Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီလက်အောက်ခံတပ်တွေကအရပ်သားကိုမီးမြှိုက်ပြီးနှိပ်စက်နေတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6693367054031476

#Mizzima #Misinformation_Buster #Fake_News #Shorts #Reels #SSPP #SSA #နှိပ်စက် #အရပ်သား
👍7🍌1
မေလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4
Media is too big
VIEW IN TELEGRAM
သက်ငယ်မုဒိန်းမှုကိုမဖြေရှင်းပေးဘဲဖုံးကွယ်ဖို့ကြံစည်နေတဲ့NUG | NLDတို့ကိုဆန္ဒပြနေတယ်လို့သတင်းမှားပျံ့

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6692943357407179/

#Mizzima #Misinformation_Buster #Shorts #Fake_News #Reels #NUG #NLD #ဆန္ဒပြ #သက်ငယ်မုဒိန်း
🍌2
"မိုခါ" မုန်တိုင်းဒဏ်ခံခဲ့ရပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့မြင်ကွင်း

မဇ္စျိမ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယမန့်နေ့ မေလ ၁၄ ရက်နေ့က အလွန့်အလွန် အားကောင်းသော "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ဆုံးရှုံးခဲ့ရသည့် မြင်ကွင်းများ ဖြစ်သည်။
အလွန့်အလွန် အားကောင်းသည့် မိုခါမုန်တိုင်းကြောင့် ကျောက်တော်မြို့ပေါ်အပြင် ကျေးရွာများရှိ ဘုရားစေတီများ၊ လူနေအိမ်များ ပြိုလဲပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ - CJ/ လူမှုကွန်ယက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😢2
မေလ (၁၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:01 - မိုခါ ဆိုင်ကလုန်းမုန်တိုင်း အားလျော့ပြီး ရခိုင်နဲ့ ချင်းပြည်နယ် မုန်တိုင်းအန္တရာယ်ကင်းပြီလို့ မိုးဇလထုတ်ပြန်တဲ့ သတင်း

02:53 - မုန်တိုင်းကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၅ဦးရှိလာတယ်လို့ NUG ထုတ်ပြန်တဲ့ သတင်း

04:27 - မိုခါကြောင့် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေပျက်စီးမှုရှိတဲ့ အကြောင်းနဲ့

10:26 - မဲဆောက်မှာ မီးလောင်တဲ့ အိမ်က လက်နက်ခဲယမ်းတွေ့ရှိပြီး မြန်မာအမျိုးသား အဖမ်းခံရ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/VKA6j74SAsU
👍6😁2
ကံပေါက်တွင် ဈေးခြင်းတပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စျေးခြင်းတောင်း တပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးမည်ဟု စစ်ကောင်စီတပ်က အမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ်ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည်မှာ လနှင့်ချီရှိနေရာမှ ယခုအခါ စျေး သည်များအသုံးပြုနေသည့်ဆိုင်ကယ်ပေါ်၌ စျေးခြင်းတောင်းများ ဘယ်/ညာနှစ်ဖက် တင်ဆောင်စီးနင်းခွင့် ကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ကံပေါက်ဒေသခံတစ်ဦးက “ဟုတ်တယ်ခင်ဗျ၊ အခုက ဆိုင်ကယ်နဲ့ပတ်သတ်ရင် ဘယ်လိုပုံစံနဲ့မှပေးမစီးတဲ့ သဘော၊ ဘေးတွဲတွေရောလိုက်ပြီး ကန့်သတ်နေတယ်”ဟု ပြောသည်။
ယခုကဲ့သို့ အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီက လိုက်လံကန့်သတ်မှုများကြောင့် လက်လုပ်လက်စား လူတန်းစားများဖြစ်သော ဈေးသည်များ ပိုမိုအခက်ခဲဖြစ်သွားစေနိုင်ကြောင်း ဒေသခံများကပြောသည်။
😁5🤮3👍2