မြင်စွာကျော်လွှားနိုင်ရေးနှင့် မြန်မာနိုင်ငံသား တစ်ဦးမကျန် ကူညီဆောင်ရွက်မည်ဟု ပါးစပ်ကပြောနေသော်လည်း တကယ်လက်တွေ့တွင် မုန်တိုင်း ဧရိယာထဲ ပါဝင်နေသည့် ဒေသများတွင် စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးထဲရေထဲတွင် ပြေးလွှား နေရသည်။
👍20🤮2👏1😁1🙏1
Media is too big
VIEW IN TELEGRAM
ဖုန်းစွဲလန်းခြင်းဆိုင်ရာ အကြောင်းအရာ | ကျန်းမာသုတ လူမှုဘဝ Episode - 15

See more - https://youtu.be/4rF-f_ARvc8

#Mizzima #ကျန်းမာသုတလူမှုဘဝ
#ဓမ္မတာလာခြင်း #ကိုယ်ဝန်ဆောင်ကျန်းမာရေး #reels #shorts
👍16🖕2
မေလ (၁၅) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅ဦးရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG‌ က ထုတ်ပြန် လိုက်တဲ့သတင်းနဲ့အတူ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီက မေလ( ၁၄ )ရက်နေ့ မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမှာ ဖြစ်သလို အပတ်စဉ်ထုတ်လွှင့်နေကျ အစီအစဉ်တွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/q6arg8k_KQs
#Mizzimaradio
#Morningradio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3