Media is too big
VIEW IN TELEGRAM
May - 16 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
😁3👍1
မုံရွာ GTC ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
=====================
မောင်ခက်နွေ (မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် GTC ကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ မေလ ၁၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Monywa Fighter Group က ထုတ်ပြန်ထားသည်။
GTC ကျောင်း၌ တပ်စွဲထားသော စကစ(စစ်ကောင်စီတပ်ဖွဲ့)၊ ပျူ(ပျူစောထီးဆိုသူ)များ ကျောင်းဝန်းရှေ့ စုဝေးနေချိန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုအား Monywa Fighter Group ၊ ဒဿ Monywa PDF နှင့် Bo Tathaung People's Defense Force(BTT PDF)ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ကျဆုံးခြင်းမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။
မေလ ၁၂ ရက်ကလည်း မုံရွာစီးပွားရေးတက္ကသိုလ်၌ ဂိတ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက် ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
https://youtu.be/LDeRlLS-iac
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မုံရွာ GTC ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
မောင်ခက်နွေ (မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် GTC ကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ မေလ ၁၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Monywa Fighter Group က ထုတ်ပြန်ထားသည်။
GTC ကျောင်း၌ တပ်စွဲထားသော စက…
GTC ကျောင်း၌ တပ်စွဲထားသော စက…
👍6👏2😁2
ဆိုးရွားရက်စက်သော အင်းစိန်ထောင်ပုံရိပ်များအကြောင်း ပန်းချီပြပွဲပြုလုပ်မည်
👍2😁2😢2

==================
ရွှေနွယ်
(မဇ္ဈိမ)။ ။မြန်မာနိုင်ငံ၏ ဆိုးဝါးရက်စက်သော လူ့ငရဲအဖြစ် လူသိများသည့် အင်းစိန်ထောင်အကြောင်းကို ပုံဖော်ထားသော “ပန်းချီကောက်ကြောင်းများကပြောသော ဖမ်းဆီးချုပ်နှောင်ခြင်းအကြောင်း- ပန်းချီမောင်ဖိုး၏ အင်းစိန်ထောင်ပုံရိပ်များ” ပြပွဲကို ဘန်ကောက်မြို့ရှိ SEA Juction (4th Floor, Bangkok Art and Culture Center) တွင် မေလ ၁၉ ရက်မှ ၃၁ ရက်အထိ နံနက် ၁၁ နာရီမှ ည ၇ နာရီအတွင်း ခင်းကျင်းပြသမည်ဟု သိရသည်။
ပန်းချီကားများတွင် ကျပ်သိပ်နေသောအခန်းများအတွင်း ဘေးချင်းယှဉ်အိပ်နေသော အကျဉ်းသားများ၊ အတူတူထိုင်ကာ အချိန်ကုန်ရသည့် အမျိုးသားများ၊ ရေဆေးသန့်စင်ရန် တန်းစီနေသည့် မြင်ကွင်းများနှင့်အတူ အထူးသဖြင့် လူသားဆန်စွာနေထိုင်ခွင့်မရသော အင်းစိန်ထောင်အတွင်းက အကျဉ်းသားများ၏ ပုံတူများနှင့် နံရံနောက်ကွယ်မှ မမြင်နိုင်သူများ၏ လူသားဆန်မှုများကို ဖန်တီးထားသောပုံများပါရှိမည် ဖြစ်သည်။
အဆိုပါပန်းချီကားများသည် ပန်းချီဆရာမောင်ဖိုး ရေးဆွဲထားခြင်းဖြစ်ပြီး ၎င်းသည် တားမြစ်ထားသောပစ္စည်းများ လက်ဝယ်တွေ့ရှိမှုကြောင့် ဇနီးနှင့်သား (ခေတ္တဖမ်းဆီးထိန်းသိမ်းခံရသူ) တို့နှင့်အတူ ၂၀၂၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ အင်းစိန်အကျဉ်းထောင်တွင် ခြောက်လကြာဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။
အဆိုပါပန်းချီကားများကို မဲဆောက်နှင့် ချင်းမိုင်တို့တွင် ပန်းချီကားအရေအတွက် အနည်းငယ်ခင်းကျင်းပြသခဲ့ပြီး ထိုစဉ်က မီဒီယာများ၏ စိတ်ဝင်စားမှုကိုရရှိခဲ့သည်။
အင်းစိန်အကျဉ်းထောင်သည် ၁၈၈၇ ခုနှစ်က ဗြိတိသျှကိုလိုနီများတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၈ မှ ၂၀၁၁ ခုနှစ်အထိကာလများအတွင်း စစ်တပ်မှ နိုင်ငံရေးအတိုက်အခံများအား ဖိနှိပ်ရန် သုံးစွဲခဲ့သည့် နာမည်ကြီးအကျဉ်းထောင်တစ်ခု ဖြစ်သည်။
မျက်မှောက်ခေတ် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်အာရှင်ကိုဆန့်ကျန်သော နိုင်ငံရေးအကျဉ်းသား ထောင်နှင့်ချီကို နှိပ်စက်ညှဥ်းပန်းကာ အကျဉ်းသားအချို့ကိုသေဒဏ်ပေးခဲ့သော ငရဲခန်းတစ်ခုဖြစ်သည်။
ပန်းချီကားများသည် " အခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ထိန်းချုပ်ခွင့်တို့ကို ငြင်းပယ်ခြင်းခံထားရသော အကျဉ်းကျခံနေရသည့် အနုပညာရှင်များနှင့် မတရားမှုကို တိုက်ခိုက်နေသည့် လူ့အဖွဲ့အစည်းများအတွက် အနုပညာနှင့် ဖန်တီးမှုသည် ခွန်အားနှင့် စွမ်းအင်အရင်းမြစ်" ဖြစ်ကြောင်း ပန်းချီဆရာမောင်ဖိုးမှ ဆိုထားသည်။
ထို့အပြင် အာဏာသိမ်းမှုကို ခုခံရင်း တီထွင်ဖန်တီးထားသည့်ပန်းချီကားများသည် ဖြစ်ပျက်နေသည့်အရာများကို မှတ်တမ်းတင်ရန်၊ စိတ်အားထက်သန်စေရန်၊ ဆက်လက်တိုက်ခိုက်ရန် လှုံ့ဆော်အားပေးမှုတစ်ခုဖြစ်ကြောင်း ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပန်းချီမောင်ဖိုး
#အင်းစိန်ထောင်
#ပုံရိပ်များ
#ပန်းချီပြပွဲ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
👍8😁2
မေလ (၁၆) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်များ
================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ ပြောလိုက်တဲ့သတင်းနဲ့အတူ အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင် အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့ ပြည်တွင်းသတင်းတွေကို ကြားကြရမှာပါ။ နိုင်ငံတကာဘက်မှာတော့ ဥရောပအတွက်တိုက်ပွဲဝင်နေတဲ့ ယူကရိန်းကို အီးယူကဂုဏ်ပြုပြီးတဲ့နောက် ပြင်သစ်ကို ဇယ်လန်စကီး လာရောက်လည်ပတ်တဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေအပါအဝင် တပတ်အတွင်း စီးပွားရေးသတင်းတွေနဲ့ ကုန်ဈေးနှုန်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်နဲ့ သဘာဝရဲ့လက်ဆောင်အစီအစဉ်တွေကိုလည်း တင်ဆက်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/j9pgdRJ7m1s
#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ ပြောလိုက်တဲ့သတင်းနဲ့အတူ အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင် အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့ ပြည်တွင်းသတင်းတွေကို ကြားကြရမှာပါ။ နိုင်ငံတကာဘက်မှာတော့ ဥရောပအတွက်တိုက်ပွဲဝင်နေတဲ့ ယူကရိန်းကို အီးယူကဂုဏ်ပြုပြီးတဲ့နောက် ပြင်သစ်ကို ဇယ်လန်စကီး လာရောက်လည်ပတ်တဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေအပါအဝင် တပတ်အတွင်း စီးပွားရေးသတင်းတွေနဲ့ ကုန်ဈေးနှုန်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်နဲ့ သဘာဝရဲ့လက်ဆောင်အစီအစဉ်တွေကိုလည်း တင်ဆက်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/j9pgdRJ7m1s
#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မေလ (၁၆) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်များ
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရတဲ့ Move Forward ပါတီခေါင်းဆောင်က မြန်မာပြည်သူတွေကို ကူညီပြီး Burma Act ကိုအကောင်အထည်ဖော်မယ်လို့ ပြောလိုက်တဲ့သတင်းနဲ့အတူ အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင် အမြတ်ထုတ်နေမှုတာတွေ…

😁3❤1👍1
မေလ (၁၆) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
====================
- အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးလိုက်တဲ့သတင်း
- မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထားတယ်လို့ ထုတ်ပြန်တဲ့ အကြောင်း
- ၂၀၂၃ ဟီရိုရှီးမားဆုကို BNI သတင်းဌာန ရရှိသွားတဲ့သတင်း
- မုန်းမြို့နယ်မှာ အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၇ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတဲ့အကြောင်း
- ပြုပြင်ထားတဲ့ ပုံနဲ့ ဂရမ်မီဆုရှင် စလင်းဒီယွန် ဆေးရုံတက်ဟန်ရေးသားထားတဲ့ သတင်းအမှားနဲ့
- အမေရိကန်နိုင်ငံသားကို တရုတ်က သူလျှိုမှုနဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်တဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/live/nTuNMmBKV0Y?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
- အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးလိုက်တဲ့သတင်း
- မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထားတယ်လို့ ထုတ်ပြန်တဲ့ အကြောင်း
- ၂၀၂၃ ဟီရိုရှီးမားဆုကို BNI သတင်းဌာန ရရှိသွားတဲ့သတင်း
- မုန်းမြို့နယ်မှာ အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၇ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတဲ့အကြောင်း
- ပြုပြင်ထားတဲ့ ပုံနဲ့ ဂရမ်မီဆုရှင် စလင်းဒီယွန် ဆေးရုံတက်ဟန်ရေးသားထားတဲ့ သတင်းအမှားနဲ့
- အမေရိကန်နိုင်ငံသားကို တရုတ်က သူလျှိုမှုနဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်တဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/live/nTuNMmBKV0Y?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မေလ (၁၆) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
မေလ (၁၆) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
- အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးလိုက်တဲ့သတင်း
- မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း…

😁3👍2
မြန်မာ မုန်တိုင်းဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့မည်ဟု စင်ကာပူကြက်ခြေနီ ကတိပြု
=====================
ယခု သီတင်းပတ်၌ မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် မြန်မာကြက်ခြေနီအဖွဲ့နှင့် ကယ်ဆယ်ရေး အားထုတ်မှုများကို ထောက်ပံ့ရန် လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့မည်ဟု စင်ကာပူကြက်ခြေနီအဖွဲ့ SRC က ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ယခု သီတင်းပတ်၌ မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် မြန်မာကြက်ခြေနီအဖွဲ့နှင့် ကယ်ဆယ်ရေး အားထုတ်မှုများကို ထောက်ပံ့ရန် လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ထောက်ပံ့မည်ဟု စင်ကာပူကြက်ခြေနီအဖွဲ့ SRC က ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4👍2
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်သူများကို အရေးပေါ်အကူအညီများ အမြန်ဆုံးပေးဖို့ နိုင်ငံတကာကို (AA) တောင်းဆို
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
❤3😁2
ပြုပြင်ထားသည့်ပုံဖြင့် ဂရမ်မီဆုရှင် စလင်းဒီယွန် ဆေးရုံတက်ဟန်ရေးသားထားသည့်သတင်းအမှား
=====================
ZZ
မဇ္ဈိမ ။ ။ကမ္ဘာကျော်တေးသံရှင်တစ်ဦးဖြစ်သည့် ဂရမ်မီဆုရှင် စလင်းဒီယွန်အား ပြုပြင်ထားသည့် ပုံဖြင့် ဆေးရုံတက်ဟန်ရေးသားထားသော သတင်းအမှား လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။
“Let's train your brain” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် တေးသံရှင်စလင်းဒီယွန် ကုတင်ပေါ်တွင် လှဲနေသည့်ပုံဖြင့် ရောဂါခံစားနေရကြောင်းနှင့် ရောဂါ၏အကြောင်းကိုရေးသားထားပြီး ဧပြီလ ၂၃ ရက် နေ့က စတင်ဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၁,၀၀၀ ကျော်ရှိနေသည်။
မဇ္ဈိမမှ ယင်းဓာတ်ပုံများအား စစ်ဆေးကြည့်ခဲ့ရာ ပြုပြင်ထားသည့်ဓာတ်ပုံများဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းတုတွင် အသုံးပြုထားသောပုံသည် ပုံနှစ်ပုံအားဆက်ထားခြင်းဖြစ်ပြီး တစ်ပုံမှာ ၂၀၁၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် စလင်ဒီယွန်အား Getty images သတင်းဓာတ်ပုံအေဂျင်စီကရိုက်ကူးထား သည့်ပုံဖြစ်ပြီး ကျန်ပုံမှာ ဆေးရုံကုတင်ပေါ်မှ အမျိုးသမီးတဦး၏ပုံဖြစ်သည်။
ဆေးရုံကုတင်ပေါ်မှအမျိုးသမီးပုံမှာ ကနေဒါနိုင်ငံတွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို သမီးနှင့် သား မက်ဖြစ်သူတို့မှမစောင့်ရှောက်သဖြင့် ဆေးရုံရောက်ရှိနေသည့်ပုံဖြစ်သည်။ ထိုအကြောင်းကို Totonto Sun တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလက သတင်းဖော်ပြထားသည်။
လင့် - https://shorturl.at/amqxz
စလင်းဒီယွန်နှင့်ပတ်သက်ပြီး ယခုသတင်းမှားတွင်ပါဝင်သော စာသားနှင့် ပုံများကို ပြန်လည်ကူးယူ၍ ယခု မေလတွင်လည်း ဖြန့်ဝေမှုများရှိနေသည်။
အဆိုပါဖြန့်ဝေမှုတွင် စလင်းဒီယွန်၏ခင်ပွန်းဖြစ်သူ Rene Angelil က စလင်းဒီယွန်၏ဓာတ်ပုံကိုကိုင် ဆောင်ထားကာ အနောက်တွင် အခေါင်းထမ်းလာသည့်ပုံလည်း ပါဝင်လာသည်။ Rene Angelil သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလကတည်းကသေဆုံးခဲ့ပြီး ယခု သက်ရှိထင်ရှား ရှိမနေပေ။ ထိုအကြောင်းကို Billboard တွင် သတင်းဖော်ပြထားသည်။ လင့် - https://ln.run/hBJ8p
စလင်းဒီယွန်သည် လူတစ်သန်းတွင်တစ်ယောက်သာဖြစ်သည့် အာရုံကြောဆိုင်ရာရောဂါတစ်မျိုးဖြစ် သည့် Stiff Person Syndrome (SPS)ရောဂါ ကိုခံစားနေရသူဖြစ်ပြီး အဆိုပါရောဂါကြောင့် ကြွက်သား များထိန်းချုပ်မရ ဖြစ်နေသည်။ ထိုရောဂါကြောင့်ပင် ၎င်း၏ ဖျော်ဖြေရေးခရီးစဉ်များအား ဖျက်သိမ်းခဲ့ ကြောင်း CNN နှင့် BBC သတင်းဌာနတို့၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြချက်အရ သိရ သည်။
CNN – https://bit.ly/3BkArC3 , BBC – https://bit.ly/3I8LtxY
တေးသံရှင် စလင်းဒီယွန်၏ အင်စတာဂရမ်အကောင့်တွင်လည်း ပိုစ့်များတင်လျက်ပင်ရှိနေပြီး လွန်ခဲ့သည့် မေလ ၁၂ ရက်နေ့က နောက်ဆုံးထွက် သီချင်းအသစ်အကြောင်းကို ဖော်ပြထားသည်။ ဆေးကုသခံနေ ကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။ လင့် - https://ln.run/AsZEN
အချက်အလက် စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် AFP ကလည်း တေးသံရှင်စလင်းဒီယွန် ဆေးရုံကုတင် ပေါ်ရောက်နေသည့်ပုံမှာ ပြုပြင်ထားသည့်ပုံဖြစ်ကြောင်းကို အချက်အလက်စစ်ဆေးထားသည်။ လင့် - https://ln.run/-MEV3
ထို့ကြောင့် စလင်းဒီယွန် ဆေးရုံကုတင်ပေါ်လှဲနေသည့်ပုံမှာ အခြားအမျိုးသမီးတဦး၏ပုံဖြစ်ပြီး ၎င်း၏ အသုဘအား ခင်ပွန်းဖြစ်သူက လိုက်ပို့နေသည်ဆိုခြင်းမှာလည်း မှားယွင်းနေသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Celine_Dion

👍3
Media is too big
VIEW IN TELEGRAM
ကန်ဒေါ်လာတစ်သောင်းအထက် ပြည်ပသို့ လွှဲပြောင်းပါက အခွန်အကောက်များ ပေးဆောင်ထားပြီးဖြစ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
👏5👍1🤔1
မုံရွာအကျဉ်းထောင်ရှေ့နှင့် စျေးတွင် အာဏာရှင်ဆန့်ကျင်သော စာရွက်များ ဖြန့်ကြဲ
🔥2👍1