ဆိုင်ကလုန်းမုန်တိုင်း'မိုခါ'ကြောင့် မရာနယ်မြေအတွင်း လူနေအိမ် ၆၀ ကျော်ပြိုလဲပြီး ၂၀၀ ကျော် အမိုးအကာပျက်စီး
👏3😁1

==================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ်ရှိ မရာနယ်အတွင်း ဆိုင်ကလုန်း'မိုခါ' တိုက်ခတ်မှုကြောင့် လူနေအိမ် ၆၅ လုံး ပြိုလဲပျက်စီးပြီး ၂၆၅ လုံး အမိုးအကာပျက်စီးခဲ့ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။
မေလ ၁၄ရက်မှ စတင်တိုက်ခတ်သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း 'မိုခါ' ကြောင့် မရာနယ်အတွင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွားသည့်အချက်အလက်များကို ဖော်ပြထားခြင်း ဖြစ်သည်။
လိုင်လင်းပီမြို့တွင် အိမ် ၆၀ လုံးပြိုလဲပျက်စီးပြီး၊ ၁၆၂ အိမ် အမိုးအကာပျက်စီးခဲ့ပြီး အာရူကျေးရွာတွင် အိမ် သုံးလုံးပြိုလဲကာ ၂၇လုံး အမိုးအကာပျက်စီးခဲ့ကြောင်း ဆိုသည်။
(၉)မိုင်တွင် နေအိမ် ၂၂လုံး အမိုးအကာပျက်စီးပြီး မာလာ(က) ကျေးရွာတွင် အိမ် တစ်လုံးပြိုလဲကာ ကျောင်းအပါအဝင် အိမ် ခြောက်လုံး အမိုးအကာပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
မာလာ(ခ) ကျေးရွာတွင် အိမ် တစ်လုံးပြိုလဲပြီး ဘုရားကျောင်းအပါအဝင် အိမ် ခြောက်လုံး အမိုးအကာပျက်စီးခဲ့ကာ ဆာဘောင်းပီးရွာတွင် အိမ် ငါးလုံး အမိုးအကာပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆဘောင်းသဲရွာ အိမ် ၂၇ လုံး အမိုးအကာပျက်စီးခဲ့ပြီး ငဖိုင်ပီးရွာတွင် အိမ် တစ်လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ၊ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနနှင့် CDMရေးရာ ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနတို့မှ တိုက်နယ်စီမံအုပ်ချုပ်ရေးကော်မတီ ၊ ရပ်/ကျေး စီမံအုပ်ချုပ်ရေးကော်မတီတို့နှင့် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆေင်ရွက်နေကြောင်းဆိုသည်။
တယ်လီဖုန်းလိုင်းနှင့် မြေပြင်ဆက်သွယ်ရေးအခက်အခဲရှိသော နေရာများတွင် ရပ်ကျေးတို့၏ အခြေအနေကို စုံစမ်းအတည်ပြုလျက်ရှိကြောင်း သိရသည်။
မရာနယ်မြေအတွင်း မုန်တိုင်းသင့် ပြည်သူနှင့် ပျက်စီးဆုံးရှုံးမှုအချက်အလက်အနေအထားများ ပြောင်းလဲရှိနိုင်ပြီး ဆက်လက်ပြီး အချိန်နှင့်တစ်ပြေးညီ ဖော်ပြသွားမည်ဖြစ်ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးနှင့် ဖြန့်ချိရေးဌာန ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မရာနယ်မြေ
#မုန်တိုင်း
#မိုခါ
#ချင်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👏4😢2👍1😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ မေ ၂၀၂၃)
===========================
စစ်ကောင်စီက မုန်တိုင်းသင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများကို ဟန်ပြထောက်ပံ့ပြပြီး အထက်အောက် ခွဲတမ်း ချသလို မဟုတ်ဘဲ အမှန်တကယ် ဒုက္ခရောက်နေ သူများထံ အကူအညီ ရောက်ရှိရန် လိုအပ်သည်။

😁5👍4😢1🥱1
မုန်တိုင်းအကြောင်းပြကာ တာမွေမြို့နယ်တွင် အလှူကောက်ခံမှုများရှိနေ
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခဲ့သည့် "မိုခါ" မုန်တိုင်းကို အကြောင်းပြကာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ယနေ့ မေလ ၁၆ ရက်နေ့၌ အလှူငွေကောက်ခံမှုများရှိနေကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်၊
“လမ်းထဲမှာ အလှူလိုက်ခံနေတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသများအတွက်ဆိုပြီး ပုံမှန်ရပ်ကွက်ထဲအလှူခံနေကျ လူကြီးတွေမဟုတ်ဘူး။ ၂၀၀ လှူတာကအစ မိုက်နဲ့အော်နေတယ် စိတ်ညစ်တယ်။” ဟူ၍ မေတ္တာညွန့်ရပ်ကွက်ရှိ လမ်းတစ်ခုတွင်နေထိုင်သော ဒေသခံက မဇ္ဈိမကို ပြောသည်။
အလှူကောက်ခံသူများမှာ ဆိုက်ကားပေါ်တွင် လော်စပီကာတင်ထားကာ ခုနစ်ယောက်ခန့် လှည့်ပတ်ကောက်ခံနေခြင်းဖြစ်ပြီး ဦးထုပ်များဆောင်းထားသဖြင့် မျက်နှာကိုမမြင်ရသော်လည်း သက်လတ်ပိုင်းအရွယ်ရှိသူများဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။ အလှူခံရာတွင်လည်း ခပ်သွက်သွက်ကောက်ခံပြီး လမ်းထဲမှ ထွက်သွားကြခြင်းဖြစ်သည်ဟုဆိုသည်။
တာမွေမြို့နယ်၏ နယ်မြေခံသတင်းများကိုဖော်ပြနေသော တယ်လီဂရမ်ချန်နယ်တစ်ခုတွင်တော့ ယနေ့ တွင် အလှူခံများ တာမွေမြို့နယ်အတွင်းဝင်ရောက်လာမှုနှင့်ပတ်သက်၍ “မုန်တိုင်းအပြီး ရခိုင်ပြည်နယ်အတွက်ဟုဆိုကာ ရပ်ကွက်ရုံးမှ သူတောင်းစားများ လမ်းအလိုက် အလှူငွေ မတရား ကောက်ခံနေကြောင်း သိရှိရ” ဟု၍ ဖော်ပြထားသည်ကို တွေ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တာမွေမြို့နယ်
#အလှူခံ
#ရခိုင်ပြည်နယ်

❤6👍2😁2🤯1🤮1
Media is too big
VIEW IN TELEGRAM
ထိုင်းဆန်ဈေး လေးလတာအတွင်း အမြင့်ဆုံးရောက်ရှိလာ
Watch more detail - https://youtu.be/2gRxE_sb2Cs
#reels
#shorts
#BusinessRoundUp
#MizzimaTV

👍8🔥2
"မိုခါ"မုန်တိုင်းကြောင့် မင်းတပ်မြို့နယ် မအောင်းရွာတွင် လူနေအိမ် ၁၄လုံးနှင့် စပါးကျီ ၉ လုံး ထိခိုက်ပျက်စီး
👍2🔥1

================
ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်မြို့နယ်၊ မအောင်းရွာတွင် မိုခါမုန်တိုင်းကြောင့် ဒေသခံလူနေအိမ် ၁၄လုံးနှင့် စပါးကျီကိုးလုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၄ရက်နေ့မှစ၍ ချင်းပြည်နယ်တွင် တိုက်ခတ်လာသော ဆိုင်ကလုန်း မုန်တိုင်း (MOCHA) ကြောင့် မင်းတပ်မြို့နယ်ထဲမှ ကျေးရွာအချို့ထိခိုက်ပျက်စီးခဲ့ပြီး ကံကောင်းစွာဖြင့် မုန်တိုင်းကြောင့်သေဆုံးသူမရှိ ဟုလည်း ကနဦးသိရှိထားရပါသည်ဟု Mindat Township IDPs Camp Management Committee မှ ထုတ်ပြန်သည်။
မင်းတပ်မြို့နယ် တိုက်နယ် (၁၀)ရှိ မအောင်းရွာတွင် အခြေခံပညာစာသင်ကျောင်း နှင့် ဝန်ထမ်းအိမ်ရာများ၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနှင့် ဓမ္မအမှုတော်ဆောင် ဆရာများ၏နေအိမ်များအပါအဝင် ဒေသခံလူနေအိမ် ၁၄ လုံးပျက်စီးသွားပြီး စပါးကျီ ကိုးလုံးလည်း အမိုးအကာများ ပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံ Ko HKL (မင်းတပ်) ထံမှ သိရသည်။
“စကစရဲ့ ဖြတ်လေးဖြတ်ကြောင့် မုန်တိုင်းရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုက အားနည်းပါတယ် ။ ဒါကြောင့်မုန်တိုင်း မဖြစ်ခင်ကူညီမှာက မရတော့ပါဘူး။ မုန်တိုင်းဖြတ်ပြီးနောက်ဆက်တွဲကိုပဲ ကူညီလို့ရမှာပါ။ အခုလိုပျက်စီးဆုံးရှုံးမှုတွေအတွက် တတ်နိုင်သလောက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။” ဟု Mindat IDP မှ အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ကဆိုသည်။
ယခုရရှိထားသော စာရင်းသည် မင်းတပ်မြို့နယ်ရှိ မအောင်းရွာတစ်ရွာတည်းမှ ပျက်စီးဆုံးရှုံးမှုစာရင်းဖြစ်ပြီး လက်ရှိမြေပြင်တွင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုစာရင်း များနိုင်ကြောင်းသိရသည်။
ထို့အပြင် မင်းတပ်မြို့နယ် တိုက်နယ် (၁၃) အတွင်းရှိ ကျေးရွာများတွင်လည်း မိုခါမုန်တိုင်းကြောင့် အပျက်အစီးများရှိခဲ့ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
Mindat IDP ကော်မတီအနေဖြင့် မုန်တိုင်းဒဏ်ခံစားရသော ကျေးရွာများထံ ကွင်းဆင်းလေ့လာပြီး အကူအညီအထောက်အပံ့များရရှိရေးအတွက်ကြိုးစားသွားပါမည်ဖြစ်ကြောင်း ၊ မုန်တိုင်းဒဏ်ခံစားရသော ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုပါက ၎င်းတို့အဖွဲ့ကို ဆက်သွယ်နိုင်ကြောင်း အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးက ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မင်းတပ်မြို့နယ်
#မုန်တိုင်းဒဏ်
#မိုခါ
#MindatIDP

Facebook
#mizzima – Explore
explore #mizzima at Facebook
😢8👍4🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်ထုတ်လွှင့်မှုမျာ
===============
https://youtu.be/Aj3HsOGARtw
===============
https://youtu.be/Aj3HsOGARtw
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်ထုတ်လွှင့်မှုမျာ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍7🤮2🍌1