Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"မိုခါ"မုန်တိုင်းကြောင့် မင်းတပ်မြို့နယ် မအောင်းရွာတွင် လူနေအိမ် ၁၄လုံးနှင့် စပါးကျီ ၉ လုံး ထိခိုက်ပျက်စီး
👍2🔥1
"မိုခါ"မုန်တိုင်းကြောင့် မင်းတပ်မြို့နယ် မအောင်းရွာတွင် လူနေအိမ် ၁၄လုံးနှင့် စပါးကျီ ၉ လုံး ထိခိုက်ပျက်စီး
================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်မြို့နယ်၊ မအောင်းရွာတွင် မိုခါမုန်တိုင်းကြောင့် ဒေသခံလူနေအိမ် ၁၄လုံးနှင့် စပါးကျီကိုးလုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၄ရက်နေ့မှစ၍ ချင်းပြည်နယ်တွင် တိုက်ခတ်လာသော ဆိုင်ကလုန်း မုန်တိုင်း (MOCHA) ကြောင့် မင်းတပ်မြို့နယ်ထဲမှ ကျေးရွာအချို့ထိခိုက်ပျက်စီးခဲ့ပြီး ကံကောင်းစွာဖြင့် မုန်တိုင်းကြောင့်သေဆုံးသူမရှိ ဟုလည်း ကနဦးသိရှိထားရပါသည်ဟု Mindat Township IDPs Camp Management Committee မှ ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် တိုက်နယ် (၁၀)ရှိ မအောင်းရွာတွင် အခြေခံပညာစာသင်ကျောင်း နှင့် ဝန်ထမ်းအိမ်ရာများ၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနှင့် ဓမ္မအမှုတော်ဆောင် ဆရာများ၏နေအိမ်များအပါအဝင် ဒေသခံလူနေအိမ် ၁၄ လုံးပျက်စီးသွားပြီး စပါးကျီ ကိုးလုံးလည်း အမိုးအကာများ ပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံ Ko HKL (မင်းတပ်) ထံမှ သိရသည်။

“စကစရဲ့ ဖြတ်လေးဖြတ်ကြောင့် မုန်တိုင်းရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုက အားနည်းပါတယ် ။ ဒါကြောင့်မုန်တိုင်း မဖြစ်ခင်ကူညီမှာက မရတော့ပါဘူး။ မုန်တိုင်းဖြတ်ပြီးနောက်ဆက်တွဲကိုပဲ ကူညီလို့ရမှာပါ။ အခုလိုပျက်စီးဆုံးရှုံးမှုတွေအတွက် တတ်နိုင်သလောက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။” ဟု Mindat IDP မှ အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ကဆိုသည်။

ယခုရရှိထားသော စာရင်းသည် မင်းတပ်မြို့နယ်ရှိ မအောင်းရွာတစ်ရွာတည်းမှ ပျက်စီးဆုံးရှုံးမှုစာရင်းဖြစ်ပြီး လက်ရှိမြေပြင်တွင် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုစာရင်း များနိုင်ကြောင်းသိရသည်။
ထို့အပြင် မင်းတပ်မြို့နယ် တိုက်နယ် (၁၃) အတွင်းရှိ ကျေးရွာများတွင်လည်း မိုခါမုန်တိုင်းကြောင့် အပျက်အစီးများရှိခဲ့ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

Mindat IDP ကော်မတီအနေဖြင့် မုန်တိုင်းဒဏ်ခံစားရသော ကျေးရွာများထံ ကွင်းဆင်းလေ့လာပြီး အကူအညီအထောက်အပံ့များရရှိရေးအတွက်ကြိုးစားသွားပါမည်ဖြစ်ကြောင်း ၊ မုန်တိုင်းဒဏ်ခံစားရသော ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုပါက ၎င်းတို့အဖွဲ့ကို ဆက်သွယ်နိုင်ကြောင်း အမည်မဖော်လိုသူ အဖွဲ့ဝင်အမျိုးသမီးက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းတပ်မြို့နယ်
#မုန်တိုင်းဒဏ်
#မိုခါ
#MindatIDP
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍4🔥1😁1
မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီး၍ ထီးလင်းမြို့နယ် အိုင်းမပြင်စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်
👍3🔥3😢3
မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေကြီး၍ ထီးလင်းမြို့နယ် အိုင်းမပြင်စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်
==================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် ချောင်းရေကြီး၍ အိုင်းမပြင်စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၃၀ ခန့်မှ ကျွဲ၊ နွားများအပါအဝင် ဆန်စပါး၊ မြေပဲများစွာ ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။

မေလ ၁၅ ရက်မှစတင်ကာ မောချောင်းနှင့် သံသေချောင်းဟူသော ချောင်းနှစ်ခုမှ ချောင်းရေကြီး၍ ရေမြုပ်ခြင်းဖြစ်ပြီး ရေမကျသေးသည့်အတွက် အပျက်အစီးဆုံးရှုံးမှု အတိအကျကိုမသိရသေးကြောင်း Yaw Revolution Army - ထီးလင်း တာဝန်ခံ ကိုကောင်းမှ မဇ္ဈိမသို့ပြောသည်။

“ ထန်းပင်ကုန်းတစ်ရွာလုံး ပြောင်းရွေ့နေထိုင်ကြတဲ့ အိုင်းမပြင်ဆိုတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုလုံး မိသားစု ၁၂၀ လောက်နေတဲ့ ရေလွှမ်းသွားပါတယ်ဗျ။ ရေမြုပ်သွားပါတယ်။ ပြီးတော့ တခြား ၃၀ ရွာလောက်က ဆန်စပါးတွေ ၊ မြေပဲတွေ၊ ဆီတွေ ရေနဲ့မြောပါသွားကြပါတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ကျေးရွာများမှဒေသခံများ၏ ဆန်စပါး၊ မြေပဲ တင်းတစ်ရာကျော်၊ စားဆီပိဿာချိန်များစွာ ရေထဲမျှောပါသွားခဲ့ပြီး ကျွဲနွားများလည်း အကောင်ရေမြောက်မြားစွာ သေဆုံးခဲ့ရသည်ဟု ကိုကောင်းက ပြောသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်မည်ကို အဓိကဦးစားပေး ပြင်ဆင်ထားခဲ့မိခြင်းကြောင့် မုန်တိုင်းကာလအတွင်း အဆမတန်ရေကြီးလာသည့်အခါ ယခုကဲ့သို့ အများအပြား ပျက်ဆီးဆုံးရှုံးခဲ့ကြရခြင်းဟု သိရသည်။

အိုင်းမပြင်စစ်ဘေးရှောင်စခန်းမှ ဒေသခံများနှင့် အခြားကျေးရွားများမှ ရေဘေးသင့် ဒေသခံများသည် ယခုလက်ရှိအချိန်တွင် ရေဘေးလွတ်ရာကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် ရေဘေးရှောင်နေရကြောင်း သိရသည်။

“ရေဘေးသင့်တာက မောချောင်းနဲ့သံသေချောင်းနံဘေးကျေးရွာ ၃၀ လောက်က လူဦးရေ ၉,၀၀၀ လောက် ရေဘေးသင့်ပြီးတော့ ဆုံးရှုံးနစ်နာမှုအများဆုံး ၁၀ ရွာလောက်ကလူဦးရေ ၃,၀၀၀ ကျော်လောက် ရှိပါတယ်ဗျ” ဟု ကိုကောင်းက ဆက်ပြောသည်။

မောချောင်းနဘေးရှိ ကျေးရွာများဖြစ်သော အောင်မြင်၊ သရခါအနောက်ဘက်၊ ထလင်း၊ ထန်းပင်ကုန်း၊ တောရောင်း၊ ဝက်သက်၊ ဝါးဘင်း၊ ညောင်ကန်၊ ဟင်းခွပ်ကုန်း၊ ကင်းဘန်း၊ အင်းနား၊ ကန်ဇွန်းထောင့်နှင့် သံသေချောင်းဘေးရှိ ဆွဲလည်း၊ ယုန်ဆင်း၊ မင်းလည်၊ လုံးပေါင်၊ လက်ပံ၊ အုံးတွဲ၊ ကွမ်းဇဲ၊ ဝါးရင်းချိုင်၊ ပုဏ္ဏားရွာ အစရှိသည့်ကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး အခြားရွာများတွင်လည်း ပျက်စီးမှုများရှိကြောင်း သိရသည်။

ထို့ကြောင့် ထီးလင်းမြို့နယ်အတွင်းမှ စစ်ဘေးသင့်၊ မီးဘေးသင့်၊ ရေဘေးသင့်ပြည်သူများအတွက် တတ်နိုင်သမျှအကူအညီပေးကြရန်၊ သတင်းဖြန့်ပေးကြရန် Yaw Revolution Army-ထီးလင်း မှ တာဝန်ခံ ကိုကောင်းက မေတ္တာရပ်ခံတောင်းဆိုထားသည်။

အိုင်းမပြင်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထန်းပင်ကုန်းရွာကို မီးရှို့သောကြောင့် တစ်ရွာလုံးနီးပါး ပြာကျကာ ရွာထဲတွင် မနေရဲကြ၍ အိုင်းမပြင်တွင် ယာယီတဲများတည်ဆောက်ပြီး ပြောင်းရွေ့နေထိုင်သူများဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#အိုင်းမပြင်စစ်ရှောင်စခန်း
#ထီးလင်းမြို့
#ချောင်းရေကြီး
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11👍3🔥2
ကြံခင်းမြို့နယ်တွင် "ကျက်သရေထိုင်ယုတ်နေတဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်"စာတန်းကိုင်စွဲ ဆန္ဒပြ
==============

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၆ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

"ကျက်သရေထိုင်ယုတ်နေတဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
👍22❤6😁2🥰1
မေလ (၁၇) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်များ
======================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

မုန်တိုင်းအကြောင်းပြကာ တာမွေမြို့နယ်တွင် အလှူကောက်ခံမှုများရှိနေတဲ့သတင်းနဲ့အတူ အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့သတင်းတွေအပါအဝင် အခြားစိတ်၀င်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/YYhHZRUUT88

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
“မိုခါ” မုန်တိုင်းကြောင့် စစ်တွေမြို့က ရိုဟင်ဂျာ ၅၇ ဦး သေဆုံးမှုကို အတည်ပြုနိုင်
=========================

နောင်နောင် (မဇ္ဈိမ) ။ ။ ရခိုင်ကမ်းရိုးတန်းကို အလွန့်အလွန် အားပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုပြည်နယ်၊ စစ်တွေမြို့နယ်၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်း နေရာနှစ်ခုက ရိုဟင်ဂျာ ၅၇ ဦး သေဆုံးတာကို ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တယ်လို့ မြေပြင်ကွင်းဆင်း လေ့လာပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ဒီသေဆုံးသူ ရိုဟင်ဂျာ ၅၇ ဦး အရေအတွက်ဟာ သဲချောင်းကျေးရွာအနီးမှာရှိတဲ့ ဗေဒါကျေးရွာနဲ့ ဒါးပိုင်ကျေးရွာ နှစ်ခုမှာ ဒီကနေ့ မေလ ၁၆ ရက်နေ့အထိ တွေ့ရှိထားတဲ့ အရေအတွက် ဖြစ်ပါတယ်။
တခြားနေရာတွေမှာလည်း သေဆုံးသူတွေ ရှိနေတာ ကြားသိရပေမယ့် အဲဒီကျေးရွာတွေဘက်ကို ကိုယ်တိုင် မြေပြင်ကွင်းမဆင်းရသေးတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရိုဟင်ဂျာ ၄၀၀ နီးပါး သေဆုံးနိုင်ပြီး ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေမှုကြောင့် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေသူ ရိုဟင်ဂျာ ၁,၀၀၀ နီးပါး ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အနီးမှာ တည်ရှိတဲ့ ဗေဒါကျေးရွာနဲ့ ဒါးပိုင်ကျေးရွာမှာ မုန်တိုင်းတိုက်ခတ်နေစဉ် ဒီလှိုင်းရေ အမြင့်ပေ ၃၀ အထိ တက်ရောက်ခဲ့တာကြောင့် အခုလို ရေနစ်ပြီး သေဆုံးကြတာလို့ ဆိုပါတယ်။

လတ်တလော အတည်ပြုထားတဲ့ ရိုဟင်ဂျာ ၅၇ ဦး သေဆုံးမှု အခြေအနေ၊ ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေမှုတွေအပေါ် ဗေဒါကျေးရွာနဲ့ ဒါးပိုင်ကျေးရွာ နှစ်ခုကို ဒီကနေ့ ရောက်ရှိခဲ့သူတစ်ဦးကို မဇ္ဈိမသတင်းခန်း အယ်ဒီတာ နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/XDLRnddIqXE

#ရိုဟင်ဂျာ
#မိုခါကြောင့်ရိုဟင်ဂျာတွေသေဆုံး
#စစ်တွေ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😢8😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မေလ ၁၇ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

အမေရိကန်စိုက်ပျိုးမြေတွေ တရုတ် ပိုင်ဆိုင်မှု များနေတဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံသားတွေ ပိုလန်နိုင်ငံထဲ ထွက်ပြေးပြီး စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/QLCq6zTMI4o

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
အမေရိကန်လယ်ယာမြေ တရုတ် ပိုင်ဆိုင်မှုများပြား | VOA On Mizzima
======================

အမေရိကန်လယ်ယာမြေ တရုတ် ပိုင်ဆိုင်မှုများပြား | VOA On Mizzima

အမေရိကန်စိုက်ပျိုးမြေတွေကို နိုင်ငံခြားသားတွေ၊ အထူးသဖြင့်တရုတ်တွေကိုရောင်းချတာကို တားမြစ်တဲ့ ဥပဒေတွေချမှတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တချို့က တိုက်တွန်းနေကြပါတယ်။ အမေရိကန်မြေယာရင်းနှီးမြုပ်နှံမှုပိုင်ဆိုင်တဲ့ နိုင်ငံ ၁၀၀ ကျော်မှာတရုတ်က အဆင့် ၁၈ မှာရှိတာပါ။ တရုတ်ရဲ့ အမေရိကန်လယ်မြေတွေ ဝယ်ယူမှုနဲ့ ပတ်သက်ပြီးအမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေရှိနေပေမဲ့လည်း တချို့ဒေသခံတွေကတော့ ဒါကို အရေးထားရမယ့် ကိစ္စတခုလို့ မတွေးမိကြသေးပါဘူး။ VOA သတင်းထောက် Kane Farabaugh သတင်းပေးပို့ထားတာကို မဆုမွန် တင်ဆက်ထားပါတယ်။

https://youtu.be/qH83GYf0fnU

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5❤2🔥1😱1
စစ်ပွဲကြောင့် ပိုလန်ရောက် ယူကရိန်းစီးပွားရေးလုပ်ငန်းရှင်များ | VOA On Mizzima
====================

ယူကရိန်းကို ရုရှားစပြီး ကျူးကျော်ခဲ့တဲ့ အစောပိုင်း ၉ လလောက်ကတည်းက ပိုလန်ရောက်ယူကရိန်း စီးပွါးရေးလုပ်ငန်းရှင်တွေ ရဲ့ အကူအညီနဲ့ ပိုလန်မှာ ယူကရိန်းကုမ္ပဏီ ၁၄၀၀၀ လောက်လည်ပတ်နိုင်ခဲ့တယ်လို့ ရဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ အိမ်နီးချင်း ပြည်ပတိုင်းပြည်တခုမှာ လုပ်ငန်းစတင်ခဲ့ကြတဲ့ ယူကရိန်း စွန့်ဦးတီထွင်သူတွေ အောင်မြင်မှုရနေကြသလို စစ်ပွဲအတွက် နိုင်သလောက် အကူအညီတွေပေးနေတဲ့ အကြောင်း VOA သတင်းထောက် Lesia Bakalets ပိုလန်ကနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/swTKufcWRoc

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤1🔥1
မိုခါ ဆိုင်ကလုံးမုန်တိုင်းဟာ စစ်ကောင်စီအတွက် နိုင်ငံရေးအရ အသုံးချစရာ ဖြစ်လာမလား
========================

မြန်မာပြည်ရဲ့ ဒေသတချို့ကို မိုခါဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မုန်တိုင်းကြောင့် ပျက်စီးခဲ့ဆုံးရှုံးမှုတွေ၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ စားရေရိက္ခာပြတ်လပ်မှု ဒဏ်တွေကို ပြည်သူတွေ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။
အားပြင်းမုန်တိုင်း ဆိုင်ကလုံးမိုခါဟာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေကို အားအပြင်းဆုံးနဲ့ တိုက်ခတ်ဖြတ်သန်းခဲ့ပြီး ကျန်တဲ့ဒေသတွေမှာတော့ မုန်တိုင်းအဖျားခတ်တဲ့ဒဏ်ကြောင့် အင်တာနက်လိုင်း ပြတ်တောက်တာ လျှပ်စစ်မီးပြတ်တောက်တာတွေ ဒီနေ့အထိ ရှိနေတုန်းပါပဲ။

https://youtu.be/cz7wFJZ2Xaw

#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😢3❤1🔥1
လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima
======================

ဖေ့ဘုတ်လူမှုကွန်ရက်ကို တည်ထောင်သူဖြစ်တဲ့ သန်းထောင်ကြွယ် သူဌေး မာ့ခ် ဇက်ကာဘာ့ဂ်ဟာ ဘရာဇီးလ်နပန်းကို ကိုဗစ်ကပ်ဘေးကာလမှာ သင်ယူခဲ့ပြီး အခု ပထမဆုံးပြိုင်ပွဲမှာ ဆု ၂ ဆု ရသွားပါတယ်။ တက္ကဆက်ပြည်နယ်မှာတော့ ရထားတိုက်ဖို့ စက္ကန့်ပိုင်းအလိုမှာ လူ ၃ ဦး လွတ်သွားလိုက်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။

https://youtu.be/SWAydATDTmI

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮2