မြစ်ငယ် မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ပစ်သတ်ခံရ၍ သေဆုံး
၀၀၇၊ ၀၀၈
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ မြစ်ငယ် မြန်မာ့ မီးရထားစက်ရုံ၏ အမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာ တင်ချိုချိုသည် မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၅၄ နှစ်အရွယ် ဆေးရုံအုပ်ကြီး ဒေါက်တာ တင်ချိုချိုသည် ၎င်းဖွင့်ထားသည့် မန္တလေးတိုင်း၊ ပလိပ်မြို့၊ ဈေးကွက်သစ်ရပ်ကွက်၊ EPC ရုံးရှေ့ ဆေးခန်းတွင် ပစ်သတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဆေးခန်းအတွင်းသို့ လူငယ်နှစ်ဦး ဝင်ရောက်လာပြီး ဒေါက်တာ တင်ချိုချိုကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ လည်ပင်းကျည်တစ်ချက်ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဆေးရုံအုပ်ကြီးသည် မြစ်ငယ် မီးရထားစက်ရုံ ဆေးရုံရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကျန်းမာရေး ဝန်ထမ်းများကို ဖိအားပေးခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း သတင်းများထွက်နေသူဖြစ်သည်။

👍12🔥3❤1
"မြစ်ငယ်မှာတော့ သူက တော်တော် နာမည်ဆိုးပါတယ်၊ ဆေးရုံမှာလာကုတဲ့သူတွေနဲ့ ဆက်ဆံရင်လည်း မောက်မောက် မာမာပဲ" ဟု မြစ်ငယ်ဒေသခံတစ်ဦးက ပြောသည်။
အခင်းဖြစ်နေရာအနီးတွင် ထိုင်းနိုင်ငံလုပ် 9 mm အမျိုးအစားကျည်ဆန်ခွံ တစ်ခုတွေ့ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပလိပ်မြို့ခံတစ်ဦးကလည်း "ဆေးခန်းက သူ့အိမ်မှာ ဖွင့်ထားတာပါ၊ ဒေါက်တာမကြီးက ပတ်ဝန်းကျင်နဲ့ အဆက်အစပ် သိပ်မရှိဘူး၊ အခုလိုဖြစ်သွားတော့ စိတ်တော့မကောင်းဘူးပေါ့။" ဟု မဇ္ဈိမကို ပြောသည်။
ထိုသို့ ပစ်ခတ်ခံရပြီးနောက် ဆေးခန်းအနီး ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်သားများက လာရောက် စစ်ဆေးမှုများပြုလုပ်ပြီး ညပိုင်း၌ မြစ်ငယ်နှင့် ပလိပ်မြို့တွင် ဧည့်စာရင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာ တင်ချိုချိုကို မည်သူတို့က ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။
ယနေ့ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ငယ်မြို့ အဝင်အထွက်နှင့် ပလိပ်မြို့အဝင်အထွက်များကို စစ်ဆေးလျှက်ရှိပြီး သရက်တန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သား ၂၀ ခန့် ဝင်ရောက်ပြီး လူစိမ်းများ အဝင်အထွက်ရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပို့ရန် ဒေသခံများကို လိုက်လံပြောကြားနေကြောင်း သိရသည်။
ပလိပ်မြို့တွင် ယမန်နှစ် အောက်တိုဘာလ ၃ ရက်နေ့ကလည်း လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူးတစ်ဦး၊ ပလိပ်မြို့နယ် ရဲစခန်းမှူးတို့ ပစ်သတ်ခံခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
အလားတူ ယမန်နှစ် အောက်တိုဘာလထဲ၌ ပလိပ်မြို့အုပ်ချုပ်ရေးမှူးအောင်မြင့်၊ ဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ကောက်ရိုးဖုန်းကျော်နှင့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံထားရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မြစ်ငယ်ဆေးရုံအုပ်
#သေနတ်ပစ်သတ်ခံရ
#Mizzima
Photos- CJ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13👏3❤1🔥1
Media is too big
VIEW IN TELEGRAM
လူနည်းစုဘာသာတွေကို စစ်ကောင်စီကဆက်လက်ဖိနှိပ်နေဆဲဖြစ်တာကြောင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ်အမေရိကန်သတ်မှတ်
Watch more detail - https://youtu.be/N05iz67J4YY
#Mizzima #Political #reels #shorts #MizzimaTV #America

👍12😁3🤣2
This media is not supported in your browser
VIEW IN TELEGRAM
May - 16 [12 Pm] Mizzima News Hour
See More - https://youtu.be/2DWtvCI2cXY
#Mizzima #12Pmnews #mizzimanewshour #reels #shorts

🍌2👍1
အကြမ်းဖက်စစ်တပ်ကိုအရေးယူဆောင်ရွက်ရန် G7 နိုင်ငံများအားမြန်မာပြည်သူများနှင့်အဖွဲ့ ၁၈၆ ခုတောင်းဆို
https://youtu.be/CpoxIBvFCVY
https://youtu.be/CpoxIBvFCVY
YouTube
အကြမ်းဖက်စစ်တပ်ကိုအရေးယူဆောင်ရွက်ရန် G7 နိုင်ငံများအားမြန်မာပြည်သူများနှင့်အဖွဲ့ ၁၈၆ ခုတောင်းဆို
အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်းမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုများကို ရပ်တန့်ဖို့ G7 ခေါင်း ဆောင်များက ချက်ချင်း အရေးယူဆောင်ရွက်ရန် မြန်မာပြည်သူများက တိုက်တွန်းတောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို အဖွဲ့ ၁၈၆ ခုက ပေးပို့ တောင်းဆိုလိုက်ကြကြောင်း သိရပါတယ်။…
😁4❤2
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"ကြောင့် အရှိုချင်း နောက်တန်းဌာနချုပ်မှစခန်းအချို့ပျက်စီး
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်၍ နောက်တန်းဌာနချုပ်ရုံးအပါအဝင် ရဲဘော်များနေထိုင်ရာအဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် - အရှို (CDF- Asho) မှ သတင်းထုတ်ပြန်သည်။
မေလ ၁၄ ရက် နေ့လယ် ၂ နာရီခန့်တွင် အားအလွန်ကောင်းသော မိုခါ (MOCHA) မုန်တိုင်း စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် နောက်တန်းဌာနချုပ်ရုံး၊ ရဲဘော်များနေထိုင်ရာ အဆောင်များ၊ ရိက္ခာအဆောင်များ စုစုပေါင်းအဆောင် ခုနစ်လုံးမှ အမိုးအကာများပျက်စီးဆုံးရှုံးခဲ့ကြောင်း CDF- Asho မှ တာဝန်ရှိသူ Salai Rancho က မဇ္ဈိမသို့ပြောသည်။

👍2👏2😢2❤1🤬1
“ ကျွန်တော်တို့စခန်းထဲက ရုံးအဆောင်၊ တပ်စိပ်အဆောင်၊ ရိက္ခာအဆောင်တွေကို မုန်တိုင်းအရှိန်ကြောင့် သစ်ကိုင်းကျိူးကျခြင်း၊ သစ်ပင်ပြိုလဲခြင်းတွေကြောင့် ပျက်စီးမှုရှိခဲ့ပါတယ်။ အကုန်လုံးမဟုတ်ပေမဲ့ မိုးစိုထားတဲ့ရိက္ခာတွေလည်းရှိပါတယ်ခင်ဗျာ” ဟု ၎င်းကဆိုသည်။
မုန်တိုင်းမလာခင် ကြိုတင်ပြင်ဆင်များလုပ်နိုင်ခဲ့၍ လက်နက်ခဲယမ်းများ၊ အရေးကြီး စာရွက်စာတမ်းများ ပြင်ဆင်သိမ်းဆည်းထားခဲ့ကြောင်းလည်း Salai Rancho ကပြောသည်။
ထို့အပြင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲဘော်၊ ရဲမေများကိုလည်း မုန်တိုင်းလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်သဖြင့် လူထိခိုက်မှု မရှိကြောင်း သိရသည်။
ယခုလက်ရှိအချိန်တွင် မုန်တိုင်းအခြေအနေ ငြိမ်သွားသွားသည်ဖြစ်ရာ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။
အခြားမုန်တိုင်းသင့်ပြည်သူများအတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ပြည်သူအများလိုချင်သော ပန်းတိုင်ဆီသို့ အခက်အခဲကြားမှ ရောက်အောင်ချီတက်ကြမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို ( CDF- Asho)မှ သတင်းစကားပါးခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဆိုင်ကလုန်းမုန်တိုင်း
#အရှို
#CDF
#မိုခါ
#ချင်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
မုန်တိုင်းမလာခင် ကြိုတင်ပြင်ဆင်များလုပ်နိုင်ခဲ့၍ လက်နက်ခဲယမ်းများ၊ အရေးကြီး စာရွက်စာတမ်းများ ပြင်ဆင်သိမ်းဆည်းထားခဲ့ကြောင်းလည်း Salai Rancho ကပြောသည်။
ထို့အပြင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲဘော်၊ ရဲမေများကိုလည်း မုန်တိုင်းလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်သဖြင့် လူထိခိုက်မှု မရှိကြောင်း သိရသည်။
ယခုလက်ရှိအချိန်တွင် မုန်တိုင်းအခြေအနေ ငြိမ်သွားသွားသည်ဖြစ်ရာ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။
အခြားမုန်တိုင်းသင့်ပြည်သူများအတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ပြည်သူအများလိုချင်သော ပန်းတိုင်ဆီသို့ အခက်အခဲကြားမှ ရောက်အောင်ချီတက်ကြမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို ( CDF- Asho)မှ သတင်းစကားပါးခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဆိုင်ကလုန်းမုန်တိုင်း
#အရှို
#CDF
#မိုခါ
#ချင်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😢3😁2
Media is too big
VIEW IN TELEGRAM
အကြမ်းဖက်စစ်ကောင်စီကိုအရေးယူရန် G7 နိုင်ငံများအားမြန်မာပြည်သူများနှင့်အဖွဲ့ ၁၈၆ ခုကတောင်းဆို
Watch more detail - https://youtu.be/CpoxIBvFCVY
#Mizzima #Political #reels #shorts #MizzimaTV

❤10😁2
အစိမ်းရောင် လူမျိုးစု [ TRAILER -1] | Green Tribe
အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။
အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။
သူတို့ဇာတ်လမ်းတွေကို မဇ္ဈိမတီဗီချန်နယ်မှာ မေလ ၁၉ရက်၊ သောကြာနေ့ ည ၇နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်လိုက်ရအောင်
https://youtu.be/Z8FZPQdfBUY

သူတို့ဇာတ်လမ်းတွေကို မဇ္ဈိမတီဗီချန်နယ်မှာ မေလ ၁၉ရက်၊ သောကြာနေ့ ည ၇နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်လိုက်ရအောင် ….
There’s a dark and dangerous village.…

😁2
Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ အသိပေး
https://youtu.be/V29owJ9UuQU

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်က မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံကဖော်ဆောင်ပေးမယ့် Burma Act ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး…
👍10❤2🔥2
ရွေးချယ်တင်မြှောက်ပွဲအလွန် ထိုင်းနိုင်ငံရေး
ခင်မောင်၀င်း၊ ၁၅ မေ ၂၀၂၃
မေလ ၁၄ ရက်က အမတ်နေရာ ၅၀၀ရှိ ထိုင်းနိုင်ငံ အောက်လွှတ်တော် (House of Representatives) အထွေထွေ ရွေးချယ်တင်မြှောက်ပွဲမှာ လူငယ်တွေအကြား ရေးပန်းစား လူကြိုက်များတဲ့ Move Forward Party နဲ့ Pheu Thai ပါတီနှစ်ခုက အမတ်နေရာ ၁၅၁ နဲ့ ၁၄၁ နေရာစီ အသီးသီး အနိုင်ရပြီး အမတ်အများဆုံးအနိုင်ရ ပါတီတွေအဖြစ် အပြတ်အသတ် ရှေ့က ဦးဆောင်နေပါတယ်။ ကြားဖြတ် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ် ချာအိုချာ ဦး ဆောင်တဲ့ United Thai Nation ပါတီက ၃၆ နေရာသာ အနိုင်ရပြီး ပဉ္စမ နေရာမှာသာ ရှိပါတယ်။
ဒီ ထိုင်းရွေးချယ်တင် မြှောက်ပွဲ ရလဒ်ဟာ နိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကို အဆုံးသတ်ဖို့ ထိုင်းပြည်သူတွေ မဲပြားကတစ်ဆင့် ထုတ်ဖေါ် ပြသ တာဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အကဲခတ်အားလုံးက တညီတညွတ်တည်း ပြောကြပါ တယ်။ ဒါပေမဲ့ ပဉ္စမ နေရာမှာသာရှိတဲ့ ၂၀၁၄ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချာအိုချာ အနေနဲ့ အစိုးရဖွဲ့ပြီး အာဏာ ဆက်ယူနိုင်တဲ့ အခွင့်အလမ်း ပိတ်သွားတာတော့ မဟုတ်သေးပါဘူး။ ထို့အတူ အမတ် အများစု အနိုင်ရထားတဲ့ ပါတီတွေက အစိုးရဖွဲ့ပြီး နိုင်ငံအုပ်ချုပ်ခွင့်ရဖို့ကလည်း တိတိပပ သေချာသေးတာ မဟုတ်ပါ။
စစ်အာဏာသိမ်းမှု လွှမ်းမိုးတဲ့ ထိုင်းနိုင်ငံရေး
၁၉၃၂ ခုနှစ် တော်လှန်ရေးအပြီး နိုင်ငံရေးစနစ်ကို သက်ဦးဆံပိုင်ဘုရင်စနစ် (absolute monarchy) ကနေ စည်းမျဥ်းခံ ဘုရင်စနစ် (constitutional monarchy) ကို ပြောင်းလိုက်ပြီးကတည်းက ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု မကြာခဏ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုတွေ ၁၉၃၂၊ ၁၉၃၃၊ ၁၉၃၉၊ ၁၉၄၇၊ ၁၉၅၁၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၇၁၊ ၁၉၇၆၊ ၁၉၇၇၊ ၁၉၉၁၊ ၂၀၀၆၊ ၂၀၁၄ တွေမှာဖြစ်ခဲ့ပြီး၊ ပေါင်း ၁၃ ကြိမ်ရှိခဲ့တယ်လို့ Thai Enquirer က မှတ်တမ်းတင် ရေးသားပါတယ်။ ပျှမ်းမျှ ခုနစ်နှစ်တစ်ကြိမ် ထိုင်းစစ်တပ်က အာဏာသိမ်းနေတဲ့ သဘောပါ။ ဒါတွေက အောင်မြင်တဲ့ အာဏာသိမ်းမှုတွေရဲ့ စာရင်းဖြစ်ပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှု ကိုးခုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အများ ဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။

👍13🔥3
အလှူငွေများ အလေအလွင့်မဖြစ်စေရန်နှင့် ကုန်စျေးနှုန်းတင် အမြတ်ထုတ်နေမှုများ မလုပ်ကြရန် ULA/AA သတိပေး
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" နှင့်ပတ်သက်၍ အနယ်နယ်အရပ်ရပ်ရှိ ရက္ခိုင်ပြည်သူတို့၏ အလှူငွေများအလေအလွင့်မဖြစ်စေရန် ကပ်ဘေးကာလအတွင်း ကုန်စျေးနှုန်းမြှင့်တင် အမြတ်ထုတ်မှုများ မလုပ်ကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ
သတိပေးစကား ပြောကြားသည်။
ယနေ့ မေလ ၁၆ ရက်နေ့တွင် မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ်မိန့်ခွန်းပြောကြားစဉ်၌ ထို့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"မိုခါ" သဘာဝဘေးကပ်ဆိုးကို အာရက္ခပြည်သူ့အစိုးရအနေဖြင့် ရှိသ၍အရင်းအမြစ်များနှင့် ကျော်လွှားနိုင်ရန်ကြိုးစားဆောင်ရွက်နေသော်လည်း အလုံးစုံဖြေရှင်းနိုင်ရန် လုံလောက်မှု မရှိပါကြောင်းလည်း ဝန်ခံပြောသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO ၊ INGO များ၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပြည်ပရောက်ရက္ခိုင်ပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြရန် ၎င်းက တိုက်တွန်းထားသည်။
ထိုသို့ကူညီရာတွင်လည်း ထောက်ပံ့မှုများအလေအလွင့်မဖြစ်စေရန် အာရက္ခပြည်သူ့အစိုးရမှ ဖွဲ့စည်းထားသော လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) နှင့်ချိတ်ဆက်ဆောင်ရွက်ကြရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တောင်းဆိုသည်။
သဘာဝဘေး၊ စစ်ဘေး၊ ကပ်ဘေးများ၌ အနယ်နယ်အရပ်ရပ်ရှိ ရက္ခိုင်ပြည်သူများမှ အကောင်းဆုံးကူညီလုပ်ဆောင်ခဲ့ကြကြောင်း ပြောသည်။
သို့သော် ပြည်သူ့အစိုးရအနေဖြင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းမရှိသေးသည့်ကာလဖြစ်ခဲ့သည့်အတွက် ယင်းကူညီမှုများသည် ရောက်သင့်သည့်နေရာသို့မရောက်ဘဲ ကြားမှအလွဲသုံးစားအမြတ်ထုတ်မှုများလည်းရှိခဲ့၍ အလေအလွင့် ဖြစ်ခဲ့ရသည်ဟုဆိုသည်။
ထို့ကြောင့် ယခု "မိုခါ" သဘာဝကပ်ဘေးတွင် အာရက္ခပြည်သူ့အစိုးရမှဖွဲ့စည်းထားသော အဖွဲ့အစည်းဖြင့် သေချာချိတ်ဆက်ဆောင်ရွက်ရန်တိုက်တွန်းခြင်းဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ထို့အပြင် အခြေခံစားသောက်ကုန်များအား ရောင်းဝယ်ဖောက်ကားနေသော ကုန်သည်များအနေဖြင့်လည်း ပြည်သူများဒုက္ခရောက်နေချိန်တွင် အမြတ်ထုတ်မှုများ မလုပ်ဆောင်ရန် ၎င်းကသတိပေးသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အဓိကဦးတည်ဝင်ရောက်ခဲ့သော "မိုခါ" မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးစွာဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။
ပြည်သူများအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးနဲ့အတူ အရေးကြီးအခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ဦးထွန်းမြတ်နိုင်မှပြောကြားသည်။
ULA/AA အနေဖြင့် "မိုခါ" မုန်တိုင်းမဝင်ရောက်ခင်ကပင် ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူ တစ်သိန်းကျော်ကို ဘေးလွတ်ရာနေရာများသို့ရွှေ့ပြောင်းပေးခဲ့ပြီး၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများမှလည်း ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးမှုများစွာရှိခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရခိုင်ပြည်နယ်
#ရခိုင့်တပ်တော်
#ဗိုလ်ချုပ်ထွန်းမြတ်နိုင်
#အလှူငွေ

👍16❤3😁2
Media is too big
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ အသိပေး
Watch more detail - https://youtu.be/V29owJ9UuQU
#Political
#reels
#shorts
#MizzimaTV

👍17❤4😁2
မုန်းမြို့နယ်တွင် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၇ ဦးအား လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထား
================
YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေအိုးစင်ကျေးရွာတွင် မေလ ၁၀ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှဖမ်းဆီးသွားသော အမျိုးသမီး သုံးဦးနှင့် အမျိုးသားလေးဦးအား မေလ ၁၆ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်း KNU ဗဟို ကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။
“အမျိုးသမီးသုံးဦးအပါအဝင် အားလုံးပေါင်းခုနစ်ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတဲ့နောက်မှာ တော့ ကျွန်တော်တို့အနေနဲ့ တိကျတဲ့အခြေအနေ မသိရသေးဘူး။ အဲဒါကြောင့် ဆက်လက်စောင့်ကြည့် နေရဆဲဖြစ်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက မဇ္ဈိမကိုပြောသည်။
မေလ ၁၀ ရက်နေ့ ညပိုင်းတွင် မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်းဝင်ရောက်၍ ဒေသခံ ၂၀ ဦး အား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက ညောင်ပင်သာ ကျေး ရွာအနီးရှိ ရေအိုးစင်ကျေးရွာမှ ဒေသခံအမျိုးသားလေးဦးနှင့် ရေအိုးစင်ရွာသို့ အလည်လာသော အမျိုးသမီး သုံးဦး စုစုပေါင်းခုနစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဒေသခံခုနစ်ဦးက လောလောဆယ် သူတို့လှုပ်ရှားနေတဲ့ စစ်ကြောင်းထဲမှာရှိနေဆဲပဲလို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုရင် သူတို့က လူသားဒိုင်းအဖြစ်အသုံးပြုချင်တဲ့အတွက် ခေါ်ဆောင် သွားခြင်းဖြစ်တယ်။ အခုလက်ရှိအထိတော့ သူတို့ပြန်မလွှတ်သေးဘူးဆိုတာ အသေအချာပဲဖြစ်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။
KNU တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်အတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၃)၊ ခမရ(၅၅၉)၊ ခမရ(၅၉၀)၊ အမှတ် (၆) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခလရ(၈၄)၊ တပ်မ(၉၉) လက်အောက်ခံ ခမရ(၁၅) တို့မှ တပ်သား များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မုန်းမြို့နယ်အတွင်းတပ်စွဲထားဆဲဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နိုင်ခြေရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်ကြောင်း KNU က ထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း စားဝတ်နေရေးအတွက် သွားလာနေသော ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာမှ ဒေသခံငါးဦး၊ ကော်သာစေးကျေးရွာမှ ဒေသခံတစ်ဦး စုစုပေါင်း ခြောက် ဦးအား စစ်ကောင်စီတပ်ဖွဲ့က ပန်းအင်းကျေးရွာတွင်ဖမ်းဆီးသွားခဲ့ပြီး တစ်ဦးအား နေ့ချင်းပြန်လွှတ်ပေး ခဲ့သော်လည်း ကျန်ငါးဦးအား ဧပြီလ ၂၂ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ညောင်လေးပင်ခရိုင်
#KNU
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
ဓါတ်ပုံ- KHRG (ပုံဟောင်း)

🤬12❤1👏1