မုန်တိုင်းမိုးကြောင့် ချင်းတွင်းအနောက်ဘက်ကမ်းကျေးရွာ ၂၀ ခန့် ရေမြုပ်၊ သီးနှံဧကပေါင်းများစွာ ပျက်စီးဆုံးရှုံး
❤2🤬1😢1

==================
007
(မဇ္စျိမ)။ ။"မိုခါ" မုန်တိုင်းအဖျားခတ်မှုကြောင့်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိကျေးရွာများ၊ ရေကြီးရေလျှံမှုဖြစ်ခဲဲ့ပြီး၊ စိုက်ပျိုးထားသောသီးနှံပင် ဧကပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
"မရိတ်သိမ်းရသေးတဲ့ဟာတွေထဲကဆိုရင် မြေပဲ၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဘူး၊ ဖရုံ အဲဒါတွေအကုန် ပျက်စီးတယ်၊ အဆိုးဆုံးကတော့ နှုတ်ပြီးမရောင်းရသေးတဲ့ဟာတွေ၊ အဲဒီထဲမှာ ကြက်သွန်ကအများဆုံးပါပဲ၊ ရေက ရင်ခေါင်းလောက်အထိ တက်တာဆိုတော့၊ အကုန် ကုန်တာပဲ" ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဘက်ကမ်း(ချင်းတွင်းမြစ်အနောက်ဘက်ကမ်း)၊ ပုလဲ၊ ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်အတွင်းရှိ၊ ဇီးတောမြောက်ရွာ၊ နုံးကြီးရွာဟောင်း၊ ဆည်ကြီး၊ ထန်းတောကြီး၊ ရုံးလေပင်၊ ဒုန်တော၊ ဂုဏ်တော စသည့်၊ ၂၀ ထက်မနည်းသော ကျေးရွာများ ရေ၀င်နစ်မြုပ်မှုဖြစ်ခဲ့ကြောင်းသိရသည်။
"ရေစတက်တာက စစ်တွေကိုမုန်တိုင်းမ၀င်ခင်တက်တာ၊ မုန်တိုင်းဖြစ်နေချိန်က အဆိုးဆုံးကာလပဲ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး အဲဒီဘက်ကကျေးရွာတွေအကုန် ညတွင်းချင်းတခြားပြောင်းရတယ်၊ ရေကျလို့အိမ်ပြန်တော့ စိုက်ထားသမျှသီးနှံပင်တွေ ပျက်စီးနေပြီ၊ ဧကအမြောက်အမြားလို့ပဲပြောနိုင်ဦးမယ်၊ အတိအကျမသိရသေးဘူး" ဟု ပုလဲမြို့ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းစတင်ထိတွေ့သည့်နေ့မှ၊ ကုန်းတွင်းပိုင်းကိုဖြတ်ကျော်၀င်ရောက်ပြီးပျက်ပြယ်သွားချိန်အထိ၊ နှစ်ရက်ခန့် အတွင်း၊ ချင်းတွင်းမြစ်၏မြစ်လက်တက်များရေကြီးရေလျှံခြင်း၊ မြောက်ယမားချောင်းနှင့် အလောင်းတော်ကဿပဘက်မှ စီးလာသော တောင်ကျရေများကြောင့် ရေ၀င်နစ်မြုပ်ခြင်းတို့ ဖြစ်ခဲဲ့ခြင်းကြောင်းသိရသည်။
လက်ရှိတွင်၊ နေအိမ်ပျက်စီးမှုများအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြင်ဆင်နေပြီး၊ ပျက်စီးသွားသောသီးနှံများထဲက၊ ရသလောက်ပြန်ဆယ်ယူနေကြကြောင်း၊ ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲအဖြစ် မြွေအန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဒေသခံများကပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော မိုခါမုန်တိုင်းသည်၊ မေလ ၁၄ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ကို အားအလွန့် အလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ၀င်ရောက်ခဲ့ပြီးနောက်၊ မြန်မာနိုင်ငံအထက်ပိုင်းကုန်းတွင်းပိုင်းကို ဖြတ်ကျော်ကာ တရုတ် နိုင်ငံအတွင်းအားပျော့ ပျက်ပြယ်သွားခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဘင်္ဂလားပင်လယ်အော်
#မိုခါမုန်တိုင်း
#ချင်းတွင်းမြစ်
#မုံရွာမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
😢6❤1👍1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
လူသားချင်းစာနာမှုဆိုင်ရာကတိကဝတ်တွေကို နှစ်ဘက်စလုံးကအတည်ပြုထားတဲ့ ဆူဒန်နိုင်ငံခါတွန်မြို့တော်မှာ ပေါက်ကွဲမှုတွေဖြစ်ပွား
#InternationalNews #reels #shorts
#InternationalNews #reels #shorts
🔥4👍1
စစ်တွေမှာ လျှပ်စစ်မီးနှင့် သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲကြုံနေ
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်သွားသော စစ်တွေမြို့တွင် မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ လက်ရှိအချိန်အထိ လျှပ်စစ်မီးပြတ်တောက်နေပြီး ရေသန့်စက်ရုံအားလုံးနီးပါးလည်း ပျက်စီးကာ မလည်ပတ်နိုင်သောကြောင့် သောက်သုံးရေအခက်အခဲကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
"မီးပြတ်နေတော့ ရေတင်လို့မရဖူး ရေသန့်စက်ရုံတွေလည်း ထိခိုက်ပျက်စီးတာရော၊ ဒီရေတက်ထားတော့ ရေတွင်းရေကန်တွေပျက်ထားတာရောဆိုတော့ သောက်သုံးရေခက်ခဲနေတယ်။ ချက်ပြုတ်စားသောက်ဖို့လည်း ခက်ခဲနေပါတယ်။” ဟု လမ်းမတော်တောင်ရပ်ကွက်နေဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်တွေမြို့နယ်တွင် ရေသန့်စက်ရုံ ၂၀ ကျော်ရှိပြီး "မိုခါ" မုန်တိုင်းကြောင့် အားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများရှိကာ ထိခိုက်မှုနည်း၍ ပြန်လည်လည်ပတ်နိုင်ခြေရှိသော စက်ရုံဟူ၍ သုံး လေးခုသာရှိနိုင်ကြောင်း Family ရေသန့်စက်ရုံပိုင်ရှင်က မဇ္ဈိမကိုပြောသည်။
"ကျွန်တော့်စက်ရုံကတော့ အကုန်ပျက်စီးတယ်၊ ရေသန့်လှောင်ကန်တွေပါ လွင့်စင်ကုန်တယ်။ ပြန်လည်နိုင်ဖို့ တစ်လခွဲလောက်ကြာဦးမယ်။ နောက်ပြီး လည်နိုင်မယ့်စက်ရုံတွေရှိလည်း လျှပ်စစ်မီးကို အဓိကအားကိုးလည်ပတ်ရတာဆိုတော့ မလွယ်သေးဖူး" ဟု Family ရေသန့်စက်ရုံပိုင်ရှင်က ပြောသည်။
လက်ရှိတွင် ပျက်စီးမှုနည်းသောစက်ရုံ၊ ပြန်လည်လည်ပတ်နိုင်ခြေရှိသည့် စက်ရုံဟူ၍ သုံးခုလောက်သာရှိနိုင်ပြီး မီးစက်အားကိုးရမည်ဖြစ်ကြောင်းလည်းဆိုသည်။
အဆိုပါ စက်ရုံးသုံးခုခန့် ပြန်လည် လည်ပတ်လျှင်လည်း စစ်တွေမြို့ သောက်သုံးရေလိုအပ်ချက်၏ ၄၀ ရာနှုန်းခန့်ကိုသာ ဖြေရှင်းနိုင်ခြေရှိပြီး ကျန် ၆၀ ရာနှုန်းမှာ ခက်ခဲနေနိုင်သေးကြောင်းသိရသည်။
"မုန်တိုင်းမဝင်ခင်က ဘူးအခွံတွေကို အကုန်ရေဖြည့်ထားတော့ လက်ကျန်လေးတော့ရှိသေးတယ်။ ခုတော့ နီးစပ်ရာက လာဝယ်နေကြတာပဲရှိတယ်။ ရက်ကြာရှည်ကတော့ အခက်အခဲတွေ ရှိနေနိုင်ပါသေးတယ်” ဟု Family ရေသန့်စက်ရုံပိုင်ရှင်မှ ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ရေဝေပေးခြင်းလည်းမရှိ၊ အခြားသောအခြေခံစားနပ်ရိက္ခာ ဝေပေးနေခြင်းလည်းမရှိကြောင်း၊ WFP မှလည်းပြင်ဆင်ထားကြောင်း ကြားသိရသော်လည်း ဝင်ရောက်လာခြင်းရှိသည်ဟုမကြားသိရသေးကြောင်းနှင့် မပျက်စီးဘဲ ကျန်ရစ်နေသော (၁၅)ရပ်ကွက်ရှိ ရေတွင်းရေကန်တချို့မှသာ သုံးရေမျှဝေ ယူနေကြရကြောင်း သိရသည်။
“စစ်အစိုးရက လုပ်ပေးနေတာမတွေ့ရဘူးဗျ၊ အဓိက လုပ်နေတာ မြို့ခံ လူမှုကူညီရေးအသင်းကြီး နှစ်ခုလောက်ကပဲ အဓိကလုပ်နေရတာပါ။ ဖုန်းလိုင်းအင်တာနက်လိုင်းလည်းမရတော့ ရွာတွေမှာ ဘယ်လောက်ပျက်စီးသလဲဆိုတာ မသိရသေးဘူး။ သေဆုံးစာရင်းလည်း အတည်မပြုနိုင်ကြသေးဖူး” ဟု စစ်တွေမြို့ဒေသခံမှပြောသည်။
စစ်ကောင်စီမှ စားနပ်ရိက္ခာဝေမျှဝေပေးနေကြောင်း ထုတ်ပြန်ထားသည်များနှင့်ပတ်သက်၍ မေးမြန်းရာ "ကျွန်တော်တို့ရပ်ကွက်တွေဘက်တော့ လာဝေတာမရှိပါဘူး" ဟု ၎င်းမှ ဖြေကြားသည်။
လက်ရှိတွင် စစ်တွေမြို့နှင့်အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပြီး ပြည်သူများအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်လျက်ရှိကာ လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးနဲ့အတူ အရေးကြီးအခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ဦးထွန်းမြတ်နိုင်မှ ယနေ့တွင်ပြောကြားသော မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ်မိန့်ခွန်း၌ပြောကြားခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လျှပ်စစ်မီး
#အရေးပေါ်မိန့်ခွန်း
#စစ်တွေမြို့
#မုန်တိုင်း
ဓာတ်ပုံ - စစ်တွေတွင်မုန်တိုင်းတိုက်ခတ်စဥ်က ဒီရေဝင်ရောက်မှုမြင်ကွင်း

👍7😢2❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ငြင်းပယ်ကာ အတိုက်အခံတွေက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ပြင်ဆင်
#Internationalnews #Mizzima #Reels #Shorts

👍15❤3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အာဒိုဂန်ရဲ့ပြိုင်ဘက်က လာမယ့်တစ်ကျော့ပြန်ရွေးကောက်ပွဲမှာ အနိုင်ယူနိုင်ဖို့ကတိပြု
https://www.facebook.com/reel/227184770051889
#internationalnews
#MizzimaTV
#reels
#shorts

👍4😁2
မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲနဲ့ ညွန့်ပေါင်းအစိုးရ ပြင်ဆင်မှု | VOA On Mizzima
Watch more detail - https://youtu.be/GhGP36D4ymM
#VOA #Thailand #Election #VideoNews #shorts #Reels

👍6😁2