Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4
Media is too big
VIEW IN TELEGRAM
သက်ငယ်မုဒိန်းမှုကိုမဖြေရှင်းပေးဘဲဖုံးကွယ်ဖို့ကြံစည်နေတဲ့NUG | NLDတို့ကိုဆန္ဒပြနေတယ်လို့သတင်းမှားပျံ့

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6692943357407179/

#Mizzima #Misinformation_Buster #Shorts #Fake_News #Reels #NUG #NLD #ဆန္ဒပြ #သက်ငယ်မုဒိန်း
🍌2
"မိုခါ" မုန်တိုင်းဒဏ်ခံခဲ့ရပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့မြင်ကွင်း

မဇ္စျိမ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယမန့်နေ့ မေလ ၁၄ ရက်နေ့က အလွန့်အလွန် အားကောင်းသော "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ဆုံးရှုံးခဲ့ရသည့် မြင်ကွင်းများ ဖြစ်သည်။
အလွန့်အလွန် အားကောင်းသည့် မိုခါမုန်တိုင်းကြောင့် ကျောက်တော်မြို့ပေါ်အပြင် ကျေးရွာများရှိ ဘုရားစေတီများ၊ လူနေအိမ်များ ပြိုလဲပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ - CJ/ လူမှုကွန်ယက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😢2
မေလ (၁၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:01 - မိုခါ ဆိုင်ကလုန်းမုန်တိုင်း အားလျော့ပြီး ရခိုင်နဲ့ ချင်းပြည်နယ် မုန်တိုင်းအန္တရာယ်ကင်းပြီလို့ မိုးဇလထုတ်ပြန်တဲ့ သတင်း

02:53 - မုန်တိုင်းကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၅ဦးရှိလာတယ်လို့ NUG ထုတ်ပြန်တဲ့ သတင်း

04:27 - မိုခါကြောင့် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေပျက်စီးမှုရှိတဲ့ အကြောင်းနဲ့

10:26 - မဲဆောက်မှာ မီးလောင်တဲ့ အိမ်က လက်နက်ခဲယမ်းတွေ့ရှိပြီး မြန်မာအမျိုးသား အဖမ်းခံရ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/VKA6j74SAsU
👍6😁2
ကံပေါက်တွင် ဈေးခြင်းတပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စျေးခြင်းတောင်း တပ် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးမည်ဟု စစ်ကောင်စီတပ်က အမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ်ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည်မှာ လနှင့်ချီရှိနေရာမှ ယခုအခါ စျေး သည်များအသုံးပြုနေသည့်ဆိုင်ကယ်ပေါ်၌ စျေးခြင်းတောင်းများ ဘယ်/ညာနှစ်ဖက် တင်ဆောင်စီးနင်းခွင့် ကို ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ကံပေါက်ဒေသခံတစ်ဦးက “ဟုတ်တယ်ခင်ဗျ၊ အခုက ဆိုင်ကယ်နဲ့ပတ်သတ်ရင် ဘယ်လိုပုံစံနဲ့မှပေးမစီးတဲ့ သဘော၊ ဘေးတွဲတွေရောလိုက်ပြီး ကန့်သတ်နေတယ်”ဟု ပြောသည်။
ယခုကဲ့သို့ အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီက လိုက်လံကန့်သတ်မှုများကြောင့် လက်လုပ်လက်စား လူတန်းစားများဖြစ်သော ဈေးသည်များ ပိုမိုအခက်ခဲဖြစ်သွားစေနိုင်ကြောင်း ဒေသခံများကပြောသည်။
😁5🤮3👍2
“ကျွန်မတို့က အရင်ကတည်းက စျေးရောင်းထွက်ဖို့ ဒီဒေသမှာ ဒီလိုပဲ သွားလာနေတာ။ အခုက ဘယ်လို ပုံစံနဲ့ ကုန်တွေသည်ရမယ်ဆိုတာ မသိတော့ဘူး ဖြစ်နေတယ်” ဟု ကံပေါက်ဒေသခံ စျေးသည်တစ်ဦးက ပြောသည်။
မေလ ၁၀ ရက်နေ့ကစပြီး ကံပေါက်ရဲစခန်းအရှေ့၌ ခြင်းနှစ်လုံးတပ်သွားလာနေသည့် ဆိုင်ကယ်များကို မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများအပါအဝင် ခလရ(၂၇၃)မှ တပ်သားများနှင့်ရဲများက သတိ ပေးမှုများပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခြင်းဖြစ်သည်။
ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ပိတ် ပင်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးများနှင့် တပ်ထောက်ခံသူများ ကိုမူ စီးနင်းခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ကလိန်အောင်မြို့တွင်လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ် စီးနင်းမှုများကို စစ်ကောင်စီတပ်က ပစ် ခတ်ဖမ်းဆီးမှုများ ဆက်ရှိနေပြီး အမျိုးသမီး နှစ်ဦးစီးနင်းမှုကိုမူ ခွင့်ပြုထားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ကံပေါက်ဒေသ
#ဆိုင်ကယ်စီးနင်းခွင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2👏1🤬1
​​ထိုင်းရွေးကောက်ပွဲ ဆန္ဒမဲ ၉၇ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် အတိုက်အခံပါတီများ ဦးဆောင်နေ

ထိုင်းနိုင်ငံတွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၏ မဲရလဒ်များအရ ထိုင်းမဲဆန္ဒရှင်များသည် နိုင်ငံ၏ ဆယ်စုနှစ်တစ်စုနီးပါးကြာ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ်ကို ရှင်းရှင်းလင်းလင်း ပယ်ချလိုက်သည်ကို ပြသခဲ့သည်။ မဲဆန္ဒရှင်များက ဒီမိုကရေစီ လိုလားသော အဓိက အတိုက်အခံပါတီနှစ်ရပ်ကို ထောက်ခံခဲ့ကြပြီး လက်ရှိအချိန်တွင် အဆိုပါ အဓိက အတိုက်အခံပါတီနှစ်ခုသည် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆွေးနွေးမှုများ ပြုလုပ်သွားဖွယ် ရှိနေသည်။
👍25🔥4❤1