ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဇိုတုန်ဒေသတွင် ဘုရားကျောင်း ၆ ကျောင်းအပါအဝင် အိမ်ခြေ ၂၆၀ ကျော်ပျက်စီး
🔥4😢2

==================
ကိုခင်မောင်
(မဇ္ဈိမ) ။ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဇိုတုန်ဒေသတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ခြောက်ကျောင်းအပါအဝင် အိမ်ခြေ ၂၆၄ လုံးသည် အိမ်ခေါင်မိုးလန်ကာ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
မေလ ၁၄ ရက်တွင် အားအလွန်ကောင်းသော မိုခါ ( MOCHA )မုန်တိုင်း စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် မတူပီမြို့နယ် ကျေးရွာခြောက်ရွာနှင့် ရေဇွာမြို့မှ လူနေအိမ်များနှင့် ဘုရားကျောင်း စုစုပေါင်း ၂၆၄ လုံး အမိုးအကာများ ပျက်စီးသွားခြင်းဖြစ်သည်ဟု ရွာဗား (B)ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မတူပီမြို့နယ်တွင် ပျက်စီးသွားသော လူနေအိမ်နှင့် အဆောက်အဦစာရင်းများမှာ ဟုန်လေးကျေးရွာမှ အိမ်ခြေ ၆၁လုံး နှင့် ဘုရားကျောင်းတစ်ကျောင်း၊ တိန်ဆီးကျေးရွာမှ အိမ်ခြေ ၁၁၅လုံး နှင့် ဘုရားကျောင်း သုံး ကျောင်း၊ ထောင်လန်ကျေးရွာမှ အိမ်ခြေ ၅၂လုံး နှင့် ဘုရားကျောင်းတစ်ကျောင်း၊ ရွာဗား (A)ရွာမှ အိမ် ၁၁ လုံး၊ ရွာဗား (B)ရွာမှ အိမ် ၁၂ လုံးနှင့် ဘုရားကျောင်း တစ်ကျောင်း၊ တီလပ်ကျေးရွာမှ အိမ် ငါးလုံးနှင့် ရေဇွာမြို့ မှ အိမ် နှစ်လုံး၊ စုစုပေါင်း လူနေအိမ် ၂၅၈ လုံးနဲ့ ဘုရားကျောင်း ခြောက်ကျောင်းပျက်စီးသွားခဲ့သည်ဟု ရွာဗား (B)ရွာမှ ဒေသခံတစ်ဦးထံမှ သိရသည်။
“တိရစ္ဆာန်နဲ့ လူတွေအထိအခိုက်တော့ အခုချိန်ထိ မကြားရသေးဘူး။ ဘုရားကျောင်းတွေ ထိခိုက်တာတော့အများကြီး ရှိပါတယ်။ ကျွန်တော်တို့လည်း ပြင်ဆင်နိုင်သလောက်တော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ မုန်တိုင်းလာမယ်လို့လည်း သတင်းအချက်အလက်ရပါတယ်။ ဒါပေမယ့်ကျတော်တို့မတူပီမြို့နယ် နေရာအများစုမှာ ဖုန်းလိုင်းလည်းမဖွင့်ဘူးဆိုတော့ သတင်းအချက်အလက်ရတာ နောက်ကျတယ်။ ပြင်ဆင်ချိန်သိပ်မရလိုက်ဘူး။”ဟု ရွာဗား (B)ရွာမှ ဒေသခံဦးမောင်ဝင်းက ပြောသည်။
မုန်တိုင်းကြောင့် အပျက်အစီး ဒီထက်များပြားနိုင်သော်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အခက်အခဲကြောင့် ပျက်ဆီးဆုံးရှုံးမှုစာရင်း အတိအကျကို သိရသေးကြောင်း စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါ နေအိမ်ပျက်စီးဆုံးမှုများတွက် ဒေသခံပြည်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းခဲ့ကြပြီး ကူညီကယ်ရေးလုပ်ပေးနေသူ မရှိဟု သိရသည်။
ထို့အပြင် မတူပီမြို့နယ်တွင် အိမ်ခြေ ၂၀၀ ခန့်ရှိသော ဖနိုင်ကျေးရွာ၌ ဘုရားကျောင်းသုံးကျောင်း၊ စာသင်ကျောင်း လေးကျောင်းနှင့် ဝန်ထမ်းအိမ်ယာများအပါအဝင် လူနေအိမ်များ အိမ်ခေါင်မိုးလန်ကာ တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မတူပီမြို့နယ်
#ဆိုင်ကလုန်း
#မုန်တိုင်း
#ခရစ်ယာန်ဘုရားကျောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤5👍2🥰1😁1
လောင်းလုံးမှာ လမ်းလျှောက်ဆန္ဒပြ
============
ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လမ်းလျှောက်ဆန္ဒပြခြင်းကို ပြုလုပ် ခဲ့သည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံ အလုပ်သမားများအပြင် လယ်သမား အများအပြား ပူးပေါင်းပါဝင်မှုနှင့် အတူ“ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာ ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော် ချီတက်ခဲ့ကြသည်။
https://youtu.be/Tcym7jbBe3c
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သပိတ်လှုပ်ရှားမှု
#အမျိုးသမီးများ
#လူငယ်များ
#လောင်းလုံးမြို့နယ်
#အလုပ်သမားများ
#လယ်သမား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
လောင်းလုံးမှာ လမ်းလျှောက်ဆန္ဒပြ
ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လမ်းလျှောက်ဆန္ဒပြခြင်းကို…
🔥4😁2❤1👍1
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာအရေး တာဝန်ဆက်မယူတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV

😁3😢3
ဆိုင်ကလုန်းမုန်တိုင်း'မိုခါ'ကြောင့် မရာနယ်မြေအတွင်း လူနေအိမ် ၆၀ ကျော်ပြိုလဲပြီး ၂၀၀ ကျော် အမိုးအကာပျက်စီး
👏3😁1
ဆိုင်ကလုန်းမုန်တိုင်း'မိုခါ'ကြောင့် မရာနယ်မြေအတွင်း လူနေအိမ် ၆၀ ကျော်ပြိုလဲပြီး ၂၀၀ ကျော် အမိုးအကာပျက်စီး
==================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ်ရှိ မရာနယ်အတွင်း ဆိုင်ကလုန်း'မိုခါ' တိုက်ခတ်မှုကြောင့် လူနေအိမ် ၆၅ လုံး ပြိုလဲပျက်စီးပြီး ၂၆၅ လုံး အမိုးအကာပျက်စီးခဲ့ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။
မေလ ၁၄ရက်မှ စတင်တိုက်ခတ်သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း 'မိုခါ' ကြောင့် မရာနယ်အတွင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွားသည့်အချက်အလက်များကို ဖော်ပြထားခြင်း ဖြစ်သည်။
လိုင်လင်းပီမြို့တွင် အိမ် ၆၀ လုံးပြိုလဲပျက်စီးပြီး၊ ၁၆၂ အိမ် အမိုးအကာပျက်စီးခဲ့ပြီး အာရူကျေးရွာတွင် အိမ် သုံးလုံးပြိုလဲကာ ၂၇လုံး အမိုးအကာပျက်စီးခဲ့ကြောင်း ဆိုသည်။
(၉)မိုင်တွင် နေအိမ် ၂၂လုံး အမိုးအကာပျက်စီးပြီး မာလာ(က) ကျေးရွာတွင် အိမ် တစ်လုံးပြိုလဲကာ ကျောင်းအပါအဝင် အိမ် ခြောက်လုံး အမိုးအကာပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
မာလာ(ခ) ကျေးရွာတွင် အိမ် တစ်လုံးပြိုလဲပြီး ဘုရားကျောင်းအပါအဝင် အိမ် ခြောက်လုံး အမိုးအကာပျက်စီးခဲ့ကာ ဆာဘောင်းပီးရွာတွင် အိမ် ငါးလုံး အမိုးအကာပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆဘောင်းသဲရွာ အိမ် ၂၇ လုံး အမိုးအကာပျက်စီးခဲ့ပြီး ငဖိုင်ပီးရွာတွင် အိမ် တစ်လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ၊ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနနှင့် CDMရေးရာ ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနတို့မှ တိုက်နယ်စီမံအုပ်ချုပ်ရေးကော်မတီ ၊ ရပ်/ကျေး စီမံအုပ်ချုပ်ရေးကော်မတီတို့နှင့် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆေင်ရွက်နေကြောင်းဆိုသည်။
တယ်လီဖုန်းလိုင်းနှင့် မြေပြင်ဆက်သွယ်ရေးအခက်အခဲရှိသော နေရာများတွင် ရပ်ကျေးတို့၏ အခြေအနေကို စုံစမ်းအတည်ပြုလျက်ရှိကြောင်း သိရသည်။
မရာနယ်မြေအတွင်း မုန်တိုင်းသင့် ပြည်သူနှင့် ပျက်စီးဆုံးရှုံးမှုအချက်အလက်အနေအထားများ ပြောင်းလဲရှိနိုင်ပြီး ဆက်လက်ပြီး အချိန်နှင့်တစ်ပြေးညီ ဖော်ပြသွားမည်ဖြစ်ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးနှင့် ဖြန့်ချိရေးဌာန ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မရာနယ်မြေ
#မုန်တိုင်း
#မိုခါ
#ချင်းပြည်နယ်

👏4😢2👍1😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ မေ ၂၀၂၃)
===========================
စစ်ကောင်စီက မုန်တိုင်းသင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများကို ဟန်ပြထောက်ပံ့ပြပြီး အထက်အောက် ခွဲတမ်း ချသလို မဟုတ်ဘဲ အမှန်တကယ် ဒုက္ခရောက်နေ သူများထံ အကူအညီ ရောက်ရှိရန် လိုအပ်သည်။

😁5👍4😢1🥱1
မုန်တိုင်းအကြောင်းပြကာ တာမွေမြို့နယ်တွင် အလှူကောက်ခံမှုများရှိနေ
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခဲ့သည့် "မိုခါ" မုန်တိုင်းကို အကြောင်းပြကာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ယနေ့ မေလ ၁၆ ရက်နေ့၌ အလှူငွေကောက်ခံမှုများရှိနေကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်၊
“လမ်းထဲမှာ အလှူလိုက်ခံနေတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသများအတွက်ဆိုပြီး ပုံမှန်ရပ်ကွက်ထဲအလှူခံနေကျ လူကြီးတွေမဟုတ်ဘူး။ ၂၀၀ လှူတာကအစ မိုက်နဲ့အော်နေတယ် စိတ်ညစ်တယ်။” ဟူ၍ မေတ္တာညွန့်ရပ်ကွက်ရှိ လမ်းတစ်ခုတွင်နေထိုင်သော ဒေသခံက မဇ္ဈိမကို ပြောသည်။
အလှူကောက်ခံသူများမှာ ဆိုက်ကားပေါ်တွင် လော်စပီကာတင်ထားကာ ခုနစ်ယောက်ခန့် လှည့်ပတ်ကောက်ခံနေခြင်းဖြစ်ပြီး ဦးထုပ်များဆောင်းထားသဖြင့် မျက်နှာကိုမမြင်ရသော်လည်း သက်လတ်ပိုင်းအရွယ်ရှိသူများဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။ အလှူခံရာတွင်လည်း ခပ်သွက်သွက်ကောက်ခံပြီး လမ်းထဲမှ ထွက်သွားကြခြင်းဖြစ်သည်ဟုဆိုသည်။
တာမွေမြို့နယ်၏ နယ်မြေခံသတင်းများကိုဖော်ပြနေသော တယ်လီဂရမ်ချန်နယ်တစ်ခုတွင်တော့ ယနေ့ တွင် အလှူခံများ တာမွေမြို့နယ်အတွင်းဝင်ရောက်လာမှုနှင့်ပတ်သက်၍ “မုန်တိုင်းအပြီး ရခိုင်ပြည်နယ်အတွက်ဟုဆိုကာ ရပ်ကွက်ရုံးမှ သူတောင်းစားများ လမ်းအလိုက် အလှူငွေ မတရား ကောက်ခံနေကြောင်း သိရှိရ” ဟု၍ ဖော်ပြထားသည်ကို တွေ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တာမွေမြို့နယ်
#အလှူခံ
#ရခိုင်ပြည်နယ်

❤6👍2😁2🤯1🤮1
Media is too big
VIEW IN TELEGRAM
ထိုင်းဆန်ဈေး လေးလတာအတွင်း အမြင့်ဆုံးရောက်ရှိလာ
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV
👍8🔥2
"မိုခါ"မုန်တိုင်းကြောင့် မင်းတပ်မြို့နယ် မအောင်းရွာတွင် လူနေအိမ် ၁၄လုံးနှင့် စပါးကျီ ၉ လုံး ထိခိုက်ပျက်စီး
👍2🔥1