ရခိုင်တွင် မိုခါမုန်တိုင်းဘေးမှ ပြန်လည်ထူထောင်ရန် ပန်းချီဆရာများ အနုပညာဖြင့် ပါဝင်ကူညီနိုင်
👍6❤2😁2

===================
ဂျူချန်း
(မဇ္ဈိမ)။ ။ရခိုင်ကမ်းရိုးတန်းဒေသသို့ မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အဖျက်စွမ်းအား ကြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းဗဟိုချက်စစ်တွေမြို့အပါအဝင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့် ရခိုင်ပြည်နယ်ရှိမြို့နယ်အားလုံးနီးပါးတွင် မုန်တိုင်းဒဏ်သင့်ကာ နေအိမ်များ၊ အဆောက်အဦးများ ပျက်စီးခဲ့သည်။
ထိုကြောင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများကို ထောက်ပံ့ရန် “Art Aid for Arakan” သို့ ပန်းချီဆရာများ၏ အနုပညာ ပန်းချီလက်ရာများဖြင့်ပါဝင်ကူညီနိုင်ပြီး ပန်းချီကားရောင်းရငွေများအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
မေလ ၁၆ ရက်နေ့ ညနေပိုင်းအထိ ပန်းချီဆရာ ၄၀ ဦးမှ ပန်းချီကားများ လာရောက်လှူဒါန်းထားပြီး ရခိုင် ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းလိုသည့် ပန်းချီဆရာများလည်း ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
ပန်းချီကားများအား မေလ ၁၅ ရက်နေ့ ညမှ စတင်ရောင်းချလျက်ရှိရာ လက်ရှိတွင် ပန်းချီကား ရှစ်ကား ရောင်းချပြီးဖြစ်ကြောင်း “Art Aid for Arakan” အစီအစဉ်အား ဆောင်ရွက်နေသူ ကိုသူရကျော်က မဇ္ဈိမ ပြောသည်။
“ပန်းချီကားက လောလောဆယ်ကအတိကျမသိရသေးဘူးဗျ၊ ပန်းချီဆရာတွေက အခုမှ တောက်လျှောက် ဆက်သွယ်လှူနေကြတာဆိုတော့၊ လောလောဆယ် မနေ့ကတစ်ညနေမှာ ကျနော်တို့ သိန်း ၃၀ ကျော် လောက် ရောင်းထားရပါတယ်၊ လက်ရှိက ပန်းချီဆရာဦးရေ ၄၀ ယောက် ကိုလက်ခံရရှိထားပါတယ်” ဟု ၎င်းက ပြောသည်။
Art Aid for Arakan အစီအစဉ်မှရရှိသည့်ရန်ပုံငွေများအား အမှန်တကယ်လိုအပ်သည့် နေရာများသို့ အကူအညီရောက်ရှိစေရန်အတွက် ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ရက် (Arakan CSO Network-ACN) နှင့် Arakan Art Gallery တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုကြီးမားခဲ့ရာ ပြည်သူ များအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးနှင့်အတူ အရေး ကြီး အခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံး ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"အပြီး ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ သိန်းပေါင်း ၁၀၀,၀၀၀ ကျော် ရရှိထားသည်ဟု စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားပြီး မြေပြင်တွင်မူ စစ်တွေ အစိုးရရုံး အနီးတဝိုက်တွင်သာ ရှင်းလင်းရေးလုပ်ဆောင်နေကြကာ စစ်ကောင်စီ၏ မြေပြင်ကူညီကယ်ဆယ်ရေး များကို ထင်ထင်ရှားရှားမတွေ့မြင်ရကြောင်း ဒေသခံများမှ ပြောသည်။
လက်ရှိတွင် ဒေသတွင်းကူညီကယ်ဆယ်ရေးအသင်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများက ကိုယ်ထူကိုယ် ထရန်ပုံငွေရှာဖွေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စစ်တွေဒေသခံများ ထံမှ သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#မိုခါမုန်တိုင်းဘေး
#Art Aid for Arakan
#ULAAA
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#မိုခါမုန်တိုင်းဘေး – Explore
explore #မိုခါမုန်တိုင်းဘေး at Facebook
👍7😁1
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိ
=====================
အပစ်ရပ် ၇ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်း အဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ယခုလ မေလ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ မျက်နှာစုံညီ ကျင်းပသွားဖို့ရှိနေပါတယ်။
NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးဟာ အလွတ်သဘော ဆွေးနွေးပွဲကနေ မှတ်တမ်းတင်ထားတဲ့ အချက်အလက်များကို ထိပ်သီးခေါင်းဆောင်များအား ပြန်လည်တင်ပြမယ့် အစည်းအဝေးဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြုလုပ်ရန် အလွတ်သဘော တွေ့ဆုံစဉ်က တင်ပြချက်များကို အဖွဲ့တွင်းပြန်လည် ဆွေးနွေးရန်အတွက် ဖြစ်ပါတယ်။
https://youtu.be/oF9Ts_HWWXE
#Political News
#MizzimaTV

YouTube
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိ
အပစ်ရပ် ၇ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်း အဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ယခုလ မေလ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ မျက်နှာစုံညီ ကျင်းပသွားဖို့ရှိနေပါတယ်။
NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးဟာ အလွတ်သဘော ဆွေးနွေးပွဲကနေ…

👍6😁2👏1
အစိမ်းရောင် လူမျိုးစု [ TRAILER -1] | Green Tribe
=================
အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။
အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။
သူတို့ဇာတ်လမ်းတွေကို မဇ္ဈိမတီဗီချန်နယ်မှာ မေလ ၂၆ ရက်၊ သောကြာနေ့ ည ၇နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်လိုက်ရအောင် ….
https://youtu.be/foPYkBRDMfU
There’s a dark and dangerous village.
Where the Green People rule.
And the Blue People are terrorised.
Coming soon to Mizzima TV…..
#Greentribe
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

There’s a dark and dangerous village.…

👍2😁2❤1
မိုခါမုန်တိုင်းသင့် ဒေသခံတွေကို ကူညီဖို့ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ NUG ပြော
===================
(မဇ္စျိမ)။ ။ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ဒဏ်ခံခဲ့ရတဲ့ ဒေသတွေအတွက် အရေးပေါ်တုံ့ပြန်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရန်ပုံငွေ အမေရိကန်ဒေါ်လာတစ်သန်း မတည်ထားပါတယ်။
ဒါ့အပြင် နောက်ထပ်အကူအညီတွေကိုလည်း ပေးအပ်နိုင်ဖို့ မြေပြင်မှာရှိနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်က မုန်တိုင်းတိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေတဲ့ နေရာတွေကို စစ်ကြောင်းထိုးမှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ကူညီကယ်ဆယ်မှုတွေမှာ အခက်အခဲတချို့ ရှိနေပါတယ်။
မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်သွားမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက မဇ္စျိမကို အခုလို ပြောကြားထားပါတယ်။
https://youtu.be/ss5j_6VHXx0

ဒါ့အပြင် နောက်ထပ်အကူအညီတွေကိုလည်း ပေးအပ်နိုင်ဖို့…

👍10🔥1😁1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
👍5😁2
စစ်ကောင်စီတပ်က KNU တပ်မဟာ (၁) တပ်ရင်း ( ၃ ) အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်
====================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၁) ၊ သထုံခရိုင်၊ တပ်ရင်း (၃) နယ်မြေ၊ လက်နက်ကြီးဖြင့် ပစ်ခတ်အတွင်းရှိ ချောင်းစောက်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ မေလ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ဘေး၊ ရသေ့တောင်တွင် အမြှောက်များဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်က ချောင်းစောက်ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ချောင်းစောက်ကျေးရွာအနီးအနားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
" မနေ့ ညနေပိုင်းကပစ်တာ။ ချောင်းစောက်ရွာထဲ တည့်တည့်ကျတာတော့ မဟုတ်ဘူး။ ရွာအနီးအနားကို ကျတော့ ဒေသခံတွေက ပြေးလွှားကုန်ကြရတာပေါ့" ဟု ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ချောင်းစောက်ရွာအတွင်း လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ အထိအခိုက်အပျက်အစီးမရှိခဲ့သော်လည်း ချောင်းစောက်ကျေးရွာနေ ဒေသခံပြည်သူ အများစုသည် နီးစပ်ရာ တောအစပ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
" ချောင်းစောက်က အင်တာနက် မမိတဲ့ရွာလေ။ တစ်ခုခုဆို ဘာမှမသိရဘူး။ အခုလည်း ဘာမှန်းမသိရဘဲ လက်နက်ကြီးကျကွဲတာနဲ့ ပြေးကြရတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ယမန်နေ့ မေလ ၁၆ ရက် ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမြောက်တပ် ( အမတ- ၃၁၀) က ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ ဆောင်နိုင်ကြီးရေသန့်စက်ရုံအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
" မနေ့က သိမ်ဇရပ်ဘက်က ပစ်တာလည်းရှိတယ် ။ ဆောင်နိုင်ကြီးနားကို ကျတာ။ ဆောင်နိုင်ကြီး ရေသန့်စက်ရုံနားကို ကျတယ်လို့ပဲ သိထားရသေးတယ်၊ ကျန်တာတော့ မသိရသေးပါဘူး" ဟု ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ထို့အပြင် ယမန်နေ့ မေလ ၁၆ ရက်နေ့က တပ်မဟာ (၁)၊ တပ်ရင်း(၃) နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ စစ်ကောင်စီ တပ်မ -၄၄ ဌာနချုပ်၊ သိမ်ဇရပ်အခြေစိုက် အမြောက်တပ် (အမတ- ၃၁၀ )နှင့် ခြေမြန်တပ်ရင်း (ခမရ-၂၀၇)၊ ရသေ့တောင်စစ်ကောင်စီစခန်း၊ မုပ္ပလင်ရှိ စစ်ကောင်စီဂိတ်စခန်းတို့မှ စစ်ကောင်စီတပ်များသည် ဇီးပြောင်းကျေးရွာအုပ်စု၊ ကနိုင်ဒွတ်ကျေးရွာ၊ မိုးဘောနတ်စင်ကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ ချောင်းစောက်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ကင်မွန်းစခန်းကျေးရွာ၊ ဆောင်နိုင်ကြီးကျေးရွာများသို့ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KNU တပ်မဟာ (၁) တပ်ရင်း ( ၃ )
#လက်နက်ကြီးဖြင့် ပစ်ခတ်
#ကျိုက်ထိုမြို့နယ်

🤬10👍5🔥1😁1
စစ်တွေတွင် “မိုခါ ” မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၃၀ နီးပါး အသေအပျောက် ရှိကြောင်း စာရင်းအတည်ပြုထား ၊ စာရင်း ဆက်လက်ကောက်ယူနေဆဲ
========================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ကို မေလ ၁၄ ရက်က ကုန်းတွင်းဝင်ရောက်ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် ကျေးရွာများမှ ရိုဟင်ဂျာ ဦးရေ ၁၃၀ နီးပါး အသေအပျောက်ရှိခဲ့သည်ဟု မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ကွင်းဆင်းကောက်ယူထားသည့် စာရင်းအရ သိရသည်။
အဆိုပါ စာရင်းကို မေလ ၁၅ ရက်နှင့် မေလ ၁၆ ရက်တို့တွင် ကျောင်းသားလူငယ်အသင်းနှင့် အလင်းရောင် လူငယ်ပရဟိတအသင်း ကူညီကယ်ဆယ်ရေး အဖွဲ့၀င်များ ကောက်ယူထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်ရှိတွင် စာရင်း ဆက်လက်ကောက်ယူနေဆဲဖြစ်သည်

😢4🔥2😁2
စာရင်းအရ သင်္ဂြိုဟ်ပြီးသော ရုပ်အလောင်း စုစုပေါင်း ၁၁၀ ရှိပြီး ကျန် ဦးရေ ၂၀ ကို ပျောက်ဆုံး( သေဆုံးနိုင်) စာရင်းထဲ ထည့်ထားခြင်းဖြစ်ကာ သေဆုံးသူအများစုမှာ ရှိ ဗေဒ ကျေးရွာမှဖြစ်သည်။ သင်္ဂြိုဟ်ပြီးသော ရုပ်အလောင်း စုစုပေါင်း ၁၁၀တွင် ရုပ်အလောင်း ၃၀ မှာ ဗေဒကျေးရွာမှ ဖြစ်သည်။ ကျန်ရုပ်အလောင်း ၈၀မှာ စံပြရွာ အမှတ် (၃) ၊ စံပြရွာ အမှတ် (၆) ၊ သဲချောင်းရွာ ၊ သဲချောင်း ကယ်ဆယ်ရေးစခန်း၊ သဲချောင်း sector 4 ကယ်ဆယ်ရေးစခန်း၊ ဒါးပိုင်နောက်ရွာ၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်း၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်) ၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (ဟောင်း) နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်)အနီး မှ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
“အသေအပျောက်အများဆုံးက ဗေဒရွာပါ။ ထုတ်ပြန်နေကြတဲ့ ၄၀၀ ကျော်ဆိုတာက အလောင်းတွေ့ရှိ အတည်ပြုပြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့လည်းအလောင်းပြန်မတွေ့ပေမယ့် မိသားစုကသေဆုံးလက်ခံလိုက်ကြတာရှိတယ် ။ အဲ့တာ ဒီလိုစာရင်းတက်နေတာပါ။ သေဆုံးပျောက်ဆုံးကို ရှေ့အပတ်လောက်မှ အတည်ပြုလို့ရနိုင်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ထုတ်တဲ့စာရင်းကတော့ အလောင်းတွေ့ရှိ စာရင်းပါ" ဟု မြေပြင်ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဗေဒကျေးရွာတွင် လူဦိးရေ ၂၀၀၀ ကျော် နေထိုင်ပြီး မေလ ၁၆ ရက် ညပိုင်းအထိ လူဦးရေ ၁၀၀ နီးပါးသာ မျက်မြင်ပြန်တွေ့ခဲ့ရကြောင်း ၊ သို့သော် ရေစီးနှင့် မျောပါသွားပြီး အသက်မသေဆုံးသူများမှာ လက်ရှိအချိန်အထိ လမ်းလျှောက်ကာ ရွာသို့ ပြန်လာနေကြဆဲဖြစ်သောကြောင့် စာရင်းပိတ်၍ မရသေးကြောင်း မြေပြင်ရှိ ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယနေ့ မေလ ၁၇ ရက် နံနက်တွင် မဇ္ဈိမကို ပြောသည်။
အဆိုပါ နေရာများတွင် မုန်တိုင်းဝင်ရောက်စဉ်က တက်လာသော ဒီရေအမြင့်မှာ ၁၀ ပေ မှ ပေ ၂၀ အထိ ရှိခဲ့ပြီး တာဝန်ရှိသူများအနေဖြင့်လည်း မုန်တိုင်း မဝင်ရောက်မီ ရွှေ့ပြောင်းပေးမှုများမပြုလုပ်ခဲ့ကြောင်း ပြောသည်။
"လက်ရှိမှာ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးဘာမှ လာမလုပ်ပေးသေးပါဘူး။ မနေ့ကတော့ သက္ကေပြင်မှာ မာမီးခေါက်ဆွဲ ငါးဖာနဲ့ ရေသန့်နှစ်လီတာဘူး ငါးဘူး ဘယ်အဖွဲ့က လာပေးသွားလဲမ သိဘူး အဲ့တာပဲရှိပါတယ်။ ပြီးတော့လည်း ခဗျားတို့ရွာက သိပ်မထိခိုက်ပါဘူးလို့ ပြောသွားလို့ ဘယ်သူလာပေးလဲဆိုတာ ကျွန်တော်လည်းသိချင်နေတာ" ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိနေပြီး ကျေးရွာများ၏ ပျက်စီးမှုမှာလည်း ၉၉.၅ ရာနှုန်းအထိ ရှိနေကြောင်း သိရသည်။
ဘူလ်ဟူဆန်ဆိုသူ ရိုဟင်ဂျာဒေသခံတစ်ဦးက ၎င်းတို့မိသားစုတွင် ၁၄ ဦးရှိသည်မှ ၉ ဦးမှာ လေပြင်းနှင့်လွင့်ပါသေဆုံးကာ ငါးဦးသာအသက်ရှင်ကျန်ရစ်ကြောင်း နှင့် နဘားဆိုသူရိုဟင်ဂျာအမျိုးသမီးကလည်း ၎င်း၏မိသားစုဝင် လေးဦး မုန်တိုင်းကြောင့် သေဆုံးသွားကြောင်း RFA သို့ ဖြေကြားထားသည်။
ယမန်နေ့ ညပိုင်းက မြေပြင်တွင် လူနာများအားကူညီပေးနေသူ Hardway (Education for Community Development) မှ ဆရာဦးသိဏ်းရွှေအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ထိခိုက်မှုများကြောင်းနှင့် သေဆုံးပျောက်ဆုံးမှုများအား ၎င်းတို့အနေဖြင့် အချက်အလက်ကောက်ယူနေဆဲဖြစ်ကြောင်း ဖြေကြားသည်။
အဆိုပါ ကျေးရွာများနှင့် စခန်းများတွင် လက်ရှိသောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ရေး အခက်အခဲကြီးစွာ ကြုံတွေ့နေရသောကြောင့် အကူအညီများ အရေးပေါ် လိုအပ်နေသည်။
စစ်ကောင်စီက”မိုခါ" မုန်တိုင်းသင့်ဒေသများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် အလှူရှင်များ လှူဒါန်းထားသော ကျပ်သိန်းပေါင်း ၁၀၀,၀၀၀ ရရှိထားပြီး ထိုအနက်မှ သိန်း ၇၀,၀၀၀ အား ရခိုင်ဒေသသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိမြေပြင်တွင် မုန်တိုင်းဒဏ်ကြီးမားစွာ ခံစားခဲ့ရသော ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီက မည်သည့်အကူအညီမှ ထိထိရောက်ရောက်ပေးနေခြင်းမရှိသေးကြောင်းနှင့် လတ်တလော အရေးတကြီး လိုအပ်နေသော သောက်သုံးရေနှင့် စားနပ်ရိက္ခာများကိုပင် မျှဝေမှုမရှိသေးကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မိုခါမုန်တိုင်း
#ရိုဟင်ဂျာ
#ရိုဟင်ဂျာ ၁၃၀ နီးပါး အသေအပျောက် ရှိ
#ဗေဒ ကျေးရွာ

👍6🔥2😁1😢1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် အပစ်ရပ် ၇ ဖွဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေး ပြုလုပ်ဖို့ရှိ
Watch more detail -
https://youtu.be/oF9Ts_HWWXE
#PoliticalNews #စစ်ကောင်စီ #ငြိမ်းချမ်းရေး #အပစ်ရပ် ၇ ဖွဲ့ #VideoNews #shorts #reels

😁9👏1🥴1