Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကော်ဘရာစစ်ကြောင်းထိန်းချုပ်ရာနေရာကို စစ်ကောင်စီတပ်နှင့် BGF တို့ ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်များကာ တပ်လှန်နေ

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ကော်ဘရာစစ်ကြောင်း ထိန်းချုပ် ရာနေရာဖြစ်သည့် ကျောက်မိုင်းဒေသကို စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေသော်လည်း အထိအခိုက်များကာ တပ်လှန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
ဧပြီလမှစတင်ကာ ကျောက်မိုင်းဒေသရှိ ကရင်နယ်ခြားစောင့်တပ်(BGF) စခန်းကုန်းတို့ကို KNU/KNLA, ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle တို့က စခန်းသိမ်း တိုက်ပွဲများပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့်ကရင်နယ်ခြားစောင့်တပ်(BGF)တို့က အပြင်း အထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
မေလ ၁၁ ရက်နေ့မှစတင်ပြီး မေလ ၁၃ ရက်နေ့အထိတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှတစ်ဦးကျဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
“တိုက်ပွဲက ပြင်းထန်တယ်လို့ပြောလို့ရတယ်။ အခုထိုးနေတာ စစ်ကြောင်းများတယ်။ လက်နက်ကြီးက နေ့တိုင်းလိုပစ်နေတာ နေရာစုံပဲ။ လေကြောင်းကတော့ ပြောစရာကိုမလိုတာ အားလုံးသိတဲ့အတိုင်းပဲ သူတို့အထိနာလေ လေကြောင်းပစ်ကူက သုံးလေပဲ”ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းမှူး မိုင်းထိကာသေဆုံးသွားကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။
စစ်ရေးအရေးနိမ့်နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် စွယ်တော်ကုန်း(ခွေးကုန်း)၊ လက်ခတ်တောင်၊ ကြက် ကင်ကုန်း၊ မေတ္တာလင်းမြိုင်နှင့် ခလရ(၂၇၅)တို့မှ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးကျည်များဖြင့် နေ့စဉ် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
ကျောက်မိုင်းဒေသတွင် စစ်ကောင်စီ၏ ခမရ(၁၁၈)၊ လ(၈)၊ ခလရ(၂၇၅)၊ ကရင်နယ်ခြားစောင့်တပ် (BGF) (၁၀၁၉) တပ်ရင်းတို့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁3👏1
​​သပိတ်ကျင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၃ ဦးထက်မနည်း သေဆုံး

ပါခွီး
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်အတွင်း ခြောက်ဘီးကားနှစ်စီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံး သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တကောင်း)က မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာမှ ခြောက်ဘီးကားနှစ်စီးဖြင့် အင်အား ၅၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်သားများသည် တကောင်းဘက်သို့တက်လာရာ ဆူးတောရွာဝင်ပေါက်၌ မေလ ၁၃ ရက် နံနက် ၁၁ နာရီခန့်က မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် ကားတစ်စီးကို တည့်တည့်ထိမှန်ခဲ့ပြီး ကားမှာထိုးရပ်သွားခဲ့ကာ လိုက်ပါလာ သည့် စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့အကြား မိနစ်အနည်းငယ် ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ သေဆုံးသူအလောင်းများနှင့် ဒဏ်ရာရရှိသူများကို တကောင်းဆေးရုံသို့ ခေါ်ဆောင် သွားကြောင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ် သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။
မေလ ၆ ရက် နံနက် ၈ နာရီကျော်ကလည်း ဆူးတောကျေးရွာကို မီးရှို့ပြီးထွက်လာသော တပ်မ (၈၈) လက်အောက်ခံ ခလရ(၇၈)မှ အင်အား ၁၅၀ ပါဝင်သော စစ်ကြောင်းနှစ်ကြောင်းကို တကောင်း (ပ.က.ဖ) မှ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
မေလ ၆ ရက်နေ့ တစ်နေ့တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ များလည်း ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး(တကောင်း) မှ ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သပိတ်ကျင်း
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁3👏2
လပွတ္တာမြို့သို့ မုန်တိုင်းရှောင်ရန်ရောက်နေသည့် အနိမ့်ပိုင်းကျေးရွာများမှဒေသခံများ နေရပ်ပြန်
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်သို့ မုန်တိုင်းရှောင်ရန်ရောက်ရှိနေသည့် အနိမ့်ပိုင်းကျေးရွာများမှ ဒေသခံများ ယနေ့ မေလ ၁၅ ရက်နံနက်ပိုင်းမှစတင်ကာ နေရပ်သို့ ပြန်နေကြပြီဟု သိရသည်။
လပွတ္တာမြို့အောက်ဘက် ပြင်စလူမြို့နယ်ခွဲရှိကျေးရွာများမှဒေသခံများအပြင် လပွတ္တာမြို့နယ်အတွင်း ပင်လယ်နှင့် ထိစပ်နေသည့်ကျေးရွာများမှ မုန်တိုင်းရှောင်ရန်ရောက်ရှိနေသည့် ဒေသခံ ၁၀,၀၀၀ ကျော် ခန့်သည် ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်နေကြခြင်း ဖြစ်သည်။
“မနက်တည်းက စပြန်နေကြတာ တဝက်လောက်တော့ပြန်သွားကြပြီ။ တချို့က မြို့နယ်ကစီစဥ်ပေးတာ တွေနဲ့ပြန်ကြတယ် တချို့လည်း ကိုယ်ပိုင်လှေနဲ့ပြန်ကြတယ်” ဟု မုန်တိုင်းရှောင်များအားကူညီဆောင် ရွက်ပေးနေသူတစ်ဦးကပြောသည်။
မုန်တိုင်းရှောင်သူများသည် မေလ ၇ ရက်နေ့မှစတင်ကာ လပွတ္တာမြို့ပေါ်သို့ရောက်ရှိပြီး ဘုန်းကြီးကျောင်း များတွင် ယာယီတည်းခိုနေခဲ့ကြခြင်းဖြစ်သည်။
👍13🔥1
လက်ရှိတွင် ရာသီဥတုအခြေအနေ ပုံမှန်အတိုင်းပြန်ဖြစ်သွားသောကြောင့် နေရပ်သို့ပြန်နေကြခြင်းဟု ကူညီဆောင်ရွက်ပေးနေသူကပြောသည်။
အလွန်အားပြင်းသည့်ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် မေလ ၁၃ ရက်နေ့ ညနေပိုင်းမှ စတင် ကာ လပွတ္တာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများကြောင့် မြစ်ရေတက်မှုအနည်းငယ်သာ ရှိခဲ့ကြောင်း မုန်တိုင်းရှောင်သူများအား ကူညီဆောင်ရွက်ပေးနေသူက ပြောသည်။
“မြို့ပေါ်မှာတော့ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာမျိုးတော့ အခုထိမတွေ့သေးပါဘူး။ သစ်ကိုင်းကျိုးတာ လောက်ပဲတွေ့ရတယ်။ ရွာဘက်တွေတော့ အိမ်ခေါင်မိုးလန်သွားတာမျိုးတွေရှိတယ်လို့ ကြားတယ်။ ဆင်း တော့မကြည့်ရသေးဘူး” ဟု ၎င်းကပြောသည်။
လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် လေပြင်းများတိုက်ခတ်ခဲ့သည့် လပွတ္တာ၊ ငပုတောနှင့် ပုသိမ်မြို့နယ် တို့တွင် ရာသီဥတုအခြေအနေ ပုံမှန်ပြန်ဖြစ်နေပြီဟု အဆိုပါမြို့နယ်များရှိ ဒေသခံများက ပြောသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မုန်တိုင်း
#မိုခါ
#လပွတ္တာ
#ငပုတော
#နေရပ်ပြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ မေ ၂၀၂၃) 

စစ်ကောင်စီသည် မုန်တိုင်းပြန်လည်ထူထောင်ရေးအကြောင်းပြပြီး ပြည်တွင်း ပြည်ပမှ အလှူငွေများ ကောက်ခံနေသည်အပြင် နိုင်ငံရေးအမြတ်ထုတ်ရန်ပါ ကြံစည်နေသည်မှာ ယခင်စစ်အာဏာရှင်များ၏ နည်းလမ်းအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2🔥1
​​စစ်ကောင်စီသည် မုန်တိုင်းနှင့်ပတ်သက်၍ ကြေညာချက်သာထုတ်ပြန်ခဲ့ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဝေဖန်

001
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်သို့ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”နှင့်ပတ်သက်၍ စစ်ကောင်စီအနေ ဖြင့် ကြေညာချက်သာထုတ်ပြန်ခဲ့ပြီး ထိရောက်သည့်လုပ်ဆောင်မှုမျိုးမတွေ့ခဲ့ရကြောင်း ဝါရင့် ရခိုင်နိုင်ငံ ရေးသမားဖြစ်သူ ဦးဖေသန်းကဝေဖန်သည်။
ကြိုတင်ပြင်ဆင်မှုကောင်းခဲ့သည့်အတွက် ပြင်းထန်သည့်မုန်တိုင်းဒဏ်ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ သည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာသည့်အပေါ် တုံ့ပြန်လိုက် ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်က မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ပြုလုပ်ခဲ့သည့် မုန်တိုင်း ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင် ရန် အလှူငွေပေးအပ်ပွဲတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက မုန်တိုင်းနှင့်ပတ်သက်ပြီး သတိပေးချက်များ ချက်ချင်းထုတ်ပြန်စေခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်စေခဲ့သောကြောင့် မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက် သေဆုံးမှုကိုရှောင်ရှားနိုင်ခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ သိရှိရသော သတင်းအရ မုန်တိုင်းကြောင့် လူ ၅ ဦးသာ သေဆုံးခဲ့သည်ဟု စစ်ကောင်စီ ခေါင်းဆောင်က ဆိုသည်။
အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ULA / AA ဘက်ကတော့ မြို့ကို ကြိုတင်ကာကွယ်မှု လုပ်ခဲ့တယ်။ စစ်ကောင်စီတပ်တွေဘက်က အဲ့ဒီလောက်လုပ်တာမတွေ့ဘူး။ ကြေညာချက်တွေထုတ်ပြီး ပြည်သူတွေကို သတိပေးတာလောက် အဲ့ဒီလောက် အဆင့်တော့လုပ်ခဲ့တယ်” ဟုဆိုသည်။
ထို့ပြင် CSO အဖွဲ့များ၊ ပရဟိတအဖွဲ့များကလည်းကူညီခဲ့ကြပြီး ULA / AA အနေဖြင့် ပင်လယ်အစပ်အနီး၊ မြစ်ကမ်းစပ်အနီးဝန်းကျင်မှ ဒီရေမြုပ်နိုင်သည့်နေရာတွင်နေထိုင်သူ လူတစ်သိန်းကျော်ကို ရွှေ့ပြောင်းပေး ခဲ့သည့်သတင်းများကြားသိရကြောင်းဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင် ရောက်ခဲ့မှုကြောင့် စစ်တွေတစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရကြောင်း ဒေသခံပရဟိတအဖွဲ့များက ပြောသည်။
လေပြင်းတိုက်ခိုက်မှု၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင်လည်း လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှုများ ၊ ကျွဲ၊ နွား တိရိစ္ဆာန် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အလွန်အမင်းလိုအပ်ချက်များနေသော ပြည်သူများအနေဖြင့် ယခုကဲ့သို့ ကြီးမားသည့်အပျက်အစီးများကြုံရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်ရှိ အင်္ဂလန် သံရုံးအကြီးအကဲ Ken O’Flaherty က ယနေ့ မေလ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံစသည့်မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် စစ်ကောင်စီက ကြေညာထားသည်။
မုန်တိုင်းနှင့်ပတ်သက်ပြီး အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်း လက်ခံရရှိခဲ့ပြီး မုန်တိုင်းဒဏ် ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကို ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#မုန်တိုင်း
#ဆိုင်ကလုန်း
#စစ်ခေါင်းဆောင်
#ဦးဖေသန်း
ဓာတ်ပုံ - ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးဖေသန်း (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁6🤮4🥰1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"အာဏာရှင်အောက် ငါတို့မနေချင် ပြည်သူ့အားနဲ့ရုန်းထွက်
ကြ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၈၂)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
❤15😁5
ကြက်သွန်မြိတ်ရဲ့ အကျိုးကျေးဇူးများ

-ကြက်သွန်မြိတ်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ကြက်သွန်မြိတ်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ

https://youtu.be/-aTkF2xXM7w
👍13👎1🤮1🌭1
မေလ (၁၆) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
စစ်တွေတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာတဲ့အကြောင်းတွေ အပါအဝင် ဆည်များ၏ကြံ့ခိုင်မှုကို စောင့်ကြည့်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောလိုက်တဲ့အကြောင်းတွေ ပါဝင်တဲ့နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

https://youtu.be/yOFimwjCy14
👍5😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima

မေလ ၁၄ ရက်၊ မနေ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ မဲရေတွက်ပြီးသမျှ အတိုက်အခံပါတီကြီး ၂ ခုဖြစ်တဲ့ Move Forward နဲ့ ဖုဝထိုင်း (Pheu Thai) ပါတီတို့က အပြတ်အသတ် အသာစီးရနေပါတယ်။ မြန်မာပရိသတ်အတွေ တချိန်ကတော်တော်အားပေးခဲ့တဲ့ ဝူခုန်းဇာတ်ကားကို ကျောရိုးယူပြီး အခုခေတ်အချိန်ပုံမျိုးနဲ့ ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ဒီလအတွင်း စတင်ပြသမှာပါ။ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/MdCdjCnAFCA
👍12😁2