Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘောလခဲမြို့နယ်၊ စောလုံကျေးရွာ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ
🤬6🔥2😁1
ဘောလခဲမြို့နယ်၊ စောလုံကျေးရွာ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီး ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ
===================

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် အတွင်းရှိ စောလုံကျေးရွာအား ယနေ့ မေလ ၁၇ မနက် ၄ နာရီ ဝန်းကျင်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခဲ့သည်ဟု ဘောလခဲ PDF ကထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စောလုံကျေးရွာရှိ အသက် ၁၇ နစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သက်ကြီးပိုင်း အမျိုးသား လေးဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ကျေးရွာ ဆေးပေးခန်း အဆောက်အအုံ နှစ်လုံး၊ လူနေအိမ် ခြောက်လုံး နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင် ပါ၀င်သည်။

ဘောလခဲခရိုင်တွင် ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲသည်မှာ သုံးကြိမ်ရှိပြီဖြစ်၍ ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက် ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ဘောလခဲ PDF က တိုက်တွန်းထားသည်။

ပြီးခဲ့တဲ့ မတ်လ ၂၃ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးသို့ စစ်ကောင်စီက ဂျက်လေယာဉ်တစ်စီးဖြင့် ငါးကြိမ် လာရောက်ပစ်ခတ်ခဲ့၍ သစ်လုပ်ငန်းလုပ်ကိုင်နေသည့် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရပြီး သုံးဦးသေဆုံးခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စောလုံကျေးရွာ
#ဗုံးကြဲတိုက်ခိုက်
#တိုက်လေယာဥ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍4❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံရဲ့ အာဏာရှင်အဆက်ဆက်ကို သရော်ခဲ့တဲ့ တူနီးရှား ထိပ်တန်းကာတွန်းဆရာ Z

https://www.facebook.com/reel/1351296205448477/?s=single_unit

#Internationalnews #Mizzima #Reels #shorts
👍6
မေလ ၁၇ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:09-စစ်တွေမှာ “မိုခါ ” မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၃၀ နီးပါး အသေအပျောက် ရှိကြောင်း စာရင်းအတည်ပြုထားပြီး စာရင်း ဆက်လက်ကောက်ယူနေတဲ့သတင်း

02:49-ဘောလခဲတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတဲ့သတင်း

04:15-စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ရှစ်ထောင်ကျော်ထွက်ပြေးရဟု KNU အသိပေးတဲ့သတင်း

06:35-မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘေးသင့်ပြည်သူ ၁ သန်းခန့်နှင့် နေအိမ် ၅သိန်းစာအတွက် အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ NUG ထုတ်ပြန်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါခင်ဗျာ။

https://youtu.be/JwrrlYnFFO4

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1
မုန်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ ၁၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေ
😢3😁2
မုန်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ ၁၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေ
==================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံ ၁၃,၇၃၄ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟို၏ မေလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။

မေလ ၁၁ ရက်နေ့မှစ၍ မုန်းမြို့နယ်၊ ရေအိုးစင်ရွာ၊ မီးတိုင်တောကျေးရွာ၊ ကျောင်းစုကျေးရွာ(ပေါ်ပီဒဲ) များတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တပ်မဟာ(၃) KNLA တပ်ရင်း(၈) ပူးပေါင်း တပ်ဖွဲ့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောင်းစုကျေးရွာအတွင်း တပ်စွဲထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် မုန်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၁၃,၇၃၄ ဦး ထွက်ပြေးတိမ်း ရှောင်နေကြရပြီး စစ်ကောင်စီတပ်စစ်ကြောင်းသည်လည်း ညောင်ပင်သာကျေးရွာမှစ၍မုန်းမြို့နယ် အတွင်းသို့ နေ့စဉ် လှည့်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မုန်းနယ်မှာဆိုရင် မုန်းမြို့အရှေ့ဘက်က မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစုကျေးရွာတွေကတော့ အရှေ့ဘက်တောင်ခြေတွေမှာ ပြောင်းရွှေ့နေကြတယ်။ မုန်းမြို့မြောက်ဘက်ဆိုရင် အောင်းကြီး၊ ညောင် ပင်သာရွာကတော့ လူတွေမရှိတော့ပါဘူး၊ ရှောင်နေကြပါပြီ။ စစ်ကြောင်းက နေ့တိုင်း ညောင်ပင်သာ ကနေ မုန်းမြို့ထဲ လှည့်နေပါတယ်” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် မုန်းမြို့နယ် မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ စည်ပင်သာ၊ ရေအိုး စင်၊ ရေတွင်းဖြူ၊ မြောင်းဦး၊ ကော့ပြင်း၊ အောင်းကြီး၊ ညောင်ပင်သာ၊ ကျောက်ကြီးပေါက်ကျေးရွာများမှ ဒေသခံ ၁၃,၇၃၄ ဦး ထွက်ပြေးတိမ်းရှောင်နေရပြီး အမိုးအကာနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။
“အခက်ခဲကတော့ နေစရာခက်ခဲတယ်။ စားစရာခက်ခဲတယ်။ အသက်လုပြီးထွက်ပြေးရတာကိုး။ အခု လောလောဆယ် စားစရာနဲ့ တာလပတ်အမိုးအကာတွေ လိုအပ်နေပါတယ်”ဟု ဒေသတွင်း စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အစားအသောက်နှင့် အမိုးအကာလိုအပ်ချက်များအပြင် မိုးတွင်းကာလဖြစ်၍ စစ်ဘေးရှောင်များ ဖျားနာ ခြင်း၊ ဝမ်းလျောခြင်း အဖြစ်များနေပြီး ဆေးဝါးလုံလောက်မှုမရှိ၍ ဆေးဝါးများ လိုအပ်နေသည်ဟုလည်း KNU နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကြောင်းတွင် တပ်မ(၉၉) လက်အောက်ခံ ခမရ(၁၅)၊ အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) လက်အောက်ခံ ခလရ(၈၄)၊ ဇရပ်ကြီးအခြေစိုက် ခလရ (၇၃) ၊ မုန်းမြို့အခြေစိုက် ခမရ(၅၉၉)၊ တပ်မ(၄၄) အခြေစိုက်တပ်ရင်းတို့မှ တပ်သားများ ပါဝင် ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်ဦးရေ ၁၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၃)
#မုန်းမြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2😁1
​​မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်တွင် မုန်တိုင်းသင့် ပြည်သူ ၄,၀၀၀ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေ
=================

ရောင်နီ
(မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူဦးရေ ၄,၀၀၀ ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းများထံက သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ် ဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရပြီး ကျေးရွာများ၏ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မုန်တိုင်းတိုက်ခိုက်ပြီးတဲ့နောက် တစ်မြို့လုံးနီးပါး ပျက်စီးသွားတယ်။ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဘုရားပုထိုး စေတီတွေက အစပေါ့။ အိမ်တိုင်းလိုလို ပျက်စီးကုန်တယ်။ သစ်ပင်တွေကျိုးကျ လမ်းပိတ်မှုတွေ လည်း ရှိတယ်“ ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
ထို့အပြင် မုန်တိုင်းတိုက်ခတ်မှုအတွင်း ပုဏ္ဏားကျွန်းမြို့တွင် လူနှစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ အထိအခိုက်စာရင်းက လိုက်ကောက်နေတုန်းပဲ ။ အတိအကျတော့ မသိရသေးဘူး။ လက်ရှိကောက်ထားတဲ့ စာရင်းကလည်း မုန်တိုင်းသင့် မြို့ပေါ် တစ်ခုထဲပါ။ တခြားကျေးရွာတွေတော့ မပါသေးပါဘူး။ ကျေးရွာတွေဘက်လည်း ကွင်းဆင်းဖို့တော့ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေက စိုးရိမ်စရာမရှိပါဘူး” ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ပြည်သူများကို ဒေသအခြေစိုက်ကယ်ဆယ်ရေးအသင်းအဖွဲ့များက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ကူညီပေးနေကြောင်း သိရသည်။

မိုခါ မုန်တိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်း၀င်ရောက်သည့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က တစ်ယောက်မကျန် ကယ်ဆယ်မှုများ ပြုလုပ်ပေးမည်ဟု ပြောကြားထားသည်။

ထို့အပြင် မုန်တိုင်း ၀င်ရောက်ပြီးနောက် မေလ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် စစ်တွေမြို့ကို လာရောက်သည့်အချိန်တွင်လည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်ကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

သို့သော် မုန်တိုင်းတိုက်ခတ်ပြီး နှစ်ရက်ကျော်ကြာသည်အထိ စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ပြည်သူများထံ မည်သည့်အကူအညီမှ လာရောက်ပေးအပ်ခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“စစ်ကောင်စီတပ်ဘက်က ကူညီကယ်ဆယ်မှုတွေတော့ အခုထိ မမြင်ရသေးဘူး။ မနေ့ကတော့ မြို့ထဲက လမ်းထိပ်တွေမှာ ကင်းစောင့်တာတော့ ရှိတယ်။ ၀န်ကြီးလာမယ်ဆိုပြီးလည်း သတင်းကြားတယ်။ နောက်ပြီး မုန်တိုင်းကြောင့် ထိခိုက်တဲ့ အိမ်ပိုင်ရှင်တွေကို ရပ်ကွက်ဥက္ကဌ အိမ်တွေကို ခေါ်တာရှိတယ်။ “ ဟု ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများလည်းလိုအပ်နေကြောင်း ကူညီကယ်ဆယ်မှုပြုလုပ်ပေးနေသည့် ဒေသအခြေစိုက်အဖွဲ့အစည်းများက ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော် မုန်တိုင်းဒဏ်သင့် နိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က မေလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မုန်တိုင်းသင့်ပြည်သူ၄,၀၀၀ကျော်
#ပုဏ္ဏားကျွန်းမြို့
#မိုခါမုန်တိုင်း
ပုံစာ - မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် တစ်နေရာ။
Photo-CJ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
ရေလှောင်ကန်အတွင်း အောက်ဆီဂျင်ပြတ်၍သတိလစ်နေသူအား ဆင်းကယ်သူ သေဆုံး
😢4👍2🔥1
ရေလှောင်ကန်အတွင်း အောက်ဆီဂျင်ပြတ်၍သတိလစ်နေသူအား ဆင်းကယ်သူ သေဆုံး
========================

007
(မဇ္စျိမ)။ ။မန္တလေးမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ရေလှောင်ကန်အတွင်း အောက်ဆီဂျင်ပြတ်၍ သတိလစ်နေသူအားဆင်းကယ်သည့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ယနေ့ မေလ ၁၇ ရက် နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

“ပန်းရံဆရာက ကန်ထဲမှာဘုတ်ပြားတွေခွာနေတုန်း သတိလစ်သွားတာ။ အဲဒါကို အဖော်ဖြစ်သူက ဆင်း ကယ်တာ သူပါသတိလစ်သွားတယ်။ ကယ်ဆယ်ရေးသမားတွေရောက်လာတော့ အရေးပေါ် အောက်ဆီ ဂျင်တွေတပ်ပေးပြီး ဆေးရုံချက်ချင်းပို့တယ်၊ ဆေးရုံရောက်တော့မှ ဆင်းကယ်တဲ့တစ်ယောက် ဆုံးသွားရှာ တယ်” ဟု မျက်မြင်တစ်ဦးကပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၃ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ ဆောက်လုပ်ရေးလုပ်ငန်း ခွင်တစ်ခုအတွင်း၌ ယနေ့မေလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတိလစ်နေသူ နှစ်ဦးလုံးကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှလူနာတင်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင်တစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးအမျိုးသားသည် အမရပူရမြို့နယ် တလင်းကြီးကျေးရွာနေ အသက်(၃၅)နှစ်အရွယ် ကိုသက်နိုင် ဆိုသူဖြစ်ပြီး လက်ရှိတွင် သတိလစ်နေသည့်ပန်းရံဆရာကိုလည်း အောက်ဆီဂျင်ပေးထားရကြောင်း သိရသည်။

အဆိုပါရေလှောင်ကန်သည် အနက်ငါးပေခန့်သာရှိပြီး အဖုံးပိတ်ထားသည့်အတွက် ရေကန်အတွင်း အောက်ဆီဂျင်မဲ့နေစဉ် ရုတ်တရတ်အဖုံးဖွင့် ဆင်းသွားခြင်းကြောင့် အောက်ဆီဂျင်ပြတ်ပြီး နှစ်ဦးစလုံး သတိလစ်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များကသုံးသပ်သည်။

“အဖုံးပိတ်ထားတဲ့ ရေကန်တွေထဲဆင်းရတော့မယ်ဆိုရင် သတိထားရပါမယ်။ အထဲမှာ အောက်ဆီဂျင် မရှိ သေးတော့ ချက်ချင်းမဆင်းရပါဘူး၊ အဖုံးဖွင့်ပြီးပြီးချင်းဆင်းလိုက်လို့ ဖြစ်သွားတာလို့ပဲ ယူဆကြပါတယ်” ဟု လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှတာ၀န်ရှိသူက မှတ်ချက်ပြုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးမြို့
#ကယ်ဆယ်ရေး
#အောက်ဆီဂျင်ပြတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢2🔥1