Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"ကြောင့် အရှိုချင်း နောက်တန်းဌာနချုပ်မှစခန်းအချို့ပျက်စီး

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်၍ နောက်တန်းဌာနချုပ်ရုံးအပါအဝင် ရဲဘော်များနေထိုင်ရာအဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် - အရှို (CDF- Asho) မှ သတင်းထုတ်ပြန်သည်။
မေလ ၁၄ ရက် နေ့လယ် ၂ နာရီခန့်တွင် အားအလွန်ကောင်းသော မိုခါ (MOCHA) မုန်တိုင်း စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် နောက်တန်းဌာနချုပ်ရုံး၊ ရဲဘော်များနေထိုင်ရာ အဆောင်များ၊ ရိက္ခာအဆောင်များ စုစုပေါင်းအဆောင် ခုနစ်လုံးမှ အမိုးအကာများပျက်စီးဆုံးရှုံးခဲ့ကြောင်း CDF- Asho မှ တာဝန်ရှိသူ Salai Rancho က မဇ္ဈိမသို့ပြောသည်။
👍2👏2😢2❤1🤬1
“ ကျွန်တော်တို့စခန်းထဲက ရုံးအဆောင်၊ တပ်စိပ်အဆောင်၊ ရိက္ခာအဆောင်တွေကို မုန်တိုင်းအရှိန်ကြောင့် သစ်ကိုင်းကျိူးကျခြင်း၊ သစ်ပင်ပြိုလဲခြင်းတွေကြောင့် ပျက်စီးမှုရှိခဲ့ပါတယ်။ အကုန်လုံးမဟုတ်ပေမဲ့ မိုးစိုထားတဲ့ရိက္ခာတွေလည်းရှိပါတယ်ခင်ဗျာ” ဟု ၎င်းကဆိုသည်။
မုန်တိုင်းမလာခင် ကြိုတင်ပြင်ဆင်များလုပ်နိုင်ခဲ့၍ လက်နက်ခဲယမ်းများ၊ အရေးကြီး စာရွက်စာတမ်းများ ပြင်ဆင်သိမ်းဆည်းထားခဲ့ကြောင်းလည်း Salai Rancho ကပြောသည်။
ထို့အပြင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲဘော်၊ ရဲမေများကိုလည်း မုန်တိုင်းလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်သဖြင့် လူထိခိုက်မှု မရှိကြောင်း သိရသည်။
ယခုလက်ရှိအချိန်တွင် မုန်တိုင်းအခြေအနေ ငြိမ်သွားသွားသည်ဖြစ်ရာ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။
အခြားမုန်တိုင်းသင့်ပြည်သူများအတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ပြည်သူအများလိုချင်သော ပန်းတိုင်ဆီသို့ အခက်အခဲကြားမှ ရောက်အောင်ချီတက်ကြမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို ( CDF- Asho)မှ သတင်းစကားပါးခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဆိုင်ကလုန်းမုန်တိုင်း
#အရှို
#CDF
#မိုခါ
#ချင်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😢3😁2
Media is too big
VIEW IN TELEGRAM
အကြမ်းဖက်စစ်ကောင်စီကိုအရေးယူရန် G7 နိုင်ငံများအားမြန်မာပြည်သူများနှင့်အဖွဲ့ ၁၈၆ ခုကတောင်းဆို

Watch more detail - https://youtu.be/CpoxIBvFCVY

#Mizzima #Political #reels #shorts #MizzimaTV
❤10😁2
အစိမ်းရောင် လူမျိုးစု [ TRAILER -1] | Green Tribe

အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။
အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။ 
သူတို့ဇာတ်လမ်းတွေကို မဇ္ဈိမတီဗီချန်နယ်မှာ မေလ ၁၉ရက်၊ သောကြာနေ့ ည ၇နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်လိုက်ရအောင်

https://youtu.be/Z8FZPQdfBUY
😁2
​​ရွေးချယ်တင်မြှောက်ပွဲအလွန် ထိုင်းနိုင်ငံရေး

ခင်မောင်၀င်း၊ ၁၅ မေ ၂၀၂၃
မေလ ၁၄ ရက်က အမတ်နေရာ ၅၀၀ရှိ ထိုင်းနိုင်ငံ အောက်လွှတ်တော် (House of Representatives) အထွေထွေ ရွေးချယ်တင်မြှောက်ပွဲမှာ လူငယ်တွေအကြား ရေးပန်းစား လူကြိုက်များတဲ့ Move Forward Party နဲ့ Pheu Thai ပါတီနှစ်ခုက အမတ်နေရာ ၁၅၁ နဲ့ ၁၄၁ နေရာစီ အသီးသီး အနိုင်ရပြီး အမတ်အများဆုံးအနိုင်ရ ပါတီတွေအဖြစ် အပြတ်အသတ် ရှေ့က ဦးဆောင်နေပါတယ်။ ကြားဖြတ် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ် ချာအိုချာ ဦး ဆောင်တဲ့ United Thai Nation ပါတီက ၃၆ နေရာသာ အနိုင်ရပြီး ပဉ္စမ နေရာမှာသာ ရှိပါတယ်။
ဒီ ထိုင်းရွေးချယ်တင် မြှောက်ပွဲ ရလဒ်ဟာ နိုင်ငံရေးမှာ စစ်တပ်ကြီးစိုးမှုကို အဆုံးသတ်ဖို့ ထိုင်းပြည်သူတွေ မဲပြားကတစ်ဆင့် ထုတ်ဖေါ် ပြသ တာဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အကဲခတ်အားလုံးက တညီတညွတ်တည်း ပြောကြပါ တယ်။ ဒါပေမဲ့ ပဉ္စမ နေရာမှာသာရှိတဲ့ ၂၀၁၄ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချာအိုချာ အနေနဲ့ အစိုးရဖွဲ့ပြီး အာဏာ ဆက်ယူနိုင်တဲ့ အခွင့်အလမ်း ပိတ်သွားတာတော့ မဟုတ်သေးပါဘူး။ ထို့အတူ အမတ် အများစု အနိုင်ရထားတဲ့ ပါတီတွေက အစိုးရဖွဲ့ပြီး နိုင်ငံအုပ်ချုပ်ခွင့်ရဖို့ကလည်း တိတိပပ သေချာသေးတာ မဟုတ်ပါ။
စစ်အာဏာသိမ်းမှု လွှမ်းမိုးတဲ့ ထိုင်းနိုင်ငံရေး
၁၉၃၂ ခုနှစ် တော်လှန်ရေးအပြီး နိုင်ငံရေးစနစ်ကို သက်ဦးဆံပိုင်ဘုရင်စနစ် (absolute monarchy) ကနေ စည်းမျဥ်းခံ ဘုရင်စနစ် (constitutional monarchy) ကို ပြောင်းလိုက်ပြီးကတည်းက ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု မကြာခဏ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုတွေ ၁၉၃၂၊ ၁၉၃၃၊ ၁၉၃၉၊ ၁၉၄၇၊ ၁၉၅၁၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၇၁၊ ၁၉၇၆၊ ၁၉၇၇၊ ၁၉၉၁၊ ၂၀၀၆၊ ၂၀၁၄ တွေမှာဖြစ်ခဲ့ပြီး၊ ပေါင်း ၁၃ ကြိမ်ရှိခဲ့တယ်လို့ Thai Enquirer က မှတ်တမ်းတင် ရေးသားပါတယ်။ ပျှမ်းမျှ ခုနစ်နှစ်တစ်ကြိမ် ထိုင်းစစ်တပ်က အာဏာသိမ်းနေတဲ့ သဘောပါ။ ဒါတွေက အောင်မြင်တဲ့ အာဏာသိမ်းမှုတွေရဲ့ စာရင်းဖြစ်ပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှု ကိုးခုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အများ ဆုံးနိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။
👍13🔥3
​​အလှူငွေများ အလေအလွင့်မဖြစ်စေရန်နှင့် ကုန်စျေးနှုန်းတင် အမြတ်ထုတ်နေမှုများ မလုပ်ကြရန် ULA/AA သတိပေး

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" နှင့်ပတ်သက်၍ အနယ်နယ်အရပ်ရပ်ရှိ ရက္ခိုင်ပြည်သူတို့၏ အလှူငွေများအလေအလွင့်မဖြစ်စေရန် ကပ်ဘေးကာလအတွင်း ကုန်စျေးနှုန်းမြှင့်တင် အမြတ်ထုတ်မှုများ မလုပ်ကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ
သတိပေးစကား ပြောကြားသည်။
ယနေ့ မေလ ၁၆ ရက်နေ့တွင် မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ်မိန့်ခွန်းပြောကြားစဉ်၌ ထို့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"မိုခါ" သဘာဝဘေးကပ်ဆိုးကို အာရက္ခပြည်သူ့အစိုးရအနေဖြင့် ရှိသ၍အရင်းအမြစ်များနှင့် ကျော်လွှားနိုင်ရန်ကြိုးစားဆောင်ရွက်နေသော်လည်း အလုံးစုံဖြေရှင်းနိုင်ရန် လုံလောက်မှု မရှိပါကြောင်းလည်း ဝန်ခံပြောသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO ၊ INGO များ၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပြည်ပရောက်ရက္ခိုင်ပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြရန် ၎င်းက တိုက်တွန်းထားသည်။
ထိုသို့ကူညီရာတွင်လည်း ထောက်ပံ့မှုများအလေအလွင့်မဖြစ်စေရန် အာရက္ခပြည်သူ့အစိုးရမှ ဖွဲ့စည်းထားသော လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) နှင့်ချိတ်ဆက်ဆောင်ရွက်ကြရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တောင်းဆိုသည်။
သဘာဝဘေး၊ စစ်ဘေး၊ ကပ်ဘေးများ၌ အနယ်နယ်အရပ်ရပ်ရှိ ရက္ခိုင်ပြည်သူများမှ အကောင်းဆုံးကူညီလုပ်ဆောင်ခဲ့ကြကြောင်း ပြောသည်။
သို့သော် ပြည်သူ့အစိုးရအနေဖြင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းမရှိသေးသည့်ကာလဖြစ်ခဲ့သည့်အတွက် ယင်းကူညီမှုများသည် ရောက်သင့်သည့်နေရာသို့မရောက်ဘဲ ကြားမှအလွဲသုံးစားအမြတ်ထုတ်မှုများလည်းရှိခဲ့၍ အလေအလွင့် ဖြစ်ခဲ့ရသည်ဟုဆိုသည်။
ထို့ကြောင့် ယခု "မိုခါ" သဘာဝကပ်ဘေးတွင် အာရက္ခပြည်သူ့အစိုးရမှဖွဲ့စည်းထားသော အဖွဲ့အစည်းဖြင့် သေချာချိတ်ဆက်ဆောင်ရွက်ရန်တိုက်တွန်းခြင်းဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ထို့အပြင် အခြေခံစားသောက်ကုန်များအား ရောင်းဝယ်ဖောက်ကားနေသော ကုန်သည်များအနေဖြင့်လည်း ပြည်သူများဒုက္ခရောက်နေချိန်တွင် အမြတ်ထုတ်မှုများ မလုပ်ဆောင်ရန် ၎င်းကသတိပေးသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အဓိကဦးတည်ဝင်ရောက်ခဲ့သော "မိုခါ" မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးစွာဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။
ပြည်သူများအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးနဲ့အတူ အရေးကြီးအခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ဦးထွန်းမြတ်နိုင်မှပြောကြားသည်။
ULA/AA အနေဖြင့် "မိုခါ" မုန်တိုင်းမဝင်ရောက်ခင်ကပင် ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူ တစ်သိန်းကျော်ကို ဘေးလွတ်ရာနေရာများသို့ရွှေ့ပြောင်းပေးခဲ့ပြီး၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများမှလည်း ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးမှုများစွာရှိခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရခိုင်ပြည်နယ်
#ရခိုင့်တပ်တော်
#ဗိုလ်ချုပ်ထွန်းမြတ်နိုင်
#အလှူငွေ
#မိုခါ
👍16❤3😁2
Media is too big
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ အသိပေး

Watch more detail - https://youtu.be/V29owJ9UuQU

#Political
#reels
#shorts
#MizzimaTV
👍17❤4😁2
​​မုန်းမြို့နယ်တွင် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၇ ဦးအား လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထား
================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေအိုးစင်ကျေးရွာတွင် မေလ ၁၀ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှဖမ်းဆီးသွားသော အမျိုးသမီး သုံးဦးနှင့် အမျိုးသားလေးဦးအား မေလ ၁၆ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်း KNU ဗဟို ကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။

“အမျိုးသမီးသုံးဦးအပါအဝင် အားလုံးပေါင်းခုနစ်ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတဲ့နောက်မှာ တော့ ကျွန်တော်တို့အနေနဲ့ တိကျတဲ့အခြေအနေ မသိရသေးဘူး။ အဲဒါကြောင့် ဆက်လက်စောင့်ကြည့် နေရဆဲဖြစ်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက မဇ္ဈိမကိုပြောသည်။

မေလ ၁၀ ရက်နေ့ ညပိုင်းတွင် မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်းဝင်ရောက်၍ ဒေသခံ ၂၀ ဦး အား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက ညောင်ပင်သာ ကျေး ရွာအနီးရှိ ရေအိုးစင်ကျေးရွာမှ ဒေသခံအမျိုးသားလေးဦးနှင့် ရေအိုးစင်ရွာသို့ အလည်လာသော အမျိုးသမီး သုံးဦး စုစုပေါင်းခုနစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီဒေသခံခုနစ်ဦးက လောလောဆယ် သူတို့လှုပ်ရှားနေတဲ့ စစ်ကြောင်းထဲမှာရှိနေဆဲပဲလို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုရင် သူတို့က လူသားဒိုင်းအဖြစ်အသုံးပြုချင်တဲ့အတွက် ခေါ်ဆောင် သွားခြင်းဖြစ်တယ်။ အခုလက်ရှိအထိတော့ သူတို့ပြန်မလွှတ်သေးဘူးဆိုတာ အသေအချာပဲဖြစ်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက ပြောသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်အတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၃)၊ ခမရ(၅၅၉)၊ ခမရ(၅၉၀)၊ အမှတ် (၆) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခလရ(၈၄)၊ တပ်မ(၉၉) လက်အောက်ခံ ခမရ(၁၅) တို့မှ တပ်သား များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မုန်းမြို့နယ်အတွင်းတပ်စွဲထားဆဲဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နိုင်ခြေရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်ကြောင်း KNU က ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း စားဝတ်နေရေးအတွက် သွားလာနေသော ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာမှ ဒေသခံငါးဦး၊ ကော်သာစေးကျေးရွာမှ ဒေသခံတစ်ဦး စုစုပေါင်း ခြောက် ဦးအား စစ်ကောင်စီတပ်ဖွဲ့က ပန်းအင်းကျေးရွာတွင်ဖမ်းဆီးသွားခဲ့ပြီး တစ်ဦးအား နေ့ချင်းပြန်လွှတ်ပေး ခဲ့သော်လည်း ကျန်ငါးဦးအား ဧပြီလ ၂၂ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ညောင်လေးပင်ခရိုင်
#KNU
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
ဓါတ်ပုံ- KHRG (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12❤1👏1
​​ရွေးကောက်ပွဲက စစ်တပ်ကြီးစိုးမှုကို ပယ်ချပြီးနောက် ထိုင်းမှာ ဘာဆက်ဖြစ်မလဲ
========================

ထိုင်းနိုင်ငံ၌ ကျင်းပပြီးစီးသွားသော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက နိုင်ငံ၏ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရ အုပ်ချုပ်မှုကို လက်မခံ ပယ်ချကြောင်း ပြတ်ပြတ်သားသား ပြသလိုက်ပြီး အဓိက အတိုက်အခံပါတီနှစ်ခုကို ထောက်ခံမဲပေးခဲ့ကြသည်။
👍10❤2🔥2
Media is too big
VIEW IN TELEGRAM
May - 16 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
😁1🤮1
မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းတွင် စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးဟု NUG ထုတ်ပြန်
😢14❤1🔥1
မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းတွင် စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးဟု NUG ထုတ်ပြန်
================

001
(မဇ္စျိမ)။ ။မေလ ၁၄ ရက်နေ့က တိုက်ခတ်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လူ ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းတိုင်းတွင် စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သေဆုံးမှုမှာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် တစ်ဦး၊ မကွေးတိုင်း ဂန့်ဂေါတွင် အသက်(၆၇)နှစ် အရွယ် စစ်ရှောင်အဘွားအိုတစ်ဦး၊ စလင်းမြို့နယ်တွင် သားအမိနှစ်ဦး၊ ပေါက်မြို့နယ်တွင် အမျိုးသား တစ်ဦး၊ ရေစကြိုတွင် သားအဖနှစ်ဦး၊ ရခိုင်ပြည်နယ် စစ်တွေ၊ တောင်ဂုတ်နှင့် ရမ်းဗြဲတွင် တစ်ဦးစီ၊ မြောက် ဦးတွင် သုံးဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်တွင် တစ်ဦး၊ ရှမ်းပြည်နယ် တာချီလိတ်တွင် နှစ်ဦး၊ ရန်ကုန်တိုင်း ကော့မှူးတွင် တစ်ဦးနှင့် ဧရာဝတီတိုင်းတွင် တစ်ဦး သေဆုံးခဲ့သည်ဟု NUG က ဆိုသည်။

သေဆုံးသူများမှာ ရေကြီးခြင်း၊ တောင်ကျရေကြောင့်သေဆုံးခြင်း၊ သစ်ပင်ပိခြင်း၊ အဆောက်အအုံအပျက် အစီးထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မုန်တိုင်းရှောင်ရန်နေရာပြောင်းရွှေ့စဥ် သေဆုံးခြင်း၊ မြေပြိုခြင်းနှင့် မိုးကြိုးထိမှန်ခြင်းတို့ကြောင့် သေဆုံးရကြောင်း ဖော်ပြထားသည်။

အဆိုပါစာရင်းမှာ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအထိရရှိထားသော အရေအတွက်သာဖြစ်ပြီး ဆက် သွယ်မှုပြတ်တောက်နေသည့် အချို့မြို့နယ်များ၏ ထိခိုက်ပျက်စီးမှုစာရင်းကို ဆက်လက်ကောက်ယူနေ ဆဲဖြစ်ကြောင်းလည်း အသိပေးထားသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် နာမကျန်းဖြစ်ပွားသူများလည်းရှိပြီး နေအိမ် ပျက်စီးခြင်း၊ အခြေခံအဆောက်အအုံပျက်စီးခြင်း၊ လမ်း၊ တံတားပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံများရေလွှမ်း မိုးခြင်းနှင့် ပျက်စီးခြင်းများ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များရေထဲမျောပါ သေဆုံးခြင်းများလည်း ဖြစ်ပွားခဲ့သည် ဟုလည်း ဆိုသည်။

စစ်ကိုင်းတိုင်းတွင် ကနီနှင့် ယင်းမာပင်မြို့နယ်တို့၌ မုန်တိုင်းဒဏ်ကြောင့် လူထိခိုက်သေဆုံးမှု၊ ပျက်စီး ဆုံးရှုံးမှုများရှိနေသည့်ကြားမှ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသည့်အတွက် ကယ် ဆယ်ရေးများ မလုပ်နိုင်သေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကွမ်းခြံများနှင့် စိုက်ခင်းများပျက်စီးမှုရှိသည့်အပြင် ခင်ဦးအနောက် ခြမ်း ၄၉ ရွာမှ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ်၊ ဂန္ဓမာပန်းခင်းများအပါအဝင် စိုက်ဧက ၁၀,၀၀၀ ကျော်၊ ပုလဲမြို့နယ်တွင် ရိက္ခာနှင့် စိုက်ပျိုးသီးနှံဧက ၁,၀၀၀ ကျော်၊ မြောင်တွင် ပဲတီစိမ်း၊ မတ်ပဲစသည့် စိုက်ခင်း ဧက ၁၀,၀၀၀ ခန့်၊ ရွှေဘိုတွင်လည်း စိုက်ဧက ၁၀,၀၀၀ ကျော် ရေလွှမ်းပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထား သည်။

မကွေးတိုင်း ပခုက္ကူမြို့အနောက်ဘက်တွင်လည်း မုန်တိုင်းကြောင့် နှမ်းစိုက်ခင်းဧက ၅၀ ခန့်၊ ကွမ်းခြံ ၃၄ ခြံ၊ ကြက်သွန်ကုန်ချိန် ၂၀,၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

NUG အနေဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် ဒေါ်လာ ၁ သန်း ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#NUG
#မိုခါမုန်တိုင်း
#ပျက်စီးဆုံးရှုံးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤2👍1🔥1
​​ဘာသာရေးလွတ်လပ်ခွင့် ထိခိုက်မှုများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်အစီရင်ခံစာတွင် တရုတ်နှင့်မြန်မာကို ဝေဖန်ရှုတ်ချ
========================

အမေရိကန်နိုင်ငံခြားရေးဌာန၏ မေလ ၁၅ ရက်က ထုတ်ပြန်သည့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် ကမ္ဘာ့အစီရင်ခံစာတွင် ဘာသာရေးလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်အသစ်များချမှတ်သည့် တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
👍2😁1🤮1
မေလ (၁၆)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:11 - ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ အသိပေး တဲ့ သတင်း

04:12 - မိုခါအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထားတဲ့သတင်း

05:08 - လူနည်းစုဘာသာတွေကို စစ်ကောင်စီက ဆက်လက်ဖိနှိပ်နေဆဲဖြစ်တာကြောင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်လက်သတ်မှတ်ထားတဲ့အကြောင်းနဲ့

11:24 - စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရကိုငြင်းပယ်ကာ အတိုက်အခံတွေက ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးပြင်ဆင်နေတဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/vcGbOfnz6cI

#2pmnews
#Mizzimanewshour
#MizzimaTV

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1🤮1